Pages

Saturday, January 24, 2015

မူးယစ်ဆေး သယ်ဆောင်သည့် နမ့်ခမ်းရဲကို ပြည်သူက ဖမ်းဆီး

 


ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ ရဲတပ်သား တယောက်နဲ့ အရပ်သား တယောက်ကို ရပ်ကွက်လူငယ်တွေက ဖမ်းဆီးပြီး ရဲစခန်းကို လွှဲပြောင်း ပေးခဲ့ပါတယ်။

နမ့်ခမ်းမြို့ ကောင်းဆာရပ်ကွက်မှာ ဇန်န၀ါရီ ၂၃ ရက် ည ၁၀ ကျော်အချိန်က ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ရက်ကွက်လုံခြုံရေးယူနေတဲ့ လူငယ်အဖွဲ့က ဖမ်းတာလို့ ဒေသခံတဦးက ပြောပါတယ်။

“နမ့်ခမ်းရဲစခန်းက ရဲတပ်သား သိန်းဌေးအောင် အသက် ၂၀ နှစ်၊ ကိုယ်ပိုင်နံပတ်က လ/၂၄၀၂၆၄။ နောက်တယောက်က စိုင်းထွန်းစံ၊ အသက် ၃၀၊ ပေါက်နေရပ်ကွက်။ သူတို့ဆီကနေ ဆိုင်ကယ်တစီးနဲ့ လက်ထိတ်တခု၊ ယာဘဆေးပြားက ၉၇ လုံး၊ ဘိန်းဖြူက တပုလင်းခွဲနဲ့မိတာ။ အဲ့ဒီကောင်းဆာရပ်ကွက်က လူငယ်အဖွဲ့၊ အုပ်ချုပ်ရေးမှူးတို့၊ ဘာတို့ ပါတဲ့အဖွဲ့က ကင်းလှည့်ရင်း သူတို့ဆိုင်ကယ်ကိုတားပြီး စစ်ရင်း ဖမ်းမိတာ။ ဒီနေ့မနက်တော့ ရဲစခန်းကို အပ်လိုက်ပြီ။”

နမ့်ခမ်းရဲစခန်းမှူးက မူးယစ်ဆေးနဲ့မိတဲ့ ရဲတပ်သားကို  ဥပဒေအရ အရေးယူသွားမယ်လို့ ကတိပေးပြောကြားတယ်လို့လည်း ပြောပါတယ်။ ဒီဗွီဘီက ရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရဘူးဖြစ်နေပါတယ်။

နမ့်ခမ်းမြို့မှာ ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့တွေ ဖွဲ့ထားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီးလေ့ရှိပါတယ်။ ရဲတဦးမှာ မူးယစ်ဆေးဖမ်းမိတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

 By ရွှေအောင် (ဒီဗွီဘီ)

ကချင်ဆရာမ ၂ ဦး အသတ်ခံရမှု ရွာသားအချို့ ငြိမ်းခြောက်ခံရ

 
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာမှာ ကချင်ဆရာမ ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ရွာသားတချို့ကို စစ်တပ်က ခြိမ်းခြောက် နှုတ်ပိတ်ထားတဲ့ အတွက် သက်သေထွက်ဆိုရဲတဲ့သူ မရှိဘူးလို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်က ပြောပါတယ်။

အခင်းဖြစ်ပြီး ဇန်န၀ါရီ ၂၁ ရက်နေ့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူတွေ ကောင်းခါး ကျေးရွာကို သွားရောက်ပြီး နှစ်သိမ့်အားပေးစားပြောကြားရာမှာ စစ်တပ်ရဲ့ခြိမ်းခြောက်မှု ခံရကြောင်း ရွာသားတွေက ပြောကြားခဲ့တာလို့ ဆိုပါတယ်။

“ပြဿ   နာတခုခုဖြစ်ရင် ရွာမီးရှို့မယ်တို့၊ ဘာတို့ သူတို့ပြောတာ ကျနော် ကြားခဲ့ရတယ်။ စစ်တပ်ကပြောတာ။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ပြဿ နာဖြစ်ခဲ့ရင်ပေါ့။ အဲ့ဒါနဲ့ ရွာကလူတွေက မပြောရဲဘူးဖြစ်နေကြတာ။”

အသတ်ခံရတဲ့ ဆရာမ ၂ ဦးရဲ့ ဈာပနအခမ်းအနား တက်ရောက်ကြတဲ့ လူအားလုံးကိုကြည့်လိုက်ရင်လည်း သတ်တဲ့သူဘယ်သူလဲဆိုတာ ဖော်ပြနေပေမယ့် အမှုမှန်တော့ ပေါ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“မနေ့က ဈာပနအခမ်းအနားမှာ ကျနော် တရားဟောတုန်းကလည်း ပြောခဲ့တယ်။ တရားဥပဒေဘက်ကကြည့်ရင် ကျနော်တို့က နိုင်စရာအကြောင်း မရှိဘူး။ အားမရှိဘူး။ ကာယကံရှင်နှစ်ယောက်ကလည်း သေသွားပြီဆိုတော့ ယုံထင်ကြောင်ထင် အများကြီးဖြစ်ရတာပေါ့နော်။ ဒါပေမယ့် မနေ့က သူတို့ရဲ့ ဈာပနအခမ်းအနားနဲ့ မူဆယ်ကနေ မြစ်ကြီးနားကို သယ်တဲ့ ဈာပနခရီးစဉ်ကို ကြည့်မယ်ဆိုရင် လူထုအားလုံးက ဘယ်သူလဲဆိုတာ ဖော်ပြနေတဲ့ အဖြေပဲလို့ ကျနော်မြင်တယ်။”

  ကျောင်းဆရာမ ၂ ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဒေသခံရွာသားတွေကတော့ စစ်တပ်က ကျုးလွန်တာလို့ပဲ စွပ်စွဲနေကြတယ်လို့ ဆိုပါတယ်။

အသတ်ခံရမှုကို ရဲက လူသေမှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး မြို့နယ်အုပ်ချုပ်ရေးမှူး ပြည်သူ့စစ်ခေါင်းဆောင်တဦးနဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ မူဆယ်က အတွင်းရေးမှူးတို့နဲ့ လေးဦး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်နေကြပါတယ်။

ကချင်ဆရာမ ၂ ဦး အသတ်ခံရမှုအပေါ် တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာ မှုရှိစွာ အမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့ မှန်ကန်လွတ်လပ်တဲ့ တရားစီရင်ရေး ရရှိအောင် အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ကာယကံရှင်တွေနဲ့ လူမှုအဖွဲ့အစည်းအသီးသီးက သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

ကချင်ဆရာမ မရန်လုရာနဲ့ ဆရာမ တန်ဘောင်ခေါန်နန်စင်တို့ဟာ ဇန်န၀ါရီလ (၁၉) ရက်က မူဆယ်ခရိုင်  ကောင်းခါးကျေးရွာမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ ကချင်ဆရာမ ၂ ဦးရဲ့ ဈာပနအခမ်းအနားကို မနေ့က မြစ်ကြီးနားမှာ ကျင်းပခဲ့ပြီး ဒေသခံပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

ကချင်ဆရာမ ၂ ဦး ဈာပန စည်ကား


ကချင်ဆရာမနှစ်ဦး နာရေး ရန်ကုန်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ရန်ကုန်မှာ ချီတက်လမ်းလျှောက် (ဇန်နဝါရီ ၂၃-၂၀၁၅)
23 January 2015
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းမှာ သတ်ဖြတ်ခံရတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် KBC က စေတနာ ၀န်ထမ်း ဆရာမ ၂ယောက်ရဲ့ ဈာပန အခမ်းအနားကို ဒီကနေ့ မြစ်ကြီးနားမြို့မှာ ကျင်းပရာမှာ လူထု ပရိသတ် သောင်းချီ တက်ရောက်ခဲ့ပါတယ်။ တက်ရောက်သူတွေက အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးနဲ့ အမှုမှန်ပေါ် ပေါက်ရေး အတွက် တောင်းဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်လာခဲ့သလို KBC က တာဝန်ရှိသူကတော့ အမှုမှန် ပေါ်ပေါက်ရေး အတွက် နိုင်ငံတကာရဲ့ အကူအညီကို ရယူသွားမယ်လို့ ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် ကောင်းခါးရွာမှာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC က စေတနာ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ကျောင်းဆရာမ နှစ်ဦးကို ဒီလ ၁၉ရက်နေ့ ည သန်းခေါင် ယံလောက်မှာ အမည်မသိသူတွေက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ တာ ဖြစ်ပါတယ်။

သူတို့ရဲ့ ရုပ်အလောင်းကို မြစ်ကြီးနားမြို့ကို သယ်ယူပြီး ဒီကနေ့ ဈာပန အခမ်းအနား ကျင်းပရာမှာ လူထု ပရိတ်သတ် သောင်းနဲ့ချီ တက်ရောက်ခဲ့တယ်လို့ ကိုယ်တိုင် လိုက်ပါပို့ဆောင်နေသူတယောက်က ပြောပါတယ်။

"သောင်းနဲ့ချီပြီး တက်လာတယ်။ ခြံဝင်းပြည့်နေပြီ လူတွေက၊ အပြင်မှာ လည်း ဈေးအထိ လူတွေက တန်းစီနေပြီ။ ကားကလည်း အစင်းထောင်နဲ့ ချီတယ်။ မြစ်ကြီးနားမြို့တမြို့လုံး ကားတွေပြည့်နေပြီ လိုက်ပို့တဲ့ကားက။ မြစ်ကြီးနားကနေ သွားကြိုတာ သွားကြိုတဲ့လူတောင် သုံးထောင်၊ လေးထောင်လောက်ရှိတယ်။ "

ဈာပနကို မြစ်ကြီးနားမြို့KBC အသင်းချုပ်ကနေ မြို့အပြင် ၁၀မိုင်လောက် ကွာဝေး တဲ့နောင်နန်းရွာက ခရစ်ယာန် သချိုင်္င်းကို ပို့ဆောင်သဂြုင်္ိဟ်မှာဖြစ်ပါတယ်။

ကချင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအောင်ခမ်းက ဈာပနပို့ဆောင်သူအချို့က တောင်းဆိုချက်ပါ စာတမ်းတွေ ကိုင်ဆောင်လာပြီး အဓိက တောင်းဆိုချက်တွေကို အခုလို ပြောပါတယ်။

" အမျိုးသမီးတွေရဲ့ လုံခြုံမှုက ဘယ်မှာလဲဆိုတာ နောက်ပြီးမှ ဒီအမှုမှန်ဖော်ထုတ်ပေးဖို့ပေါ့။ လွမ်းသူ့ပန်းခွေတွေလည်း အများကြီး။။ ကားတွေလည်း အများကြီးပဲ။ ကားတွေလည်း မဆန့်တော့ဘူးပေါ့။ အခုကျနော်တို့လည်း ခြေလျင်တွေ လျှောက်နေရတာ။ ဒါမျိုး တခါမှ မတွေ့ဘူးဖူး။ ဒီလောက်များတဲ့ လူအုပ်ကြီးတွေနဲ့ ။ အများအားဖြင့် ကျနော်တွေ့မြင်နေရတာက အမျိုးသမီးတွေဖြစ်တယ်။ အသက်ကြီးတဲ့အပိုင်းရော၊ အသက်ငယ်တဲ့အပိုင်းရော အလတ်ရော။ ဒီလူမှုရေး စေတနာ့ဝန်ထမ်းလုပ်တဲ့ဟာကို သတ်ဖြတ်တဲ့ဟာကို အတော်လေး စိတ်မချမ်းသာဘူးပေါ့နော်။ အကုန်လုံး ။"

အခင်းဖြစ်ပွားတဲ့နေ့က ကောင်းခါးရွာအနီးကို ခမရ ၅၀၃က လာရောက် စခန်းချနေတာကြောင့် ဒီအမှုအခင်းနဲ့ပတ်သက်ပြီး ဒေသခံရွာသားတွေကိုသာမက တပ်မတော်သား တွေကိုပါ စစ်ဆေးခဲ့ပါတယ်။ လောလောဆယ် စုံစမ်းနေတဲ့အခြေအနေ နဲ့ KBC အနေနဲ့ ဆက်လက်ဆောင်ရွက်မယ့် အခြေအနေကို KBC ရဲ့ အထွေထွေအတွင်းရေးမှုး ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

" လောလောဆယ်ဆယ်တော့ အမျိုးသမီးတစ်ယောက်ရဲ့ လက်မှာ ဆံပင် တချောင်းတွေ့တယ်။ အဲ့တာကို DNA လုပ်မယ်ဆိုပြီးတော့မှ ယူထားတဲ့အဆင့်မှာ သူတို့လုပ်နေကြပါတယ်။ တကယ်တမ်းဥပဒေစိုးမိုးရေး ကျနော်တို့ ဗမာပြည်မှာ ရှိမယ်ဆိုရင်တော့ ခဏလေး ပေါ်မယ် ကျနော်ထင်တယ်။ ဒါပေမဲ့ အခုဥပဒေက အာဏာရှိတဲ့သူတွေ လက်ထဲမှာ ရှိတယ်ဆိုရင်တော့ ဒီအမှုကိစ္စကို ပေါ်မယ်မထင်ဘူး ကျနော်။

အေး အဲ့တာမျိုးအခြေအနေမှာ အမေရိကန်တို့ ယူအန်တို့ ဒီဗြိတိသျှသံရုံးတို့ကို ကျနော်တို့ပြောထားပါတယ်။ ဒီကိစ္စမှာ အမှုမှန်ပေါ်စေချင်တာကိုးနော့်။"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ စေတနာဝန်ထမ်းဆရာမ ၂ဦးသတ်ဖြတ်ခံရတဲ့ကိစ္စကို စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဖို့အတွက် မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။

ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားမှာ ပြည်သူလူထုတွေ ပူဆွေးသောကရောက်နေချိန်မှာ ဖားကန့်ဒေသဖက်မှာတော့ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဒီတိုက်ပွဲတွေဟာ ရေရှည် ဆက်လက် ဖြစ်ပွားလာဖွယ်ရှိတယ်လို့လည်း ဖားကန့်ဒေသအခြေစိုက် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၆က ဗိုလ်မှုးတန်ဆိုင်းက ပြောပါတယ်။

"မနေ့က နှစ်နေရာမှာ တိုက်ပွဲ အကြီးအကျယ်ဖြစ်ပါတယ်။ ညောင်ထောက် အင်းတော်ကြီးဘက်မှာ တချက်၊ နောက် ပန်မိုင်နဲ့ မိုးကောင်းကြားမှာ တချက်၊ နှစ်နေရာမှာ သုံးနာရီလောက် ဖြစ်ပါတယ်။ အခုဖုန်းပြောနေရင်းကြားထဲမှာပဲ ဟိုဘက်မှာ နည်းနည်းပါးပါး တိုက်ပွဲဖြစ်နေပါတယ်။ ရှေ့ဆက်ပြီးမှတော့ များလာမယ်။ စိပ်လာမယ်လို့ ကျနော်ကတော့ အဲ့လိုပဲ ထင်မိပါတယ်။"

ဖားကန့်ဒေသတွင်းတိုက်ပွဲတွေဟာ ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနဲ့ လိုက်ပါလာတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃ယောက်ကို KIA က ဖမ်းဆီးခဲ့တဲ့နောက် ဒီလ ၁၅ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး ၃ရက်လောက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာချိန်မှာ တိုက်ပွဲတွေ အနည်းငယ်ငြိမ်သက်ခဲ့ပေမဲ့ အခုထပ်မံဖြစ်ပွားလာတာဖြစ်ပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)

ပညာရေး ဥပဒေ ကန့်ကွက်လို့ ပြင်ဖို့ စီစဉ်



ဇန်နဝါရီ ၂ဝ ရက် က စပြီး အမျိုးသား ပညာရေး ဥပဒေ ကို ကန့်ကွက် ဆန္ဒပြ ဖို့ မန္တလေး ကနေ ရန်ကုန် ကို လမ်းလျှောက် ဆန္ဒပြ နေတဲ့ ကျောင်းသား တွေဟာ ၄ ရက်မြောက် နေ့ မှာ နွားထိုးကြီး မြို့နယ် ထဲကို ရောက်လာ ပြီ ဖြစ်ပါ တယ်။

လမ်းလျှောက် လာရ လို့ တချို့ ခြေထောက် တွေ ပေါက်ပြဲ နာကျင် လို့ ပတ်တီး စီးပြီး ဆက်လျှောက် နေကြပါတယ်။

ကျောင်းသားတွေ က ဖေဖေါ်ဝါရီ ၁၅ ရက် မှာ ရန်ကုန်ကို အရောက် သွားကြ ဖို့ စီစဉ် ထားတယ် လို့ သိရ ပါတယ်။

ကျောင်းသားတွေ ကန့်ကွက် နေတဲ့ ပညာရေး ဥပဒေ ကို ပြန်လည် ပြင်ဆင် စရာ ရှိတာ ပြင်ပါ ဆိုပြီး သမ္မတက လွှတ်တော် ကို ဒီအပတ် ထဲမှာ သဝဏ်လွှာ ပို့ခဲ့ပါတယ် ။

ဒါကို လွှတ်တော် က ပညာရေး ဝန်ကြီး ဌာန ကို အမျိုးသား ပညာရေး ဥပဒေ ကို ပြန်လည် ပြင်ဆင်တဲ့ ဥပဒေကြမ်း တင်ပြဖို့ ဇန်နဝါရီ ၂၂ ရက် နေ့က ပြန်ပြီး လွှဲအပ်ခဲ့ပါတယ်။

ဥပဒေ ပြင်ဆင်မှု တွေ အမြန်ဆုံး တင်သွင်း ဆောင်ရွက် သွားဖို့ ပညာရေး ဌာန ကို တောင်းဆို ထားတယ် လို့ ပြည်သူ့ လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြဦး က ပြောပါတယ်။

ကျောင်းသားတွေ လိုလားတဲ့ သမဂ္ဂ ဖွဲ့စည်းရေးလို ကိစ္စ တွေကို တက္ကသိုလ်ရဲ့ သီးခြား အုပ်ချုပ်ပိုင်ခွင့် တွေမှာ အကျုံးဝင်တဲ့ အတွက် ဒီဥပဒေမှာ အသေးစိတ် မထည့်သွင်း ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Friday, January 23, 2015

“တနင်္သာရီတိုင်းသားများ မြန်မာပြည်ထဲမှာ ပါရဲ့လား” တစ်ယူနစ် ၃၅ ကျပ်ရရှိသည် အထိ ဆက်လက်ဆန္ဒပြမည်ဟုဆို

ဓာတ်ပုံ - ရဲထွဋ်/Dawei Watch

https://mail-attachment.googleusercontent.com/attachment/u/1/?view=att&th=14b165eb1bc78c43&attid=0.1&disp=inline&realattid=file0&safe=1&zw&saduie=AG9B_P-cmKtDmzssMwhud-btgRy1&sadet=1422021076258&sads=G43SpB4TgRhZOzmIV2laX1ALbe4
ဓာတ်ပုံ - ရဲထွဋ်/Dawei Watch
Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၂၃

မြန်မာနိုင်ငံ အတွင်းရှိ အခြားနေရာများနှင့် လျှပ်စစ်မီတာခ ဈေးနှုန်းတန်းတူမရရှိသဖြင့်  တနင်္သာရီတိုင်းသားများသည် မြန်မာပြည်အတွင်း ပါဝင်နေပါ၏လောဟု မေးခွန်းထုတ်လိုက်ပြီး တစ်နိုင်ငံလုံးနှုန်းထားနှင့်တပြေးညီ တစ်ယူနစ်ကို ၃၅ ကျပ်နှုန်းဖြင့် လျှပ်စစ်သုံးစွဲခွင့်မရမချင်း ဆက်လက်ဆန္ဒထုတ်ဖော်သွား မည်ဖြစ်ကြောင်း တနင်္သာရီ သယံဇာတအကျိုးခံစားခွင့်ရရှိရေး ဆန္ဒပြခေါင်းဆောင်များက ပြောဆိုလိုက်သည်။

