Pages

Saturday, February 7, 2015

ဘတ်ဂျက်ငွေတိုးလာသည့်နှင့်အမျှ ဝန်ကြီးဌာနများ အလွဲသုံးစားပိုလုပ်လျက်ရှိ

 
  နိုင်ငံတော် ဘဏ္ဍာငွေများကို တစ်နှစ်ထက်တစ်နှစ် ပိုတိုးပေးနိုင်ရန် လွှတ်တော်က ခွင့်ပြုပေးလေ ဘဏ္ဍာ ငွေအလွဲသုံးစား ပြုလုပ်မှု ပိုမိုများ လာလေကို တွေ့ရှိရကြောင်း ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ပြည်ထောင်စုလွှတ်တော်တွင် ပြောဆို ခဲ့သည်။

  ပြည်ထောင်စု ဝန်ကြီးဌာနများ သည် နိုင်ငံတော် ဘဏ္ဍာငွေများ ကို နေ့ပြန် တိုးပေးခြင်း၊ ကိုယ်ပိုင်လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံခြင်း စသည့် အလွဲ သုံးစားမှုများ ပြုလုပ်နေကြသည်။

ဝန်ကြီးဌာနများသည် နိုင်ငံတော်၏ ဘဏ္ဍာငွေများ လက်ဝယ်ကိုင်ဆောင်ထားပြီး မိမိပိုင် ငွေစုစာအုပ်များသို့ ထည့်သွင်း၍ အတိုးပေးစားခြင်း၊ ငွေကြေးများ ထောက်ပံ့ ချေး ငှားပြီး လုပ်ငန်းဆောင်ရွက်မှု မ ရှိခြင်းများ အရေးယူဆောင်ရွက်မှု အားနည်းသောကြောင့် ဖြစ်သည် ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဌာနများ အလွဲသုံး စားမှု အထောက်အထားများကို လွှတ်တော်သို့ ထောက်ပြပြောဆိုခဲ့သည်။

  နိုင်ငံတော်၏စာရင်းများ စစ်ဆေး ရာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လ တွင်တွေ့ရှိရသည့် စစ်ဆေး တွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက် ချက်များ၊ အရေးယူ ဆောင်ရွက်ပြီး စီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာ အမှတ်စဉ် (၁/၂၀၁၅)တွင် အထက်ပါအချက်များနှင့် ဝန်ကြီး ဌာနများ ဘဏ္ဍာရေး စည်းမျဉ်းချိုး ဖောက်မှုများ စစ်ဆေးတွေ့ရှိခဲ့သည် ဟု ဖော်ပြထားသည်။

ထို့အတူ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန ၂၅ ခုသည် သတ်မှတ်ကာလ ကျော် လွန်၍ ပို လျှံငွေ ပြန်အပ်မှုသည် ဘဏ္ဍာရေး စည်းမျဉ်းများကို ဖောက် ဖျက်ခြင်းဖြစ် ကြောင်း၊ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံးမှ ပေးပို့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေ ရသုံးဆိုင်ရာ ဥပဒေပါ နိုင်ငံ တော်၏ အရ အသုံး စာရင်းများ စစ် ဆေးတွေ့ရှိ ချက် အစီရင်ခံစာကို ပြည် သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လွှတ်တော်တို့ တင်သွင်းရာတွင် ပြည် သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးမောင်တိုး က ပြောဆိုခဲ့သည်။

  နိုင်ငံတော်၏ ရသုံးဘဏ္ဍာငွေ ပိုလျှံငွေများကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံး ထား ပေးပို့ရသော်လည်း ဝန်ကြီးဌာန ၂၅ ခုနှင့် ဗဟို အဖွဲ့အ စည်း လေးခုတို့သည် သက်မှတ်ရက်ထက် ကျော်လွန်သည်အထိ အပ် နှံခြင်းကို ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနက လက်ခံနေကြောင်း၊ ပိုလျှံငွေများ ကို အချိန်မီ အပ်နှံရန် လိုအပ်ခြင်းနှင့် အခြားသော ဘဏ္ဍာရေး စည်းမျဉ်း ဖောက်ဖျက်မှုများကို သိသိသာသာ လျော့နည်းစေရန်အတွက် ဘဏ္ဍာ ရေးဝန်ကြီးဋ္ဌာနအနေဖြင့် လိုအပ်သည့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများ ကို ပြုပြင်ပြောင်းလဲထုတ်ပြန်ရန် လိုအပ် ကြောင်း ဦးမောင်တိုး က ပြောဆိုခဲ့သည်။

