Pages

Sunday, August 16, 2015

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဇီးကုန်းကနေ ဝင်ရောက်ယှဉ်ပြိုင်မည်

လာမယ့်ရွေးကောက်ပွဲမှာ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတစ်ဆင့် ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးရဲမြင့်က ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးအမှတ် (၂) တပ်ဖွဲ့မှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ဟာ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးနှစ်ဆန်းဦးက ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ဟာ တပ်မတော်ကနေ အငြိမ်းစားယူပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စစ်အုပ်ချုပ်ရေး အမိန့် ကြေညာထားတဲ့ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ် နှစ်ခုမှာ အခြေခံမဲဆန္ဒရှင်စာရင်းတွေ ကောက် ယူနေပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီကနေ ကိုယ်စားလှယ်လောင်း ၁၁၄၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲ့ဒီထဲမှာ တပ်မတော်က အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ကြီးတွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးတွေလည်း ပါဝင်ကြပါတယ်။
RFA