Pages

Sunday, July 19, 2015

ထားဝယ်ပါတီ ကိုယ်စားလှယ်လောင်း နေရာ ၂၀ ၀င်ပြိုင်မည်


|Dawei Watch| ထားဝယ်၊ ဇူလိုင် ၁၈
လာမည့် နိုင်ဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ထားဝယ်တိုင်းရင်းသားများ ပါတီက တိုင်းအတွင်း ကိုယ်စားလှယ်လောင်း နေရာ ၂၀ ကို ၀င်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းနှင့် ကော့သောင်းမြို့နယ် ငါးခုတွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၅ နေရာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ နေရာနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၁၀ နေရာ တို့ကို ၀င်ပြိုင်မည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။
“ကိုယ်စားလှယ်လောင်းတွေ လျာထားပြီးပြီ။ တစ်ချို့က အတည်ပြုပြီးပြီ။ အတည်မပြုရသေးတဲ့သူတွေလည်း ရှိသေးတယ်” ဟု ဥက္ကဋ္ဌ ဦးအေးမင်းက ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲရက်နှင့် ပါတီမဲဆွယ်စည်းရုံးရေးကိစ္စတို့ကို ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် ထားဝယ်တိုင်းရင်းသားများပါတီက အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးခေါ်ယူခဲ့ပြီး ရွေးကောက်ပွဲနှင့် ပက်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း ပါတီထံမှ သိရသည်။

Dawei Watch