အစိုးရဌာနများအနေဖြင့် ဘဏ္ဍာ ရေးစည်းမျဉ်း စည်းကမ်းဖောက်ဖျက် မှု များပြား လာသောကြောင့်
 ပြည် သူ့ဘဏ္ဍာငွေဆိုင်ရာ ဥပဒေရေးဆွဲ ပြဋ္ဌာန်း ရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အကြံပြုဆွေးနွေးမှု အပေါ် ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လုပ် ဆောင်ပေး မည်ဟု ပြည်ထောင်စု လွှတ်တော်တွင်ပြောဆိုခဲ့သည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေများ ပါဝင် သော နိုင်ငံတော် ဘဏ္ဍာငွေများမှ ရငွေနှင့် သုံးငွေများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးခဲ့ရာ စုစု ပေါင်း ရငွေနှင့်သုံးငွေ ၁၈,၈၂၃,၈၂၆ အနက် ၁၂,၁၆၅,၈၅၅ ကျပ်ဘီယီယံ ကို ထုတ်နုတ် စစ်ဆေးနိုင်ခဲ့ကြောင်း အစီရင်ခံစာ တွင် ပါရှိသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဗဟိုအဖွဲ့အစည်း လေးခုနှင့် ဝန်ကြီး ဌာန ၂၅ ခုသည် သတ်မှတ်ကာလ ကျော်လွန်အပ်နှံငွေ စုစုပေါင်း ၄၀၈.၆၀၄ ဘီလီယံ ဖြစ်ပေါ် ခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မ တီထံက သိရသည်။

စိုင်းဟန်

The Ladies News Journal

ထားဝယ်တွင် ရွှေည၀ါဆရာတော် တရားဟောခွင့်ပိတ်ခံရ


Dawei Watch|ထားဝယ်၊ ဖေဖော်ဝါရီ ၆

ထားဝယ်ဒေသ၊သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် ပြုလုပ်မည့်တရားဟောပွဲတွင် ပါဝင်ဟောကြားမည့် ရွှေည၀ါဆရာတော်အား တရားဟောခွင့်ပိတ်ခံရကြောင်း ပရဟိတ ဓမ္မသဘင်ဖြစ်မြောက်ရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ရွှေည၀ါဆရာတော် ဦးပညာသီဟ အပါအ၀င် ဆရာတော်ကြီး ၄ ပါးမှ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ဟောကြားမည့် ၅ ရက်တာ တရားပွဲကို သရက်ချောင်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌ၊ မြို့နယ်သာသနာရေးမှူး၊ သရက်ချောင်းမြို့မရဲစခန်း၊ ညောင်ဇင်ကျေးရွာအုပ်ချုပ်ရေးမှူး စသည်တို့က ခွင့်ပြုထားပြီးဖြစ်သော်လည်း ဖေဖော်ဝါရီ ၅ ရက်နေ့တွင်မှ ခွင့်မပြုကြောင်း တဖန်ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။

တရားပွဲစတင်မည့် ၅ ရက်နေ့ညနေပိုင်းတွင် တရားပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့ဆုံပြီး ဒေသခံဆရာတော်များကို တရားဟောခွင့်ပြုသော်လည်း ရွှေည၀ါဆရာတော်အတွက် တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၏ ခွင့်ပြုချက်မရရှိသေးကြောင်းပြောဆိုကာ သာသနာရေးဦးစီးဌာနမှ စည်းကမ်းချက် ၉ ချက်နှင့် ကိုက်ညီမှုရှိမှ ခွင့်ပြုမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဓမ္မသဘင်ဖြစ်မြောက်ရေးဦးဆောင်သူများက ပြောသည်။

