Pages

Wednesday, July 15, 2015

အပူချိန်ကြောင့် အသက်အန္တရာယ်ရှိဟု မိုးလေ၀သပညာရှင် သတိပေး


ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအ၀င် ပြည်နယ်၊ တိုင်းတချို့မှာ လူ့ခန္ဓာကိုယ် အပူချိန် မြင့်တက်နေမှာကြောင့် အသက်အန္တရာယ် ကြုံတွေ့နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးထားပါတယ်။
အခုရက်ပိုင်းအတွင်း မုတ်သုံလေ အားပြတ်ပြီး မိုးရွာသွန်းမှု လျော့ကျနေတဲ့အတွက် အပူချိန် မြင့်တက်လာနေတယ်၊ အပူချိန်တွေ မြင့်မားပြီး လေထုထဲမှာ ရေငွေ့ပါဝင်မှုတွေ များနေစဉ် မိုးလည်း လျော့နည်းသွားပါက လူသားများရဲ့ကိုယ်ပေါ်မှာ ခံစားရတဲ့ အပူချိန်တွေဟာ အပြင်က လေအပူချိန်တွေထက် မြင့်မားနေတတ်တယ်၊ ဒီလိုအခြေအနေမျိုးမှာ နွမ်းနယ်၊ မောပန်းခြင်းမှစပြီး အကြောကပ်၊ အကြောဆိုင်း အပြင် လေဖြတ် ဦးနှောက်ကြော ပြတ်တဲ့အထိ ဖြစ်တတ်တယ်လို့ ဦးထွန်းလွင်က သူ့အင်တာနက် စာမျက်နှာကနေ သတိပေးထားတာ ဖြစ်ပါတယ်။
ဒီလိုဖြစ်စဉ်တွေဖြစ်နိုင်တဲ့ ပြည်နယ်၊ တိုင်းထဲမှာ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီတိုင်းတို့က မြို့ကြီးတွေ ပါဝင်ပါတယ်။
DVB