ထားဝယ်ဒေသ လေးမြို့နယ်မှ ဒေသခံ တစ်ထောင်ကျော်သည် ဇန်န၀ါရီလ ၂၃ ရက်နေ့က ထားဝယ်မြို့ပေါ်တွင် လျှပ်စစ်မီး တစ်ယူနစ် ၃၅ ကျပ်ဖြင့် ရရှိရေး ဆန္ဒပြခဲ့ပြီး ရွှေဝယ်သီရိရင်ပြင်၌ ပြုလုပ်သည့် သဘာဝသယံဇာတခံစားခွင့် အကြောင်းဟောပြောပွဲ၌ တနင်္သာရီ သယံဇာတအကျိုးခံစားခွင့်ရရှိရေး ကော်မတီမှာ ဆန္ဒပြခေါင်းဆောင်များက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ပြည်ထောင်စု အစိုးရကို မေးချင်တာက ကျွန်တော်တို့ တနင်္သာရီတိုင်းထဲမှာ ရှိတဲ့ ဒေသခံ ပြည်သူတွေဟာ မြန်မာပြည်သားမဟုတ်ဘူးလားလို့ မေးချင်တယ်”ဟု အခြားဒေသများထက် ဈေးနှုန်း ဆယ်ဆကျော် ကျသင့်နေသဖြင့် ခွဲခြားဆက်ဆံခံနေရခြင်းကို ရည်ညွန်း၍ ယင်းကော်မတီဝင် တစ်ဦးဖြစ်သည့် ထားဝယ်တိုင်းရင်းသားများ ပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက မေးခွန်းထုတ်လိုက်သည်။

http://www.daweiwatch.com/wp-content/uploads/2015/01/DSCF0198.jpg
ဦးအေးမင်း ဟောပြောနေစဉ်။ ဓာတ်ပုံ – ရဲထွဋ်
ထားဝယ်မြို့၊ စောမိညှိဘုန်းတော်ကြီးကျောင်းမုဒ်ဦးအနီးရှိ လယ်ကွက်မှ
မြို့အတွင်းရှိ လမ်းမကြီးများအတိုင်း ရွှေဝယ် သီရိအားကစားကွင်းသို့
ထာဝယ်ဒေသခံ အင်အား ၁၀၀၀ ၀န်းကျင်က ချီတက်ကာ ဆန္ဒပြကြပြီး ယင်းအားကစားကွင်း၌ ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ယခုအကြိမ်ဆန္ဒပြခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဘိုးဘွားဘီဘင်လက်ထက်ကတည်းက
ငတ်မွတ်ခဲ့သည့် လျှပ်စစ် မီးကို မရမချင်းအကြိမ်ကြိမ်နည်းလမ်းအမျိုးမျိုးဖြင့်တောင်းဆိုသွားမည်ဖြစ်ကြောင်း
တနင်္သာရီသယံဇာ တအကျို ခံစားခွင့်ရရှိရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ထားဝယ်) မှ  ဦးကျော်ကျော်သက်ကပြောဆိုသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲပြီးနောက် နောက်တက်လာမည့်အစိုးရက တနင်္သာရီတိုင်းဒေသကြီးကို
မျက်နှာလွှဲခဲပစ်လုပ်ဦးမည်ဆိုပါက ပြည်သူနှင့် မိမိတို့ကော်မတီပူးပေါင်းကာ တိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

“မော်လမြိုင်ကို ရောက်ရှိနေပြီဖြစ်တဲ့ မဟာဓါတ်အားလိုင်းကို
  ပြည်ထောင်စုလမ်းမကြီးနဲ့အပြိုင် ကံပေါက်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းသို့အရောက် သွယ်တန်းပေးဖို့ ပြည်သူများနဲ့အတူ တောင်းဆိုလိုပါတယ်”ဟု ဦးကျော်ကျာ်သက်ကဆိုသည်။

အဆိုပါ တနင်္သာရီတိုင်းဒေသကြီးသယံဇာတအကျိုးခံစားခွင့်ရရှိရေးကော်မတီသည်
ထားဝယ်ဒေသတစ်ခုတည်း မဟာဓါတ် အားလိုင်းရရှိရန်အတွက် မဟုတ်ဘဲ
တိုင်းအတွင်းရှိ တောင်ဘက်စွန်း ကော့သောင်းအထိ မဟာဓါတ်အားလိုင်းရောက်ရှိအောင် ရည်ရွယ်၍
လုပ် ဆောင်လျှက်ရှိသည်ဟု ကော်မတီထံမှသိရသည်။

“လျှပ်စစ်မီး၊ လမ်း၊ တံတားဆိုတာအစိုးရက လုပ်ပေးရမဲ့အလုပ်ဖြစ်တယ်။  တောင်းဆိုမှရမယ်ဆိုရင် တနင်္သာရီတိုင်းမှာ လက်နက်ကိုင်တပ်မတော်မရှိလို့လား။ ကျွန်တော်တို့က
ြ မြန်မာတိုင်းရင်းသားတွေအထဲမှာ မပါလို့လား။ မြန်မာနိုင်ငံရဲ့အခြားဖက်ကို
  ရောက်နေလို့လားလို့ စသည်အားဖြင့် ပြည်ထောင်စုအစိုးရကိုမေးချင်တယ်”ဟု
ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦး အေးမင်းက ဆိုသည်။

တစ်ယူနစ် ၃၀၀ကျပ်အောက်၊ ၃၀၀ ကျပ်ဝန်းကျင် ပေးရမည့် လျှပ်စစ်မီး၊ ကျောက်မီးသွေး စက်ရုံမှပေးသည့် လျှပ်စစ်မီးကို တောင်းဆိုနေခြင်း မဟုတ်ဘဲ တိုင်းအတွင်းမှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့မှရရှိမည့် လျှပ်စစ်မီး ကို တစ်ယူနစ်ကို ၃၅ကျပ်နှုန်းဖြင့် လိုချင်ခြင်းဖြစ်ကြောင်း၎င်းက ပြောဆိုသည်။
 ထို့အပြင် ပြည်သူလူထု၏လိုလားချက်ကို တနင်္သာရီတိုင်းဒေသကြီးနှင့် တိုင်းဒေသကြီးအစိုးရက ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းဆိုပေးပါရန် 
ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦး အေးမင်းက တိုက်တွန်းပြောကြားခဲ့သည်။

တနင်္သာရီတိုင်းအတွင်း သဘာဓာတ်ငွေ့ထွက်ရှိသော်လည်း ဒေသခံများမှာမူ ဒီဇယ်ဆီလောင်စာ သုံးလည်ပတ်သော လျှပ်စစ်မီးကို တစ်ယူနစ် ၃၅၀ ကျပ်မှ အချို့ကျေးရွာများတွင် ကျပ်တစ်ထောင်နီးပါး အထိ ပေးဆောင် အသုံးပြုနေရသည်။

ထားဝယ်ခရိုင်၊ ကံပေါက်ဒေသ၌ သဘာဝဓါတ်ငွေ့ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းကိုလုပ်ကိုင်သည့် နိုင်ငံတကာ ကုမ္ပဏီကြီး ၃ခု ရှိပြီး ထိုင်းနိုင်ငံသို့ သဘာဝဓါတ်ငွေ့ကုဗပေ သန်းပေါင်း ၁၀၀၀ ကျော် တင်ပို့ရောင်းချလျှက်ရှိသည်ဟု တနင်္သာရီသယံဇာတအကျိုးခံ စားခွင့်ရရှိ ရေးကော်မတီကဖြန့်ဝေသည့် လက်ကမ်းစာစောင်၌ ရေးသားထားသည်။

ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား လေးပုံတစ်ပုံကို ယင်းစီမံကိန်းများမှ ရရှိနေသည်။
ဆန္ဒထုတ်ဖော်သူများက 
မဟာဓါတ်အားလိုင်းအမြန်ဆုံးရရှိရေး- ဒို့အရေး၊ 
လျှပ်စစ်တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့်အမြန်ရရှိရေး- ဒို့အရေး၊ 
သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်မီးရရှိရေး-ဒို့အရေး၊ 
အရေးတော်ပုံ-အောင်ရမည်ဟု ကြွေးကြော်ခဲ့ကြသည်။

အထက်ပါကော်မတီကို ထားဝယ်တိုင်းရင်းသားများ ပါတီ၊ ထားဝယ်ခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ထားဝယ်ဒေသမှ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင့်လူ့အဖွဲ့အစည်း၊ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ တို့အပါအ၀င် အဖွဲ့အစည်းပေါင်း ၁၈ ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။



Dawei Watch

Thursday, January 22, 2015

အရှင် ဝီရသူရဲ့ ပြောဆိုမှုတွေကို ကုလ တုံ့ပြန်

 
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီးကို ရုန့်ရင်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ အရှင်ဝီရသူက ဝေဖန် ပြောဆို ခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ က ကြေညာချက် ထုတ်ပြန် တုံ့ပြန်လိုက်ပါတယ်။

ဇန်နဝါရီ လဆန်းက မြန်မာ နိုင်ငံကို လာရောက်ခဲ့တဲ့ မစ္စ ယန်ဟီးလီးရဲ့ မြန်မာခရီးစဉ်အတွင်း ကန့်ကွက်ဆန္ဒပြပွဲတစ်ခုမှာ အရှင်ဝီရသူက ကြမ်းကြမ်းတမ်းတမ်း ဝေဖန် ပြောဆိုခဲ့တာပါ။

အမျိုးသမီးတွေအပေါ် ချိုးနှိမ်တဲ့ အသုံးအနှုန်းတွေ၊ ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ သုံးပြီး သံဃာတော် တပါးက ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိကြီး တဦးအပေါ် စော်ကား ပြောဆိုတာမျိုးဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ ကျွမ်းကျင်သူ အထူးကိုယ်စားလှယ် ပုဂ္ဂိုလ်တဦး အပေါ် အခုလို လူထု ရှေ့မှောက်မှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပြောဆိုတာမျိုး အပါအဝင် အမုန်းတရားပွားအောင် လှုံ့ဆော် ပြောဆိုတာမျိုးတွေ အားလုံးကို မြန်မာ နိုင်ငံရေး ဘာသာရေး ခေါင်းဆောင်တွေ အနေနဲ့ ပြစ်တင် ရှုံ့ချကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

လောလောဆယ် ဒီကိစ္စအပေါ်မှာ နိုင်ငံတကာကလည်း အာရုံစိုက်လာနေကြပြီး ဒီကိစ္စက မြန်မာနိုင်ငံအတွက်လည်း မကောင်းကြောင်း ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ မြန်မာသံတမန်တွေနဲ့လည်း စကားပြောဖို့ ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville က ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Wednesday, January 21, 2015

စစ်ရှောင်ဒုက္ခသည်များ သွားလာခွင့် ပိတ်ပင်ခံရ



ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)တို့အကြား တိုက်ပွဲတွေကြောင့်  တိမ်းရှောင်နေတဲ့ စစ်ပြေးဒုက္ခသည် တွေကို အစိုးရတပ်က သွားလာ ခွင့်ပိတ်သလို ဒုက္ခသည်တွေထံ သွားရောက်ကူညီမယ့် အဖွဲ့တွေကိုလည်း ၀င်ခွင့်မပြုဘဲ တားမြစ်ထားပါတယ်။

ဇန်န၀ါရီလ ၁၅-၁၆  ရက်နေ့တွေက ကေအိုင်အေတပ်မဟာ ၂ တပ်ရင်း ၆ နယ်မြေအတွင်း အစိုးရတပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲကြောင့် အောင်ဘာလေ၊ ကံဆီး၊  ငှက်ပျောတော အစရှိတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

အောင်ဘာလေရွာက ဦးသန်းနိုင်က      “ကျနော်တို့က ရွာမှာ ရွာစောင့်ထားပြီး ကျန်ရွာသူရွာသားတွေက ကံဆီးရွာမဘက်ကို ပြောင်းပြီးမှ ခရစ်ယာန်ကျောင်း၊ ဘုန်ကြီးကျောင်းတွေမှာ စစ်ရှောင်စခန်းဖွင့်ပြီး ပို့ထားတယ်။ ကျနော်တို့ကတော့ ဥက္ကဋ္ဌနဲ့တကွ စေတနာ နာရေးကူညီမှုအသင်းက ရွာစောင့်နေတယ်” လို့ ပြောပါတယ်။

ကံဆီးရွာက နန္ဒကျောင်းတိုက်နဲ့ နှစ်ခြင်းကျောင်းမှာ ဒုက္ခသည်ပေါင်း ၁၄၀၀ ကျော်ခိုလှုံနေပြီး သူတို့တွေအနေနဲ့ လုံးခင်း၊ ဖားကန့်ဘက်ကိုဆင်းဖို့ အစိုးရတပ်က ခွင့်မပြုဘူးလို့လည်း ဦးသန်းနိုင်က ပြောပါတယ်။

“သူတို့တွေ ဘယ်မှသွားလို့မရပါဘူး။ တပ်မ ၁၆ တပ်စခန်းကနေပြီးတော့ ဂိတ်တွေ ပိတ်ထား တယ်။  လုံးခင်းဘက်က ကူညီချင်တဲ့သူတွေလည်း စံခါဂိတ်က ပိတ်ထားတဲ့အတွက် လာလို့မ ရပါဘူး။”

ဥရုဆိုင်းမော်နယ်အသင်းတော်များအဖွဲ့ချုပ်ရုံးက တွဲဖက်အတွင်းရေးမှူး ဆရာဦးဖုန်ဆိုင်းက ကံဆီးရွာ က စစ်ရှောင် ဒုက္ခသည်သည်စခန်းကို သွားရောက်ကူညီဖို့ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့တွေစုပြီး ကူညီဖို့ သွားရာမှာ စစ်တပ်က လုံးဝခွင့် မပြုခဲ့ဘူးလို့ ပြောပါတယ်။

Kachin Refugee9 copy“ကျနော်တို့က ၁၆ ရက်နေ့လောက်ကနေပြီးသွားဖို့ ကျနော်တို့ ကြိုးစားတာ ဘာသာရေး ဂိုဏ်းပေါင်းစုံက ဆရာတော်ဘုရား ဘုန်းဘုန်းတို့၊ ကက်သလစ်က ဖာသာတို့၊ နှစ်ချင်းက ဆရာတော်တွေ လူမှုဘာသာရေးအဖွဲ့အစည်းအသီးသီးက ကားအစီးပေါင်း ၁၆၀ လောက်ရှိတယ်။ ဒီဒုက္ခရောက်နေတဲ့သူကို ကူညီနိုင်အောင် ကျနော်တို့က တပ်မတော်စစ်စခန်းတွေက ဖြတ်ခွင့်ပေးဖို့  လူအင်အားပြတယ်။ ဒါပေမယ့် လုံးဝ ဖြတ်ခွင့်မရဘူး။ တားဖြစ်တယ်၊ ချိန်းခြောက်တယ်။ သေနတ်တွေနဲ့ ချိန်တယ်။ ဖြတ်လို့ရှိရင် ပစ်မယ့် အနေအထားအထိတောင်ဖြစ်ခဲ့တယ်။”

ဒီလို သွားလို့မရတဲ့အတွက် အထက်လူကြီးတွေနဲ့ တပ်မမှူးတွေနဲ့ ညှိနှိုင်းပြီး သွားရောက်ကူညီဖို့လည်း ခွင့်မပြုသလို မနေ့တုန်းကလည်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေ သွားတဲ့အခါမှာလည်း သွားခွင့်မပေးခဲ့ဘူးလို့လည်း ဆရာဦးဖုန်ဆိုင်းက ပြောပါတယ်။

ဒေသခံ ဘာသာရေး၊ လူမှုအဖွဲ့တွေကို သွားခွင့်မပေးပေမယ့် အုပ်ချုပ်ရေးပိုင်းတွေကတော့ ရိက္ခာပံ့ပို့ပေးတာရှိနေပါတယ်လို့လည်း ပြောပါတယ်။

ဒီလိုသွားခွင့်မပေးတဲ့အပေါ်မှာ ဦးဖုန်ဆိုင်းက “သူတို့က ဘာလို့ အခွင့်မပေးလဲဆိုတော့ အကျိုးရင်း အကြောင်းရင်းက ဆက်စပ်ပြီးတွေးရင်တော့ ဒီလူတွေက စစ်ရှောင်ဒုက္ခသည်တွေလို့ သူတို့က မသတ်မှတ်စေချင်ဘူး။ ပြီးတော့ နိုင်ငံရေးပါတီတွေ နိုင်ငံရေးအမြတ်ထုတ်မှာကို ကြောက်တယ်။ ဒီလူတွေ အလုံးလိုက် အရင်းလိုက်ဆင်းပြီဆိုရင် တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်လို့ စစ်ရှောင်ဒုက္ခရောက် ပါပြီဆိုတဲ့ မီဒီယာကနေတဆင့် နိုင်ငံတကာအထိ ဟိုလေးတကြော် ဖြစ်သွားမယ့်အခြေအနေကို မရင်ဆိုင်ချင်လို့ပဲလို့ ကျနော်ဒီတိုင်းပဲနားလည်တယ်” လို့ ပြောပါတယ်။

စစ်ပြေးဒုက္ခသည်တွေအနေနဲ့ သူငယ်တန်းကနေ အလယ်တန်းအထိ ကျောင်းသူကျောင်းသား ၃၀၀ လောက်ထွက်ပြေးခိုလုံရတဲ့အတွက် ကံဆီးရွာမှာ ကျောင်းတွေ ဆက်တက်ခွင့်ရပေမယ့် ကျောင်းခုံ မလုံလောက်တဲ့ အခက်အခဲရှိနေတယ်လို့လည်း ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ကတော့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ပိတ်မိနေတာမဟုတ်ဘဲ  မီဒီယာ တချို့က မဟုတ်မမှန် သတင်းအမှားတွေ ထုတ်ပြန်နေကြတာလို့  မနေ့က သတင်းထုတ်ပြန် ငြင်းဆိုခဲ့ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)

မြန်မာနိုင်ငံတွင် တရုတ် သစ်ထုတ်လုပ်ရေးသမား ၁၀၀ ကျော် ဖမ်းဆီးခံထားရဟုဆို

မြန်မာနိုင်ငံတွင်းသို့ ခိုး၍၀င်ရောက်ခဲ့သည့် တရုတ်နိုင်ငံသား သစ်ထုတ်လုပ်ရေးသမား ၁၀၀ ကျော်ကို မြန်မာအစိုးရက ဖမ်းဆီးထားကြောင်း ရန်ကုန်မြို့ တရုတ်သံရုံး တာဝန်ရှိသူတဦးမှ ယမန်နေ့က ပြောကြားသည်။

သံရုံးကိုယ်စားလှယ်များသည် တနင်္လာနေ့က မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပြီး ထောင်ထဲ၌ အဖမ်းခံထားရသည့် တရုတ်နိုင်ငံသား ၁၀၀ ကျော်တို့နှင့် တွေ့ဆုံခဲ့ကြောင်း သံရုံးတာဝန်ရှိပုဂ္ဂိုလ် ပန်ခါရှင်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပြည်နယ်အစိုးရက ၎င်းတို့သည် ခိုး၍၀င်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲသော်လည်း ဖမ်းဆီးခံထားရသူများကမူ ငြင်းဆိုထားကြောင်း သိရသည်။

"သူတို့ လွတ်မြောက်ဖို့ သံရုံးက ကြိုးပမ်းနေပါတယ်" ပန်က ဆိုသည်။

လက်ရှိ ဖမ်းဆီးခံထားရသူများအနက် မိုင်းတွင်း လုပ်သားများ၊ ကျောက်စိမ်း ကုန်သွယ်သူများ၊ ကုန်သည်များဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာအစိုးရဘက်မှ မှတ်ချက်ပေးခြင်း မပြုခဲ့ပေ။

  မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအကြား တရုတ်နိုင်ငံသား ရာနှင့်ချီ ပိတ်မိနေသော သတင်းကို တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ယမန်နေ့က ငြင်းဆိုလိုက်သည်။

တရုတ်နိုင်ငံသားများသည် ဒေသခံပြည်သူ ၂၀၀၀ ၀န်းကျင်ခန့်နှင့်အတူ ကချင်ပြည်နယ်အတွင်း စစ်ပွဲအကြား ပိတ်မိနေခြင်း ဖြစ်ကြောင်း တရုတ်အခြေစိုက် အစိုးရကျောထောက်နောက်ခံ ရှိသည့် ဂလိုဘယ်တိုင်းမ်သတင်းဌာနက ဖော်ပြခဲ့သည်။

"မြန်မာဘက်က အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပဏာမစုံစမ်းစစ်ဆေးမှုတွေအရ ဒီသတင်းက မမှန်ပါဘူး" ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဟွာချွမ်းယင်က ဆိုသည်။

မြန်မာနိုင်ငံမြောက်ပိုင်းနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အကောင်အထည်ပေါ်လာရန် တရုတ်အနေဖြင့် မျှော်လင့်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရန် တိုက်တွန်းပါကြောင်းဖြင့် သူမက ပြောကြားသည်။