ရွှေည၀ါဆရာတော်ကို တရားဟောခွင့်ပြုမပြုကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အကြောင်းပြန်ကြားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရွှေည၀ါဆရာတော်အား တိုင်းသာသနာရေးဦးစီးဌာနမှ ခွင့်မပြုကြောင်း ညောင်ဇင်ကျေးရွာ အုပ်ချုပ်ရေးမှူးမှတဆင့် အကြောင်းကြားလာခဲ့သည်ဟု ဓမ္မသဘင်ဖြစ်မြောက်ရေး ဦးဆောင်သူက ပြောသည်။

“သာသနာရေးဌာနရဲ့ အချက် ၉ ချက်မှာ ဘယ်အချက်နဲ့ မကိုက်ညီတာလဲလို့ အုပ်ချုပ်ရေးမှူးကို မေးတာ တိုင်းသာသနာရေးဦးစီးဌာနရဲ့စာမရသေးလို့ အတိအကျမပြောနိုင်သေးဘူးလို့ပြောတယ်” ဟု တရားပွဲဦးဆောင်သူ ဒေါ်သန်းဝေ က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနထံသို့ Dawei Watch မှ တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ စည်းကမ်းချက် ၉ ချက်အနက် ရွှေည၀ါဆရာတော်သည် ဓမ္မစရိယဘွဲ့မရသေးသောကြောင့် တရားဟောခွင့်မပြုရခြင်းဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနိုင်က ပြန်လည်ဖြေကြားခဲ့သည်။

တရားပွဲကို ညောင်ဇင်ကျေးရွာ၊ ညောင်ဇင်ကျောင်းကြီးတိုက်ရင်ပြင်တွင် ကျင်းပမည်ဖြစ်ပြီး ညောင်ဇင်ကျေးရွာရှိ အလှူရှင်များစုပေါင်းကျင်းပခြင်းဖြစ်သည်။

ရွှေည၀ါဆရာတော်အား တရားဟောခွင့်ကို ညောင်ဇင်ကျေးရွာတွင်သာမက အနီးဝန်းကျင်ကျေးရွာဖြစ်သည့် ကြာအင်းကျေးရွာတွင်လည်း ပိတ်ခံခဲ့ရကြောင်း ကြာအင်းကျေးရွာတရားပွဲဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။

Dawei Watch

နတ်မောက် ဗိုလ်ချုပ်ရာပြည့်ပွဲ ပြည်သူထောင်သောင်းချီ တက်ရောက်

 
ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားရာ ဇာတိ မကွေးတိုင်း၊ နတ်မောက်မြို့မှာ ဗိုလ်ချုပ်မွေးနေ့ နှစ် ၁၀၀ ပြည့် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး ထောင်သောင်းချီတဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုရင်ပြင်မှာ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်တဲ့ ဗိုလ်ချုပ်မွေးနေ့ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်၊ မန္တလေး၊ နတ်မောက်နဲ့ အနီးနားမြို့တွေက ဗိုလ်ချုပ်ကို လေးစားကြည်ညိုတဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

  မွေးနေ့ဖွင့်ပွဲအခမ်းအနားကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးနဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေတို့က ဖွင့်လှစ်ပေးခဲ့ကြတယ်လို့ ဒေသခံသတင်းထောက် နတ်မောက်သားမြွေဟောက်က ပြောပါတယ်။

ဗိုလ်ချုပ်မွေးနေ့ဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာခြင်း မရှိတဲ့အတွက် မြို့ခံတွေ စိတ်မကောင်းဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

“လူထုကတော့ ဒေါ်စုတက်လိမ့်မယ်လို့ ယူဆတာပေါ့နော်။ ဒေါ်စု မတက်တဲ့အခါကျတော့ ဖခင်ကြီးရဲ့ ဇာတိဘက်ကို စိတ်အား မထက်သန်ဘဲ မိခင်ကြီးဌာနေလောက်ပဲ စိတ်အားထက်သန်တယ်ဆိုပြီး အမြင်မျိုးတွေ အမြင်ခံရတာပေါ့။ ဒီနေ့ပွဲကို မတက်တော့။”

