Pages
▼
Saturday, May 16, 2015
ပျောက်ဆုံး အမေရိကန်ရဟတ်ယာဉ် အပျက်အစီးများ တွေ့ရှိ
ခတ္တမန္ဒူ မေ ၁၅
လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က ဒုတိယမြောက် အကြီး ဆုံး ငလျင်တစ်ခုသည် ဟိမဝန္တာအနီးရှိ နိုင်ငံတစ်ခုဖြစ်သော နီပေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သောကြောင့်လူသေဆုံးမှု နှုန်း မြင့်တက်လျက်ရှိစဉ် ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန် မရိန်းတပ်သား ခြောက် ဦးနှင့် နီပေါစစ်သား နှစ်ဦးတို့ပါသော တပ်မတော် ရဟတ်ယာဉ်တစ်စင်းသည် နီပေါနိုင်ငံအရှေ့ဘက်သို့ အင်္ဂါနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီက ပျံသန်းထွက်ခွာလာခဲ့စဉ် ပျောက်ဆုံး ခဲ့ရာယခုအခါတွင် အဆိုပါ ပျောက် ဆုံးရဟတ်ယာဉ်ကို တရုတ်နယ်စပ် အနီးတွင် တွေ့ရှိခဲ့ကြောင်း နီပေါ ဗိုလ်ချုပ်တစ်ဦးက သောကြာနေ့က ပြောကြားခဲ့သည်။
အသက်ရှင်ကျန်ရစ်သူ ရှိ မရှိ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ရဟတ်ယာဉ်အပျက်အစီးများကို ဝေ ဟင်မှသာ တွေ့မြင်ရခြင်းဖြစ်ကြောင်း၊ ရဟတ်ယာဉ် အပျက်အစီးများ တွေ့ရာ အဆိုပါဒေသသို့ ဆင်းသက် ရန် ကြိုးစားနေကြောင်းနှင့် သတင်း အချက်အလက်များပိုမိုရရှိရန် လုပ် ဆောင်နေကြောင်း ဗိုလ်ချုပ်ဘီ နော့ခ်ျဘာ့စ်နက်တ်က အေအက်ဖ်ပီ သို့ ပြောကြားခဲ့သည်။
အဆိုပါရဟတ်ယာဉ် UH-1Y Huey ကို အမြင့်ပေ ၁၁၂ဝဝ (၃၄ဝဝ မီတာ)တွင် တည်ရှိသော ဂိုတာလီ ရွာတွင် တွေ့ရှိခဲ့ကြောင်း ဗိုလ်ချုပ် ဘီနော့ခ်ျက ရိုက်တာသတင်းတစ်ရပ် သို့ ပြောခဲ့သည်။ ၄င်းတို့ မြေပြင်တပ်ဖွဲ့ များသည် အဆိုပါ ရဟတ်ယာဉ်ပျက် ကျရာဒေသသို့ သွားရောက်ရန် ကြိုးစားနေကြကြောင်း ဆက်လက် ပြောကြားခဲ့သည်။
ပျက်ကျမှု မဖြစ်ပွားခင် အဆိုပါ ရဟတ်ယာဉ်မှ ဒုက္ခရောက်နေသည့် သတင်းပေးပို့ချက်ကို ရေဒီယိုမက်ဆေ့ခ်ျ မှတစ်ဆင့် ကြားသိခဲ့ရသည်။
၇ ဒသမ ၃အဆင့်ရှိ နီပေါနိုင်ငံ တွင် လှုပ်ခဲ့သော ဒုတိယမြောက် ငလျင်ကြောင့် ကျောင်းများနှင့် ကောလိပ်များကို ပိတ်ထားခဲ့ရပြီး ၄င်းငလျင်ကြောင့် လူပေါင်း ၁၁၇ ဦးသေဆုံးခဲ့ပြီး ၂၈ဝဝ ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
(ရိုက်တာ)
Myanmaalinn