Pages

Sunday, May 17, 2015

ဆရာဝန် ၁ ဦးအပါအ၀င် ငွေစက္ကူအတု ပြုလုပ်သူများကို ဖမ်းဆီး

 
 ဓာတ်ပုံ - အမ်အိုအိုင်
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်မှာ ဆရာဝန်တဦးပါဝင်တဲ့ ငွေစက္ကူအတုပြုလုပ်သူတွေကို ဖော်ထုတ်ဖမ်းဆီးမိတယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မေလ ၁၅ ရက်မှာ ဖော်ထုတ်ဖမ်းဆီးမိတာဖြစ်ပြီး သူတို့ဟာ မေလ ၁၁ ရက်က တောင်ငူမှာ ဖမ်းမိတဲ့ ငွေစက္ကူအတု ၇၆ သိန်းကျော်အမှုရဲ့ နောက်ဆက်တွဲ ဖမ်းမိတာလို့ သတင်းက ဆိုပါတယ်။
သိမ်းဆည်းရမိသည့် သေနတ် (ဓာတ်ပုံ - အမ်အိုအိုင်)
သိမ်းဆည်းရမိသည့် သေနတ် (ဓာတ်ပုံ – အမ်အိုအိုင်)
ရန်ကုန်-မန္တလေး ပုံမှန်လမ်းဟောင်းဘေးနေ ဒေါက်တာသက်မိုးအပါအ၀င် လူ ၂ ယောက်တို့ရဲ့ နေအိမ်မှာ ငွေစက္ကူအတုလုပ်တဲ့ ကွန်ပျုတာနဲ့ ကာလာပရင်တာ စတဲ့ပစ္စည်းတွေ သိမ်းဆည်းရမိပြီး၊ လုပ်သေနတ်အတိုတလက်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
DVB