နတ်မောက်ဗိုလ်ချုပ်မွေးနေ့နှစ် ၁၀၀ ပြည့် အခမ်းအနားအစီအစဉ်တွေကို ပြခန်း၊ အနုပညာဖျော်ဖြေတင်ဆက်မှု၊ ကျောင်းသားကျောင်းသူတွေရဲ့ ကဗျာရွတ်ဆိုဂုဏ်ပြုမှု စတဲ့အစီအစဉ်တွေနဲ့ ၇ ရက်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ ဗိုလ်ချုပ်မော်ကွန်း ကျောက်စာတိုင်ဖွင့်ပွဲကျင်းပဖို့ရှိပြီး အဲ့ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ မကွေးအမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က အတည်ပြုပြောပါတယ်။

နိုင်ငံတ၀န်း မြို့ကြီး၊ မြို့ငယ်တွေမှာ ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ပြုလုပ်နေကြပါတယ်။

By webteam (ဒီဗွီဘီ)

သတင်းမီဒီယာ လွတ်လပ်ခွင့်အဆို လွှတ်တော်အမတ် ၂၀၀ ကျော် ကန့်ကွက်


Friday, 06 February 2015 10:05
  
မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်နိုင်ဖို့ အဆိုကို ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းတဲ့အခါ လွှတ်တော် ကိုယ်စားလှယ် ၂၁၇ ယောက်က ကန့်ကွက်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။

ဒီအဆိုကို လှည်းကူးမဲဆန္ဒနယ်က ဦးဖြိုးမင်းသိန်းက တင်ပြခဲ့တာ ဖြစ်ပါတယ်။

“စိတ်မကောင်းလည်း ဖြစ်မိတယ်။ အံ့လည်း အံ့သြမိတယ်။ ကျွန်တော်တို့ လွှတ်တော်ကြီးဟာ ပြည်သူ့အသံကို နားထောင်တဲ့ လွှတ်တော်ကြီး ဟုတ်ပါရဲ့လားလို့ သံသယဖြစ်မိတယ်” လို့ အဆိုတင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒီအဆိုကို တင်သွင်းရတာဟာ သတင်းမီဒီယာတွေ ဖမ်းဆီးခံနေရတာတွေ၊ သေဆုံးတာတွေ ရှိနေတာကြောင့် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ တခြား နိုင်ငံတွေနဲ့ ယှဉ်ရင် ကောင်းမွန်တဲ့ အဆင့်ကို မရောက်သေးဘဲ ပြည်ပ မီဒီယာတွေ ကလည်း မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို စောင့်ကြည့်နေတာကြောင့် ဒီအဆိုကို တင်သွင်းခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ဒီအဆိုကို တင်သွင်းရာမှာ ဥပဒေနဲ့ အညီ လုပ်ဆောင်ပေးဖို့ဆိုတာ ပါတယ်။ ဥပဒေနဲ့ လုပ်ဆောင်တယ် ဆိုတာကို ဘာကန့်ကွက်တာလဲ ဆိုတာ မသိဘူး” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်းမီဒီယာမှာ လွတ်လပ်ခွင့်ရှိနေပြီး ဖြစ်လို့ အဆိုရဲ့ အဓိပ္ပါယ်ကို ရှင်းလင်းစွာ မသိဘဲ မီဒီယာတွေမှာ ကျင့်ဝတ်တွေ ရှိနေတာမို့ အဲဒီ ကျင့်ဝတ်တွေကို လိုက်နာရင် ဥပဒေတောင် မလိုဘူးလို့ ယူဆတာမို့ ကန့်ကွက်မဲ များနေတာ ဖြစ်နိုင်တယ်လို့ ကန့်ကွက်မဲထည့်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက သူ့အမြင်ကို ပြောပါတယ်။
The Voice

ထားဝယ်သပိတ်စစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်သို့ စတင်ချီတက်မည်

