Pages

Thursday, December 24, 2015

မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်မှု ထိုင်းသံရုံးရှေ့ ဆန္ဒပြ (ရုပ်သံ)



လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့အပေါ် ရန်ကုန်မြို့ မနော်ဟရီလမ်းမှာရှိတဲ့ ထိုင်းသံရုံးရှေ့မှာ ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းမှာ လူအယောက် ၂၀ ကျော် ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြသူတွေက သေဒဏ်ချမှတ်ခံရတဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကို ချက်ချင်းလွှတ်ပေးဖို့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ စွပ်စွဲခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီနေ့ သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
လိပ်ကျွန်းအမှုကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ မနော်ဟရီလမ်းမှာရှိတဲ့ ထိုင်းသံရုံးရှေ့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီဇင်ဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းကတည်းက ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လုံခြုံရေးရယူပေးထားပါတယ်။
DVB