Pages

Monday, August 24, 2015

Miss Universe Myeik 2015 အလှမယ်အဖြစ် မ၀င်းနွယ်ဦးကို ရွေးချယ်






|Dawei Watch| မြိတ်၊ သြဂုတ် ၂၄
Miss Universe Myeik 2015 အလှမယ်အဖြစ် ပြိုင်ပွဲဝင် ခါးနံပါတ် ၆ မ၀င်းနွယ်ဦးကို ရွေးချယ်လိုက်သည်။
သြဂုတ်လ ၂၃ ရက်နေ့က မြိတ်မြို့ J & J ဟိုတယ်တွင် ကျင်းပသည် Miss Universe Myeik 2015 ပြိုင်ပွဲတွင် ယင်းသို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
“ ဒီဆု ရလိမ့်မယ်လို့ ထင်မထားဘူး”ဟု မ၀င်းနွယ်ဦးက ပြိုင်ပွဲအပြီးတွင် ဖွင့်ဟသည်။
ယင်းပြိုင်ပွဲတွင် မ၀င်းနွယ်ဦးအပြင် ဒုတိယဆုကို ခါးနံပါတ် ၁၆ ၊ မခိုင်ဇင်ဇော်နှင့် တတိယဆုကို 
ခါးနံပါတ် ၈ ၊  မမြတ်ဇင်မီမီအောင်တို့က အသီးသီးရရှိခဲ့ကြောင်း Miss Universe Myeik Organization ၏ City Director ကိုချစ်ထိုက်မှ ပြောသည်။
ကနဦး ပြိုင်ပွဲဝင် ၂၅ ဦးအနက် ဇူလိုင်လ ၂၄ ရက်နေ့က စကာတင် ၁၆ ဦးကို ရွေးချယ်ခဲ့ပြီးနောက် ယင်းတို့အနက် ၃ ဦးကို သြဂုတ်လ ၂၃ ရက်နေ့တွင် ထပ်မံရွေးချယ်ခဲ့ခြင်းဖြစ်သည်။
မ၀င်းနွယ်ဦးသည်၊ ရန်ကုန်တွင် စက်တင်ဘာလ၌ ကျင်းပမည့် Miss Universe Myanmar 2015 ပြိုင်ပွဲမှာ မြိတ်ကိုယ်စားပြု
သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Dawei Watch