Dawei Watch၊ ထားဝယ်၊ ဒီဇင်ဘာ ၂၅ 
လိပ်ကျွန်း
 လူသတ်မှုတွင် စွပ်စွဲခံ မြန်မာနှစ်ဦးအား သေဒဏ်ချမှတ်မှုနှင့် ပတ်သက်ပြီး 
မကျေနပ်သဖြင့် ထားဝယ်မြို့တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် 
ထားဝယ်မြို့ခံ လူငယ်တစ်စုက ဆန္ဒပြခဲ့ကြသည်။ ထားဝယ်မြို့ ဥတံတ္တားကြီးလမ်းဆုံနှင့် ကရပ်ပြင် လမ်းဆုံနေရာများတွင် ထားဝယ်လူငယ် ၁၀ ဦးခန့်က ပိုစတာများကိုင်ဆောင်ကာ ဆန္ဒပြခြင်းဖြစ်သည်။
ယင်းနေ့
 နံနက်ပိုင်းကလည်း ထားဝယ်မြို့ ရွှေတောင်စားစေတီတွင် 
သေဒဏ်ချမှတ်ခံထားရသူနှစ်ဦး လွတ်မြောက်ရေးအတွက် ဒေသခံ ၁၀ ဦးကျော်က 
ဆုတောင်းခဲ့ကြသည်။ 
ဓာတ်ပုံ - ဝေဖြိုး 
