Pages

Thursday, June 18, 2015

ချားလ်စ်တန် ဘုရားကျောင်းထဲ ပစ်ခတ်ခဲ့သူကို ရှာဖွေဆဲ



စောင့်ကြည့် ကင်မရာတွေက ရထားတဲ့ ပုံတွေကို ဖြန့်ဝေထား။

အမေရိကန် ပြည်ထောင်စု၊ တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ်က ချားလ်စ်တန် မြို့မှာ လူမည်း အမေရိကန် တွေရဲ့ သမိုင်းဝင် ဘုရားကျောင်း တစ်ခု အတွင်း လူဖြူ သေနတ်သမား တစ်ယောက်က ဝင်ရောက် ပစ်ခတ်ခဲ့လို့ လူ ၉ ဦး သေဆုံးခဲ့ရာမှာ ပစ်ခတ် ခဲ့သူ သေနတ်သမားကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ပစ်ခတ်ခဲ့သူဟာ ၂၁ နှစ်အရွယ် Dylann Roof ဖြစ်တယ်လို့ ချားလ်စ်တန် ရဲတပ်ဖွဲ့က ထုတ်ပြန် ထားပါတယ်။

လူမည်းတွေရဲ့ အဲဒီ ဧမာနွေလ ဘုရားကျောင်းမှာ ပစ်ခတ်ခဲ့မှုဟာ လူမျိုးရေး မုန်းတီးမှုကြောင့် တိုက်ခိုက်တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သူဟာ ဘုရားကျောင်းထဲမှာ တစ်နာရီလောက် ထိုင်နေခဲ့ပြီးမှ စတင် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူတွေ ထဲမှာ သင်းအုပ်ဆရာလည်း ဖြစ်၊ ပြည်နယ် အမတ်လည်း ဖြစ်တဲ့ Clementa Pinckney လည်း ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီ သေနတ်သမားကို ရှာဖွေရေးမှာ ပြည်သူတွေလည်း ပါဝင် ကူညီကြဖို့ ချားလ်စတန် ရဲတပ်ဖွဲ့ အကြီးအကဲက ပန်ကြား ထားပါတယ်။
BBC