နယ်စပ်ဒေသတွင် ထိုသို့ တိုက်ခိုက်မှုများ ဖြစ်နေခြင်းက တရုတ်အတွက် စိုးရိမ်ဖွယ် အခြေအနေတရပ်ဖြစ်သည်။ တရုတ်သည် အိမ်နီးချင်း မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှတဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုင်းလိုင်းနှစ်လိုင်းအား သွယ်တန်းထားသည်။

ြ မြန်မာ့ကျောက်စိမ်း အမြောက်အမြားမှာလည်း နယ်စပ်မှတဆင့် တရုတ်နိုင်ငံတွင်းသို့ ၀င်ရောက်နေသည်။ ဖားကန့်မြို့သည် မြန်မာနိုင်ငံ၌ ကျောက်စိမ်းအများဆုံး ထွက်ရှိရာ ဒေသဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အစိုးရအကြား ၂၀၁၁ ခုနှစ်မှစ၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများ တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်လာနိုင်ခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သည် ၁၉၆၁ ခုနှစ်မှစ၍ လက်နက်စွဲကိုင်တော်လှန်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၀ ခန့်အတွင်း ဒုတိယ အင်အားအကြီးဆုံး တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။

  ကျော်လင်းထွန်း

__Ref:worldbulletin.net
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အရှင်ဝီရသူရဲ့ ရုန့်ရင်းတဲ့ ပြောဆိုမှု အပေါ် တုံ့ပြန်မှုများ


Burmese Monk U Wirathu
မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အရာရှိကို ဦးဝီရသူ ဆန့်ကျင်

မြန်မာ နိုင်ငံက သာသနာ့ ဝန်ထမ်း သံဃာ တစ်ပါးက ကုလ သမဂ္ဂလူ့အခွင့် အရေး အရာရှိကြီး တစ်ယောက်ကို ရုန့်ရင်း ကြမ်းတမ်းတဲ့ အသုံး အနှုန်း တွေနဲ့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ အခုရက်ပိုင်း အတွင်း ပြည်တွင်း ပြည်ပမှာ ဂယက်ရိုက် သွားခဲ့ပါတယ်။

ဇန်နဝါရီ လဆန်းက မြန်မာ နိုင်ငံကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေးဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေးမှူး မစ္စ ယန်ဟီလီကို အရှင် ဝီရသူက ပြောဆိုသုံးနှုန်း ခဲ့တာတွေဟာ ရဟန်း တစ်ပါး ပြောသင့် ပြောအပ်တာမျိုး မဟုတ်ဘူးလို့ ရန်ကုန်မှာ ရောက်နေတဲ့ လန်ဒန် ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။

ဒီပြောဆိုမှုကို ကြားရတာ သူ့အနေနဲ့ အံ့အားသင့်မိသလို စိတ်မကောင်းလည်း ဖြစ်မိတယ်၊ မြန်မာ နိုင်ငံက ဗုဒ္ဓဘာသာ သံဃာတော်တွေရဲ့ ပုံရိပ်ကိုလည်း ထိခိုက် စေတယ်လို့ ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။

အခုချိန်ထိတော့ အစိုးရပိုင်းက ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို ကိုင်တွယ် ဆောင်ရွက် နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး

သံဃာတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို တာဝန်ယူ ကိုင်တွယ် ဖြေရှင်းရတဲ့ သံဃာ့ မဟာ နာယက အဖွဲ့ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ လောလောဆယ် တစုံတရာ ကိုင်တွယ် ဆောင်ရွက်မှုတွေ မရှိသေးပါဘူး။

ဒီကိစ္စမျိုးကို တစုံတစ်ယောက်က တိုင်ကြားမှု ရှိမှသာ သံဃာ့မဟာနာယက အဖွဲ့က ကိုင်တွယ် ဖြေရှင်းလေ့ရှိတယ်လို့ သာသနာရေး ဝန်ကြီးဌာန သာသနာရေးနဲ့ ဝိနိစ္ဆယ ဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ဘီဘီစီကို ပြောပါတယ်။

သံဃာ တစ်ပါး အနေနဲ့ သုံးနှုန်း ပြောဆိုဖို့ မသင့်ဘူးဆိုတာ ဝေဖန် ထုတ်ဖော် ပြောဆိုဖို့ ပြည်သူတွေ အပိုင်းကလည်း တွန့်ဆုတ်နေကြတာ တွေ့ရတာနဲ့ ပါတ်သက်လို့ မန္တလေးက စာရေးဆရာ ဦးကျော်ရင်မြင့်က တော့ မြန်မာ နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိတာနဲ့ ဘာသာရေးနဲ့ ပတ်သက်လာရင် အကဲဆတ်လွန်းတဲ့ အတွက် မပြောရဲကြတာလို့ ပြော ပါတယ်။

အစိုးရပိုင်းက ကိုင်တွယ် ဆောင်ရွက်မှု မရှိတာ၊ ပြည်သူအများက ထောက်ပြ ပြောဖို့ စိုးရွံ့နေတာ တွေဟာ တိုင်းပြည် အတွက် အန္တရာယ် ကြီးမားသလို မြန်မာ့ လူ့အဖွဲ့ အစည်း အတွက်လည်း အန္တရာယ် ကြီးတယ်လို့ သူက ပြောပါတယ်။
BBC

အစ္စရေး ဘတ်စ်ကား ပေါ်မှာ ၁၀ ဦးကျော် ဓားထိုးခံရ


၃ ယောက်ရဲ့ အခြေအနေ စိုးရိမ်ရဟု ဆို
21 ဇန်နဝါရီ 2015
အစ္စရေး နိုင်ငံ တဲလ်အဗစ် မြို့လယ်က ဘတ်စ်ကား တစ်စီး ပေါ်မှာ အနည်းဆုံး လူ ၁၀ ဦးကို ဓားနဲ့ ထိုးခဲ့တဲ့ ပါလက်စတိုင်း တစ်ယောက်ကို ပစ်ခတ် ဖမ်းဆီး လိုက်တယ်လို့ အစ္စရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်သူ ထွက်ပြေးဖို့ ကြိုးစားစဉ် ခြေထောက်ကို ပစ်ခတ် ဖမ်းဆီး ခဲ့ကြောင်း၊ ဒီကိစ္စကို အကြမ်းဖက် တိုက်ခိုက်မှု အဖြစ် ကိုင်တွယ် ဆောင်ရွက်နေကြောင်း ရဲတွေက ပြောပါတယ်။

ဓားနဲ့ ထိုးခံရတဲ့ လူတွေအနက် ၃ ယောက်က အရေးပေါ် အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ထပ်မံ တိုက်ခိုက်မှုတွေကို တားဆီးဖို့ အတွက် လုံခြုံရေးတွေ တင်းကျပ် ထားပြီး အခင်းဖြစ်တဲ့ နေရာကို ပိတ်ဆို့ ထားတယ်လို့ အစ္စရေး ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်
BBC

အတိုက်အခံ ၇၀ဝ၀ ကျော်ကို ဘင်္ဂ္လားဒေ့ရှ် ဖမ်းဆီးခဲ့


အတိုက်အခံ ခေါင်းဆောင် Khaleda Zia (ဝဲ)နဲ့ လက်ရှိ ဝန်ကြီးချုပ် Sheikh Hasina (ယာ)
ဘင်္ဂ္လားဒေ့ရှ် နိုင်ငံမှာ လွန်ခဲ့တဲ့ ၂ ပတ်က စတင်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အတွင်းမှာ လူ ၇၀ဝ၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အစိုးရ ဆန့်ကျင်သူတွေက လမ်းတွေကို ပိတ်ဆို့ခဲ့ပြီး၊ ၂၉ ဦး သေဆုံးခဲ့ရတဲ့ ကားဗုံးခွဲ တိုက်ခိုက်မှုတွေ ရှိခဲ့ကာ၊ ဒီ မငြိမ်သက်မှုတွေကို အာဏာပိုင်တွေက ခက်ခက်ခဲခဲ ကိုင်တွယ် နေရပါတယ်။

ဆန့်ကျင် ဆန္ဒပြမှုတွေ လုပ်ဖို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ပတ်လည် နေ့တုန်းက အတိုက်အခံ ခေါင်းဆောင် Khaleda Zia က ဆော်သြခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဝန်ကြီးချုပ် Sheikh Hasina က အတိုက်အခံတွေကို စစ်သွေးကြွတွေ အဖြစ် အင်္ဂ࿿ါနေ့က ပြောဆို ရှုတ်ချ ခဲ့ပါတယ်။

အတိုက်အခံ ခေါင်းဆောင်နဲ့ လက်ရှိ ဝန်ကြီးချုပ်တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း တစ်လှည့်စီ အာဏာရခဲ့ကြပြီး ပိတ်ဆို့ ဆန္ဒပြမှုတွေကို အတိုက်အခံ ဘဝမှာ ၂ ယောက်စလုံးက ပြုလုပ် ခဲ့ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ရခိုင်ဒေသ လူ့အဖွဲ့အစည်းချင်း သင့်မြတ်ရေး ကန်ဝန်ကြီးတိုက်တွန်း


ဒုက္ခသည်၊ လူဦးရေနဲ့ ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne Richard ဟာ ရခိုင်ပြည်နယ်ကိုသွားပြီး ပြည်နယ်အတွင်း နေထိုင်နေကြတဲ့ ဘာသာ၊ လူမျိုး မတူညီသူတွေအကြား တဘက်နဲ့ တဘက် သင့်တင့် မျှတအောင် နေထိုင်ကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ ရခိုင်အစိုးရတာဝန်ရှိသူတွေ၊ ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် စစ်တွေ၊ မောင်တောမြို့တို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne Richard ဟာ ဇန်န၀ါရီလ ၁၆ ရက်ကနေ ၁၉ ရက်နေ့အထိ ပြည်နယ်အစိုးရပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့မိ မြို့ဖတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာအပြင် ရခိုင်ပြည်နယ်မြို့တော် စစ်တွေနဲ့ မောင်တောမြို့တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက် လည်ပတ်ခဲ့တဲ့အကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက ပြောခွင့်ရပုဂ္ဂိုလ်က အခုလို ပြောပြပါတယ်။
“သွားရောက်လည်ပတ်တဲ့ ခရီးစဉ်အတွင်းမှာ လက်ထောက်ဝန်ကြီးအနေနဲ့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့်က အရာရှိတွေ၊ ရခိုင်နဲ့ ရိုဟင်ဂျာကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်းက ဒုက္ခသည်များအရေး အမေရိကန် - မြန်မာ တွေ့ဆုံ ဆွေးနွေးပွဲအပြီးမှာ လက်ထောက်ဝန်ကြီး Richard က အခုလို ရခိုင်ပြည်ကိုသွားခြင်း ဖြစ်ပါတယ်။ တွေ့ဆုံမှုတွေအတွင်း ရခိုင်တိုင်းရင်းသားတွေနဲ့ မတူညီတဲ့ ဘာသာရေး အဖွဲ့အစည်းတွေအကြား အသက်ဆုံးရှုံးမှု ပပျောက်ရေးအတွက် သက်ဆိုင်ရာ အရာရှိတွေက ၀ိုင်းဝန်း ဆောင်ရွက်ပြီး အကြမ်းဖက်မှုတွေ ဆက်မဖြစ်ရေး အပါအ၀င် ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို ဦးတည်စေမယ့် အခြေခံ လုပ်ငန်းစဉ်တွေ ချမှတ်လုပ်ဆောင်ကြဖို့ လက်ထောက်ဝန်ကြီး Richard က တိုက်တွန်းခဲ့ပါတယ်။”
အဲဒီ ရည်မှန်းချက်တွေ ပြည့်မှီအောင် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရနဲ့ လူမှုအသိုင်းဝိုင်း ခေါင်းဆောင်တွေက ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူ အားလုံးရဲ့ လုံခြုံရေးကို တာဝန်ယူပေးတာ၊ လွတ်လပ်စွာ သွားလုပ်ခွင့်နဲ့ လူသားချင်း စာနာမှုအကူအညီ လိုအပ်နေသူတွေ အဟန့်အတားမရှိ ရရှိနိုင်ရေး လုပ်ဆောင်ပေးတာ၊ ရိုဟင်ဂျာလူမျိုးတွေကို တန်းတူ နိုင်ငံသား လျှောက်ထားခွင့် ပြုတာတွေပါ ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း လက်ထောက်ဝန်ကြီး Anne Richard က တိုက်တွန်း ပြောဆိုခဲ့တယ်လို့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
အကူအညီ လိုအပ်နေသူတွေ အဟန့်အတားမရှိ လိုအပ်တဲ့ အကူအညီတွေ ရရှိရေး ဆောင်ရွက်ပေးဖို့ အစိုးရတာဝန်ရှိသူတွေက အာမခံချက်ပေးခဲ့တဲ့အပေါ်မှာလည်း လက်ထောက်ဝန်ကြီး Richard အနေနဲ့ အားရကျေနပ်မိတယ်လို့ ဆိုပါတယ်။
“လူမျိုး၊ ဘာသာမရွေး အကူအညီလိုအပ်နေသူတွေအတွက် လူသားချင်းစာမှု အကူအညီတွေ ပေးနေသူတွေ အတားအဆီးမရှိ အကူညီပေးနိုင်ရေးအတွက် ဗဟိုနဲ့ ပြည်နယ်အစိုးရက တာဝန်ရှိသူတွေဘက်က အာမခံချက် ပေးခဲ့တဲ့အပေါ်မှာလည်း လက်ထောက်ဝန်ကြီးအနေနဲ့ အားရကျေနပ်မှု ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေ စတင်ဖြစ်ပေါ်ပြီး လူတွေနဲ့ ရာနဲ့ချီ သေဆုံးခဲ့တာ ၂ နှစ်ခွဲလောက် ကြာလာတဲ့အချိန်ထိ အခြေအနေတွေက စိုးရိမ်စရာအဖြစ် ရှိနေသေးပေမဲ့လည်း IDP ဒုက္ခသည်တွေ နေထိုင်တဲ့ စခန်းအတွင်းက အခြေအနေတွေ တိုးတက်မှုရှိတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောကြပါတယ်။”
ရခိုင်ပြည်နယ်အတွင်း လက်ရှိ အခြေအနေတွေဟာ လူမှုအသိုင်းဝိုင်း ၂ ဘက်စလုံးကို အကျိုးဖြစ်ထွန်းမှု မရှိစေတဲ့အကြောင်း၊ ဒါကြောင့်လည်း ဆင်းရဲမွဲတေမှု၊ ကန့်သတ်ချုပ်တည်းမှုနဲ့ အခွင့်အရေး နဲပါးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗုဒ္ဓဘာသာရော၊ မူဆလင် အသိုင်းဝိုင်းနဲ့ပါ အမေရိကန် ပြည်ထောင်စုက ထိတွေ့ ဆက်ဆံနေခြင်းဖြစ်ကြောင်း လက်ထောက်ဝန်ကြီး Anne Richard က ပြောပါတယ်။
စစ်တွေမြို့မှာ လက်ထောက်ဝန်ကြီးနဲ့ ပြုလုပ်တဲ့ ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ တဦးကတော့ ECC - အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးဌာနက ဦးသာပွင့် ဖြစ်ပါတယ်။ သူက လူမှုအသိုင်းဝိုင်း ၂ ခုအကြား သင်တင့်မျှတအောင် နေထိုင်ကြဖို့ လက်ထောက်ဝန်ကြီးက တိုက်တွန်း ပြောဆိုတယ်လို့ ပြောပါတယ်။
“ကျနော်က ECC အဖွဲ့ဝင်ဆိုတော့ ECC အနေနဲ့ ခေါ်တွေ့တယ်။ နောက် ညနေဘက် ၅ နာရီခွဲမှာ ဒါကတော့ မြို့မိမြို့ဖအနေနဲ့ စစ်တွေဟိုတယ်မှာ တွေ့တယ်။ လိုရင်းကတော့ဗျာ သူတို့ကတော့ ကုလားတွေနဲ့ ဘယ်လိုသင့်မြတ်အောင် နေမလဲ။ ဒီလိုပဲမေးတာပေါ့ဗျာ။ ကျနော်တို့ဘက်ကလည်း ဒီနိုင်ငံသားရထိုက်သူတွေနဲ့တော့ သင့်တင့်အောင်နေမယ်။ နိုင်ငံသားမရထိုက်တဲ့သူတွေကိုတော့ စိစစ်ပေးဖို့ ခင်ဗျားတို့ တိုက်တွန်းပေးပါပေါ့။ ဒါပဲပေါ့။”
ဒါပေမဲ့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေထဲမှာ မမျှတမှုတွေ ပါဝင်နေတယ်ဆိုတာကို သူတို့ဘက်က ထောက်ပြ ပြောဆိုခဲ့တယ်လို့ ဦးသာပွင့်က ဆက်ပြောပါတယ်။
“ကျနော်တို့ရဲ့စကားအဆုံးကတော့ Development တွေ ဘာတွေ ဘယ်လောက်ပဲပြောပြော ကျနော်တို့က အခုလောလောဆယ်က ရခိုင်ပြည်နယ်မှာ ရခိုင်က ၂ သန်း၊ ကုလားက ၁ သန်းကျော်ရှိနေပြီ။ တကယ်လို့သာ ဒီမွေးနှုန်းနဲ့ ဒီမယားယူမှုနှုန်းနဲ့ဆိုရင် နောက် အနှစ် ၃၀ ဆိုရင် ၂၀၊ ၃၀ ဖြစ်ပြီး ကျနော်တို့ လူမျိုးကို လွှမ်းမိုးသွားမယ့် အခြေအနေရှိတယ်။ အဲ့ဒီအခြေအနေမှာ ဒီ Birth Control တို့၊ မိန်းမတွေ ယူချင်သလို ယူနေတာတွေကို ဥပဒေနဲ့အညီ မလုပ်ပေးမချင်း၊ နောက်တခုကလည်း ကျနော်တို့ဆီမှာ နှစ်ပေါင်းများစွာကတည်းက နေထိုင်နေတဲ့ ဘင်္ဂါလီတွေရှိတယ်ဆိုတာကို လက်ခံတယ်။ ဒါပေမဲ့ ခင်ဗျားတို့ပြောသလို ရှိသမျှအကုန်လုံးဟာ နှစ်ပေါင်းများစွာကတည်းက နေတာမဟုတ်ဘူး။ မနေ့က ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကိုလည်း အရင်ရှိပြီးသား ဘင်္ဂါလီတွေက ဖွက်ထားပေးတယ်။ အဲ့ဒီလိုဖွက်ထားလို့ အစိုးရက စွဲပြီး စစ်ဆေးတာတွေ ဘာတွေလုပ်ရင် အကုန်လုံးက ၀ိုင်းပြီးတော့ ရန်ရှာတော့တာကိုး။ ဒီအခြေအနေတွေရှိနေတယ်။ ဒီလိုရင်းကိုပဲ ကျနော်တို့က ပြောတာပါ။”
လက်ထောက်ဝန်ကြီး Anne Richard ဟာ ဒီကနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခရီးဆက်သွားပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ ထိပ်တန်းအရာရှိတွေ၊ UNHCR နဲ့ NGO အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာ အရေးကိစ္စကို ဆက်လက် ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း ဒါကာမြို့မှာရှိတဲ့ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အဲဒီနောက်မှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ မဟာဗျူဟာရေးရာအဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ ဒုက္ခသည်၊ ရွှေ့ပြောင်းနေထိုင်သူများနဲ့ လူဦးရေဆိုင်ရာ အမေရိကန်အစိုးရ မူဝါဒဆိုင်ရာ ဟောပြောပွဲကို ဒီကနေ့ တက်ရောက်မှာ ဖြစ်ပါတယ်။

