Pages

Tuesday, August 4, 2015

အိန္ဒိယနိုင်ငံမှာ ရေကြီးပြီး လူ ၁၀၀ ကျော် သေဆုံး



 အိန္ဒိယ နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြင်းထန်စွာ ရွာသွန်းတဲ့ မုတ်သုန်မိုးကြောင့် ရေကြီးရေလျှံဖြစ်ကာ လူ၁၀၀ ကျော်သေဆုံးပြီး လူထောင်ပေါင်းများစွာဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ အိန္ဒိယ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် အနောက် ဘင်္ဂလားပြည်နယ်မှာ ရေကြီးပြီး လူ ၄၈ ဦးသေဆုံးကာ လူ ၂ သိန်းကျော်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဆိုပါတယ်။

ဆိုင်ကလုန်း Komen ကြောင့် အခုရက်ပိုင်းတွေအတွင်း လေပြင်းထန်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် အခုလို ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ဘက် ဘင်္ဂလားပြည်နယ်မှာ အဆိုးရွားဆုံး ရေကြီးမှုနဲ့ ရင်ဆိုင်နေရပြီး ကျေးရွာပေါင်း ၁ သောင်းကျော်မှာ နေထိုင်ကြတဲ့ လူပေါင်း ၄ သန်းနီးပါးဟာ ရေဘေးဒုက္ခတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက ဆိုပါတယ်။

ရေကြီးရာဒေသတွေမှာ ကျရောက်မယ့် ရေနဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားမှုတွေကို ကြိုတင်ကာကွယ်ဖို့ ဆေးဝါးကုသရေးအဖွဲ့ ၂၀၀ ကျော်က စက်လှေ ၁၂၀ ကျော်နဲ့ ရေလွှမ်းမိုးရာဒေသတွေကို ရောက်ရှိနေကြပြီလို့လည်း ဆိုပါတယ်။

BBC Burmese