Pages

Monday, August 17, 2015

ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ သူရဦးရွှေမန်း တက်ရောက်









နေပြည်တော် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ
 ဒီနေ့ သြဂုတ်လ ၁၇ ရက်နေ့က ပြုလုပ်တဲ့ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ပါတယ်။

အဲဒိ့အခမ်းးအနားမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းငွေ ၄၁၃ သိန်း ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို လှူဒါန်းပေးအပ်ပါတယ်။

သူရဦးရွှေမန်းက လောလောဆယ်မှာတော့ သူ့ကျန်းမာရေးကို စိုးရိမ်ပေးနေကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ် လို့ မီဒီယာကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီးတော့ ဘာမှပြောကြားခြင်း မရှိပါဘူး ။

သတင်းဓာတ်ပုံ – ကောင်းထက်ကျော်
DVB