ယီမင်သမ္မတအိမ် သူပုန်ထိန်းချုပ်

ယီမင်နိုင်ငံမှာ Shi'ite Houthi သူပုန်တွေက မြို့တော် Sana'a ကို တိုးချဲ့သိမ်းပိုက် လာနေတာနဲ့အမျှ သမ္မတ Abd Rabbuh Mansour Hadi အိမ်ကိုလည်း အပြင်ကနေ ၀ိုင်းထားလိုက်ပါတယ်။
Sana'a မြို့တော်မှာ ယီမင် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီး တရက်ကြာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ သမ္မတအိမ်ကို ၀ိုင်းထားတာပါ။ သမ္မတ Hadi ကတော့ သူ့အိမ်ထဲမှာ ဘေးကင်းလုံခြုံစွာ ရှိနေပါတယ်လို့ ပြောပါတယ်။
သူပုန်ခေါင်းဆောင် Abdel Malik Al Houthi အင်္ဂါနေ့နှောင်းပိုင်းက ရုပ်မြင်သံကြားကနေ ပြောကြားတဲ့ မိန့်ခွန်းမှာတော့ သူတို့အဖွဲ့ဟာ ယီမင်နိုင်ငံတွင်း အကျင့်ပျက် ခြစားမှုတွေနဲ့ အာဏာရှင်စနစ်ကို အဆုံးသတ်ချင်တာ ဖြစ်တယ်လို့ ပြောသွားပါတယ်။ အစိုးရကို ထွက်ပေးဖို့ တောင်းဆိုတာမျိုး မရှိပေမဲ့ အစိုးရကို ဖိအားပေးတဲ့ လုပ်ဆောင်မှုတွေကိုတော့ တတ်နိုင်သမျှ ဆက်လုပ်သွားမယ်လို့ သူက ပြောသွားပါတယ်။
ဒီအတောတွင်း သီးခြားဖြစ်ရပ်တခုမှာတော့ တောင်ပိုင်းမြို့ Aden မှာရှိတဲ့ လေဆိပ်ကို အာဏာပိုင်တွေက ဒီကနေ့ ပိတ်ပစ်လိုက်ပြီး မစ္စတာ Hadi ရဲ့ အာဏာနဲ့ တိုင်းပြည်ရဲ့ အချုပ်အချာအာဏာကို တိုက်ခိုက်နေတာတွေကို ကန့်ကွက်တဲ့အနေနဲ့ အခုလို လေဆိပ်ကို ပိတ်ပစ်လိုက်တာလို့ သူတို့က ပြောပါတယ်။
VOA

ဒုက္ခသည် ၂၀၀၀ ကျော်အရေး ကချင်ပြည်နယ်အစိုးရ ကူညီမည်


ကေအိုင်အေနဲ့ အစိုးရစစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဖားကန်မြို့နယ်က ဒေသခံ နှစ်ထောင်၂၀၀၀ ကျော်လောက်ရဲ့ စားဝတ်နေရေးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူပေးမှာဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြည်နယ်အစိုးရအဖွဲ့ကို သွားရောက်တွေ့ဆုံစဉ်မှာ ပြောလိုက်တာဖြစ်တယ်လို့ PCG အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

"ပြည်နယ်အစိုးရအဖွဲ့က သူတို့မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ဒီမှာရှိတဲ့ပြည်သူလူထုတွေရဲ့ စားဖို့သောက်ဖို့ကို သူတို့လုပ်ဆောင်သွားပေးမယ်ပေါ့လေ၊ ဒါပေမဲ့ သူတို့အုပ်ချုပ်ရေးအောက်က ဖြစ်ပေမယ့်လည်း တိုက်ပွဲဖြစ်တဲ့နေရာမှာ သူတို့နဲ့အလှမ်းဝေးတဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့် မသွားရောက်နိုင်တာ ဖြစ်တယ်ဆိုတဲ့အကြောင်း၊ သူတို့မြို့နယ်ကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးတွေက တဆင့်ပေါ့လေ လိုအပ်တာကို ကူညီပေးမယ်လို့ပြောတယ်"

ဖားကန့်မြို့နယ် အောင်ဘာလေ၊ ငှက်ပျောတော၊ ကံဆီးခေါ နဲ့ ရောင်ချိုရွာက ရွာသားတွေဟာ ကံဆီးကျေးရွာကို ပြောင်းရွှေ့နေထိုင်နေကြတာဖြစ်ပါတယ်။

အဲဒီရွာသားတွေကို ဖားကန့်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်က ကူညီဖို့ကြိုးပမ်းခဲ့ပေမဲ့ အစိုးရတပ်မတော်က သွားခွင့်မပြုဘဲ တပ်မတော်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကူညီထောက်ပံ့ပေးမှာ ဖြစ်တယ်လို့လည်း အသင်းတော်ကို ကတိပေးလိုက်ပါတယ်။

ဒီနေ့မှာတော့ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ကြား ပစ်ခတ်မှုတွေမရှိတော့ဘူးလို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။

RFA Burmese

သပိတ်မှောက်ကျောင်းသားတွေ ကျောက်ဆည်မှာ ဖိအားပေးခံရ


အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်ကြတဲ့ ကျောင်းသူ ကျောင်းသား တွေကို ညအိပ်ခိုလှုံခွင့် မပေးဖို့ ကျောက်ဆည်မြို့က ဆင်ဖြူတော်ဝပ် ကျောင်းတိုက်ကို မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က သတိပေးထားပါတယ်။

မနေ့က မန္တလေးမြို့ကနေ စတင်ထွက်ခွာလာတဲ့ သပိတ်မှောက် ကျောင်းသူကျောင်းသား တစ်ရာကျော်ဟာ ဒီနေ့ ကျောက်ဆည်မြို့ကို ရောက်ရှိပြီး ညအိပ်နားနေမှာ ဖြစ်ပါတယ်။ အခုလိုဖိအားပေးနေတဲ့အတွက် ဘုန်းကြီးကျောင်းမှာ ညမအိပ်တော့ဘူးလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောပါတယ်။

"ကျနော်တို့ ကျောက်ဆည်မြို့မှာ ညအိပ်မယ်လို့ သတင်းတွေထုတ်ပြန်ထားတယ်၊ ကျနော်တို့ စဥ့်ကိုင်မြို့မရောက်ခင်မှာပဲ သတင်းကြားရတာက ကျနော်တို့ညအိပ်မယ်လို့ ကြိုတင်လျှောက်ထားတဲ့ ဘုန်းကြီးကျောင်းကို မြို့နယ်အာဏာပိုင်တွေက လာလျှောက်တယ်၊ ဒါခွင့်ပြုချက်တင်ပြီး ဆန္ဒပြသပိတ်မှောက်တာ မဟုတ်တဲ့အတွက် ဒီဟာကိုခွင့်မပြုဖို့ ဆရာတော်ကို လာခြိမ်းခြောက်တဲ့ပုံစံပြောတယ်၊ ဒါကြောင့် ကျနော်တို့ ညမအိပ်ဖို့ ဆုံးဖြတ်လိုက်တယ်"

မန္တလေးမြို့ အိမ်တော်ရာဘုရားဝင်းအတွင်းကနေ မနေ့က စတင်လမ်းလျှောက်ကြတဲ့ ကျောင်းသားကျောင်းသူတွေဟာ မနေ့ညက ပုလိပ်မြို့မှာ ညအိပ်နားခဲ့ကြပါတယ်။ ကျောင်းသူကျောင်းသားတွေဟာ မြင်းခြံ၊ ပခုက္ကူ၊ မကွေးနဲ့ ပြည်မြို့တွေကို ဖြတ်သန်းပြီး ရန်ကုန်မြို့မှာ တနင်္သာရီတိုင်းဒေသကြီးဘက်က လာကြမယ့် ကျောင်းသူကျောင်းသားတွေနဲ့ ပူးပေါင်းကြမှာဖြစ်ပါတယ်။

RFA Burmese

သပိတ်မှောက် ကျောင်းသားများ တည်းခိုမည့် ကျောက်ဆည် ဘုန်းကြီးကျောင်း ဖိအားပေးခံရ

 
ကျောက်ဆည်မြို့ရောက်  ဆန္ဒပြ ကျောင်းသားများ (ဓာတ်ပုံ - ဒီမိုကရေစီပညာရေးလူပ်ရှားမှု ဦးဆောင်ကော်မတီ)
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ကြတဲ့ ကျောင်းသူကျောင်းသားတွေကို ညအိပ်ခိုလှုံခွင့်မပေးဖို့ ကျောက်ဆည်မြို့က ဆင်ဖြူတော်ဝပ်ကျောင်းတိုက်ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

မနေ့က မန္တလေးမြို့ကနေ စတင်ထွက်ခွာလာတဲ့ သပိတ်မှောက် ကျောင်းသူကျောင်းသား တစ်ရာကျော်ဟာ ဒီနေ့ ကျောက်ဆည်မြို့ကို ရောက်ရှိပြီး ညအိပ်နားနေမှာ ဖြစ်ပါတယ်။ အခုလိုဖိအားပေးနေတဲ့အတွက် ဘုန်းကြီးကျောင်းမှာ ညမအိပ်တော့ဘူးလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောပါတယ်။

"ကျနော်တို့ ကျောက်ဆည်မြို့မှာ ညအိပ်မယ်လို့ သတင်းတွေထုတ်ပြန်ထားတယ်၊ ကျနော်တို့ စဥ့်ကိုင်မြို့မရောက်ခင်မှာပဲ သတင်းကြားရတာက ကျနော်တို့ညအိပ်မယ်လို့ ကြိုတင်လျှောက်ထားတဲ့ ဘုန်းကြီးကျောင်းကို မြို့နယ်အာဏာပိုင်တွေက လာလျှောက်တယ်၊ ဒါခွင့်ပြုချက်တင်ပြီး ဆန္ဒပြသပိတ်မှောက်တာ မဟုတ်တဲ့အတွက် ဒီဟာကိုခွင့်မပြုဖို့ ဆရာတော်ကို လာခြိမ်းခြောက်တဲ့ပုံစံပြောတယ်၊ ဒါကြောင့် ကျနော်တို့ ညမအိပ်ဖို့ ဆုံးဖြတ်လိုက်တယ်"

မန္တလေးမြို့ အိမ်တော်ရာဘုရားဝင်းအတွင်းကနေ မနေ့က စတင်လမ်းလျှောက်ကြတဲ့ ကျောင်းသားကျောင်းသူတွေဟာ မနေ့ညက ပုလိပ်မြို့မှာ ညအိပ်နားခဲ့ကြပါတယ်။ ကျောင်းသူကျောင်းသားတွေဟာ မြင်းခြံ၊ ပခုက္ကူ၊ မကွေးနဲ့ ပြည်မြို့တွေကို ဖြတ်သန်းပြီး ရန်ကုန်မြို့မှာ တနင်္သာရီတိုင်းဒေသကြီးဘက်က လာကြမယ့် ကျောင်းသူကျောင်းသားတွေနဲ့ ပူးပေါင်းကြမှာဖြစ်ပါတယ်

RFA

ပညာရေး တောင်းဆို ချက်တွေ ညှိနှိုင်းမယ်ဆိုမှ သပိတ်လှန်မည်



အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ တောင်းဆို ထားတဲ့ အချက်အလက်တွေ အတိုင်း၊ လက်တွေ့ဖြစ်မလာ မချင်း သပိတ်လှန်မှာ မဟုတ်ဘူး လို့ ကျောင်းသားတွေ ကပြောပါတယ်။

ပညာရေးဥပဒေကို သုံးသပ်ပြင်ဆင်ပေးဖို့ သမ္မတက လွှတ်တော်ကို သဝဏ်လွှာ ပေးပို့တာကို ကျောင်း သားတွေအနေနဲ့ ကြိုဆိုပေမယ့်၊ သူတို့တောင်းဆိုထားတဲ့ အတိုင်း ညှိနှိုင်းပြင်ဆင်မှ သပိတ်ပြန်လှန်မယ်လို့ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကို အခုလိုပြော ပါတယ်။

" ကျနော်တို့က သမ္မတအနေနဲ့ စာရေးပြီးတောင်းဆို တာကို ကျနော်တို့ကြိုဆိုပါတယ်၊ ဒါပေမယ့်ကျနော် တို့ လိုချင်တဲ့အချက်တွေကို အစိုးရက ကျနော်တို့ နဲ့ တွေ့ဆုံဆွေးနွေး တာမျိုးမရှိပဲနဲ့ တင်ပေးတဲ့ဥစ္စာ ကို ပြင်ပေးတယ်ဆိုရင် မကောင်းဘူးလေ၊ အဲ့တော့ ကျနော်တို့ကတော့ ဒီညနေပဲ ဘုန်းကြီးကျောင်းမှာ ကျနော်တို့ကျောင်းသားတွေစကား ပြောဖြစ်တယ်၊ အားလုံးရဲ့သဘောထားကတော့ တွေ့ဆုံဆွေးနွေးရေး ရယ်၊ နောက်ပြီး တော့ ကျနော်တို့တောင်း ဆိုထားတဲ့ ၁၁ ချက်ရယ်၊ အဲ့အချက်တွေအကုန်လုံးကို ထင်သာမြင်သာတဲ့ ဥပဒေထွက်ပြီးတော့ ပြင်ပြီးသွားပြီဆိုမှသာလျှင် ကျနော်တို့က သပိတ်လှန်မှာဖြစ်တဲ့ အတိုင်း ဒီရန်ကုန်ကို လမ်းလျှောက်တဲ့ လှုပ်ရှားမှုကတော့ဆက်ပြီး သွားနေမှာပဲ၊ အားလုံးကအဲ့လိုပဲ ဆုံးဖြတ် ပါတယ်၊ ကျောင်းသားတွေ "

အစိုးရကအတည်ပြုပြဌါန်းလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေဟာ အရင်စနစ်ဟောင်း အတိုင်း ဗဟိုချုပ်ကိုင်မှု များနေသေးသလို၊ တိုင်းရင်းသားတွေ၊ မသန်စွမ်း သူတွေ အတွက်ကိုလဲ အထူးပြုပြဌာန်းထားတာမပါကြောင်း၊ ဆရာ သမဂ္ဂတွေ၊ ကျောင်းသား သမဂ္ဂတွေ ဖွဲ့စည်းခွင့်ကိုလည်း လျစ်လျူရှုထားတဲ့ အကြောင်း ကျောင်းသားနဲ့ ပညာရှင်တွေ က ထောက်ပြထားကြပါတယ်။

ဒီကိစ္စအတွက် အစိုးရ၊ လွှတ်တော်၊ ဥပဒေရေးဆွဲခဲ့တဲ့ပညာရှင်တွေနဲ့ ကျောင်းသား ခေါင်းဆောင်တွေ ၄ ပွင့် ဆိုင်တွေ့ဆုံညှိနှိုင်းပြီး၊ ဥပဒေကိုပြန်လည်ပြင်ဆင်ဖို့ ဗကသ၊ တကသ အစရှိတဲ့ကျောင်းသား သမဂ္ဂတွေက အစိုးရကို ၂ လကြာ အချိန်ပေး တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အစိုးရဘက်က အချိန်မီ တစုံတရာ အကြောင်း မပြန်တဲ့ အတွက် ကျောင်းသားတွေက သပိတ်အရှိန်မြှင့်လိုက်ကြတာဖြစ်ပါတယ်။

ဒါကြောင့် သပိတ်မှောက်ခံနေရတဲ့ အဲ့ဒီပညာရေးဥပဒေကို လွှတ်တော်ကပဲ ပြန်လည် သုံးသပ် ပြင်ဆင်ဖို့ တိုက်တွန်းတဲ့ သဝဏ်လွှာကို သမ္မတက လွှတ်တော်ကို ပို့လိုက်တာဖြစ်ပါတယ်။

RFA Burmese

PR စနစ် အတည်ပြုချက် စိစစ်ဖို့ အခြေခံဥပဒေခုံရုံးထံ အမျိုးသားလွှတ်တော်တင်ပြ

အမျိုးသား လွှတ်တော် ရွေးကောက်ပွဲမှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ အမျိုးသား လွှတ်တော်က အတည်ပြု ထားတာကို လွှတ်တော် ကိုယ်စားလှယ် ၂၆ ဦးက အဲဒီ့စနစ်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်ပေးဖို့ အခြေခံ ဥပဒေ ခုံရုံးထံ တင်ပြထားကြောင်း ဒီနေ့ လွှတ်တော်ထံ အသိပေးခဲ့ပါတယ်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၆ ဦးရဲ့ တင်ပြမှုကို အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က လွှတ်တော်ထံ အခုလိုအသိပေးကြေညာခဲ့ပါတယ်။

"အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာစနစ်ကျင့်သုံးခြင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ချန်လှပ်ပြီး ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်တို့တွင် တပြေးညီကျင့်သုံးရန် လျာထားခြင်းနဲ့ တင်ပြထားသော ရွေးကောက်ပွဲပုံစံ နှစ်မျိုးတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ အဆုံးအဖြတ်ပြုပေးပါရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် အပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးတို့က အမျိုးသားလွှတ်တော်ဥက္ကဌ မှတဆင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြလာပါတယ်"

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွေမှာ PR စနစ် ကျင့်သုံးပေးဖို့အဆိုကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြီးခဲ့တဲ့နှစ် ဇွန်လမှာ လွှတ်တော်ထံ တင်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီ့အဆိုကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပြီးနောက် PR ရွေးကောက်ပွဲစနစ်တွေကို လေ့လာဖို့ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ PR စနစ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိဘူးဆိုပြီး ပယ်ချထားပါတယ်။

RFA Burmese

၆ ပွင့်ဆိုင်ဆွေးနွေးရေး အကြံပြုရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖိတ်ခေါ်


ဦးခင်အောင်မြင့် ပြောကြားနေစဉ်
 ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ အတွက် အကြံပြုချက်တွေ ပေးပို့ကြဖို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော် ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ  ဖိတ်ခေါ်လိုက်တာလို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

‘ဒီနေ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ၆ ပွင့်ဆိုင်မှာ သူက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအနေနဲ့ တက်ရောက်ဆွေးနွေးမှာဖြစ်တဲ့အတွက် အကြံပြုလိုတာတွေရှိရင် ဇန်န၀ါရီလ ၂၃ ရက်နေ့နောက်ဆုံးထားပြီးတော့ ပေးပို့နိုင်ပါတယ်လို့ ကြေညာပါတယ်’လို့ သူက ပြောပါတယ်။

ခေတ်နဲ့ညီတဲ့ ဖွဲ့စည်းပုံဖြစ်ရေးနဲ့ အနာဂတ်တိုင်းပြည်တည်ဆောက်ရေး အခြေအနေကောင်းတွေ ဖန်တီးလမ်းခင်းပေးဖို့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်အကြီးအကဲ ၂ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားပြု လွှတ်တော် ကို်ယ်စားလှယ်တဦး စုစုပေါင်း ၆ ဦးတွေ့ဆုံဆွေးနွေးကြဖို့ နိုဝင်ဘာလ ၂၅ ရက်နေ့ကတည်းက  ပြည်ထောင်စု လွှတ်တော်က အတည်ပြုဆုံးဖြတ်ထားတာပါ။

သမ္မတကတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အည်ီဆောင်ရွက်ပါက လွှတ်တော်ဆုံးဖြတ်ချက်အတိုင်း လိုက်နာလုပ်ဆောင်သွားဖို့ အသင့်ရှိတဲ့အကြောင်းနဲ့ ဒီလုပ်ထုံးကိုကျော်လွန်လုပ်ဆောင်ပါက တရားဥပဒေစိုမိုးရေးကိုကျော်လွန်လုပ်ဆောင်သလို ဖြစ်နိုင်တယ်လို့   ဒီဆွေးနွေးပွဲနဲ့ စပ်လျဉ်းပြီး လွှတ်တော်ကို အကြောင်းပြန်ကြားထားပါတယ်။

အဆိုပါ သမ္မတရဲ့ ရပ်တည်ချက်ဟာ ပကတိဖြစ်ရပ်နဲ့ တခြားစီဖြစ်နေတယ်လို့  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောနေတဲ့ ရှေ့နေဦးကိုနီက ဝေဖန်ပါတယ်။

“ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ကိစ္စဟာ လွှတ်တော်လမ်းကြောင်းအတိုင်း သွားဖို့ မဖြစ်နိုင်လို့ ဒီအဆိုတင်ပြီးတော့ သမ္မတကို ခြောက်ပွင့်ဆိုင် ဆွေးနွေးပြီး အဖြေရှာဖို့ပြောတာ။ ဆိုလိုတာက လွှတ်တော်လမ်းကြောင်းအတိုင်းသွားရင် ၇၆ ရာခိုင်နှုန်း ထောက်ခံဖို့လိုတယ်။ ၇၆ ရာခိုင်နှုန်းက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လောလောဆယ် အရပ်သားက ၇၂ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ၂၃ ယောက်လောက်က လစ်လပ်နေတယ်။ အဲဒီတော့ စစ်တပ်ဘက်က ၂၈ ရာခိုင်နှုန်းလောက်ရှိနေတယ်။ ဒီအခြေအနေမှာ လွှတ်တော်လမ်းကြောင်းအတိုင်း သွားလို့ တပ်မတော်က မထောက်ခံရင် လွှတ်တော်ကိုတောင်ဖြတ်ဖို့ မဖြစ်ဘူး။ အဲဒါဆို လွှတ်တော်လမ်းကြောင်းက လမ်းဆုံးသွားတော့မယ်၊ တနည်းအားဖြင့် လွှတ်တော်ဟာ လူထုဆန္ဒကို မဖြည့်ဆည်းနိုင်တဲ့ အနေအထားဖြစ်တော့မယ်။ ဒါကို ကြိုမြင်တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီက ဒီအဆိုကို တင်တာပါပဲ။ ဒါက ဘာတုန်းဆိုတော့ ညှိနှိုင်းဆွေးနွေးပြီးအဖြေရှာဖို့ တင်လိုက်တဲ့လမ်းကြောင်းကို သမ္မတက ဆုပ်ကိုင်ဖို့ကိစ္စကို တော်တော် ၀န်လေးနေတယ်” လို့ သူက ပြောပါတယ်။

