Pages

Friday, November 20, 2015

ဗန်းမောက်-အင်းတော်ကားလမ်း မြေသားများမြင့်တက်လာမှု ဒေသခံများစောင့်ကြည့် (သတင်းဓာတ်ပုံ)

  • 12122957_495035564008737_4176812674048405520_n
  • 12227087_495035450675415_2378089105952159816_n
  • 12241449_495035510675409_516010979470759930_n
  • 12243298_495035437342083_1283826464614189494_n
  • 12246862_495035537342073_887248176635549768_n
  • 12246996_495035494008744_316884067129899364_n

သတင်းဓာတ်ပုံ – သီဟဆွေ (ကသာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အင်းရွာကျေးနဲ့ သက္ကကျင်းကျေးရွာအကြား မိုင်တိုင်အမှတ် ၂၀/၃ အနီး ဗန်းမောက်-အင်းတော် ကားလမ်းမပေါ်မှာ မြေသားတွေ တဖြည်းဖြည်း မြင့်မောက်အက်ကွဲလာလို့ ဒေသခံတွေ စိုးရိမ်မှုမကင်း ဖြစ်နေကြပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၁ ရက်နေ့က လက်ရှိဖြစ်ပေါ်နေတဲ့ နေရာနဲ့ ၇ မိုင်ခန့်အကွာ အင်းတော်မြို့နယ်၊ ကျွဲကူး၊ ဆိပ်သာ၊ မာန်ဖာ ကျေးရွာတွေကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၅ ပြင်းအားရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။
အဲဒီလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် အခုဖြစ်ပေါ်နေတဲ့ မြေအောက်မှာ ပြတ်ရွေ့ကြောတခု ဖြစ်လာမလားဆိုပြီး ဒေသခံတွေ စိုးရိမ်မကင်းဖြစ်နေကြောင်း၊ ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကွင်းဆင်းလေ့လာ ကြည့်ရှု ပေးစေလိုကြောင်း နတ်မဟုတ်ကလေး ကျေးရွာနေ ကိုကျော်က ပြောပါတယ်။

DVB