ရေလွှမ်းမိုး ခဲ့တဲ့ ကျောက်တော် မြို့နယ် တူးမြောင်း ရွာနဲ့ ကြောင်ဖို
ကျေးရွာ တွေမှာ ဒေသခံ တွေဟာ နေအိမ် အသီးသီးမှာ ပြန်လည် နေထိုင် နေကြပြီ
ဖြစ်ပေမယ့် စားနပ် ရိက္ခာနဲ့ သောက်သုံးရေ လိုအပ် နေဆဲဖြစ်ပါတယ်။
ရေဘေးဒဏ် ကြုံခဲ့ရတဲ့ အတွက် လယ်တွေ ပျက်စီးသွားသလို ကျွဲနွားတွေဟာလည်း
အစာရေစာ ပြတ်လပ်ခဲ့တာကြောင့် လယ်ယာထွန်ယက် အလုပ်တွေလည်း မလုပ်နိုင်
ကြသေးဘူးလို့ ရွာခံတွေက ပြောပါတယ်။
Photo: Min Thein Aung/RFA