Pages

Tuesday, September 8, 2015

ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ရေ ဆက်လက်မြင့်တက်၍ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများ ရေ၀င်ရောက်



 ကနီ စက်တင်ဘာ ၇

 စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင်၊ ကနီမြို့ မြို့ပေါ် ရပ်ကွက် နှစ်ရပ် ကွက်တွင် အနိပ်ပိုင်း နေရာများ၌ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြစ်ရေများ ၀င်ရောက်သဖြင့် စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ရေ၀င်ရောက်သည့် အိမ်ထောင်စု များအား အမှတ်(၁)အထကကျောင်း၊ သာသနာ့ ဗိမာန်နှင့် ဓါတ်ပေါင်းစုဘုရား ဓမ္မာရုံတို့၌ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ပေး ထားကြောင်း သိရသည်။


ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်နှစ်ရပ် ကွက်၊ ကျေးရွာအုပ်စု ၂၀ အုပ်စုမှ ကျေးရွာစုစုပေါင်း ၆၅ ရွာရှိ အိမ်ထောင်စု
လေးထောင်ကျော် တို့မှာ ရေများဝင်ရောက်လျက် ရှိပြီး အခြေခံပညာကျောင်း (၁၆)ကျောင်း ယာယီ ပိတ်ထား ခဲ့ရသည်။

ယင်းရေ၀င်ရောက်သည့် ကျေးရွာများတွင် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် မြို့နယ် သဘာဝဘေး အန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီများ ဖွဲ့စည်းပြီး သက်ဆိုင်ရာ ကျေးရွာ အုပ်စုအလိုက် တာဝန် ခွဲဝေကာဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

ကနီမြို့ အခြေစိုက် မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားရေးဦးစီးဌာန မြို့နယ် ဇလဗေဒ စခန်းမှ တရားဝင် ထုတ်ပြန်ချက်အရ ကနီမြို့၌ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်မှာ ၁၂၃၃ စင်တီမီတာဖြစ်ပြီး စက်တင် ဘာလ ၇ ရက်နေ့တွင် ၁၂၉၁ စင် တီမီတာ အထိရောက်ရှိနေကာ စိုးရိမ်ရေမှတ်အထက် ၅၈ စင်တီမီတာ (နှစ်ပေကျော်ခန့်)အထိ ရောက်ရှိနေကြောင်း သိရ သည်။

MOI Webportal Myanmar