ဒီနေ့ မနက်ပိုင်းက ၇၄၅၀၀၀ နဲ့ ဖွင့်ခဲ့တဲ့ ရွှေဈေးနှုန်းဟာ
ဈေးကွက်ပိတ်ချိန်မှာတော့ ၇၆၈၀၀၀ ဖြစ်သွားတယ်လို့ ရန်ကုန်တိုင်း
ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဒီဗွီဘီကို
ပြောပါတယ်။
” ညနေ ၄ နာရီခွဲ က ဈေးကွက်ပိတ်ပါတယ်။ အ၀ယ်သန်နေတယ်”လို့ သူက ပြောပါတယ်။ ဒါဟာ ၂၄ နာရီ အတွင်း ၂၇၀၀၀ ထပ်တက်သွားတာပါ။
ရွှေဈေးဟာ ၂၀၁၃ ခုနှစ်ကနေ အခုချိန်အထိ အမြင့်ဆုံး
ဈေးနှုန်းကိုရောက်နေပါတယ်။ ၂၀၁၁ ခုနှစ်ကတော့ မြန်မာ့ရွှေဈေးနှုန်းဟာ ၇၉၀ ၀၀၀
ကျော်အထိ ဖြစ်ခဲ့ဖူးတာပါ။
By ပိုင်စိုး (ဒီဗွီဘီ)