Pages

Sunday, August 16, 2015

ဘန်းကချွန်၊ ချမ်းဖမ်းရွာသားများ ယမ်းထောင်း သေနတ် ၂၀ ကျော် ရဲတပ်ဖွဲ့ထံ လာအပ်


ဓာတ်ပုံ - အောင်ဇော်မင်းထွန်း
|Dawei Watch| ကော့သောင်း၊ သြဂုတ် ၁၆

တရားမ၀င် လက်နက်ခဲယမ်းများ လာရောက် အပ်နှံရန် အသိပေးစာ ထုတ်ပြန်ပြီး တစ်ပတ်အကြာတွင် ကော့သောင်းမြို့နယ် ဘန်းကချွန်နှင့် ချမ်းဖမ်းရွာသားများက ယမ်းထောင်းသေနတ် ၂၀ ကျော်ကို ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ထံ သြဂုတ်လ ၁၄ ရက်နေ့က လာရောက် အပ်နှံခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

တရားမဝင်​လက်​နက်​ /ခဲယမ်းများ လက်​ဝယ်​မထားရန်၊ သက်​ဆိုင်​ရာသို့ အပ်​နှံကြရန်​နှင့်​ ​တွေ့ရှိပါက တရားဥပ​ဒေအရ အ​ရေးယူ မည်​ဖြစ်​​ကြောင်း  ​​ပြည်ထဲေ​ရးဌာနက အသိပေး ကြေညာချက် ထုတ်ပြန်ပြီးနောက် သြဂုတ်လ ၇ ရက်နေ့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ဒေသတွင်း အသိပေးကြေညာခဲ့ကြောင်း လက်ကမ်းစာစောင်များ၊ ကြေညာဆိုင်းဘုတ်များ၊ ဒေသတွင်း ရုပ်သံလိုင်းများမှ တဆင့် ကြေညာခဲ့သည်ဟု အထက်ပါ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ဘန်းကချွန်​​ကျေးရွာတွင်​ ​ယမ်း​​ထောင်းသေနတ်​ ၁၀လက်​ ၊ ​သေနတ်​​ပြောင်း ၁ခု နှင့်​ ချမ်းဖန်း​ကျေးရွာအုပ်​စုအတွင်းမှ ယမ်း​ထောင်း​သေနတ်​ ၁၄လက်​ ၊ ​သေနတ်​​ပြောင်း ၁ခုကို သက်​ဆိုင်​ရာ ရာအိမ်​မှူးများမှ တစ်​ဆင့်​ ရဲတပ်​ဖွဲ့ထံ အပ်​နှံခဲ့ခြင်းဖြစ်​သည်​ဟု အထက်​ပါ ရဲအရာရှိက ဆိုသည်​။

လိုင်​စင်​မဲ့ လက်​နက်​/ခဲယမ်းများကို လာ​ရောက်​အပ်​နှံခြင်း မရှိပဲ  လက်​ဝယ်​ထားရှိ၍ ​တွေ့ရှိပါက ၁၈၇၈ခုနှစ်​ လက်​နက်​ ဥပ​ဒေပုဒ်​မ ၁၉(စ) အရ အလုပ်​ကြမ်းနှင့်​ ​ထောင်​ဒဏ်​ (၃)နှစ်​ထက်​ မနည်း၊ ၇နှစ်​ထက်​ မပို​သော ​ထောင်​ဒဏ်​​ ​ချမှတ်​နိုင်​​ကြောင်းနှင့်​ အလားတူ  ၁၉၅၁ခုနှစ်​ ၊ လက်​နက်​ယာယီပြင်​ဆင်​ချက်​ အက်​ဥပ​ဒေ ပုဒ်​မ ၁၉-က အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်​ချမှတ်​နိုင်​သည်​ဟု မြို့နယ်​ရဲတပ်​ဖွဲ့က ဆိုသည်​။

လက်​နက်​ လာ​ရောက်​အပ်​နှံသူများသည်​ ခြံလုပ်​သားများပြီး ခြံအတွင်း ​တော​ကောင်​များ အန္တရာယ်​ ကာကွာရန်​အတွက်​ ယမ်း​ထောင်း လက်​လုပ်​​သေနတ်​များ ကိုင်​​ဆောင်​​လေ့ရှိသည်​ဟု ဘန်းကချွန်​ကျေးရွာ ​​ခြံလုပ်​သားများထံမှ သိရသည်​။



Dawei Watch