သမ္မတရဲ့ သ၀ဏ်လွှာမှာတော့ ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်ခေါင်းစဉ်တွေ၊ ထည့်သွင်းဆွေးနွေးလိုတဲ့ မူဘောင်နဲ့ အသေးစိတ်အကြောင်းအရာတွေကို ကြိုတင်လေ့လာနိုင်ဖို့ အတွက် သမ္မတထံ ပေးပို့ဖို့နဲ့ ဒီဆွေးနွေးပွဲကို ဘယ်လိုဆောင်ရွက်ပေးစေလိုတယ်ဆိုတာ  ပြန်ကြားဖို့  လွှတ်တော်ကို သမ္မတက  တိုက်တွန်း ထားပါတယ်။

By ဒီဗွီဘီ

ဆန္ဒထုတ်ဖော်ခွင့်တင်ရန် တိုင်းအစိုးရ ကမ်းလှမ်းချက် ထားဝယ်ကျောင်းသားများ သဘောတူ

https://mail-attachment.googleusercontent.com/attachment/u/1/?view=att&th=14b0bfa3cea7df79&attid=0.1&disp=inline&realattid=f_i56ju7gr0&safe=1&zw&sadnir=1&saduie=AG9B_P-cmKtDmzssMwhud-btgRy1&sadet=1421852554949&sads=B64aEP82x1VDXyHd70I3chbRJ-s
ဆန္ဒပြပွဲ ဒုတိယနေ့တွင် နည်းပညာတက္ကသိုလ် (ထားဝယ်)တွင် ထိုင်းသပိတ် ပြုလုပ်နေစဉ်
ဓာတ်ပုံ - တင့်လွင် / Dawei Watch
|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၂၁
ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်မှု ပထမရက်အပြီးတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရက ဆန္ဒထုတ်ဖော်ခွင့်တင်ပါက ချက်ချင်း ခွင့်ပြုပေးမည်ဟု ကမ်းလှမ်းမှုကို သဘောတူခဲ့ပြီး ဇန်န၀ါရီ ၂၁ ရက်နေ့ ဆန္ဒပြမှုကို ဆက်လက်ခဲ့ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု  ဦးဆောင်ကော်မတီဝင် ဦးမင်းလွင်ဦးက ပြောသည်။
ခွင့်ပြုချက်မယူဘဲ ဆက်လက်ဆန္ဒထုတ်ဖော်လျှင် တင်းမာမှုများ ပိုမိုကြီးထွားလာမည်ကို စိုးရိမ်၍ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်ရယူကာ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ၄င်းထံမှ သိရသည်။
“ကျောင်းသားတွေ လုံခြုံမှု ပိုမိုရလာအောင်အတွက် ဆန္ဒထုတ်ဖော်ခွင့် တင်လိုက်တာဖြစ်တယ်”ဟု မင်းလွင်ဦးက ဆိုသည်။
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သော ရက်ပေါင်း ၆၀ အလွန် သပိတ်တိုက်ပွဲကို ဇန်န၀ါရီလ ၂၀ ရက် နေ့မှစတင်ခဲ့ပြီး ယင်းနေ့တွင် ထားဝယ်တက္ကသိုလ်သို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်။
ဆန္ဒထုတ်ဖော်ပွဲ ဒုတိယနေ့တွင် နည်းပညာတက္ကသိုလ်(ထားဝယ်)သို့ ချီတက်ခဲ့သည်။
ကျောင်းစာသင်ခန်းများသို့ မသွားရောက်ရန် တိုင်းဒေသကြီး အစိုးရက အသိပေးပြောဆိုထားသော်လည်း နည်း ပညာတက္ကသိုလ် ဆန္ဒထုတ်ဖော်စဉ် စာသင်ခန်းဖက်သို့ သွားရောက်ကာ ကျောင်းသား/သူများကို ပူးပေါင်း ပါဝင်ရန် လှုပ်ဆော်စည်းရုံးခဲ့သည်ဟု ဆန္ဒထုတ်ဖော်သူများက ပြောသည်။
စာသင်ခန်းကို သွားမယ့်လမ်းကို ပိတ်ဆို့တားဆီးခဲ့တာဟာ အမျိုးသားပညာရေးဥပဒေကို ပြောင်းလဲမှုကို စတင်လုပ်ဆောင်နေတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲမှုကို မလိုလားတဲ့အတွက် တားဆီးတယ်လို့ ခံစားရတယ်”ဟု ဦးမင်းလွင်ဦးက ပြောဆိုသည်။
စာသင်အချိန်တွင် စာသင်နေသူများကို အနှောက်အယှက် မဖြစ်စေချင်တားဆီးရခြင်းဖြစ်ပြီး ဥပဒေနဲ့အညီ အေး အေးချမ်းချမ်း ဆန္ဒထုတ်ဖော်မှုမျိုးသာ ဖြစ်စေချင်ကြောင်း နည်းပညာတက္ကသိုလ်(ထားဝယ်) ကျောင်းအုပ်ကြီး ဒေါက်တာ အောင်နိုင်မြင့်က ပြောဆိုသည်။
ရက်ပေါင်းမည်မျှ ဆန္ဒပြမည်ကို အတိအကျ မသတ်မှတ်ထားဘဲ မန္တလေးတိုင်းမှ ကျောင်းသားများ ရန်ကုန်ရောက်ချိန်နှင့် ချိန်ကာ  တနင်္သာရီတိုင်းမှ ကျောင်းသားများက သွားရောက်ပူးပေါင်းကာ သပိတ်တိုက်ပွဲကို ဆင်နွှဲသွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။
Dawei Watch

"ငါ့ကို ဒီလိုပြောထားတယ်။ ငါ ဒီထက် ပိုပြီး လုပ်ပြမယ်"

Sexy Model သရုပ်ဆောင် ဇွန်သဉ္ဖာ (ဓာတ်ပုံများ - ယမင်းဦး)

သရုပ်ဆောင်အနုပညာလောကထဲမှာ ဖြတ်လမ်းနည်းနဲ့ အောင်မြင်ပေါက်မြောက်အောင် sexy pose တွေကို ရိုက်ခဲ့တာပါလို့ ဧရာဝတီကို ပြောခဲ့ဖူးတဲ့ သရုပ်ဆောင်မော်ဒယ်လ် ဇွန်သဉ္ဖာတယောက် အနုပညာ လောကထဲကို ၀င်လာတဲ့ ၁ နှစ်ခွဲကျော်ကာလအလွန်မှာ သူ ရပ်တည်ချင်တဲ့နေရာတခုကို ကျေနပ်မှုအပြည့်နဲ့ ရပ်တည်နေနိုင်ပြီလားဆိုတဲ့အပေါ် ဧရာဝတီဘလော့ဂ်ကို သူပြောပြဖြစ်တာက..

“ကိုယ့်အနေနဲ့ကျတော့ လက်ရှိမှာတော့ ကိုယ်လိုချင်တဲ့ အောင်မြင်မှုအထိတော့ မရောက်ဘူးပေါ့နော်။  ကိုယ့်ရဲ့ ဖြစ်တည်မှု ကိုယ့်ရဲ့ ဘ၀ပေးအခြေအနေနဲ့ ဖြစ်သင့်သလောက်တော့ ဖြစ်လာတဲ့အတွက်တော့ အရမ်းကျေနပ်ပါတယ်။ အခုလိုမျိုး အားပေးတဲ့ပရိတ်သတ်တွေရှိတဲ့အတွက်လည်း ဒီနေ့ဒီနေရာမှာ အခုလိုမျိုး နာမည်တလုံးနဲ့ ရပ်တည်နိုင်တဲ့အတွက် ကျေနပ်ပါတယ်။ ဒါပေမယ့် ကျမလိုချင်တဲ့ အောင်မြင်တဲ့ သရုပ်ဆောင် တယောက် ဖြစ်ဖို့အတွက်တော့ ကျမအနေနဲ့ ခက်ခဲနေတုန်းပါပဲ။ အထူးသဖြင့် ကျမက ဒီဘက်မှာ ဓာတ်ပုံ မော်ဒယ်လ်ပိုင်းမှာ အရမ်းနာမည်ကြီးသွားတဲ့အတွက် သရုပ်ဆောင်ပိုင်းမှာ လွယ်လင့်တကူတော့ အရမ်းကြီး အောင်မြင်မသွားဘူး။ အဲ့ဒီအပိုင်းနှစ်ခုက ပတ်သက်သလိုနဲ့ နည်းနည်းတော့ ကွာဟတယ်။ သရုပ်ဆောင်ပိုင်းက လူတွေက အရမ်းဟော့တာကြီးကို သုံးရမှာ နည်းနည်းလန့်တာမျိုးတွေရှိတယ်။ အဲ့ဒီတော့ ကိုယ် ဒီဘက်မှာ အောင်မြင်တယ်။ ကိုယ်ဖြစ်ချင်တဲ့ နေရာတခုကိုရောက်ဖို့အတွက်တော့ တအားကြီးတော့ မလွယ်ကူ သေးဘူးပေါ့နော်။ ထပ်ကြိုးစားရဦးမယ်။ တဖက်မှာ ကိုယ်ဖြစ်ချင်တဲ့ သရုပ်ဆောင်ပိုင်းမှာတော့ အောင်မြင်ချင် လည်း အောင်မြင်မယ်။ မအောင်မြင်လည်း ဓာတ်ပုံလိုင်းမှာပဲ ရှိရင်လည်းရှိမယ်။ ဒါကတော့ ကျမရဲ့ ကံပဲပေါ့။ အခုချိန်ထိတော့ ကျမ ဖြစ်ချင်တဲ့နေရာတခုအထိတော့ မရောက်သေးဘူး။ လက်ရှိအနေအထားလေးတော့ ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇွန်သဉ္ဖာဆိုတဲ့ အနေအထားတခုက ဒီလိုအနေအထားမျိုးကို ဒီနေရာကို ရောက်လာတယ်ဆို ကတည်းက တော်တော်တော့ ကျေနပ်ဖို့ကောင်းပါတယ်။ ဒါပေမယ့် ကျမဖြစ်ချင်တဲ့ နေရာတော့ မဟုတ်သေးဘူးပေါ့။” လို့ မော်ဒယ်လ် ဇွန်သဉ္ဖာက ဆိုပါတယ်။

သူပြောပြတဲ့ထဲက သရုပ်ဆောင်ပိုင်းမှာ လူတွေက အရမ်းဟော့တာကြီးကို သုံးရမှာ နည်းနည်းလန့်တယ်ဆိုတဲ့ အနအထားတခုမှာ ဘာကို ဘာကြောင့် လန့်ရတာလဲဆိုတာ စိတ်ဝင်စားစရာတခုပါ။ ဒါကို ဆက် မေးကြည့်တော့..

“သူတို့ကတော့ ကျမရဲ့ ဓာတ်ပုံတွေက Nude တွေဘာတွေနဲ့ ဟော့တယ်ဆိုတဲ့အခါမှာ သူတို့ခေါ်သုံးလိုက်ရင် သူတို့နဲ့များ သမုတ်ခံရမလား ဒါမှမဟုတ်လည်း ဒီလို အရမ်း ဟော့နေတာကို သုံးလိုက်ရင် သူတို့ ဇာတ်ကား အတွက်များ နည်းနည်းပါးပါး image ပျောက်မလား စသဖြင့် ဒီလိုတွေးတာမျိုးလည်းရှိပါတယ်။ ဒါပေမယ့်  တချို့ကျတော့လည်း ဇာတ်က အရမ်းကောင်းနေတဲ့အတွက် ခေါ်သုံးလိုက်ရင် သူတို့ကားအတွက် အများကြီး အကျိုးကျေးဇူးရှိမယ်။ လူတွေက ကိုယ့်နာမည်တလုံးနဲ့ ငှားမလားပေါ့။ နှစ်ဦးနှစ်ဖက်ကတော့ မျှနေပါတယ်။ ကိုယ့်ကို သဘောကျလို့ ငှားချင်တဲ့သူရှိသလို ကြောက်တဲ့သူလည်းရှိတယ်။” လို့ သူ့ရဲ့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ပြောပါတယ်။

သရုပ်ဆောင် မော်ဒယ်လ် ဇွန်သဉ္ဖာဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက Nude ဓာတ်ပုံတွေနဲ့ Sexy pose တွေကြောင့် လူသိများလာခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အဲ့ဒီဓာတ်ပုံတွေကြောင့် ပရိတ်သတ်အားပေးမှု ရရှိလာခဲ့သလို ဝေဖန်ပြစ်တင်မှုများစွာနဲ့လည်း တွေ့ကြုံခဲ့ရသူပါ။ သူဖြတ်သန်းလာခဲ့တဲ့ အနုပညာသက်တမ်းတလျှောက်မှာ အားပေးမှုနဲ့ ဝေဖန်မှု နှစ်ခုမှာ ဘယ်လိုဒဏ်မျိုးကို အများဆုံး ခံခဲ့ရလဲ ဆိုတာဟာလည်း စိတ်ဝင်စားစရာတခုပါ။ Sexy Model ဆိုတဲ့ အနေအထားတခုက မြန်မာပြည် လူ့အသိုင်းအ၀ိုင်းနဲ့ ကျင်းသားရအောင် လေ့ကျင့်ယူနေတဲ့ အချိန်ကာလတခုလို့ဆိုရမလိုပင်။

“အဲ့ဒါကြည့်လိုက်မယ်ဆိုရင် မျှခြေလောက်ပဲရှိတယ်။ အားပေးတဲ့သူတွေကလည်း အားပေးနေသလို၊ ကန့်ကွက် တဲ့သူတွေကလည်း ကန့်ကွက်နေတယ်။ တချို့ဆိုရင် ဒီလိုမျိုး နာမည်တလုံးအတွက် တကူးတက ဌားတယ်။ ပွဲတွေ ဌားတယ်။ တချို့ကျတော့လည်း ခေါ်ရမှာ ကြောက်တယ်ပေါ့။ အဲ့လိုအနေအထားလေး နှစ်ခုကတော့ ရှိတယ်ပေါ့။ တချို့ဆိုရင် အနုပညာသမားတွေကအစ ကိုယ့်ကို လာပြီးတော့ ညီမလေး ဆိုပြီး တွဲခေါ်တယ်။ အားပေးတယ်။ တချို့ကျတော့လည်း တွဲပြီးတော့ သုံးပေးရမှာ၊ ခေါ်ပေးရမှာ ဒီလိုမျိုးနာမည်ကြီးတာကို သူတို့နဲ့ မတူသလို မတန်သလို ဆက်ဆံတာမျိုးတွေလည်းရှိတယ်။ လောလောဆယ်အထိတော့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက တိုက်ခိုက်တာမျိုးတော့ မရှိဘူး။ အပြင်သူငယ်ချင်း အပေါင်းအသင်း သိပ်မရှိတာလည်း ပါပါတယ်။ ကိုယ့်အလုပ်နဲ့ ကိုယ့်ဟာနဲ့ကိုယ်ဆိုတော့လေ။ ဒါပေမယ့် သူတို့စိတ်ထဲမှာ ဘယ်လိုတွေ တွေးပြီး ဘယ်လိုတွေဖြစ်နေမလဲဆိုတာတော့ မပြောတတ်ဘူး။ ကျောင်းတုန်းက သူငယ်ချင်းတွေ ဘာတွေနဲ့လည်း အခု ပြန်ပြီး မတွေ့မိတော့ သူတို့ရဲ့ စိတ်သဘောထားတွေဘာတွေလည်း ပြန်မကြည့်ဖြစ်တော့ဘူး။ ဒါပေမယ့်လည်း သူတို့က ကိုယ့်ကို ချိုးချိုးနှိမ်နှိမ် ဆက်ဆံခဲ့မယ်ဆိုရင်လည်း ကိုယ့်စိတ်ထဲမှာ ဘာမှ ထားပြီးတော့ တုန့်ပြန်နေမှာတော့ မဟုတ်ပါဘူး။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းကြောင်း ဆိုတော့လေ။” လို့ ဇွန်သဉ္ဖာက ပြောပါတယ်။






အားပေးမှုဆိုတာကိုဖယ်ထားပြီး ဝေဖန်မှုဆိုတဲ့အတိုင်းအတာတခုအပေါ် စိတ်ပျက်အားငယ်သွားတာမျိုးရော ရှိဖူးလားဆိုတဲ့အမေးအပေါ် ဇွန်သဉ္ဖာက အခုလိုပြောပါတယ်။

“တခါတလေတော့လည်း စိတ်ဓာတ်တွေဘာတွေ ကျမိပါတယ်။ ဒါပေမယ့် အားပျက်ပြီးတော့ ငါ့မလုပ်တော့ဘူး။ ငါနောက်ပြန်လှည့်လိုက်မယ်လို့ တွေးမိတဲ့အခါမျိုးတွေတော့ မဖြစ်မိဘူး။ ကိုယ့်ဘက်ကိုပိုပြီးတော့ လာပြော လေ။ ပိုပြီးတော့ မုန်းလေ။ ကိုယ့်စိတ်ထဲမှာ မခံချင်စိတ်နဲ့ သူ ပိုပြောလာအောင် ငါ ပိုလုပ်ဦးမယ်ဆိုပြီး အရွဲ့တိုက်ချင်စိတ်ပေါ့။ အဲ့ဒါက ပိုများတယ်။ စိတ်ပျက်တာ ခဏပဲ။ ပြီးရင် ငါ့ကို ဒီလိုပြောထားတယ်။ အိုကေ ငါ ဒီထက် ပိုပြီး လုပ်ပြမယ်။” လို့ ဆိုပါတယ်။

Sexy မော်ဒယ်လ် လမ်းကြောင်းပေါ်ကို နောက်ထပ်ရောက်လာတဲ့ မော်ဒယ်လ်တွေကို ပြောချင်တာက..

“ပုံမှန်နေနေရင် ကိုယ့်ဘာသာ ယုံကြည်မှုရှိတယ်ဆိုရင် ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းပေါ်မှာ နောင်တ မရဘဲနဲ့ ဆက်လျှောက်ပါ။ ကိုယ်ဖောက်ထွက်နိုင်မှ ဒီလောကက ထူးခြားပြီးတော့ ပေါက်ထွက်မှာပေါ့နော်။ သမားရိုးကျ အတိုင်းဆိုရင်တော့ သိပ်ပြီးတော့ မလွယ်ဘူး။ သူများနဲ့မတူအောင် ကိုယ်ဘယ်လိုနေနိုင်မလဲ ဘယ်လိုလုပ် နိုင်မလဲ ဒါဆိုရင်တော့ ကျမ အားပေးပါတယ်။ ဆက်လုပ်ပါ။ ဒါပေမယ့် အကောင်းတွေချည်းပဲ ရလာမှာတော့ မဟုတ်ဘူး။ အဆိုးနဲ့အကောင်းနဲ့ကတော့ ဘက်မျှနေတဲ့အတွက် ကိုယ်နောင်တမရဘူးဆိုရင် ဆက်လုပ်ပါလို့ ပြောချင်ပါတယ်။” လို့ သရုပ်ဆောင် မော်ဒယ်လ်ဇွန်သဉ္ဖာ က အကြံပေးပါတယ်။

ဆက်ပြီး ဇွန်သဉ္ဖာက သူရွေးချယ်ခဲ့တဲ့ သူ့ရဲ့ အနုပညာလမ်းကြောင်းနဲ့ ပတ်သက်လို့ ..

