Pages

Monday, June 8, 2015

တောင်ကိုရီးယားမှာ မားစ်ကြောင့် သေဆုံးသူ ၆ ဦးရှိ



တောင်ကိုရီးယားနိုင်ငံမှာ ၆ ယောက်မြောက် မားစ်ရောဂါပိုး ကူးစက်ခံရသူ တစ်ဦး သေဆုံးသွားခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ နောက်ထပ် ၂၃ ဦး ထပ်မံတွေ့ရှိရကာ စုစုပေါင်း ရောဂါဖြစ်ပွားနေသူ ၈၇ ဦး ရှိသွားပြီလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

လူပေါင်း ၂ ၃၀၀ ခန့်ကို သီးခြားခွဲထားပြီး ကျောင်းပေါင်း ၁ ၉၀၀ ခန့်ကိုလည်း ပိတ်ထားရပါတယ်။

တနင်းလာနေ့ မနက်ပိုင်းမှာ ဆိုးလ်မြို့ တောင်ဘက် Daejeon မြို့မှာ အသက် ၈၀ အရွယ်ရှိ အမျိုးသားကြီးတဦး မားစ်ရောဂါပိုး ကူးစက်ခံရပြီး နောက်ဆုံးသေဆုံးခဲ့တာ ဖြစ်ပါတယ်။

BBC Burmese