Pages

Monday, July 6, 2015

ဟိန္ဒားသတ္တုတွင်း စွန့်ပစ် မြေစာ များမှ ခဲသင်္ဘောသုံးပြီး သတ္တုပြန် ထုတ်မည်



|Dawei Watch|ထားဝယ်၊ ဇူလိုင် ၅
တနင်္သရီတိုင်းဒေသကြီး ထားဝယ်မြို့အရှေ့ဘက်ရှိ ဟိန္ဒား သတ္တုတွင်း စွန့်ပစ်ထားသည့် မြေစာများမှ ခဲသင်္ဘောကို သုံးပြီး သတ္တု ပြန်လည် ထုတ်ယူမည်ဖြစ်ကြောင်း ယင်းသတ္တုမိုင်းကို လုပ်ကိုင်နေသည့် မြန်မာပွန်ပီပက် ကုမ္ပဏီထံမှ သိရသည်။
ယင်းကုမ္ပဏီ၏ သတ္တုလုပ်ကွက် B  နှင့် C တို့မှ စွန့်ပစ်မြေစာများကို ခဲသင်္ဘောအပေါ် ပြန်လည် စုပ်တင်ပြီး သန့်စင်ကာ သတ္တုထုတ်လုပ်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဦးခိုင်စွမ်က ပြောသည်။
“လေလွင့်မှု မရှိအောင် ပြန်ဖမ်း ယူပြီး ထုတ်လုပ်တာ ဖြစ်တယ်”ဟု အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီး အထွေထွေ မန်နေဂျာရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဟိန္ဒားသတ္တုမိုင်းကို  မြန်မာ ပွန်ပီပက် ကုမ္ပဏီနှင့် အမှတ်(၂) သတ္တု တွင်း လုပ်ငန်းတို့က ၁၉၉၉ ခုနှစ်မှ စတင်ကာ ခွင့်ပြုဧရိယာ ၂၁၁၀ ဧက တွင် အကျိုးတူ ခွဲဝေမှုစနစ်ဖြင့် လုပ်ကိုင်လျက်ရှိသည်။
ယခင်က ဟင်းလင်းဖွင့် သတ္တုတူး ဖော်နည်းဖြင့် တူးဖော် လုပ်ကိုင်လျက် ရှိရာမှ ယခုအခါ ခဲသင်္ဘောဖြင့် သတ္တု ထုတ်ယူသည့် နည်းလမ်း အသုံးပြုလာခဲ့ခြင်း ဖြစ်သည်။
ခဲသင်္ဘောကို တစ်နှစ်ပတ်လုံး အသုံးပြုမည်ဖြစ်ပြီး သတ္တုလုပ်ကွက် B , C နေရာမှ တောင်သုံးလုံး တံတား နားအထိ တဖြည်း ဖြည်း လုပ်ကိုင် သွားမည်ဟု ဦးခိုင်စွမ်ထံမှ သိရသည်။
ယင်းလုပ်ကွက်မှ တောင်သုံးလုံး တံတားနားအထိ ၂  မိုင်ခန့်ရှိသည်ဟု သိရသည်။
ယခင်က ထားဝယ်မြို့နယ်၊ ရေဝိုင်းကျေးရွာ၊ တောင်သုံးလုံး ကျေး ရွာနှင့် ကံပေါက်ဒေသ၊ မိကျောင်းအိုင် ကျေးရွာတို့တွင် ခဲသင်္ဘောဖြင့် သတ္တု ထုတ်ယူခဲ့ဖူးသည်။
မြန်မာပွန်ပီပက်ကုမ္ပဏီမှ သတ္တု လုပ်ကွက် A , B , C, D လုပ်ကွက်များ ခ္ဂွဲ၍ သတ္တုတူးဖော်လျက်ရှိသည်။
ခဲသင်္ဘောဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် လ ၁၀၇က်နေ့ မွန်းလွဲတွင် ပြုလုပ် မည်ဖြစ်ကြောင်း ဦးခိုင်စွမ်က ပြောသည်။
Dawei Watch