Pages

Monday, June 29, 2015

လွှတ်တော်အမတ်လောင်း ၁၇၀ NDF ပါတီ ရွေးချယ်ပြီး


အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပဲခူးတိုင်းဒေသကြီး ပါတီ ရုံးခွဲဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်းပြော ကြားနေပုံ Photo: AFP
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ဟာ၂၀၁၅ ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၇၀ ကို ရွေးချယ် လိုက်ပါတယ်။

တိုင်းနဲ့ ပြည်နယ် ၁၁ ခုအတွက် ကိုယ်စားပြုဖို့ ရွေးချယ်ထားတာဖြစ်ပြီး အပြီးသတ်စာရင်း မဟုတ်သေးကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ  ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ နိုင်ငံနဲ့ ပြည်သူအကျိုးကို အမှန်တကယ် စိတ်ဝင်စားတဲ့ သူတွေ၊ ပါတီအပေါ်သစ္စာရှိသူတွေ၊ နိုင်ငံရေး အမြင်ရှိသူတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုလမ်းကြောင်းကို လက်ခံ သူ စတဲ့ သတ်မှတ်ချက်တွေအပြင် အသက် ၆၀ ထက်မကြီးသူတွေအဖြစ် ကန့်သတ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပညာရှင်တွေ ၊ ပြည်သူလူထုလက်ခံသူတွေကိုလည်း လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ် သတ်မှတ်ထားတယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဟာ ၂၀၁၀ခုနှစ်မှာနိုင်ငံရေးပါတီအဖြစ် စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး လက်ရှိပြည်သူနဲ့ အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၇ ဦး နေရာ ရရှိထားပါတယ်။

RFA Burmese