Pages

Tuesday, August 4, 2015

အင်္ဂပူမြို့နယ်အတွင်းရှိ ရေ၀င်နစ်မြုတ်ဒေသများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိ



 အင်္ဂပူ သြဂုတ် ၃

 အင်္ဂပူမြို့နယ်တွင် သြဂုတ် ၃ရက်နံနက် ၆နာရီအချိန် ဧရာဝတီရေသည် အန္တရာယ်ရေ အမှတ်(၅၂.၂၀)ပေ သို့ ရောက် ရှိနေသဖြင့် ဒေသ အချို့တွင်ရေ ၀င်နစ်မြုတ် လျှက်ရှိသည်။

အဆိုပါ ရေ၀င်နစ်မြုတ်ဒေသများရှိ အိမ်ထောင်စုများအား ကယ်ဆယ်ရေး ခန်းများ ဖွင့်လှစ်ထားရှိပြီး ပြောင်းရွေ့ အိမ်ထောင်စုများ၏ ကျန်းမာရေးနှင့် စားသောက်ရေးတို့အတွက် ဆေးပေးခန်းများ ဖွင့်လှစ် ထားရှိပြီး မြို့နုယ်အုပ် ချုပ်ရေးမှူး၏စီမံမှု၊ စေတနာရှင်များက စုပေါင်းလှုဒါန်းမှု တို့ဖြင့် ထမင်း ထုတ်များ၊ သောက်ရေ သန့်များဝေငှပေးလျှက်ရှိ ကြောင်းနှင့် အင်္ဂပူမြို့နယ် တွင် ရေ၀င် နစ်မြုတ် ဒေသ(၁၀)ခုရှိ အိမ်ထောင်စု (၄၀၉)စု၊ လူဦးရေ(၂၀၀၈)ဦး အတွက်ကယ် ဆယ်ရေး စခန်း(၁၅) ခုဖွင့် လှစ်ဆောင်ရွက် ထားကြောင်း သိရသည်။

MOI Webportal Myanmar