“တကယ်လို့များ ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ ကျမက အခုချိန်ထိတော့ ကျမမှာ အောင်မြင်သင့်သလောက်တော့ အောင်မြင်ခဲ့ပြီးပြီ။ တချိန်ချိန်မှာ မအောင်မြင်တော့တဲ့အချိန်မှာ ပတ်ဝန်းကျင်မှာ ၀ိုင်းပြီးဝေဖန်တာတို့ ပြစ်တင်တာတို့များ ဖြစ်လာခဲ့မယ်ဆိုရင် အဲ့ဒီဒဏ်တွေကို ကောင်း ကောင်းခံဖို့ အခုကတည်းက ပြင်ဆင်ထားပါတယ်လို့ ..။ လူတွေက ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်ခွင့်ရခဲ့ အတွက် ကိုယ့်ထမင်းကိုယ်စားပြီး အသက်ရှင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ ပတ်ဝန်းကျင်က တချိန်မှာ ဒီအလုပ်ကို လုပ်ခဲ့ဖူးတဲ့လူပါဆိုပြီး ၀ိုင်းပြီး နှိပ်ကွပ်ပြီး ပစ်ပယ်ထားမယ်ဆိုရင်တောင် အခုချိန်မှာ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ခွင့်ရတဲ့အတွက် ကျေနပ်သွားပြီ၊ ခံနိုင်ရည်ရှိနေပါပြီလို့ ပြောချင်ပါတယ်။” လို့ ဆိုပါတယ်။



ဧရာဝတီ Blog

“အမြင့်ဆုံးမျှော်လင့်ချက်ကOne Lady Show အကြီးကြီးလုပ်ချင်တာ”

 
စန္ဒီမြင့်လွင်ကို သရုပ်ဆောင်တယောက်အဖြစ်ထက် Rapသီချင်းတွေဆိုတဲ့ အမျိုးသမီး Rapper တဦးအဖြစ် သူ့ပရိသတ်တွေကပိုပြီး လက်ခံကြလိမ့်မယ်ထင်ပါတယ်။ တကိုယ်တော်ခွေသုံးခွေထွက်ရှိထားပြီး ရှေ့က ထွက်ရှိထားတဲ့ “ဆေးရောင်လှလှ ခြယ်ရအောင်” နဲ့ “ရှော့ခ်” စီးရီးခွေတွေထဲက သီချင်းများဟာဆိုရင်လည်း အမျိုးသမီးပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့သီချင်းတွေ ဖြစ်ခဲ့ပါတယ်။ တတိယမြောက် တေးစီးရီးဖြစ်တဲ့  “ကလီယိုပါထရာ”တေးစီးရီး VCD ကလည်း မကြာခင်မှာ ထွက်ရှိတော့မှာပါ။ အရင်ကထွက်ခဲ့တဲ့ တေးစီးရီး နှစ်ခွေကိုကြည့်ရင် အမိုက်စားရိုက်ချက်တွေကြောင့် လူငယ်ပရိသတ် ကြိုက်နှစ်သက်ခဲ့ကြသလို အခု ဇန်နဝါရီ ၁၇ရက်နေ့မှာထွက်ရှိမယ့်“ကလီယိုပါထရာ”တေးစီးရီးမှာရော ရှေ့ကစီးရီးတွေထက် ဘယ်လို ပိုဆန်းသစ်တဲ့ ရိုက်ချက်တွေကို သူ့ပရိသတ်တွေ တွေ့မြင်နိုင်ဖို့ရှိပါသလဲ။ ဒီးဒီလို့ ချစ်စနိုးခေါ်ကြတဲ့ စန္ဒီမြင့်လွင်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။ “ကလီယိုပါထရာ”တေးစီးရီး VCD ကို ဇန်နဝါရီ ၁၇ရက်နေ့မှာ ချိုကြည်သာတေးသံသွင်းက ဖြန့်ချိမှာဖြစ်ပြီး ညနေ ၄နာရီ အချိန်၊ Junction Square Shopping Center မှာစန္ဒီမြင့်လွင်နဲ့ အနုပညာရှင်များက အမှတ်တရလက်မှတ်ရေးထိုး ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

မေး။  ။ ကလီယိုပါထရာက ကြော်ငြာထားတုန်းက ဒီးဒီက ကလီယိုပါထရာပုံစံနဲ့နော်။ အခုကြော်ငြာတဲ့ Billboard မှာကျတော့ စန္ဒီမြင့်လွင် ဝတ်နေကျ Rapper ပုံစံနဲ့ ပြန်ဖြစ်သွားတာကဘာဖြစ်လို့လဲ။

ဖြေ။  ။ အင်းဟုတ်တယ်။ ဒီးဒီရဲ့ဒီပုံစံလေးကိုပဲ ပြန်ကြိုက်လို့လေ။အဲဒီပုံစံလေးနဲ့ပဲ ပြန်လုပ်လိုက်တာပါ။

မေး။   ။ အရင်ခွေတွေက ဆေးရောင်လှလှခြယ်ရအောင်နဲ့ ရှော့ခ်ဆိုတော့ ကလေးဆန်တယ်။ အခုက ကလီယိုပါထရာ ဆိုတော့မိန်းမပျိုတယောက်၊ ဂီတမှာ တဖြည်းဖြည်းကလေးဆန်ရာကနေ မိန်းမဆန်တဲ့ပုံစံ ဖြစ်လာတာလား။

ဖြေ။  ။ အင်းပေါ့နော်။ ပထမဆေးရောင်လှလှခြယ်ရအောင်က ဆယ်ကျော်သက်ပုံစံမျိုးပေါ့။ ကိုယ်ကလည်း ဆယ်ကျော်သက်လေးလေ။ အခုက ဆယ်ကျော်သက်လည်းမဟုတ်တော့ ကလေးဆန်လို့မရတော့ဘူးလေ။ အဲလိုပဲပြောရမှာပေါ့။

မေး။  ။ အခုခွေထဲမှာ တွေ့ရတဲ့“သံစဉ်လိပ်ပြာ” လိုသီချင်းက အချစ်သီချင်းပုံစံထဲမှာ ကွဲထွက်တယ်။ ရိုက်ချက် တွေကလည်း ကွဲတယ်။ အဲဒီသီချင်းအကြောင်းကိုပြောပြပါလား။

ဖြေ။  ။ အဲဒီသီချင်းကို ရိုက်ပေးတာက ဒါရိုက်တာ ကိုဝင်းလွင်ထက် ရိုက်ပေးတာပါ။ သူ့အိုင်ဒီယာလေးတွေ ပါတယ်။ ဒီးဒီတို့ကလည်း ဒီသီချင်းမှာ ဒီးဒီတို့ သိပ်မပါချင်ဘူး။ ရိုးရိုးရှင်းရှင်းလေးပဲ ရိုက်ချင်တယ်လို့ သူ့ကို ပြောပြတယ်။ အဲဒီအတိုင်း ကိုဝင်းလွင်ထက်က ရိုက်ပေးတာပါ။ ဒီသီချင်းလေးကို သေချာလည်း ကြည့်ပေးပါ။ သေချာလေးရိုက်ထားပါတယ်။ ရိုက်ထားတာကတော့ သီချင်းတိုင်းကို ဒီးဒီတို့ အကောင်းဆုံး ရိုက်ထားတာ ချည်းပါပဲ။ ဒါကြောင့်အားပေးပါလို့။

မေး။   ။ အဲဒါကနိုင်ငံရေးနဲ့ဆိုင်တဲ့သီချင်းလို့ပြောနိုင်လား။

ဖြေ။   ။ အဲဒါကနိုင်ငံရေးသီချင်းတော့ မဟုတ်ပါဘူး။ ဒီးဒီတို့အားလုံး၊ လူသားအားလုံးကို ငြိမ်းချမ်းပါစေဆိုပြီး မေတ္တာပို့ပြီး ဆုတောင်းပေးတဲ့သီချင်းလေးပါ။ ငြိမ်းချမ်းမှုကိုလိုလားတဲ့သီချင်းလေးပါ။

မေး။  ။ ဖြူဖြူကျော်သိန်းတို့လည်းစစ်နဲ့ပတ်သက်တဲ့သီချင်း၊ ငြိမ်းချမ်းရေးသီချင်းတွေ ဆိုကြတယ်နော်။ စန္ဒီမြင့်လွင်အနေနဲ့ရောအဲလိုသီချင်းမျိုးလေးတွေဆိုတဲ့အပေါ် ခံစားချက်ဘယ်လိုရှိလဲ။

ဖြေ။  ။ ကောင်းတာပေါ့။ ဒီးဒီလည်းဆိုချင်ပါတယ်။ အဲဒါလေးတွေကောင်းတယ်လို့ဒီးဒီမြင်ပါတယ်။

မေး။  ။ အဲဒီဗီစီဒီမှာ ဘယ်သီချင်းက ရိုက်ကူးစရိတ်အကုန်အကျအများဆုံးလဲ။

ဖြေ။  ။ တခွေလုံးမျှပါတယ်။ ကလီယိုပါထရာကတော့ နည်းနည်းပိုကုန်တာပေါ့နော်။ သူက အဝတ်အစား တွေရော သေချာပြင်ဆင်ထားဖြစ်တာကိုး။ ဒါပေမယ့် သိန်းပေါင်းများစွာ အရမ်းကြီး အကုန်ကျခံပြီး ရိုက်ထား တာတော့မဟုတ်ဘူးပေါ့။

မေး။  ။ စာနယ်ဇင်းပွဲမှာ ဖြူဖြူကျော်သိန်းက ညီမကို ဂီတလောက ဒီနေရာမှာ အကြာကြီးနေမယ့် သူတယောက်လို့ပြောသွားတယ်။ သူက အဲလိုပြောတဲ့အပေါ်မှာရော ဘယ်လိုခံစားမိလဲ။

ဖြေ။  ။ ဟုတ်ကဲ့အရမ်းပျော်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်အထိ မထင်ထားဘူးပေါ့နော်။ မဖြူက အဲဒီလိုပြောတော့ ကိုယ်ကဒီနေရာအတွက် ပိုပြီးကြိုးစားရတော့မယ်လို့ပဲ ထင်ပါတယ်။

မေး။  ။ ရှေ့က၂ခွေနဲ့မတူတဲ့ ဘယ်လိုပြောင်းလဲမှုလေးတွေကို ဒီအခွေမှာ တွေ့ရမယ်လို့ပြောချင်လဲ။ အမှတ်တရကရော ဘာတွေရှိခဲ့လဲ။

ဖြေ။  ။ ရှေ့နှစ်ခွေနဲ့တော့ ခံစားမှုလည်းမတူဘူးပေါ့နော်။ တခွေကိုတမျိုးစီမတူအောင် ဒီးဒီလုပ်ထားပါတယ်။ အမှတ်တရကတော့ ငွေဆောင်မှာသီချင်းသွားရိုက်တော့ မိတ်ကပ်မငယ်တို့ ကံမကောင်းဘဲ သေဆုံးခဲ့ရတယ်။ ဒါလေးတွေရှိတယ်။တခြားအမှတ်တရတွေကတော့အပုဒ်တိုင်းမှာရှိခဲ့တာပေါ့နော်။

မေး။  ။ ကလီယိုပါထရာသီချင်းကို ဖြူဖြူကျော်သိန်းနဲ့တွဲဆိုဖို့ဘယ်လိုအိုင်ဒီယာရခဲ့တာလဲ။

ဖြေ။  ။ မဖြူကတခြားသူနဲ့မတူဘူးလေ။ သူနဲ့သာတွဲဆိုလိုက်ရရင် ဒီးဒီရဲ့သီချင်းကအရမ်းကိုကြွတက်လာမယ်လို့ ခံစားရတယ်။ ဒီးဒီကRockနဲ့Hip Hopကိုတွဲချင်တာလေ။ မဖြူကိုကြိုက်တာက မဖြူအလုပ်လုပ်တဲ့ပုံစံကို အား ကျတယ်။အရမ်းကြိုက်တယ်။လေးလည်းလေးစားတယ်။နောက်ပြီးမဖြူကအလုပ်တခုကိုလုပ်ရင်စေတနာပါပါနဲ့ဘာမဆိုလုပ်တယ်။ပွဲသေးတယ်၊ပွဲကြီးတယ်ဘယ်တော့မှမရွေးဘဲကောင်းအောင်ပဲလုပ်တယ်။သိပ်လည်း Bright ဖြစ်တယ်။တော်တော့မဖြူနဲ့အလုပ်တွဲလုပ်ချင်တယ်။ဒါနဲ့မဖြူကိုတွဲဆိုချင်တယ်ပြောကြည့်တော့မဖြူက လိုလိုချင်ချင်ပဲ လုပ်ဆိုပြီးကူညီပေးတယ်။
ဒီးဒီပရိသတ်ကအုန်းအုန်းကျွက်ကျွက်ကြီးတော့မဖြစ်လောက်ဘူး။ ဖြစ်တော့လည်း ကောင်းတာပေါ့နော်။ အခွေရောင်းရတာပေါ့နော်။ ဒါပေမယ့်ဒီးဒီက ဒီအခွေမှာ သိပ် Sexy ဖြစ်အောင် ရိုက်ထားတာလည်းမပါဘူးလေ။ ရိုးရိုးပဲရိုက်ထားပြီး သီချင်းတွေကိုပဲ ပုံဖော်ထားတာပါ။

မေး။  ။ စန္ဒီမြင့်လွင်က သီချင်းတွေပဲဆိုတော့မှာလား သရုပ်ဆောင်လိုင်းဘက်ကိုရော မျှအောင်လုပ်ဖို့ အစီအစဉ်မရှိတော့ဘူးလား။

ဖြေ။  ။ လုပ်ချင်ပါတယ်။ အဲဒါက ဒီးဒီကိုဒီးဒီနဲ့လိုက်မယ့် ဇာတ်ရုပ်မျိုးလာပြရင်တော့ အားစိုက်ပြီးလုပ်မှာပါ။ လောလောဆယ်က ဒီးဒီကို အဲဒီလိုလိုက်ဖက်မယ့် ဇာတ်ရုပ်မျိုး လာမငှားသေးတော့ မလုပ်ဖြစ်သေးတာပါ။ ဇာတ်ကားတွေကိုလက်မခံတာမဟုတ်ပါဘူး။ ဒီးဒီနဲ့လိုက်ဖက်မယ့် ဇာတ်ရုပ်မျိုးကို ရိုက်ဖို့မပြောသေးတော့ မလုပ်ဖြစ်သေးတာပါ။

မေး။   ။ အဆိုဘက်နဲ့သရုပ်ဆောင်ဘက်အဲဒီနှစ်ခုမှာဘယ်လောကမှာပိုပျော်လဲ။

ဖြေ။  ။ နှစ်ခုလုံးကတော့ အနုပညာအလုပ်တွေပဲပေါ့နော်။ ဒီးဒီကတော့ နှစ်ခုလုံးကိုလုပ်ရတာ သဘောကျတယ်။ နှစ်ခုစလုံးလုပ်ရတာပျော်တယ်။

မေး။  ။ စန္ဒီမြင့်လွင်ကို Hip Hop Queen လို့တင်စားတဲ့အပေါ်မှာရော ဘယ်လိုခံစားရလဲ။ နောက်ထပ် Hip Hop အဆိုရှင် မိန်းကလေးတွေ ထွက်ပေါ်လာတာ နည်းပါးတဲ့အပေါ်ကိုရော ဘယ်လိုမျိုးမြင်မိလဲ။

ဖြေ။  ။ ပြောရရင်အကုန်လုံးကတော်လို့သာ အဆိုတော်ဖြစ်လာကြတာလေ။ ဒီးဒီက မြန်မာပြည်မှာ ပထမဆုံးHip Hopဆိုတဲ့ မိန်းကလေးဖြစ်လာလို့၊ နောက်ပြီးနှစ်လည်းကြာလို့ ဒီးဒီ ကိုပိုပြီး Respect ပေးတဲ့သဘောပါ။ Hip Hopမှာလည်း ကျန်တဲ့သူတွေက သူ့ဟာနဲ့သူတော်တဲ့အပိုင်းရှိလို့ နာမည်ကြီး လာကြတာပါ။ ပြောရမယ်ဆိုရင် ဒီးဒီကဆိုတာ နှစ်စောတာလည်းပါတာပေါ့။ ဒါကြောင့်ပါ။ Hip Hop အဆိုပိုင်း မှာလည်း ရွက်ပုန်းသီးလေးတွေ အများကြီးတွေ့ပါတယ်။ နာမည်သာမကြီးသေးတာပေါ့။ တချို့နာမည်ကြီးဖို့ တာစူနေတဲ့အဆိုတော်မိန်းကလေးတွေလည်းဒီးဒီအများကြီးတွေ့ထားပါတယ်။နောက်တော့ရှိလာတော့မှာပါ။ ဖြစ်လာကြတော့မှာပါ။ တကယ်တော်တဲ့မိန်းကလေးတွေဆိုရင် ဒီးဒီတို့ဘက်ကလည်း လက်တွဲခေါ်ဖို့ရှိတယ်။ ဒီးဒီ အဲဒီလိုမိန်းကလေးတွေနဲ့လည်း သီချင်းတွေတွဲဆိုထားတာရှိပါတယ်။

မေး။  ။ ဂီတနဲ့ပတ်သက်ပြီး စန္ဒီမြင့်လွင်ရဲ့အမြင့်ဆုံးမျှော်လင့်ချက်ကဘာဖြစ်မလဲ။

ဖြေ။  ။ ဂီတနဲ့ပတ်သက်ရင်က သရုပ်ဆောင်လိုမျိုး အကယ်ဒမီမှမရှိတာနော်။ အဆိုတော် တယောက်အတွက် အမြင့်ဆုံးအောင်မြင်မှုလို့ပြောရမယ်ဆိုရင် One Lady Show လုပ်တာလို့ မြင်တယ်။ ဒါကြောင့် ဒီးဒီ အနေနဲ့ ဆိုရင် One Lady Show အကြီးကြီးလုပ်ချင်ပါတယ်။ One Lady Show လုပ်ပြီးပ ရိသတ်တွေအများကြီးနဲ့ ထိတွေ့ချင်ပါသေးတယ်။ One Lady Show ကိုလည်းအများကြီးလုပ်ချင်တယ်။ အဲဒါကလည်း ဘယ်တော့လောက်အကောင်အထည်ဖော်ဖြစ်မလဲဆိုရင်အခြေအနေအရပဲပေါ့နော်၊အတိအကျပြောလို့မရသေးဘူးပေါ့။

မေး။  ။ အခုဆိုရင် ဂီတနဲ့ပတ်သက်တဲ့ ဆုတွေပေးလာတယ်။ အဲဒီအပေါ်ရောဘယ်လိုမြင်လဲ။ စန္ဒီမြင့်လွင်တို့လိုHip Hopအဆိုရှင်မိန်းကလေးတွေအပေါ်ဆုချီးမြှင့်တာနည်းတယ်လို့ရော မြင်မိလား။

ဖြေ။  ။ နည်းတာတော့မဟုတ်ပါဘူး။ ပေးတဲ့နေရာတွေကတော့ ပေးနေကြတာပဲလေ။ ဒါပေမယ့် ဂီတနဲ့ ပတ်သက်ရင် အမြင့်ဆုံးဆုရယ်လို့မရှိသေးတာပါ။ ဆုတွေကတော့  သူ့ဟာနဲ့သူတော့ FM တွေကပေး နေကြတာပဲလေ။ ဒီးဒီလည်း အဲဒီလိုဆုတွေရဖူးတယ်လေ။ ဒါပေမယ့် အကယ်ဒမီလို ပေးတာတော့ မဟုတ်ဘူးပေါ့။ ပွဲတွေကတော့ သူ့ဟာနဲ့သူတော့ ကြီးကျယ်ခမ်းနားစွာ လုပ်ကြတာချည်းပဲ။ အကယ်ဒမီပွဲနဲ့ ယှဉ်ပြောရမယ်ဆိုရင်တော့ အကယ်ဒမီပွဲက မြန်မာပြည်မှာ လုပ်တာနှစ်ပေါင်းများစွာရှိပြီလေ။ ဒီးဒီတို့ မမွေးခင်ကတည်းကပေးနေတဲ့ပွဲလေ။ ဒါကြောင့် ပရိသတ်က သိပ်စိတ်ဝင်စားကြတာမဆန်းပါဘူး။ ဒီလို ဂီတပွဲတွေကျတော့ဆုပေးတာသိပ်မကြာသေးဘူး။ အကယ်ဒမီပွဲလို ဟိုးအရင်ကတည်းက ပေးခဲ့ရင်တော့ အကယ်ဒမီပွဲလို ဖြစ်ရင်လည်း ဖြစ်မှာပေါ့။

