Pages

Monday, August 17, 2015

မစုစုနွေး ချုပ်ရက် ခံစားခွင့်နဲ့ ပြန်လွတ်




  ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲ ခံထားရတဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂအဖွဲ့ ဥက္ကဌ မစုစုနွေးကို ပဲခူးမြို့နယ် တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ ရက် အမိန့်ချ လိုက်ပါတယ်။

တရားသူကြီးက ချုပ်ရက်ကို ထည့်သွင်း ခံစားဖို့ အမိန့်ချမှတ် လိုက်တာကြောင့် ဒီနေ့ပဲ ပြန်လွတ်လာခဲ့တယ်လို့ မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂ ဥက္ကဌ မစုစုနွေးက ပြောပါတယ်။

မစုစုနွေးဟာ အမှတ်(၁) ခဲယမ်းမီးကျောက်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေ တွေကို ကာရံထားတဲ့ အုတ်တံတိုင်းပေါ်ကနေ ဓါတ်ပုံရိုက်ပြီး အင်တာနက် တင်ခဲ့တာကြောင့် အဲ့ဒီတပ်က ဗိုလ်ကြီး ဟိန်းဇော်က တရားလိုလုပ်ပြီး ပိုင်နက်ကျူးလွန်မှုနဲ့ အင်းတကော်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

Photo: Aung Thain Kha/RFA
RFA Burmese