Pages

Tuesday, September 1, 2015

မြန်မာနိုင်ငံတွင် နည်းပညာနှင့် သက်မွေးပညာရေး အရည်အသွေး မြှင့်တင်ရေး သင်တန်းကျောင်း တည်ထောင်နိုင်ရေး မြန်မာ-ကိုရီးယား ဆွေးနွေး လက်မှတ်ရေးထိုး


နည်းပညာနှင့် သက်မွေးပညာရေး အရည်အသွေး မြှင့်တင်ရေး သင်တန်းကျောင်း 
TVET Teacher Training Institute ဆွေးနွေးမှု မှတ်တမ်း လက်မှတ်ရေးထိုးပွဲ (ဆင်ဟွာ)
နေပြည်တော်/စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် နည်းပညာနှင့် သက်မွေးပညာရေး အရည်အသွေး မြှင့်တင်ရေး  သင်တန်းကျောင်း  TVET Teacher Training Institute တည်ထောင်နိုင်ရေး စီမံကိန်းကို ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (Korea International Cooperation Agency-KOICA) နှင့် နည်းပညာနှင့် သက်မွေးပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ရန် ဆွေးနွေးမှု မှတ်တမ်း (Record of Discussion) လက်မှတ် ရေးထိုးခြင်းကို ယနေ့ နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သည်။

ယနေ့ ပြုလုပ်သော လက်မှတ် ရေးထိုးပွဲ အခမ်းအနားသည် မြန်မာနိုင်ငံတွင် TVET Teacher Training Institute တည်ထောင်နိုင်ရေး စီမံကိန်း ဆောင်ရွက်နိုင်ရန် ဖြစ်ပြီး TVET Teacher Training Institute တွင် ဆရာ ၊ ဆရာမ များနှင့် စီမံ အုပ်ချုပ်သူများ အရည်အသွေး မြှင့်တင်နိုင်ရေး အတွက် သင်တန်းများ ပို့ ချ ဆောင်ရွက် သွားမည် ဖြစ်သကဲ့သို့ နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍ ဖွံ့ ဖြိုး တိုးတက်ရေး အတွက် Research and Development များလည်း ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လုပ်သား ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသည့် ကျွမ်းကျင် ပညာရှင်များ မွေးထုတ်နိုင်ရန် အစိုးရ စက်မှု လက်မှု သိပ္ပံ တစ်ခုအနေဖြင့် သင်တန်းသားများ လက်ခံ သင်ကြားပေး သွားမည်ဟု သိရသည်။

နည်းပညာနှင့် သက်မွေးပညာရေး အရည်အသွေး မြှင့်တင်ရေး  သင်တန်းကျောင်း    TVET Teacher Training Institute ဆွေးနွေးမှု မှတ်တမ်း လက်မှတ်ရေးထိုးပွဲ (ဆင်ဟွာ)
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကိုကိုဦးက လူမှု-စီးပွား ဖွံ့ ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်သည့် နေရာတွင် နည်းပညာနှင့် သက်မွေး ပညာရေး သည် နိုင်ငံအားလုံး အတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေပြီး မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေး ပညာရေး စနစ်တွင် တစ်ဦးချင်း ၊ တစ်ယောက်ချင်းစီ၏ အရည်အသွေးနှင့် ကျွမ်းကျင်မှု ဖွံ့ ဖြိုး တိုးတက်ရေးကို မြှင့်တင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ နှင့် နည်းပညာနှင့် သက်မွေး ပညာရေး ဦးစီးဌာနတို့ အကြား နည်းပညာ ဖွံ့ ဖြိုး တိုးတက်ရေး ဆိုင်ရာ နည်းလမ်းများ ၊ အကြံဥာဏ်များ ၊ နည်းပညာများ ရရှိရန် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ယခု ဆွေးနွေးမှု မှတ်တမ်း (Record of Discussion) လက်မှတ် ရေးထိုးပွဲ အခမ်းအနားသည် နည်းပညာနှင့် သက်မွေး ပညာရေး ဖွံ့ ဖြိုး တိုးတက်ရေး အတွက် သိသာ ထင်ရှားသည့် သမိုင်း မှတ်တိုင် တစ်ခု အဖြစ် ရပ်တည်နိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ သက်မွေး ပညာရေး လေ့ကျင့်မှု အတွက် အောင်မြင်သည့် ရလဒ် ကောင်းများ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
နည်းပညာနှင့် သက်မွေး ပညာရေး အရည်အသွေး မြှင့်တင်ရေး  သင်တန်းကျောင်းကို ရန်ကုန် ဧရိယာ အတွင်း ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ် ထားပြီး အမေရိကန် ဒေါ်လာ ၁၁.၅ မီလီယံ ရင်းနှီး မြှုပ်နှံသွားမည် ဖြစ်ကြောင်း ယင်း သင်တန်းကျောင်းတွင် အထက်တန်း အောင်မြင်ပြီးသူများ ဆရာ၊ ဆရာမများနှင့် ဒေသဆိုင်ရာ လူငယ်များအား သင်ကြားပေးသွားမည် ဖြစ်ပြီး အရေးအသွေးမြင့် ဆရာ့အဆင့်ဖြစ်အောင် သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း KOICA ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ပြောသည်။
ထိုသို့ ဆွေးနွေးမှု မှတ်တမ်း (Record of Discussion) ကို နည်းပညာနှင့် သက်မွေး ပညာ ဦးစီး ဌာနမှ ညွှန်ကြားရေးမှုးချုပ်နှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီမှ ဥက္ကဌ တို့ က နှစ်ဦးနှစ်ဖက် အပြန်အလှယ် လဲလှယ် လက်မှတ် ရေးထိုးခဲ့ကြသည်။
 (Xinhua)