မေး။  ။ စန္ဒီမြင့်လွင်ရဲ့အခုလက်ရှိ ဂီတလမ်းပေါ်ရပ်တည်မှုကို ကိုယ့်ကိုယ်ကိုယ်ဘယ်လိုသုံးသပ်မိလဲ။

ဖြေ။  ။ ကိုယ့်ကိုယ့်ကိုယ် အဲဒီလိုတော့မသုံးသပ်တတ်ပါဘူး။ ဒါပေမယ့် ဒီးဒီကလည်း အခုထိ ဂီတ လမ်းကြောင်းပေါ်မှာ ကြိုးစားပြီး လျှောက်နေတဲ့သူတယောက်ပါပဲ။

မေး။  ။ အခုကိုယ်လျှောက်နေတဲ့ လမ်းကြောင်းပေါ်မှာ ဘယ်လိုအခြေအနေမျိုးနဲ့ တွေ့ကြုံရင် ကိုယ့်ကိုယ်ကိုယ် အားမရတာမျိုးဖြစ်မိလဲ။ နောက်ဘယ်လိုအခြေအနေမျိုးက ကိုယ့်အတွက်စိတ်ကျဉ်းကျပ်မှု ဖြစ်စေလဲ။ အခက်အခဲ ဖြစ်စေလဲ။

ဖြေ။  ။ ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်မိတာက တခါတလေဂီတနဲ့ပတ်သက်ရင် ပေါ့ပေါ့လေး လုပ်မိ လိုက်တာတွေ၊ စိတ်မကြည်မသာ ဖြစ်နေတဲ့ အချိန်သီချင်းဆိုမိလို့ လျှော့ဆိုလိုက်မိတဲ့အချိန်တွေပေါ့။ ဒါပေမယ့် ဒီးဒီကသီချင်းဆိုရင်လျှော့ပြီးဆိုလိုက်မိတာမျိုးကနည်းပါတယ်။ဒီးဒီကစိတ်ကျဉ်းကျပ်မှုတော့မရှိပါဘူး။အားလုံးအဆင်ပြေပါတယ်။ အခက်အခဲတွေကတော့ ကိုယ့်နေရာမဟုတ်ရင်၊ ကိုယ့်ဒေသမဟုတ်ရင်တော့ အခက်အခဲ ကတော့အနည်းနဲ့အများရှိတာပဲလေ။ တခုချင်းပြောရင်တော့ပြီးမှာမဟုတ်တော့ဘူးလေ။

မေး။  ။ အဲဒီလိုအခက်အခဲတွေကိုရောဘယ်လိုကျော်ဖြတ်လဲ။

ဖြေ။  ။ အဲဒါတွေကလည်းသည်းခံလိုက်ရင်တော့ပြီးသွားတာပဲလေ။

မေး။  ။ ကိုယ်နဲ့ပတ်သက်တဲ့ကောလာဟလမျိုးမထွက်အောင်ရော ကိုယ့်ဘက်ကအတတ်နိုင်ဆုံးဘယ်လို ပြုမူနေထိုင်ဖြစ်လဲ။

ဖြေ။  ။ အခုလည်းဒီးဒီနဲ့ပတ်သက်တဲ့ ကောလာဟလက ထွက်လား၊မထွက်လားလည်းမသိဘူး။ နေတာ ကတော့ ဒီးဒီက ကိုယ့်ဘာသာကိုယ် အတတ်နိုင်ဆုံး နေတတ်သလို အေးအေးဆေးဆေးပဲ နေပါတယ်။ နောက်ပြီး ဒီးဒီ အရိုးသားဆုံးနေပါတယ်။

ဧရာဝတီBlog မှ

ယီမင်သမ္မတအိမ်တော်ကို စစ်သွေးကြွ အုပ်စု တစု ဝင်စီးနင်း

ယီမင်နိုင်ငံ မြို့တော်မှာ အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်အပြီး နောက်တရက်မှာ ရှီအိုက်စစ်သွေးကြွ လက်နက်ကိုင် အုပ်စု တခုဟာ ယီမင် သမ္မတ အိမ်တော်ဝင်းကို အင်္ဂါနေ့က စီးနင်း ဝင်ရောက်ခဲ့တယ်လို့ ရိုက်တာနဲ့ အေအက်ဖ်ပီ၊ ပြင်သစ် ၂၄ သတင်းဋ္ဌာနတွေက ကြေညာသွားပါတယ်။ 


 ဓာတ်ပုံ-  အေအက်ဖ်ပီ

 မြို့တော် ဆာအန်နာကို ထိန်းချုပ်ထားတဲ့ ဟူသီ တိုက်ခိုက်ရေးသမားတွေဟာ ယီမင် သမ္မတ အိမ်တော် လုံခြုံရေး တပ်ဖွဲ့ တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအပြီး သမ္မတ အက်ဒရာဘူ မန်ဆု ဟာဒီရဲ့ အဓိက ရုံးခန်းဝန်းကို ဝင်ရောက်လာခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ 

မျက်မြင်သက်သေတွေအဆိုအရ စစ်သွေးကြွ တိုက်ခိုက်ရေးသမားတွေနဲ့ သမ္မတအိမ်တော် လုံခြုံရေးအဖွဲ့
တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး သမ္မတလုံခြုံရေးအဖွဲ့တွေရဲ့ သံချပ်ကာ ကားတချို့ကိုလည်း အပိုင်စီးခဲ့ တယ်လို့ ဆိုပါတယ်။ 

ယီမင် မြို့တော် ဆာအန်နာရှိ သမ္မတအိမ်တော် ရှိရာအနီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာမှာ တနင်္လာနေ့က
တော့ နှစ်ပေါင်းများစွာ အတွင်း အဆိုးဆုံးဖြစ်ပြီး ဝန်ကြီးချုပ် အိမ်ကိုလည်း ဝန်းရံပိတ်ဆို့ထားခဲ့တာပါ။ 

တနင်္လာနေ့ ညနေခင်းက အတင်းအကျပ် လုပ်စေခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး မတိုင်ခင်ထိ လူ ၉ ဦး သေ ဆုံးပြီး လူ ၉၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စနေနေ့တုန်းကတော့ ဟူသီ သူပုန်တွေဟာ ကာကွယ်
ရေးဦးစီးချုပ် Ahmed Awad bin Mubarak ကိုလည်း အချိန်တို အတွင်း ပြန်ပေးဆွဲနိုင်ခဲ့ပါသေးတယ်။ 

ယီမင်နိုင်ငံမှာ ဖွဲ့စည်းပုံအသစ် ပြဿနာလည်း ရှိနေပြီး ဖက်ဒရယ် အုပ်ချုပ်ရေး ဒေသ ၆ ခုတောင်ရှိတဲ့ ဖွဲ့စည်းပုံသစ်ကို ဟူသီ စစ်သွေးကြွတွေနဲ့ တောင်ပိုင်းခွဲထွက်ရေး သမားတွေက သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေ 
လျော့နည်းအောင် လုပ်ထားတယ်လို့ ယုံကြည်ကြတာပါ။ 


အိမ့်သံစဉ် ~ ဧရာဝတီ blog

ဒေါက်တာထွန်းအောင် လွတ်မြောက်မှု လူ့အခွင့်အရေးအဖွဲ့တွေ ကြိုဆို


(Photo: Amnesty International)

ရခိုင်ပြည်နယ် မောင်တောမြို့က ရိုဟင်ဂျာမူဆလင်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေကြား ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အရေးအခင်းနဲ့ ပတ်သက်တယ်ဆိုပြီး ထောင်ဒဏ် ၁၇ နှစ် ကျခံနေရတဲ့ ရိုဟင်ဂျာဆရာဝန်တဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်ကို ပြန်လွှတ်ပေးလိုက်တဲ့ အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။
ဒါ့အပြင် ဆက်လက် အဖမ်းဆီးထားရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အမြန် ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ကြပါတယ်။ အကြောင်းစုံကို ကိုဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ဒေါက်တာထွန်းအောင်ကို ဇန်န၀ါရီလ ၁၉ ရက် တနင်္လာနေ့ညနေ အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက် တာပဲ ဖြစ်ပါတယ်။ သူ့ကို အခုလို လွှတ်ပေးတာကို ကြိုဆိုပေမဲ့ သူ့ကိုထောင်ချခဲ့တာဟာ တကယ်တော့ အကြောင်းပြချက် ခိုင်လုံမှုမရှိဘူးလို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် A.I အဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာ သုတေသနမှူး Ms. Laura Haigh က ပြောပါတယ်။
“ဒေါက်တာထွန်းအောင်ကို ပြန်လွှတ်ပေးတဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်အပေါ် အထူးပဲ ကြိုဆိုပါတယ်။ ပြန်လွတ်လာတဲ့အတွက် သူ့မိသားစုအတွက်လည်း ၀မ်းသာပါတယ်။ သူ့အပေါ် စွဲခဲ့တဲ့အမှုတွေကလည်း အခြေအမြစ် မရှိပါဘူး။ ကျမတို့ လေ့လာချက်အရ မငြိမ်မသက်ဖြစ်မှုကို သူက အေးအေးချမ်းချမ်း ဖြေရှင်းဖို့ ကြိုးစားခဲ့သူပါ။ ဒါပေမဲ့ အာဏာပိုင်တွေက သူ့ကို ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။”
၂၀၁၂ ခုနှစ်တုန်းက မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးဆန်တဲ့ အဓိကရုဏ်းမှာ ပါဝင်ပတ်သက်သူအဖြစ် စွပ်စွဲပြီး ဒေါက်တာ ထွန်းအောင်ကို မြန်မာအစိုးရက အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ (၅-ည)၊ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့ပုဒ်မ / ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှု ပုဒ်မ (၆-က)၊ နိုင်ငံခြားငွေလဲလှယ်မှုစည်းမျဉ်း ပုဒ်မ (၂၄-က) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် (၁၇) နှစ်အထိ ချမှတ်ကာ အင်းစိန်ထောင်မှာ ထိန်းသိမ်းထားခဲ့ပြီး နောက်ပိုင်းမှာ အစိုးရက ပြစ်ဒဏ်ကို လျှော့ချထားတာကြောင့် ၂၀၁၅ ဧပြီလထဲမှာ ပြန်လွတ်လာမယ့်သူလည်း ဖြစ်ပါတယ်။
ဒေါက်တာထွန်းအောင် ပြန်လည် လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကလည်း ကြိုဆိုကြောင်း အဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာ ပြောခွင့်ရသူ Davd Mathieson က ဗွီအိုအေကို ပြောပါတယ်။
“နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတဲ့ ဒေါက်တာထွန်းအောင် အခုလို ပြန်လွတ်လာတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါဟာ မြန်မာအစိုးရကို ကျေးဇူးတင်ရမယ့် အခွင့်အလမ်းလည်း ဖြစ်ပါတယ်။ အခြားအကြောင်းအမျိုးမျိုးကြောင့် ဖမ်ဆီးထောင်ချထားတဲ့ မြေယာအခွင့်အရေး လှုပ်ရှားသူတွေ လွတ်လပ်စွာ စုဝေး ဆန္ဒပြသူတွေကိုလည်း ပြန်လွှတ်ပေးသင့်ပါတယ်။ လာမယ့် သီတင်းပတ်တွေအတွင်း ပြန်လွတ်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
အခြားအကြောင်းတွေနဲ့ အဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လွှတ်ပေးဖို့ လိုကြောင်း HRW အဖွဲ့လိုပဲ A.I အဖွဲ့ကလည်း တောင်းဆိုလိုက်ပါတယ်။ A.I အဖွဲ့က Ms. Haigh ပြောတာက -
“လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားခဲ့ကြပြီး ဖမ်းဆီးအပြစ်ပေးခံနေရတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေပေါ် စွဲထားတဲ့အမှုတွေကို အဆုံးသတ်ပြီး၊ သူတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကျမတို့ တောင်းဆိုပါတယ်။”
ဒေါက်တာထွန်းအောင် (ခေါ်) နူရာဟက်ကို ၂၀၁၂ ဇွန်လတုန်းက မောင်တောမြို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးခွဲမှာ ဖမ်းဆီးခဲ့ပြီး အာဏာပိုင်တွေက မိသားစုဝင်တွေနဲ့ အဆက်ဖြတ်ထားခဲ့ပါတယ်။ ဒေါက်တာထွန်းအောင် လွတ်မြောက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့အတူ A.I အဖွဲ့ကလည်း လှုံ့ဆော်ကြိုးပမ်းခဲ့ပြီး အမေရိကန် လွှတ်တော်အမတ်တွေကပါ မြန်မာအစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။ ဇန်န၀ါရီလ ၁၉ ရက်နေ့ အင်းစိန်ထောင်က ပြန်လွတ်လာချိန်မှာ သမီးဖြစ်သူ မြနန္ဒအောင်နဲ့ သမက်ဖြစ်သူတို့ လာရောက် တွေ့ဆုံခွင့် ရခဲ့ပါတယ်။
VOA

ယီမင်သမ္မတနန်းတော် သူပုန်တွေဝိုင်း


ယီမင်နိုင်ငံအတွင်း နိုင်ငံ့ခေါင်းဆောင်တွေကို ရည်ရွယ်ပစ်မှတ်ထား တိုက်ခိုက်နေရာမှာ နောက်ဆုံးဖြစ်ရပ်အဖြစ် Houthi သူပုန်တွေဟာ အင်္ဂါနေက မြို့တော် Sana'a မှာရှိတဲ့ သမ္မတအိမ်တော်ခြံဝန်းကို သိမ်းပိုက်ထားပြီး၊ သမ္မတရဲ့ နေအိမ်ကိုလည်း တိုက်ခိုက်နေကြပါတယ်။
Shi'ite စစ်သွေးကြွသူပုန်တွေနဲ့ အစိုးရလုံခြုံရေး တပ်ဖွဲ့တွေအကြား တနင်္လာနေ့အထိ ရရှိထားတဲ့ အပစ်ရပ်သဘော တူညီမှုဟာ မြို့တော်အတွင်း လူပေါင်း ၉ ယောက် သေဆုံးသွားခဲ့ပြီးနောက် ပျက်ပြားသွားခဲ့ပြီး အပြန်အလှန် တိုက်ခိုက်နေကြပါတယ်။
သူပုန်ခေါင်းဆောင် Abdel Malik Al Houthi က ရုပ်သံကနေ မိန့်ခွန်းပြောဆိုရာမှာ သူ့ရဲ့အဖွဲ့အနေနဲ့ တိုင်းပြည်တွင်းမှာ အဂတိလိုက်စားမှုနဲ့ အကြွင်းမဲ့ အာဏာရှင်ဝါဒ အဆုံးသတ်ဖို့ လိုလားတယ်လို့ ပြောသွားပါတယ်။ အစိုးရနှုတ်ထွက်ပေးဖို့ တောင်းဆိုနေမှုကို ဆက်လုပ်တာမျိုး မလုပ်တော့ပါဘူး။
ဒါပေမဲ့ နောက်ထပ်တိုးပြီး ဆန့်ကျင်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်လာနိုင်တယ်လို့ သတိပေးသွားပါတယ်။ အင်္ဂါနေ့မှာ သမ္မတ Abd Rabbuh Mansour Hadi ဘယ်မှာရှိနေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ အရာရှိတယောက်ကတော့ သမ္မတဟာ သူ့ရဲ့အိမ်တွင်းမှာပဲ လုံလုံခြုံခြုံ ရှိနေတယ်လို့ ပြောပါတယ်။
အင်္ဂါနေ့ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သံတမန်တွေက ဒီအကြမ်းဖက် တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီးတဲ့နောက်၊ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်ခိုက်မှုတွေကို ဆိုင်းငံ့ထားဖို့နဲ့ အစိုးရရဲ့ အုပ်ချုပ်မှု အပြည့်အ၀ ပြန်လည် အသက်ဝင်ဖို့ တောင်းဆိုလိုက်ပါတယ်။
VOA

Tuesday, January 20, 2015

ပညာရေးဥပဒေပြင်ဆင်ရေး လွှတ်တော်ဆွေးနွေးဖွယ်ရှိ

 
ပြီးခဲ့တဲ့နှစ်ထဲ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီး သမ္မတ လက်မှတ်ရေးထိုး ပြဌာန်းခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို ပြန်လည် သုံးသပ်ဖို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကထံကို သ၀ဏ်လွှာ ပေးပို့လိုက်တာကြောင့် အမျိုးသားပညာရေးဥပဒေကို ပြန်လည် သုံးသပ် ပြင်ဆင်နိုင်မယ့် အလားအလာကောင်းတွေ ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ယူဆပါတယ်။
စတင်ပြဌာန်းချိန်ကတည်းက အားနည်းချက်တွေ ရှိခဲ့တဲ့အတွက် အခုလို ပြန်လည် သုံးသပ်ဖို့ အခြေအနေတွေ ဖြစ်လာရတာလို့လည်း သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနဲ့ အမျိုးသားပညာရေးအဆင့် မြင့်မား တိုးတက်စေဖို့ ဦးတည်ပြီးတော့လို့ ဆိုပြီး ပြီးခဲ့တဲ့နှစ်က ပြဌာန်းခဲ့တဲ့ အမျိုးသားပညာရေးဥပဒေပါ ပြဌာန်းချက်တချို့ကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့တဲ့ သ၀ဏ်လွှာကို ဒီကနေ့ လွှတ်တော်အမတ်တွေကြားမှာ ဖြန့်ဝေပေးခဲ့တာပါ။ သမ္မတက အခုလို တင်ပြတောင်းဆိုလာတဲ့အတွက် ဝေဖန်မှုတွေရှိနေတဲ့ အမျိုးသားပညာရေးဥပဒေကို လွှတ်တော်မှာ ပြန်လည်သုံးသပ်ဆွေးနွေးမှုတွေ ဖြစ်လာဖို့ အလားအလာကောင်းတွေ တွေ့ရတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“ပြန်ပြီးဆွေးနွေးမှုတွေ ဖြစ်လာဖို့ အလားအလာ ရှိတယ်လို့တော့ ပြောရမှာပါ။ ဘာကြောင့်လဲဆို ကျနော်သိသလောက်က လွှတ်တော် နာယကကလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့ ကိစ္စရပ်မျိုးတွေ ရှိတယ်ဆိုရင်၊ လွှတ်တော်ဘက်က ဆောင်ရွက်မယ်လို့ ဒီကြားကာလမှာ ပြောခဲ့ဖူးတာတွေရှိတယ်။ ဒါကြောင့်မို့ ဒီဥပဒေဟာ ပြန်လည်ဆွေးနွေးလာနိုင်တဲ့ ဥပဒေတရပ် ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။”
အမျိုးသားပညာရေးဥပဒေဟာ လွှတ်တော်မှာ စတင် အတည်ပြုခဲ့တဲ့ အချိန်ကတည်းက အားနည်းချက်တွေ ရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။
“ကျနော်တို့ ဒီဥပဒေကို ရေးဆွဲခဲ့စဉ်ကတည်းက ဥပဒေက ၂ ခု ဖြစ်လာတယ်။ လွှတ်တော် ပညာရေးဥပဒေ ကော်မတီကလည်း ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေ၊ အဲဒီပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေမှာလည်း ၀န်ကြီးဌာနဘက်က ပူးပေါင်းဆောင်ရွက်တယ်။ တဖက်ကလည်း ၀န်ကြီးဌာနက သူ့ဖာသာ ဥပဒေတရပ်ရေးတယ်။ ရေးပြီး အဲဒီဥပဒေ ၂ ရပ် လွှတ်တော်ကို ရောက်လာတယ်ပေါ့ဗျာ။ အဲဒီအခြေအနေကြားမှာ ဒီဥပဒေ ၂ ခုကို ပြန်ပြီး ပေါင်းစပ်ဆောင်ရွက်ရတဲ့ အခြေအနေတခု ဖြစ်လာတယ်။ အဲဒီအခြေအနေကလည်း ဥပဒေရဲ့ စတင်မှုမှာ အားနည်းချက် ရှိခဲ့တယ်။ ဥပဒေတွေမှာ အားနည်းချက် ရှိနိုင်တယ်။ ဒါတွေကို ကျနော်တို့က တကယ်ကို ပြည်သူလူထုကြားမှာ ဒီဥပဒေနဲ့ ပတ်သက်ပြီး လိုက်နာကျင့်သုံးရမယ့် လူတွေကြားကနေ ထွက်ပေါ်လာတဲ့ အသံတွေ အပေါ်ကနေ ဥပဒေကို Review လုပ်သင့်တယ်လို့ပဲ ကျနော်ထင်တယ်။ ဒီအခြေအနေမှာ ပြောင်းလဲဖို့ လိုအပ်တဲ့ ကိစ္စတွေကို ကျနော်တို့ ပြောင်းလဲကြရမယ်။ ဒါကို ကျနော်တို့ လက်ခံနိုင်ဖို့ပဲ လိုပါတယ်။”
အမျိုးသားပညာရေးဥပဒေကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့ပြီး အဲဒီနောက် သမ္မတက လက်မှတ်ရေးထိုး ပြဌာန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီပညာရေးဥပဒေ ပါ ပြဌာန်းချက်တွေထဲမှာ ဗဟိုချုပ်ကိုင်မှု များလွန်းနေတာ၊ ကျောင်းသား သမဂ္ဂ နဲ့ ဆရာအသင်းအပင်းတွေလို အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့် မပေးထားတဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့သလို ဒီ ပြဌာန်းချက်တွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တာပါ။
ဒီလို တောင်းဆိုမှုတွေ ရှိခဲ့ပြီးတဲ့နောက် ပညာရေးဝန်ကြီးဌာနနဲ့ ပညာရှင်တွေက ညှိနှိုင်း တင်ပြလာတဲ့အပေါ်မှာ ပြည်ထောင်စုအစိုးရက ပြန်လည် သုံးသပ်မှုတွေ လုပ်ခဲ့ပြီး ခုလို အမျိုးသား ပညာရေး ဥပဒေပါ ပြဌာန်းချက်တချို့ကို ပြန်လည် သုံးသပ် ပြင်ဆင်ပေးဖို့ အဆိုပြုတဲ့အကြောင်း ဇန်န၀ါရီလ ၁၉ ရက်နေ့ နေ့စွဲနဲ့ လွှတ်တော်နာယကထံ တင်သွင်းတဲ့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးမင်းသိန်းကတော့ ဘယ်လို ဥပဒေပဲဖြစ်ဖြစ် ပြဌာန်းတဲ့နေရာမှာ  ပြည်သူလူထုတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ အခု အခြေအနေက ဖော်ပြနေတယ်လို့ ပြောဆိုသွားပါတယ်။
VOA

