Pages

Wednesday, May 27, 2015

ပြောင်းရွှေ့နေထိုင်သူ ခွဲတမ်းအစီအစဉ် အီးယူ ကြေညာမယ်



အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေကနေ ဥရောပ တောင်ပိုင်းကို ရောက်ရှိနေကြတဲ့ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နေရာချထားပေးဖို့ အစီအစဉ်အသေးစိပ်ကို ဥရောပ ကော်မရှင်က ကြေညာသွားဖို့ ရှိပါတယ်။

ဥရောပမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄ သောင်းကို လူဦးရေ အကန့်အသတ်နဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေမှာ ခွဲဝေနေရာချထားပေးသွားမှာ ဖြစ်ပါတယ်။

အခုလို ခွဲတမ်းနဲ့ ပြုလုပ်တာကို တချို့ ဥရောပ သမဂ္ဂနိုင်ငံတွေ အတွင်းမှာတော့ အငြင်းပွားဖွယ် ဖြစ်နေကြပြီး ပြင်သစ်၊ စပိန်၊ ဟန်ဂေရီ၊ စလိုဗက်ကီးယားနဲ့ အက်စ်တိုနီးယားနိုင်ငံတွေက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

ဗြိတိသျှအစိုးရကတော့ အခုလို ပြောင်းရွှေ့ရေးအစီအစဉ်အပေါ် ဆုံးဖြတ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူ ၁ ၈၀၀ လောက်ဟာ ၂၀၁၅ ခုနှစ်အတွင်း မြေထဲပင်လယ်ထဲမှာ သေဆုံးခဲ့ကြပြီး ဖြစ်ပါတယ်။
မနှစ်ကထက် အဆ ၂၀ လောက် တိုးလာတာ ဖြစ်ပါတယ်။

ဒီနှစ်အတွင်းမှာ လူ ၆ သောင်းလောက် မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပကို ၀င်ရောက်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

ဆီးရီးယား၊ နိုင်ဂျီရီးယား၊ အီရစ်ထရီးယားနဲ့ ဆိုမားလီးယား စတဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ နေထိုင်သူတွေဟာ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပတိုက်ကို လာရောက်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။

အခု အဆိုပြုချက်တွေထဲမှာ လူမှောင်ခိုဂိုဏ်းတွေကို တိုက်ဖျက်သွားဖို့ အစီအစဉ်လည်း ပါရှိတယ်လို့ သိရပါတယ်။

BBC Burmese