Pages
▼
Monday, June 22, 2015
အာဖဂန် နစ္စတန် လွှတ်တော် တိုက်ခိုက်မှု ပြီးဆုံး
အာဖဂန် နစ္စတန်နိုင်ငံ ကာဗူးလ်မြို့တော်မှာ လွှတ်တော် အဆောက်အအုံကို တိုက်ခိုက်ခဲ့တဲ့ တာလီဘန်တွေရဲ့ တိုက်ခိုက်မှု အဆုံးသတ်ခဲ့ပြီး သေနတ်သမား ၆ ဦးစလုံး သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
သေနတ်သမားတွေက ပါလီမန်အဆောက်အအုံထဲ မ၀င်မီ ကားဗုံးတခုကို အဆောက်အအုံ ပြင်ပမှာ ဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။
သေနတ်သမားများကို ပြန်လည်တိုက်ခိုက်နေစဉ်အတွင်းမှာပဲ ရဲတပ်ဖွဲ့ဝင်တွေက လွှတ်တော်အဆောက်အအုံတွင်းရှိသူတွေကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီး သစ် Massoom Stanekzai ကို အတည်ပြု ထောက်ခံဖို့ ပြုလုပ်ချိန်နဲ့ တိုက်ပြီး အခုလို တိုက်ခိုက်ခဲ့တာလို့ တာလီဘန်တွေဘက်က ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း လူ ၁၈ ဦးခန့် အနည်းဆုံး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
BBC Burmese