Pages

Sunday, December 20, 2015

ပင်တဂွန်က ISIS အဖွဲ့ကိုတိုက်ခိုက်လျက် ရှိသည့် ကာ့ဒ်တပ်ဖွဲ့ဝင်များကို စစ်လက်နက်ပစ္စည်းများ ထပ်မံပေးပို့မည်



ဝါရှင်တန် ၊ ၁၉-၁၂-၂ဝ၁၅

ပင်တဂွန် စစ်ဌာနချုပ်သည် ISIS စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်လျက် ရှိသည့် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့ဝင် များထံသို့ လာမည့် ရက်သတ္တပတ် အတွင်း စစ်လက် နက်ပစ္စည်းများ၊ Humvee သံချပ်ကာယာဉ် များနှင့် အခြား စစ်သုံးပစ္စည်းများ ထပ်မံပေးပို့ သွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာ ကဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြား ထားသည်။

ကာ့ဒ်ပြောက်ကျား တပ်ဖွဲ့များသည် အမေရိကန်၏ လေကြောင်း ပစ်ကူများ ရယူလျက် ပြီးခဲ့သည့်လများ အတွင်းက အဓိကကျသည့် မြို့များနှင့် လမ်းဆုံ၊ လမ်းခွများရှိ ISIS စစ်သွေးကြွ များအား တိုက်ထုတ်နိုင်ခဲ့ပြီး ၄င်းတို့၏ တိုက်ခိုက်ရေး စွမ်းရည်များကို ကာတာ က ချီးမွမ်းပြောကြား ခဲ့ကြောင်း သိရသည်။

အီရတ်နိုင်ငံရှိ ISIS စစ်သွေးကြွ များက ၄င်းတို့၏ မြို့တော်အဖြစ် ကြေညာထားသည့် မိုဆူးလ်မြို့အား အီရတ်စစ်ဘက် က ပြန်လည် သိမ်းပိုက်ရေး ကြိုးပမ်း လုပ်ဆောင်နေစဉ် ကာလအတွင်း ကာ့ဒ်တပ်မဟာ နှစ်ခုသည်လည်း အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်သည်။

အမေရိကန်နိုင်ငံသည် ကျည်ကာအင်္ကျီ၊ ဦးထုပ်များ၊ စက်သေနတ်များ၊ သံချပ်ကာယာဉ်များ၊ လက်ဖြောင့် ရိုင်ဖယ်များနှင့် လက်လုပ်ဗုံးများအား ရှာဖွေရေး သို့မဟုတ် အသက်မဲ့အောင် ပြုလုပ်ရေး ပစ္စည်း ကိရိယာများ အားပေးပို့သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ထောက်ပံ့ပေးသည့် ပစ္စည်းများသည် တိုက်ခိုက်ရေး သမား ၂၂ဝဝ ခန့်အတွက် လုံလောက်မှု ရှိမည် ဖြစ်ကြောင်း အမေရိကန် တာဝန်ရှိ သူများက ပြောကြားခဲ့သည် ဟု သိရသည်။


(Pyi Chit Thar)

http://www.pyichitthar.com/