ဖားကန့်စစ်ကြောင့် ဒေသခံတွေ ပိတ်မိနေဆဲ

ကချင်ပြည်နယ် ဖားကန့်ဒေသက တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ အောင်ဘာလေရွာက ရွာသားတွေဟာ အခုအခါ ကံဆီးရွာကို ပြောင်းရွှေ့နေထိုင်နေကြပြီး သူတို့တွေဟာ ပိုမိုလုံခြုံတဲ့ ဖားကန့်ဘက်ကို ပြောင်းရွှေ့ချင်ပေမဲ့ ရွှေ့ပြောင်းခွင့် မရသေးပါဘူး။
လောလောဆယ်မှာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် ရက်ရှည်ကြာလာမယ်ဆိုရင် စစ်ရှောင်ဒုက္ခသည်တွေဟာ ရိက္ခာအခက်အခဲ ကြုံတွေ့လာရဖွယ် ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
Google MapGoogle Map
ဖားကန့်ဒေသအတွင်း တိုက်ပွဲတွေဟာ ဒီလ ၁၅ ရက်နေ့က အောင်ဘာလေရွာအနီးမှာ စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲစစချင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေဟာ သူတို့ရပ်ရွာဒေသမှာ မနေရဲအောင် အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။
အခုအခါမှာတော့ အောင်ဘာလေရွာက လူ ၂ ထောင်နီးပါးဟာ တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ အနည်းငယ် အလှမ်းဝေးတဲ့ ဥရုချောင်းတဘက်ကမ်းက ကံဆီးရွာကို ပြောင်းရွှေ့နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“မရှိတော့ဘူး အားလုံး ဒီဘက်မှာပဲ တိုက်ကြီးမှာပဲ စုနေကြပြီ။ အဲ့ဘက်မှာ နေလို့မှမရတော့တာ။ ဟိုမှာ တအားကြီး တိုက်ပွဲဖြစ်တဲ့အခါ ကျမတို့က မနေရဲတော့ဘူးလေ။ ထွက်ပြေးကုန်တာပေါ့ အဲတော့ အားလုံး ဒီမှာပဲ စုနေတာပေါ့။ ဘုရားကျောင်းမှာရော ဟို ဘုန်းကြီးကျောင်းမှာရော အဲ့လိုမျိုး စုပြီးမှနေကြတာ။”
အောင်ဘာလေရွာသားတွေကို ဘာသာရေးအသင်းနဲ့ လူမှုရေးအသင်းတွေက စစ်ဘေးလွတ်လာ ဖားကန့်မြို့မှာ ခိုလှုံနေထိုင်ဖို့အတွက် သွားရောက်ခေါ်ဆောင်ပေမဲ့ စစ်တပ်က ခွင့်မပြုခဲ့ပါဘူး။ ဒေသခံတွေကတော့ ပိုမိုလုံခြုံရာဒေသကို ပြောင်းချင်ပေမဲ့ ပြောင်းခွင့်မရ ဖြစ်နေပါတယ်။
“လိုက်ချင်တော့လည်း လိုက်ချင်တယ်။ သူတို့လာခေါ်တော့လည်း ဒီဘက်မှာ မကျော်ခိုင်းတာကြီးကို သူတို့က။ မကျော်ခိုင်းဘူးလေ အဲ့ဒီကနေ။ ခြံကာဂိတ်ကနေ မကျော်ခိုင်းဘူး အဲ့ဒီမှာ။ ဒီကလည်း မသွားခိုင်းဘူး။ ဟိုကလည်း မလာခိုင်းဘူး အဲ့ဒီလိုဖြစ်နေတာ။”
စစ်ရှောင်ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် သဘာပတိအဖွဲ့ဝင် ဦးဒါရှီလဆိုင်းကတော့ ကံဆီးရွာဘက်ကို လမ်းပန်းအဆက်အသွယ်တွေ ဖြတ်တောက်ထားတာကြောင့် ရေရှည်မှာဆို ရိက္ခာအခက်အခဲတွေ တွေ့ကြုံလာနိုင်တယ်လို့ ပြောပါတယ်။
“အားလုံး အဲ့ဒီ ကံဆီးရွာထဲကို ရောက်လာပြီ။ ဟိုဘက်ကနေ ၁၈၀၀ လောက်ပေါ့နော်။ ကျောင်းသူကျောင်းသားပေါ့နော် မူလတန်းကနေ ၈ တန်းအထိ ကျောင်းသူကျောင်းသား အယောက် ၃၀၀ နဲ့ ရွာသားက အားလုံးပေါင်း ၁၈၀၀ ပေါ့။ လုံခြုံရေးအနေအထားအရတော့ တဘက် ဟိုဘက်ကမ်းမှာကလည်း တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တဲ့ အနေအထားရှိတဲ့အတွက်ကြောင့်မို့ ကျနော်တို့က စိုးရိမ်တာပေါ့ဗျာ။ အဲ့ဘက်ကို လမ်းပိတ်ထားတာက ၄၊ ၅၊ ၁၀ ရက်လောက်ရှိပြီလေ။ အဲ့ဒီကံဆီးရွာမှာလည်း အနည်းဆုံး လူဦးရေက မရှိဘူးဆိုရင်တောင် ၁ ထောင်ဝန်းကျင်၊ ၁ ထောင်ပေါ့။ အားလုံး ၂ ထောင်ကျော်ဝန်းကျင်ရှိတဲ့ လူဦးရေကနေ ၇ ရက်၊ ၈ ရက်လောက် အဲ့ဒီမှာ လမ်းပိတ်ထားတယ်ဆိုတော့ ဆန်တို့၊ ဆီတို့၊ ဆားတို့ အဲ့ဒီမှာ အခက်အခဲ ရှိလာနိုင်တယ်လေ။”
ရိက္ခာအခက်အခဲကို ဖြေရှင်းနိုင်ဖို့ ဖားကန့်မြို့ပေါ်က ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းတွေက ဆန်နဲ့ငွေကြေးကောက်ခံပြီး ထောက်ပံဖို့ ပြင်ဆင်နေတယ်လို့လည်း ဦးဒါရှီလဆိုင်းက ပြောပါတယ်။ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကတော့ ဖားကန့်ဒေသအခြေစိုက် တပ်မ ၆၆ က တပ်မမှူးက စစ်ရှောင်ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ ရိက္ခာကို တာဝန်ယူမယ်လို့ ကတိပေးကြောင်း ပြောပါတယ်။
“အခု အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ သူတို့ PCG ကို အဲ့ဒီက ပြည်သူလူထုတွေလည်းပဲ အမြန်ဆုံးလာခေါ်ပါဆိုပြီး အသံကြားလို့လေ။ ကျနော်လည်း အဲ့ဒီကိုသွားမယ်လို့ ကျနော်တို့က သက်ဆိုင်ရာတွေ သတ်မှတ်မှုနဲ့ ကျနော်တို့ သွားတွေ့ပါတယ်။ လုံခြုံရေးအရ အဲ့ဒီကို သွားလို့မရဘူးဆိုပြီးမှ သူတို့တာဝန်မယူဘူးဆိုပြီး ပြောလို့ ကျနော်တို့လည်း အဲ့ဒီကို မသွားဖြစ်ဘူးဗျ။ နောက်ပြီး အဲ့ဒီမှာ ပြည်သူလူထုတွေကိုလည်းပဲ သူတို့က အေးအေးဆေးဆေး တိုက်ပွဲလည်း မဖြစ်တဲ့အထိ တည်တည်ငြိမ်ငြိမ် ဖြစ်နေပါပြီတဲ့။ အဲ့ဒါကြောင့် ခေါ်စရာမလိုတော့ဘူးဆိုပြီးမှ သူတို့လည်း ပြောပါတယ်။ ဒါဆိုတော့ သူတို့ရဲ့ စားဝတ်နေရေးကိစ္စ အားလုံးနဲ့ပတ်သက်ပြီးလည်း တပ်မ ၆၆ တပ်မမှူး သူတို့ပဲ အားလုံးတာဝန်ယူမယ်လို့ ပြောပါတယ်ဗျ။”
ဖားကန့်ဒေသမှာ မနေ့ကနဲ့ ဒီကနေ့ တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ပြောပါတယ်။ တချို့ဒေသခံတွေကတော့ ဖားကန့်ဘက်မှာ တိုက်ပွဲမဖြစ်ပေမဲ့ ဖားကန့်-မိုးကောင်းလမ်းက နမ့်ယားဘက်မှာ သေနတ်သံတွေ ကြားနေရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က တိုက်ပွဲတွေ စတင်ပြီးတဲ့နောက် ဖားကန့်ဒေသမှာ ရဲစခန်း၊ လူနေရပ်ကွက်နဲ့ ကားလမ်းတွေမှာ မိုင်း ၁၅ လုံးလောက် ပေါက်ကွဲပြီး လူတယောက် သေဆုံးခဲ့သလို ၁၂ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။ ဖမ်းဆီးရမိသူတွေကို စစ်ဆေးချက်အရ ဖောက်ခွဲသူဟာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ကလို့လည်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။
အခု ကချင်ပြည်နယ် ဖားကန့်ဒေသ စစ်ပွဲတွေအတွင်း တရုတ်လူမျိုး ရာဂဏန်းပိတ်မိနေတယ်လို့ တရုတ်အစိုးရပိုင် Golden Times က မနေ့က ဖော်ပြရေးသားခဲ့ပေမဲ့လို့၊ သူတို့ စုံစမ်းလေ့လာချက်အရတော့ ဒီလို တရုတ်အများအပြား စစ်ပွဲထဲ ပိတ်မိနေတယ်ဆိုတဲ့ သတင်း မမှန်ကန်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဒီကနေ့ ပြောကြားခဲ့ပါတယ်။
VOA

IS ဖမ်းထားသူ ဂျပန် ၂ ဦးပြန်လွှတ်ပေးဖို့ ၀န်ကြီးချုပ် Abe တောင်းဆို

အစ္စလာမ်စစ်သွေးကြွအဖွဲ့ IS က ဖမ်းဆီးထားပြီး ပြန်ပေးငွေ ဒေါ်လာသန်း ၂၀၀ ကို ၇၂ နာရီအတွင်း မပေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံထားရတဲ့ ဂျပန်နိုင်ငံသား ၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန်ဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံသားတွေကို သတ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ဗွီဒီယိုကို IS အဖွဲ့က ထုတ်ပြန်လိုက်တာကို တွေ့ရတဲ့အတွက် ခါးခါးသည်းသည်း ခံစားမိသလို၊ ခွင့်မလွှတ်နိုင်တဲ့ လုပ်ရပ်ဖြစ်တဲ့အကြောင်း၊ သူတို့ ၂ ဦးကို ထိခိုက်နာကျင်အောင် မလုပ်ဖို့၊ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အပြင်းအထန် တောင်းဆိုလိုက်တဲ့အကြောင်း ၀န်ကြီးချုပ် Shinzo Abe က ပြောဆိုခဲ့ပါတယ်။
လိမ္မော်ရောင်ဝတ်စုံတွေနဲ့ ဂျပန်နိုင်ငံသား ၂ ဦးကို ဒူးထောက်ခိုင်းထားပြီး ဓားမြှောင်တလက်နဲ့ ၀တ်စုံအနက် ၀တ်ဆင်ထားသူ စစ်သွေးကြွတယောက်က အင်္ဂလိပ်ဘာသာနဲ့ ခြိမ်းခြောက် ပြောဆိုထားတဲ့ ဗွီဒီယို ထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပဲ ဂျေရုဆလင်မှာ ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ်က ပြောဆိုလိုက်တာပါ။
စစ်သွေးကြွတွေရဲ့ ဗွီဒီယိုထဲမှာတော့ ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသား ၂ ဦးဟာ Kenji Goto နဲ့ Haruna Yakawa တို့ ဖြစ်တယ်လို့ ပြောဆိုထားသလို၊ IS စစ်သွေးကြွအဖွဲ့အပေါ် အနောက်နိုင်ငံတွေရဲ့ စစ်ဆင်ရေးတွေကို ဂျပန်နိုင်ငံက ထောက်ခံနေတာဟာလည်း မိုက်မဲတဲ့ လုပ်ရပ်အဖြစ် ဝေဖန်ပြောဆိုခဲ့တာပါ။
အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေမှာရှိကြတဲ့ IS စစ်သွေးကြွ ပစ်မှတ်တွေကို ပြီးခဲ့တဲ့ သြဂုတ်လကစလို့ လေကြောင်းကနေ အကြိမ်ပေါင်း ၁၇၀၀ ကျော် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ထဲမှာတော့ ဂျပန်နိုင်ငံ မပါဝင်ပေမဲ့ ဆွန်နီမူဆလင် အစွန်းရောက်တွေကို တိုက်ခိုက်နေတဲ့ နိုင်ငံတွေအတွက် စစ်ဘက်နဲ့မဆိုင်တဲ့ အကူအညီအဖြစ် ဒေါ်လာသန်း ၂၀၀ ပေးအပ်ဖို့ ၀န်ကြီးချုပ် Shinzo Abe က စနေနေ့မှာပဲ ကတိပြုထားပါတယ်။
VOA

လားရှိုးတွင် ပြန်ပေးဆွဲ လူသတ်ခဲ့သော တရုတ်နိုင်ငံသားများကို လွှဲပြောင်းပေးရန် တောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၉
လားရှိုးမြို့နယ်တွင် စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပြန်ပေးဆွဲခဲ့ပြီး လူသတ်မှု ကျူးလွန်ခဲ့သော တရုတ်နိုင်ငံသားလေးဦး၏ အမှုကို မြန်မာနိုင်ငံ တရားစီရင်ရေး ဥပဒေဖြင့် အရေးယူနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်နိုင်ငံ ရဲတပ်ဖွဲ့သို့ တောင်းဆိုထားကြောင်း လားရှိုးမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
“တရားခံတွေကို လွှဲပြောင်းပေးဖို့ တောင်းဆိုထားတာ ဆယ်ရက်ကြာပြီ။ သူတို့ဘက်က ခုထိဘာအကြောင်းမှ မပြန်သေးဘူး။ လူသတ်မှုဖြစ်စဉ် စစ်ဆေးပေါ်ပေါက်ချက်အရ ဒီဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာကြောင့် အမှုမှန် စစ်ဆေးဖော်ထုတ်နိုင်အောင် လွှဲပြောင်းပေးဖို့ တောင်းဆိုရတာပါ” ဟု လားရှိုးမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းမှူး ရဲအုပ်စန်းယုက ပြောကြားသည်။
လားရှိုးမြို့ မျက်နှာဖုံးစာရင်းဝင် သတ္တုတွင်းလုပ်ငန်းများနှင့် Happy Time ကလေးကစားကွင်း ပိုင်ရှင် ဦးမျိုးမြင့်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က တရုတ်နိုင်ငံသား အမျိုးသားလေးဦးက ပြန်ပေးဆွဲ ခေါ်ဆောင်သွားရာမှ ဒီဇင်ဘာလ ၁၄ ရက်နေ့က တရုတ်နိုင်ငံ ဝမ်တိန် မြို့ဝင် စစ်ဆေးရေးဂိတ်၌ သေဆုံးနေသော ဦးမျိုးမြင့်၏ ရုပ်အလောင်းနှင့်အတူ အဆိုပါ အမျိုးသားလေးဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
“သေဆုံးခဲ့သူရဲ့ ညီဖြစ်သူက လွန်ခဲ့တဲ့ ရှစ်နှစ်က တရုတ်နိုင်ငံသား တစ်ယောက်နဲ့ သတ္တုတွင်း လုပ်ငန်းတစ်ခု ရှယ်ယာလုပ်ကိုင်ခဲ့တယ်။ လုပ်ငန်း အရှုံးပေါ်ခဲ့တာကြောင့် တရုတ်နိုင်ငံသားကို နစ်နာကြေးငွေ ယွမ်သိန်း ၂၀ ကို တရုတ်သံရုံးမှာ ပေးလျော်ခဲ့ပြီးပြီ။ ဒါကို သူတို့ဘက်က မကျေနပ်ဘဲ အစ်ကိုဖြစ်သူကို ပြန်ပေးဆွဲ ငွေထပ်တောင်းမလို့ ကြံစည်ရာကနေ လူသတ်မှုပါ ကျူးလွန်ခဲ့တယ်လို့ သိရတယ်” ဟု ရဲအုပ်စန်းယုက ရှင်းပြသည်။
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၄ ရက်နေ့က တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့သို့ ပြန်လွှဲပေးခဲ့သော်လည်း ရွှေလီဆေးရုံတွင် စစ်ဆေးထားသည့် ဆေးစာမှာ တစ်လကျော်ကြာသည်အထိ မထွက်ရှိသေးကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့် လားရှိုးမြို့နယ်တွင် ပြန်ပေးဆွဲ လူသတ်မှုဖြစ်စဉ်ကို ကျူးလွန်သူများကိုယ်တိုင် သရုပ်ပြစစ်ဆေးရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စီစဉ်ခဲ့သော်လည်း တရုတ်နိုင်ငံရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ကြောင်း လားရှိုး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံမင်းက ပြောကြားသည်။
“ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို ဒီဘက်လွှဲပေးဖို့ တောင်းဆိုပေမယ့် သူတို့ဘက်က ငြင်းနေတယ်လို့ ကြားမိတယ်။ တရုတ်နိုင်ငံရဲ့ ဥပဒေအရ ကြိုတင်ကြံစည် လူသတ်မှုဆို သေစားသေစေလို့ ကြားသိရပေမယ့် ကိုယ့်နိုင်ငံဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုကို ဒီဘက်နိုင်ငံမှာပဲ စစ်ဆေးမယ်ဆို ပိုပြီးပွင့်လင်းမြင်သာလိမ့်မယ်လို့ ယူဆတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
လားရှိုးမြို့မှ စီးပွားရေးလုပ်ငန်းရှင်ကို ပြန်ပေးဆွဲ လူသတ်မှုကို စေခိုင်းခဲ့သူမှာ တရုတ်နိုင်ငံသား မော်ရီရှင်းဖြစ်ပြီး ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သော ကြေးစားလူမိုက်များကို တရုတ်နိုင်ငံ ရွှေလီရဲတပ်ဖွဲ့က ပုဒ်မများဖွင့်ကာ အရေးယူထားပြီး လားရှိုးမြို့နယ် အမှတ် (၂) နယ်မြေ ရဲစခန်းကလည်း (ပ) ၁၅၈/ ၁၄၊ ပုဒ်မ ၃၀၂/၃၆၄ တို့ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
The Voice