Pages
▼
Monday, June 8, 2015
အမေရိကန် စက်ရုပ်ပြိုင်ပွဲမှာ ကိုရီးယား စက်ရုပ် ပထမဆုရ
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်တဲ့ စက်ရုပ်စွမ်းရည် ပြိုင်ပွဲမှာ တောင်ကိုရီးယား စက်ရုပ်က တခြားပြိုင်ပွဲဝင် စက်ရုပ်တွေကို အနိုင်ရရှိပြီး ပထမဆု ဒေါ်လာ ၂ သန်း ရရှိသွားခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေးဌာန Darpa သုတေသနဌာနက ပြုလုပ်တဲ့ ဒီစက်ရုပ်ပြိုင်ပွဲမှာ တောင်ကိုရီးယားက DRC-Hubo ဆိုတဲ့ စက်ရုပ်က တခြားပြိုင်ပွဲဝင် စက်ရုပ် ၂၂ ရုပ်ကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် Fukushima နျူကလီးယားစက်ရုံ ပေါက်ကွဲမှု အသွင်မျိုး ဖန်တီးထားတဲ့ အခြေအနေအောက်မှာ စက်ရုပ်တွေက အဟန့်အတား အတားအဆီးတွေကို ကျော်လွားရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
စက်ရုပ်တွေဟာ ၁ နာရီအတွင်း ကားမောင်းတာ၊ ကားထဲက ထွက်တာ၊ တံခါးဖွင့်တာ၊ လမ်းလျှောက်တာ စတာတွေပါဝင်တဲ့ ခက်ခဲတဲ့ ညွှန်ကြားချက်တွေကို ၁ နာရီအတွင်း ပြီးစီးအောင် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။
အဲဒီ အလုပ်တွေကို ကိုရီးယားစက်ရုပ်က ၄၄ မိနစ် ၂၈ စက္ကန့်နဲ့ အမြန်ဆုံး လုပ်ဆောင်ကာ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese