Pages
▼
Saturday, October 31, 2015
ခရီးသည်၂၀၀ကျော်ပါလာတဲ့ ရုရှေလယာဉ် ပျက်ကျ
ခရီးသည်၂၀၀ကျော်သယ်ဆောင်လာတဲ့ ရုရှ လေကြောင်းပိုင် လေယာဉ်တစ်စီး အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်အလယ်မှာ ပျက်ကျခဲ့ပါတယ်။
လေယာဉ်ပျက်ကျတဲ့သတင်းကို အီဂျစ်ဝန်ကြီးချုပ်ရုံးက အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်ပါလာတဲ့ခရီးသည်အားလုံးဟာ ရုရှနိုင်ငံသားတွေ ဖြစ်တယ်လို့ အီဂျစ်ဘက်အာဏ္ဍပိုင်များဘက်ကထပ်မံ အတည်ပြုခဲ့ပါတယ်။
ရုရှေလကြောင်းလိုင်း ကိုဂါလီမာဗီယာပိုင် အဆိုပါ လေယာဉ်ဟာ ရှမ်အယ်လ်ရှိတ် အပန်းဖြေကျွန်းကနေ
ရုရှနိုင်ငံ စိန့်ပီတာစ္စဘက်မြို့ကို ဦးတည်ပျံသန်းရင်းပျက်ကျ ခဲ့တာဖြစ်ပါတယ်။
ဘာကြောင့်လေယာဉ်ပျက်ရတယ်ဆိုတာ တရားဝင်စုံစမ်းစစ်ဆေးဖို့ရုရှသမ္မတ ဗလာ ဒီမာပူတင်ကအမိန့်ထုတ်ပြန်ထားပါတယ်။ လေယာဉ်ပေါ်က ခရီးသည်၂၁၇ဦး မှာ ခလေး၁၇ဦးနဲ့ လေယာဉ်အမှုထမ်း၇ဦးနဲ့ လေယာဉ်အမှုထမ်း၇ဦးပါတယ်လို့ ရုရှဘက်က အတည်ပြု ထားပါတယ်။
BBC Burmese