Pages
▼
Saturday, August 15, 2015
လယ်ယာမြေဆုံးရှုံးခဲ့ရသည့် အိန္ဒိယလယ်သမား ၂၅၀၀၀ ကျော် မိမိကိုယ်ကို အဆုံးစီရင်ခွင့်ပြုရန် သမ္မတထံ ခွင့်တောင်း
အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့တွင် အိန္ဒိယလယ်သမား ၂၅၀၀၀ ကျော်က မိမိတို့ကိုယ့်ကို သက်သေခွင့်ပြုရန် သမ္မတကြီးထံ ခွင့်ပြုချက်တောင်းခဲ့ကြောင်း ဒေသဆိုင်ရာသတင်းတပုဒ်၌ ဖော်ပြထားသည်။ ယင်းကဲ့သို့ ခွင့် တောင်းခံရခြင်းမှာ အိန္ဒိယ၌ ဂိုကူလ်ဘယ်ရိတ်(ခ်ျ) (Gokul Barrage) ဆောက်လုပ်ရေးလုပ်ငန်းအတွက် လယ်သမားများဆုံးရှုံးခဲ့ ရသော မြေယာများကို အစိုးရက လျော်ကြေးမပေးခဲ့မှုကြောင့် ဖြစ်သည်။
''ကျွန်တော်တို့မှာ အားလုံးဆုံးရှုံးသွားပြီ။ ကျွန်တော်တို့ဘ၀ကို အဆုံးသတ်လိုတယ်။ သမ္မတကြီးခွင့်ပြုချက်ပေး ပါ''ဟူ၍ လယ်သမားတဦးက တောင်းဆိုခဲ့သည်။ အခြား လယ်သမားတဦးကလည်း အစိုးရသည် လယ်သမား များ၏အကျိုးကို လျစ်လျူရှုနေကြောင်း စွပ်စွဲထားသည်။
'ဂိုကူးလ်ဘယ်ရိတ်(ခ်ျ)ဆောက်လုပ်ရေးအတွက် ကျွန်တော်တို့လယ်တွေ သိမ်းသွားတာ လျော်ကြေးပေးဖို့ တောင်းဆိုပါတယ်။ အခု ကျွန်တော်တို့ကလေးတွေ ကျွေးစရာ စိုက်ပျိုးရေးလုပ်ဖို့ မြေမရှိဘူး။ ကျွန်တော်တို့ အခု ပျံကျအလုပ် လုပ်နေရတယ်''ဟု အခြားလယ် သမားတဦးကလည်း ပြောခဲ့သည်။
ဆောက်လုပ်ရေးလုပ်ငန်းကြောင့် လယ်သမားများမှာ မြေယာများဆုံးရှုံးခဲ့တာ ၁၇ နှစ်ကြာပြီ။ လျော်ကြေးရရန် တောင်းဆိုခဲ့ကြသည်။ ပြည်နယ်အစိုးရကမူ လယ်မြေဆုံးရှုံးခဲ့ရသော လယ်သမားများအား လျော်ကြေးပေးရန် ဆုံးဖြတ်ထားကြောင်းပြောသည်။ မကြာမီ လျော်ကြေးများပေးတော့မည်ဟု ပြည်နယ်အစိုးရက ပြောသည်။ လျော်ကြေးပေးရမည် လယ်သမား ၃၀ ခန့်ရှိသည်ဟု ဆိုသည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလက ဂိုကူလ်ဘာရိတ်(ခ်ျ) ဆောက်လုပ်ရေးလုပ်ငန်းပြဿနာနှင့်ပတ်သက်၍ ဆန္ဒပြပွဲပြု လုပ်ရန်နှင့် လယ်သမားများကို စုဝေးလှုံ့ဆော်ရန် စီစဉ်မှုကြောင့် ရဲတပ်ဖွဲ့နှင့်ပြဿနာဖြစ်ပြီး လူပေါင်း ၅၀ ကျော် အဖမ်းခံခဲ့ရသည်။ လယ်သမားများ မိမိကိုယ်ကို သက်သေမှုများ အိန္ဒိယတွင် မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ အိန္ဒိယနိုင်ငံ မာသူရာတွင် အခါမဟုတ်ဘဲ မိုးရွာသွန်းမှုကြောင့် သီးနှံများ ပျက်စီးခဲ့ရ၍ ယခုနှစ် စောစောပိုင်းက လယ်သမား ၄၀ သက်သေခဲ့ကြသည်။
မိုးခေါင်ရေရှားမှုကြောင့်လည်းကောင်း၊ အစိုးရ၏ကိုင်တွယ်ဖြေရှင်းပေးမှု မပြည့်စုံ၍လည်းကောင်း လွန်ခဲ့သော ၁၀ နှစ်တာကာလအတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်ခံကြသော လယ် သမားပေါင်း ထောင်နှင့်ချီရှိခဲ့သည်။
ထွဋ်ဝင်းထွဋ်
Ref; RT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)