Pages

Wednesday, December 16, 2015

အင်ဒိုနီးရှားတွင် လူကုန်ကူးခံရသည့် မြန်မာများ အလုပ်ရှင်ကိုတရားစွဲ (ရုပ်သံ)




အင်ဒိုနီးရှားနိုင်ငံ ဗန်ဂျီးနားကျွန်းမှာ  လူကုန်ကူးခံရတဲ့ မြန်မာအလုပ်သမား ၁၃ ယောက်ဟာ နစ်နာဆုံးရှုံးမှုတွေအတွက် အင်ဒိုနီးရှားနိုင်ငံ မာလူကာ ပြည်နယ်တရားရုံးမှာ အလုပ်ရှင်ကို တရားစွဲဆိုထားပါတယ်။
လူကုန်ကူးခံရပြီး အလုပ်လုပ်ကိုင်ခဲ့ကာလအတွင်း မရရှိခဲ့တဲ့လုပ်ခလစာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရမှုတွေအတွက် လျှော်ကြေးငွေတောင်းဆိုခဲ့ကြတာလို့ လူကုန်ကူးခံရသူတဦးဖြစ်တဲ့  ကိုသန့်ဇင်ထွန်းက ပြောပါတယ်။
နစ်နာဆုံးရှုံးမှုတွေအတွက် အင်ဒိုနီးရှားနိုင်ငံက အလုပ်ရှင်နဲ့ လှေသူကြီးကို တရားစွဲဆိုထားတာဖြစ်ပြီး တရားစွဲဆိုနိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးရေးရဲတပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာပါ။
အခုတရားစွဲဆိုထားတဲ့ အမှုအတွက် တရားရုံးကာလ ၆လတာကြာမြင့်နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။
အခုလိုတရားစွဲဆိုလိုက်တဲ့ မြန်မာအလုပ်သမားတွေအပါအ၀င်  မြန်မာရေလုပ်သား ၅၀၀ ကျော်ဟာ ၂၀၁၅ မေလထဲမှာ အစိုးရအကူအညီနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ လာနိုင်ခဲ့တာပါ။
သတင်း – ဟိန်းကိုDVB