Pages

Monday, October 26, 2015

ထားဝယ်လေးမြို့နယ် NLD အင်အားပြပြီ








ဓာတ်ပုံ - အောင်သူ / Dawei Watch

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးတဲ့အနေနဲ့  တနင်္သာရီတိုင်း ထားဝယ် ၄ မြို့နယ် ပူးပေါင်းပြီး စီတန်းလှည့်လည်ပွဲနဲ့ အင်အားပြပွဲတရပ်ကို ဒီနေ့ မနက်ပိုင်းက ထားဝယ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း၊ ရေဖြူ စတဲ့ ၄ မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ တက်ကြွလူငယ်တွေ ထားဝယ်ရွှေဝယ်သီရိအားကစားကွင်းမှာ စုပေါင်းပြီး ဒီနေ့မနက် ၇ နာရီလောက်က ထားဝယ်မြို့အနှံ့ လှည့်လည်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့ အင်အားပြပွဲမှာ “ပြောင်းလဲချိန်တန်ပြီ၊ အမေစုကို ၀န်းရံကြ” စတဲ့ ကြွေးကြော်သံတွေနဲ့  စီတန်းလှည့်လည်ခဲ့ကြပါတယ်။
ဆိုင်ကယ်အစီးရေ ၁ သောင်းလောက်၊ သုံးဘီးဆိုင်ကယ် ၅၀ နဲ့ ကားအစီးရေ ၉၀ ကျော်ပါဝင်ပြီး လူအင်အား ၅ သောင်းလောက်ပါဝင်ခဲ့ကြပါတယ်။
သတင်း– ထွန်းကျော်မောင်
DVB