Pages

Wednesday, August 5, 2015

ချင်းပြည်နယ်မြေပြိုမှု ၆ ဦး သေဆုံး


 ဟားခါးမြို့မြေပြိုမှုကြောင့် ပျက်စီးနေတဲ့အိမ်များကို တွေ့ရစဉ်။ Photo: Chin World
 ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာပြီး မြေပြိုခဲ့တာကြောင့် ဟားခါးနဲ့ ပလက်ဝမြို့တို့မှာ သေဆုံးသူ ၆ ဦးရှိခဲ့ပါတယ်။

ဇူလိုင်လကုန်ပိုင်းက လမ်းပြင်နေသူ ၄ ဦး ရေစီးနဲ့မျောသွားတာ အခုချိန်ထိ ရုပ်အလောင်းကို ရှာမတွေ့သေးဘူးလို့ ဟားခါးမြို့ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ဦးတလွန်ကျဲအိုက ပြောပါတယ်။

"ပြီးခဲ့တဲ့မိုးရွာတဲ့အချိန်မှာပေါ့နော်၊ ဟားခါးနဲ့ ၁၈ မိုင်ဝေးတဲ့နေရာမှာ သေဆုံးတာတွေ ရှိတယ်၊ သူတို့အလောင်း လည်းအခုထိမတွေ့ရသေး ဘူး၊ ရေကြီးတော့ချောင်းထဲပါသွားတာ၊ အနီးအနားမှာရှိတဲ့ ရွာကရှာတာ၊ ဒါပေမယ့် မတွေ့ဘူး"

ပလက်ဝမြို့နယ်မှာ မြစ်ရေတက်ပြီး အိမ်တွေရေမြုပ်တာကြောင့် အိမ်ခြေ ၂၀၀ကျော်လောက် ပျက်စီးသွားသလို ဖလမ်းမြို့နယ်မှာလည်း အိမ်ခြေ ၉၀ လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒီနေ့ထုတ် အစိုးရသတင်းစာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် သဘာဝဘေးဒဏ်ကြောင့် လူသေဆုံးမှု စုစုပေါင်း ၆၂ ယောက်ရှိတယ်လို့ ဖော်ပြထားပေမယ့် ချင်းပြည်နယ်မှာ သေဆုံးမှုမရှိဘူးလို့ ပါရှိပါတယ်။

RFA Burmese