Pages

Sunday, July 26, 2015

ဒီရေတော နှစ်ခု တစ်ဆက်တည်ဖြစ်အောင် ဖြည့်စိုက်မည်


|Dawei Watch| ထားဝယ်၊ ဇူလိုင် ၂၆
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကမ်းပနီကျေးရွာ ကမ်းခြေရှိ ဒီရေတော နှစ်ခု တစ်ဆက်တည်းဖြစ်ရန် ယင်းနှစ်ခုကြား မြေကွက်လပ်တွင် ဒီရေတော ပေါက်ပင် ၁၀၀၀ ခန့် စိုက်မည်ဖြစ်ကြောင်း ထားဝယ်လူငယ်မိတ်သဟာရအဖွဲ့မှ ဦးဘိုဘိုအောင်က ပြောကြားသည်။
ကမ္ဘာ့ ဒီရေတော ထိန်းသိမ်းရေးနေ့ ၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့က သစ်တောဦးစီးဌာနမှ စိုက်ပျိုးထားသော အထက်ပါမြေ နေရာနှင့် တဆက်တည်း ဒီရေတောပေါက်ပင်များကို စစိုက်ပျိုးခဲ့ပြီး ယခုတကြိမ်စိုက်ပျိုးလျင် ဒီရေတော နှစ်ခုအကြားရှိနေရာမှာ တဆက်တည်း ဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း ဦးဘိုဘိုအောင်က ရှင်းပြသည်။
“ဒီရေတောထဲမှာရှိတဲ့ အပင်ကြပ်တွေကို နှုတ်ပြီး ဒီရေတော အပင်မရှိတဲ့ နေရာမှာ စိုက်ပျိုးတာပါ”ဟု ၎င်းကဆိုသည်။
မြေ ၂ ဧကခန့်ရှိသည့် ယင်းနေရာတွင် ဒီရေတော ပေါက်ပင်များဖြစ်သော မက်မဲပင်နှင့် မက်ဖြူပင်များကို ယင်းနေ့တွင် လူမှုအဖွဲ့အစည်းများ၊ ဒေသခံများ စုပေါင်းစိုက်ပျိုးကြမည်ဟု သိရသည်။
ကမ်းခြေ ရေတိုက်စားမှု ကာကွယ်နိုင်ရန်၊ စီးပွားရေး စီမံကိန်းများ အကောင်အထည်ဖော်ရာ၌ ပါသွားသည့် ဒီရေတောများကို လက်လှမ်းမီသမျှ အစားထိုးစိုက်ပျိုးနိုင်ရန်၊ ဒီရေတောသည် ရေနေသတ္တ၀ါများပေါက် ဖွားသည့်နေရာဖြစ်၍  ဒေသခံများရှာ
ဖွေစားသောက်နိုင်ရန်အတွက် အထောက်အကူပြုနိုင်ရန်အတွက် စိုက်ပျိုးခြင်းဖြစ်ကြောင်း အထက်ပါ လူမှု့အဖွဲ့အစည်း များထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ပထမအပတ်က လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ၊ ကဒက်ငယ်ဆိပ်နှင့် အောက်ရေဖြူရွာ ချင်း
ဆက် လမ်းနေရာနှင့် ပန်းတင်အင်းကျေးရွာတို့တွင် နှစ်ရှည်ပင်နှင့် အရိပ်ရ သစ်ပင် ၁၀၀၀ခန့်ကို  အထက်ပါ အဖွဲ့များက စိုက်ပျိုးခဲ့သည်။
Dawei Watch