Pages

Sunday, August 2, 2015

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်က ရေမြုပ်မယ့် ဘေးအန္တရာယ်က မြင့်မားနေပါပြီ


သာရဝေါဘူတာ  ရေမြုပ်နေပြီ။ ဓါတ်ပုံ - Nyi Lay
 ရေတွေ..ရေတွေ...ပြိုကုန်ပြီ။
 အထူးသတိထားပြီး ကြိုတင် ဆောင်ရွက်သင့် တာတွေ ဆောင်ရွက်ကြပါ
၂-၈-၂၀၁၅
နေ့(၂း၀၉)နာရီ။

မုံရွာမှာ ယခင်အမြင့်ဆုံး ရေအမှတ် ၁၀၉၉ စင်တီမီတာကို ကျော်လွန်ပြီး မနက်က (၁၁၂၀) စင်တီမီတာကိုရောက်နေပြီ။ အမြင့်ဆုံး ရေအမြင့် စံချိန်သစ်တင်သွားပြီ။ စိုးရိမ်ရေ အမှတ်ရဲ့ အထက်(၁)ပေခွဲလောက် ကျော်နေပြီ။ အချိန်ပိုင်းလေး အတွင်းမှာပဲ (၅) စင်တီမီတာ တက်သွားပြန်ပြီ။ တာရိုးတွေ စိတ်မချရတော့လို့ အနိမ့်ပိုင်းကအိမ်တွေပြောင်းကြဖို့ လိုက်အော်နေပြီး သတိပေးနေပြီလို့သိတယ်။

ခက်တာက လာမယ့်တစ်ပတ်အတွင်း မုံရွာမှာရော အထက်ဖက်က ကလေးဝမှာရော မိုးတွေရွာဖို့ရှိနေသေးလေတော့ စိုးရိမ်ရေအမှတ်ရဲ့ အထက်ရောက်နေတဲ့ ရေအမြင့်ဟာ အနည်းဆုံး နောက်ထပ်(၃)ရက် လောက်ကြာဦးမယ်လို့ မိုးဇလက ခန့်မှန်းထားတယ်။ အရေးကြီးဆုံး အချိန်ရောက်နေပါပြီ။

ဟင်္သာတရဲ့ဧရာဝတီမြစ်ရေကလည်း ရုတ်တရက်ရေတွေ ၀င်လာလို့ရေတွေ တက်လာတာ စိုးရိမ်ရေအမှတ်တရဲ့အထက် (၅)ပေကျော်လောက် ရောက်နေပြီ။ ဟင်္သာတ တစ်ဖက်ကမ်းက သာရဝေါဘူတာလည်း ရေမြုပ်နေပြီ။

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်က ရေမြုပ်မယ့် ဘေးအန္တရာယ်က မြင့်မားနေပါပြီ။

ဒေါက်တာထွန်းလွင်