Pages
▼
Saturday, August 15, 2015
ကြိုးဆွဲချ သေဆုံးသည့် NLD ကိုယ်စားလှယ်လောင်းနေရာ အချိန်မီ အစားထိုး
ကြိုးဆွဲချ သေဆုံးသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း၏ နေရာအား အချိန်မီ အစားထိုးခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပါတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က The Messenger Media သို့ ပြောသည်။
““ကျွန်တော်တို့ ချက်ချင်းပဲ အချိန်မီပေါ့ ၊ လပွတ္တာခရိုင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းလှကို အစားထိုးလိုက်ပါပြီ””ဟု ၎င်းက ပြောသည်။
လပွတ္တာမြို့နယ် ဒီချုပ်ပါတီ အတွင်းရေးမှူး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ထွန်း အသက် (၆၀)သည် (သြဂုတ်၁၄) နံနက်(၂)နာရီ ကျော်ခန့်က နေအိမ်တွင် ဆွဲကြိုးချသေဆုံးခဲ့ကြောင်း လပွတ္တာရဲစခန်းမှ သိရသည်။
““သူကတော့ ဒီပရက်ရှင်လို့ ထင်တယ်။ ဒီအချိန်ကာလက ဝေစုတွေများတယ်။ ခြိမ်းခြောက်မှုတွေ များတယ်။ ရွေးရမှာတွေ စဉ်းစားရမှာတွေ များတဲ့အခါ ဖြစ်တတ်ပါတယ်””ဟု ဒေါက်တာမျိုးညွန့် ကဆိုသည်။
သေဆုံးသူ အလောင်းကို လပွတ္တာခရိုင် ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု လပွတ္တာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
The Messenger Media