Pages

Friday, June 26, 2015

ရွှေစင်စကြ်ာ Express အမြန်လမ်းမကြီးမှာ တစ်ပတ်လိမ့်ပြီး တိမ်းမှောက်



၂၀၁၅-ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက်(၀၅း၃၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၅၁/၁ နှင့် ၂၅၁/၂ ကြား နေပြည်တော်မှ မန္တလေးသို့ (အသွားလမ်း)၌ ဦးအေးမင်း၊ အသက်(၄၁) နှစ်(ဘ) ဦးမြသန်း ၊ (၁၅)ရပ်ကွက်၊ ရွှေပေါက်ကံ ၊ ရန်ကုန်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 5J/ 5623 ရွှေစင်စကြ်ာ Express (အစိမ်းရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ Concrete Barrier တုံးနှင့် Road Curb တုံးများအား ဝင်တိုက်မိကာ တစ်ပတ်လိမ့်ပြီး လမ်းလယ်ကျွန်းပေါ်အတည့်ပြန်ကျ၍ ရပ်တန့်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ (Express)ယာဉ်ပေါ်တွင် ကျား (၉)ဦး၊ မ(၁)ဦး၊ စုစုပေါင်း ခရီးသည်(၁၀)ဦး စီးနင်းလိုက်ပါခဲ့ရာတွင် ယာဉ်မတော်တဆမှုကြောင့် ကျား(၇)ဦး၊ မ(၁)ဦး အနည်းငယ်စီထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ညောင်ကုန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ 5J/5623 ရွှေစင်စကြ်ာမှန်လုံယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်းတွန့်ကြေ၊ ကိုယ်ထည်ယာဘက်ခြမ်းပိန်ချိုင့်၊ ယာဘက်တံခါးမှန်များကွဲသွားခဲ့ပါသည်။

၎င်းယာဉ်မတော်တဆမှုကြောင့် Concrete Barrier တုံး(၁၂)တုံးနှင့် Road Curb (၁၅၀)'ပေ ပျက်စီးသွားပြီး အမြန်လမ်း ပေပင်လေးရဲစခန်းမှ အမှုဖွင့်ရေးယူဆောင်ရွက်လျက်ရှိပါသည်။

Yangon-Mandalay Expressway