Pages

Tuesday, September 1, 2015

Miss Universe Mawlamying 2015 အလှမယ် အိဖြိုးသွယ်




Miss Unverse Mawlamying 2015 ပြိုင်ပွဲ မြင်ကွင်း ဓာတ်ပုံ - ယဉ်စနိုင်း / Dawei Watch
|Dawei Watch| မော်လမြိုင်၊ စက်တင်ဘာ ၁
မွန်ပြည်နယ်တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် Miss Universe Mawlamying 2015 ပြိုင်ပွဲတွင် အလှမယ်ဆုကို ပြိုင်ပွဲဝင် အမှတ် ၁၄ ၊ အိဖြိုးသွယ်က ရရှိသွားခဲ့သည်။
ယင်းပြိုင်ပွဲကို သြဂုတ်လ ၃၁ ရက်နေ့ညက မော်လမြိုင်မြို့ရှိ Strand Hotel တွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ အလှမယ်၂၁ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲတွင် Miss Universe Mawlamying 2015 အဖြစ် ပြိုင်ပွဲဝင်အမှတ် ၁၄ မအိဖြိုးသွယ်၊ 1st  Runner Up အဖြစ် မအင်ကြင်းမေ၊ 2nd Runner Up အဖြစ် မကျော့ကေခိုင်တို့က အသီးသီး ရရှိခဲ့ကြသည်။
ပြိုင်ပွဲဝင် အလှမယ်များအနက် ပထမအဆင့်အနေဖြင့် အလှမယ် ၁၀ ဦးရွေးချယ်ခဲ့သည်။
ထို့နောက် ဒုတိယအဆင့်တွင် အလှမယ် ၅ ဦးကို ရွေးချယ်ခဲ့ပြီး တတိယအဆင့် အလှမယ် ၃ ဦးကို အဆင့်ဆင့်ရွေးချယ်ခဲ့သည်။
Dawei Watch