၇-၂-၂၀၁၅ ထားဝယ်ကျောင်းသားများဆန္ဒပြစဉ်(၇-၂-၂၀၁၅)။ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

လေးပွင့်ဆိုင်ဆွေးနွေးပွဲကြောင့် ယာယီရပ်ဆိုင်းထားခဲ့သော ထားဝယ်ခရိုင် သပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြန်လည်စတင်ခဲ့ပြီး လာမည့် ၈ ရက်နေ့တွင် ရန်ကုန်သို့ စတင်ချီတက်မည် ဖြစ်ကြောင်း ထားဝယ်နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ကိုမင်းလွင်ဦးက The Voice သို့ ပြောကြားသည်။

ထားဝယ်ခရိုင် ကျောင်းသားသပိတ်သည် မော်လမြိုင် ကျောင်းသားသပိတ်နှင့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပေါင်းစည်းကြပြီး ရန်ကုန်သို့ အတူတကွ ချီတက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဇန်နဝါရီလ ၆ ရက်နေ့က ပြန်လည်စတင်သော ထားဝယ်သပိတ် စစ်ကြောင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး ဝန်းကျင် ပါဝင်ကြောင်း အဆိုပါ သပိတ်ကော်မတီထံမှ စုံစမ်းသိရှိရသည်။

“တွေ့ဆုံဆွေးနွေးပွဲကို ကျွန်တော်တို့ စောင့်ကြည့်တယ်။ ဒါက အဆင်ပြေမှုမရှိရင် ဆက်လုပ်သွားဖို့ စီစဉ်ထားတယ်။ ဆွေးနွေးပွဲ ပြီးတာနဲ့ ပြန်စဖို့ လုပ်ပေမယ့် မော်လမြိုင် ကျောင်းသားသမဂ္ဂက ၉ ရက် နေ့မှ ထွက်မှာဆိုတော့ ကျွန်တော်တို့က အခုလောလောဆယ် မြို့ပေါ်မှာပဲ ချီတက်နေတာ ဖြစ်ပါတယ်” ဟု ကိုမင်းလွင်ဦးက ရှင်းပြသည်။

ထားဝယ်နှင့် မော်လမြိုင် သပိတ်အဖွဲ့သည် ဧရာဝတီ ကျောင်းသားသပိတ်နှင့် ရန်ကုန်မြို့တော်သို့ မရောက်မီ ပေါင်းစည်းရန် စီစဉ်ထားကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က ဧရာဝတီ ကျောင်းသားသပိတ်နှင့် လိုက်ပါလာသော ကျောင်းသား၊ ကျောင်းသူများကို မိဘများက အိမ်ပြန်လည်ခေါ်ကြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က တွေ့ဆုံပြောကြားပြီး ယင်းနေ့ ညနေပိုင်းတွင်ပင် ကျောင်းသားသပိတ် ရောက်ရှိရာ ပန်းတနော်မြို့သို့ ဆရာ၊ ဆရာမများနှင့် မိဘအချို့ သွားရောက်တွေ့ဆုံခဲ့ကြကြောင်း ကျောင်းသားမိဘများက ဆိုသည်။

သို့သော် သပိတ်မှောက် ကျောင်းသားများက အိမ်ပြန်လိုက်ရန် ငြင်းဆိုကြပြီး ရန်ကုန်မြို့သို့သာ ဆက်လက်ချီတက်ရန် ပြောကြားခဲ့ကြောင်း ဧရာဝတီသပိတ်အဖွဲ့နှင့် လိုက်ပါသူ ပုသိမ်နည်းပညာတက္ကသိုလ်မှ နည်းပြဆရာ ဦးဝေယံအောင်က အတည်ပြု ပြောကြားသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရွှေ့ဆိုင်းခံရပြီး ကျောင်းသားသပိတ်အင်အား အရှိန်ထပ်မြှင့်ပြီး နောက်ပိုင်း နေရာဒေသအချို့တွင် ဥပဒေနှင့် မညီညွှတ်သော ဆန္ဒပြမှုများ ပြုလုပ်နေကြောင်း အစိုးရအဖွဲ့က သတိပေးကြေညာချက် တစ်စောင်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ကျောင်းသားလူငယ်များကို အသုံးချ၍ ကျောင်းသားအမည်ခံသူများ၊ နောက်ကွယ်မှ ကြိုးကိုင်နေသူများနှင့် အားပေးအားမြှောက်ပြုသော နိုင်ငံရေး အဖွဲ့အစည်းအချို့ ရှိနေကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားသည်။

