Pages

Wednesday, September 2, 2015

အာသံပြည်နယ်မှာ ရေကြီးပြီး သေဆုံးမှုများပြား


Photo: AFP
 အိန္ဒိယအရှေ့မြောက် အာသံပြည်နယ်မှာ မုတ်သုန်မိုးကြီးပြီး ရေလွှမ်းမိုး တာကြောင့်ပြီးခဲ့တဲ့ ၄ရက်အတွင်း လူပေါင်း ရှစ်သိန်း နေအိမ်တွေကို စွန့်ခွာကြရပြီး ၂၁ ဦးသေဆုံးခဲ့ပါတယ်။

လူပေါင်း ငါးသောင်းလောက်ဟာ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြပြီး ကျန်လူတွေကတော့ နီးစပ်ရာဆွေမျိုးသားချင်းတွေနဲ့ နေထိုင်ကြတယ်လို့ ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မိုးများပြီးရေကြီးတာကြောင့် အာသံပြည်နယ်က ဗြဟ္မပုတရာမြစ်ရေလျှံပြီး ကျေးရွာပေါင်း တစ်ထောင့်ခြောက်ရာကျော် ရေလွှမ်းမိုးခဲ့တာဖြစ်ပါတယ်။

အိန္ဒိယရဲ့ အာသံပြည်နယ်ဟာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားလောက်မှာ တည်ရှိပြီး မုတ်သုန်မိုးနှစ်စဉ်ကြီးတဲ့ဒေသလည်း ဖြစ်ပါတယ်။

RFA Burmese