Pages

Saturday, August 22, 2015

ကော့သောင်းတွင် ဆန်ပြတ်၍ ထိုင်းမှ တင်သွင်း


|Dawei Watch| ကော့သောင်း၊ သြဂုတ် ၂၂
ဆန်ပြတ်လပ်သွားသည့်အတွက် ယခင်က အနည်းအကျဉ်းသာ တင်သွင်းသည့် ထိုင်းဆန်များကို ကော့သောင်းဈေးကွက်သို့ ထိုင်းဆန် တစ်ရက်လျှင် အိတ် ၄၀ ခန့် တင်သွင်းနေရကြောင်း ကော့သောင်းမြို့ ဆန်းစပါးအသင်းချုပ်ထံမှ သိသည်။
မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ အချိန်မီ ဆန်မရောက်သောကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကော့သောင်း မြို့ပေါ်ရှိ ဆိုင်ကြီးတချို့တွင် ဆန်ပြတ်လပ်လျက်ရှိကြောင်း ကော့သောင်းမြို့ ဆန်ကုန်သည် အသိုင်းအ၀ိုင်းမှ သိရသည်။
ကော့သောင်းခရိုင်အတွင်း တစ်ရက်လျှင် ဆန် အိတ် ၇၀၀ ကျော် လိုအပ်ချက်ရှိကြောင်း သိရသည်။
“ဆန်အများကြီး ပြတ်လပ်မှာ​ ​ဈေးအဆမတန် တက်သွားမှာေ​​​တာ့ မပူရဘူး၊ ဘာလို့ဆို​​တော့ ထိုင်းဘက်က ဆန်ေ​​​တွကို လက်လီ အ​ရောင်းဆိုင်ေ​​တွက တင်သွင်းေ​​​ရာင်းချမှုေ​တွ ရှိ​တယ်​”ဟု ကော့သောင်းမြို့ ဆန်စပါး အသင်းချုပ်​ တာဝန်​ရှိသူတစ်​ဦးက ဆိုသည်။
ဆန်ပြတ်လပ်မှုကြောင့် ဆန်တစ်အိတ် ပျမ်းမျှ ကျပ် ၃၀၀၀ ခန့်အထိ ဈေးတက်သွားကြောင်း သိရသည်။
ကော့သောင်းမြို့သို့ ပုံမှန်အားဖြင့် ရန်ကုန်ဈေးကွက်မှ ဆန်များတင်သွင်းလေ့ရှိပြီး နှစ်စဉ် မိုးရာသီ ရောက်တိုင်း ရာသီဥတု ဆိုးရွာသည့်အခါ ထိုင်းဘက်မှ တင်သွင်းရလေ့ရှိကြောင်း သိရသည်။

Dawei Watch