“အစိုးရရဲ့ သတင်းထုတ်ပြန်ချက်က ပြည်သူတွေ ကျောင်းသားတွေအပေါ် ထောက်ခံအားပေးမှု လျော့ကျအောင် လုပ်တာဖြစ်တယ်။ ကျောင်းသားတွေကို တစ်စုံတစ်ခု ဖိအားပေးတာလို့ မြင်တယ်” ဟု ကျောင်းသားသပိတ်အဖွဲ့ တစ်ထောက်နားခဲ့သော တောင်တွင်းကြီးမြို့မှ မြို့ခံတစ်ဦးက ပြောဆိုသည်။

ကျောင်းသားသပိတ်ကြောင့် ရှေ့လာမည့် စာမေးပွဲများ ကျင်းပရေးအတွက် စိုးရိမ်ပူပန်မှု မဖြစ်စေရန် စာမေးပွဲ အချိန်စာရင်းများကို ပညာရေး ဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ကြေညာထားသည်။

“ကျွန်တော်တို့ကို အားပေးနေတဲ့ အဖွဲ့အစည်းဆိုတာ ပြည်သူပဲဖြစ်ပါတယ်။ မိဘပြည်သူတွေဟာ အကောင်းဆုံး ထောက်ခံအားပေးနေတဲ့ နောက်ခံအဖွဲ့အစည်းတွေပါ။ ပြည်သူတွေ ထောက်ခံအားပေးနေတာကို မလိုလားတဲ့ အစိုးရက ဖြိုခွဲမယ်ဆိုရင် ခံယူဖို့ အသင့်ပါ” ဟု သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုမင်းသွေးသစ်က ပြောကြားသည်။

လက်ရှိအချိန်တွင် မန္တလေး သပိတ်စစ်ကြောင်း၊ ဧရာဝတီ သပိတ်စစ်ကြောင်း၊ ပခုက္ကူ  (မြေလတ်) သပိတ်စစ်ကြောင်းတို့က ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်လျက် ရှိသည်။
The Voice

White Card ကိစ္စ ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက် လက်မခံဟု စစ်တွေမြို့ အိမ်တိုင်း စာတန်းချိတ်မည်

စစ်တွေ၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက် ကန့်ကွက်သည့် စာတန်းကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နေအိမ်တိုင်းတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်ကာ ချိတ်ကပ်မည် ဖြစ်ကြောင်း ယင်းလှုပ်ရှားမှု ဦးဆောင်ကော်မတီ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးအောင်ဌေးက ပြောကြားသည်။

“White Card ကိစ္စ ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက် လက်မခံ” ဟု ရေးသားထားသည့် စာတန်းကို ရပ်ကွက်တိုင်း၊ အိမ်တိုင်းတွင် ချိတ်ကပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီနေ့ ပထမဆုံး လုပ်သွားနိုင်တာက အိမ်တိုင်းမှာ စာတန်းကပ်နိုင်အောင် မိတ္တူတွေ ဆွဲနေတယ်။ အားလုံးကို ဖြန့်ဝေသွားမှာပါ။ ပြီးမှ မြို့ပတ် ကြော်ငြာသွားပါမယ်” ဟု ၎င်းကဆိုသည်။

ယင်းစာတန်း ချိတ်ကပ်သည့်အပြင် သာသနာ့အလံထောင်ခြင်းနှင့် လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံး ချိတ်ဆက်ကာ မြို့နယ်တိုင်း ရပ်ကွက်တိုင်း ပါဝင်နိုင်သော White Card ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကို ကျယ်ပြန့်စွာ ကျင်းပသွားမည်ဟုလည်း ဦးအောင်ဌေးက ပြောဆိုသည်။

