Pages

Tuesday, August 11, 2015

ဦးနှောက်ထဲ ရေ၀င်မှုကြောင့် ဆေးရုံတက်ရသည့် ထိုင်းဘုရင် ပြန်လည်ကောင်းမွန်


ထိုင်းဘုရင်ကြီး ဘူမီဘော အဒူရာဒက်ခ်ျ (Bhumibol Adulyadej) ပြီးခဲ့တဲ့တပတ်က ဦးနှောက်ထဲရေ၀င်မှု ဆေးရုံတက် ကုသမှုခံယူခဲ့ပြီး အခုတော့ သက်သာကောင်းမွန်လာပြီလို့ ဆေးရုံအာဏာပိုင်တွေက သြဂုတ် ၁၀ ရက်နေ့က ပြောပါတယ်။
သက်တော် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ကြီး ဘူမီဘောဟာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ဆေးရုံ ပြန်လည်တက်ရောက်ခဲ့တာပါ။
ဘုရင်ကြီးဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆေးရုံအကြိမ်ကြိမ်တက်ရောက်ပြီး ဆေးကုသမှု ခံယူခဲ့တာပါ။
အခုတကြိမ် မတိုင်ခင်ကလည်း ဘုရင်ကြီးဟာ အဆုတ်ရောင်လို့ ဆေးရုံတက်ရောက်ခဲ့ရပြီး သက်သာပျောက်ကင်းခဲ့ပါတယ်။
၁၉၄၆ ခုနှစ်ကတည်းက နန်းတက်ခဲ့တဲ့ ဘုရင်ကြီးဟာ ထိုင်းနိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှုတော့ မရှိပေမယ့် ထိုင်းပြည်သူတွေ စည်းရုံးညီညွတ်မှုရဲ့ အဓိကမဏ္ဍိုင်အဖြစ် ပြည်သူတွေက လက်ခံသတ်မှတ်ကြတာပါ။
ပြီးခဲ့တဲ့နှစ်က စစ်အာဏာသိမ်းခဲ့တဲ့အထိ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဘုရင်ကြီးရဲ့ ကျန်းမာရေးအခြေအနေကို ထိုင်းပြည်သူတွေ အထူးအလေးထား စောင့်ကြည့်နေကြတာပါ။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဘုရင်ကြီး ကျောက်ကပ်ခွဲစိတ်မှု  ခံယူခဲ့ပါသေးတယ်။
ဘုရင်ကြီးဟာ လတ်တလော မြန်မာပြည် ရေကြီးရေလျှံဖြစ်ခဲ့တော့လည်း ရေဘေးဒုက္ခသည်တွေအတွက် ဘတ်ငွေ ၅ သန်း လှူဒါန်းခဲ့ပါသေးတယ်။
DVBီ