Pages

Tuesday, September 15, 2015

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် သီးသန့်တွေ့ဆုံ



 ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီနေ့ နံနက်ပိုင်းက ပြည်သူ့ လွှတ်တော် ဥက္ကဌ ရုံးခန်းမှာ နာရီဝက်ခန့် သီးသန့်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

အဲဒီတွေ့ဆုံမှုဟာ သူရဦးရွှေမန်းကို ကြံ့ခိုင်ရေး ပါတီအတွင်း အပြောင်းအလဲ ပြုလုပ်ပြီးကာလနောက်ပိုင်း ၄ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးဟာ ဒီကနေ့နေ့လယ်ပိုင်းမှာ လွှတ်တော်ဝန်းအတွင်းက သဘင် တောင်ခန်းမမှာပြုလုပ်မယ့် ၂၀၁၅ ခုနှစ် ဒီမိုကရေစီနေ့အခမ်းအနားကို တက်ရောက် ကြမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီနေ့အခမ်းအနားကို မြန်မာနိုင်ငံမှာ အစိုးရသစ်တက်ပြီးကာလ ၅ ကြိမ်မြောက် အခုလိုလွှတ်တော်တွင်းမှာ ကျင်းပါတာဖြစ်ပါတယ်။

Photo: Myo Thant Khaing/ RFA
RFA Burmese