Pages

Friday, May 29, 2015

ISIS စစ်သွေးကြွ တစ်ရာကျော်ကို အီရတ်တပ်ဖွဲ့နှင့် မဟာမိတ်တပ်များ ဖမ်းဆီး


ဘဂ္ဂဒက် ၊ ၂၉-၅-၂၀၁၅

အီရတ် တပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏ မဟာမိတ် တပ်များသည် နိုင်ငံ အနောက်ဘက် အန်ဘာပြည်နယ် အတွင်း၌ ISIS စစ်သွေးကြွ ၁ဝဝ ကျော်ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် မဟာမိတ် တပ်များသည် ISIS စစ်သွေးကြွ အဖွဲ့ကို မြို့တော်ဘဂ္ဂဒက်၏ အနောက်ဘက် ၁၁ဝ ကီလိုမီတာ အကွာရှိ ရာမာဒီမြို့ ဆင်ခြေဖုံး ဒေသ၌ ဝန်းရံ ခဲ့ပြီးနောက် လက်ရ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဖမ်းဆီးခံ ISIS စစ်သွေးကြွ များအား အီရတ်တပ်ဖွဲ့ဝင် များက အတန်းလိုက် စီထားသည့် ဗီဒီယို ပြကွက်ကို လက်ဘနွန် အခြေစိုက် အာရပ် ဘာသာဖြင့် ထုတ်လွှင့်သော အယ်လ်မာရာဒင် သတင်းဌာနတွင် ဖော်ပြထားသည်။

ထို့ပြင် အီရတ် တပ်ဖွဲ့ဝင် များသည် အယ်လ်တက်ရှ် နှင့် အယ်လ်ဟူမေရပ်ရှ် ပြည်နယ်များရှိ ISIS စစ်သွေးကြွ များကိုလည်း တိုက်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

PyiChitThar