Pages

Thursday, August 20, 2015

လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းမှု ဒေါက်တာညိုညိုသင်း ကို မေးမြန်း


 ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ကိုတွေ့ရစဉ်။ Photo: RFA
 လက်ပံတန်း ကျောင်းသား သပိတ် ဖြိုခွဲခံခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံလုံး ဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်က ဒေါက်တာညိုညိုသင်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်က ဒီနေ့ တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။

ဒေါက်တာညိုညိုသင်းက လက်ပံတန်း ကျောင်းသားသပိတ်က ကျောင်းသားတွေကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲစဉ် အခြေအနေတွေကို သက်သေ အထောက်အထား တွေနဲ့တကွ ကော်မရှင်ကို ပြည့်ပြည့်စုံစုံ တင်ပြခဲ့တဲ့အကြောင်း RFA ကို ပြောပါတယ်။

"အဓိကကတော့ ကျမအချက် ၃ ချက်ကိုပြောတယ်၊ လက်ပံတန်းကျောင်းသားတွေ အပေါ်အကြမ်းဖက်မှုကိစ္စဟာ ၄ ပွင့်ဆိုင်သဘောတူညီချက်ကို ချိုးဖောက်တဲ့ ကိစ္စဖြစ်တယ်၊ အထောက်အထားအပြည့်အစုံနဲ့ တင်ပြနိုင်ခဲ့ တယ်ပေါ့နော်၊ ဒုတိယအချက်ကအစိုးရနဲ့ ကျောင်းသားတွေနဲ့ တင်းမာနေတဲ့အချိန်မှာ ကျမနဲ့ ဆရာတော် အရှင်ဆေကိန္ဒတို့ ကျောင်းသားနဲ့ပြေလည်ဖို့အတွက်ကြိုးစားခဲ့တယ်၊ အဲ့ဒါကိုလည်း သေသေချာချာရှင်းပြနိုင်ခဲ့တယ်၊ လက်ပံတန်းအကြမ်းဖက်မှု အင်အားအလွန်အကျွန် သုံးတဲ့ကိစ္စဟာ မဖြစ်သင့်ဘူးဆိုတာပြောခဲ့နိုင်ပါတယ်"

ဒ့ါအပြင် ကျောင်းသားသပိတ်ဖြိုခွဲခံရစဉ်က မျက်မြင်သက်သေ နှစ်ဦးကိုလဲ ကော်မရှင်အနေနဲ့ ခေါ်ယူမေးမြန်း ဖို့ ဒေါ်ညိုညိုသင်းက တင်ပြခဲ့တာကို ကော်မရှင်က လက်ခံလိုက်ကြောင်းလည်း ပြောပါတယ်။

RFA Burmese