Pages

Wednesday, November 25, 2015

အိုင်အက်စ်ကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်



 ပြင်သစ်လေယာဉ်တင်သင်္ဘော Charles de Gaulle ပေါ်ကနေ စစ်လေယာဉ်တွေနဲ့ အစ္စလမ်မစ်နိုင်ငံအုပ်စုကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

အီရတ်နဲ့ ဆီးရီးယားနိုင်ငံ ရက်ကာအပါအ၀င် အိုင်အက်စ်တပ်ဖွဲ့တွေရဲ့ အမာခံစခန်းဌာနတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ပြင်သစ်စစ်ဘက်က ပြောပါတယ်။

မြေထဲပင်လယ် အရှေ့ပိုင်းမှာ အခုလို လေယာဉ်တင်သင်္ဘော တပ်စွဲပြီးတော့ စစ်ဆင်ထားတဲ့အတွက် အိုင်အက်စ်ကို တိုက်ခိုက်နေတဲ့ ပြင်သစ်လေယာဉ်တွေ အရေအတွက်ဟာ သုံးဆတိုးလာခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာတော့ အိုင်အက်စ်တပ်တွေ ထိန်းချုပ်ထားတဲ့ ရေနံစည်ပေါင်း ၂၈၀ ကျော်ကို အမေရိကန် စစ်လေယာဉ်တွေနဲ့ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ အမေရိကန် စစ်ဘက်က ပြောကြားလိုက်ပါတယ်။

ဒီရေနံစည်တွေကို တနေရာပို့ဖို့ စုပုံထားတဲ့အချိန်မှာ တိုက်ခိုက်ခံရတယ်လို့ ယူဆရပါတယ်။

ယခင်သီတင်းပတ်က ညွန့်ပေါင်းတိုက်ခိုက်မှု တစ်ခုမှာလည်း အိုင်အက်စ်ရဲ့ ယာဉ် ကား ၁၀၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီနယ်မြေမှာ အိုက်အက်စ်တွေ ထိန်းချုပ်ထားတဲ့ ရေနံလုပ်ငန်းကို ချေမှုန်းဖို့ ညွန့်ပေါင်းတပ်တွေက ဆုံးဖြတ်ထားပုံရတယ်လို့ သုံးသပ်သူတွေက ပြောဆိုပါတယ်။

BBC Burmese