စစ်တွေမြို့ရှိ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့၊ ရခိုင်အမျိုးသမီးများကွန်ရက်၊ မြို့မိမြို့ဖအဖွဲ့ အပါအဝင် လူမှုအဖွဲ့အစည်းပေါင်း ၂၀ ကျော်တို့သည် White Card ကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၅ ရက်နေ့၌ စစ်ကဲတော်မင်း ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ဆွေးနွေးမှုအပြီး ယင်းလှုပ်ရှားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၈ ၇က်နေ့တွင် စစ်တွေမှ အဖွဲ့ပေါင်းစုံ ပါဝင်နိုင်သော အစည်းအဝေးတစ်ခုကို ပြုလုပ်သွားရန် ရှိကြောင်း (၈၈) ရခိုင်လူမှုဖွံ့ဖြိုးရေး အဖွဲ့နှင့် ရခိုင်မျိုးဆက်သစ်များ နိုင်ငံရေးအင်အားစု အဖွဲ့ထံမှ သိရှိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲများတွင် ယာယီသက်သေခံကတ်များ ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အတည်ပြု ဆုံးဖြတ်ခဲ့သည်။

The Voice (ခင်မောင်အေး)

Friday, February 6, 2015

Aung San Teaser ဗိုလ်ချုပ်ရုပ်ရှင် အမြည်းကြည့်ရှုနိုင်ပြီ



လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ဆိုရင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တရာပြည့် အထိမ်းအမှတ်နေ့တနေ့ကို ရောက်ရှိလာတော့မှာပါ။ အနယ်နယ်အရပ်ရပ်က သက်ဆိုင်ရာနေရာ အသီးသီးမှာလည်း ဗိုလ်ချုပ်ရာပြည့်ပွဲအတွက် အထိမ်းအမှတ် အခမ်းအနားတွေလည်း ပြုလုပ်နေကြပါပြီ။

 ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီမှ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနိုင်ဖို့အတွက် အလှူငွေ ကောက်ခံဖို့ရန် ဗိုလ်ချုပ်ရဲ့ အတ္ထုပတ္တိထဲက ကောင်းနိုးရာရာ အပိုင်းတွေကို Teaser အဖြစ်ရိုက်ကူးပုံဖော်ထားတာလည်း ပြီးစီးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်သံလိုင်းတွေနဲ့ အွန်လိုင်းတွေမှာ ပြသနေတာတွေ့ရပါတယ်။

 ၁၂ မိနစ်နီးပါးခန့်ကြာမြင့်တဲ့ Teaser အပိုင်းထဲမှာ ဂျပန်တော်လှန်ရေး မစတင်မီ ဗိုလ်ချုပ်အောင်ဆန်းက သူ့ရဲ့ဇနီးသည်နဲ့ သားသမီးတွေကို ကြက်ဖမွှေးဇောင်းရွာကို ပို့ဆောင်လိုက်တဲ့ အခန်း၊

 ဂျပန်တော်လှန်ရေး စတင်မယ့် သရက်ချောင်းရွာမှာ ဗိုလ်ချုပ်နေထိုင်နေစဉ် ဇနီးသည်နဲ့ သားသမီးတွေကို လွမ်းဆွတ်သတိရနေတဲ့ အခန်း၊ အင်္ဂလိပ် စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်နဲ့ သီဟိုဠ်နိုင်ငံ ကန္နီမြို့မှာ တွေ့ဆုံစဉ် နိုင်ငံရေးသမား လုပ်မှာလား၊ စစ်သားလုပ်မှာလားဆိုတဲ့ အမေးကို တိတိကျကျ ပြန်ဖြေနိုင်ဖို့အတွက် စစ်ယူနီဖောင်းကိုသိမ်းပြီး တိုက်ပုံနဲ့ ပုဆိုးကိုဝတ်ကာ နိုင်ငံရေးလောကထဲကို ၀င်ရောက်လာခဲ့တဲ့ အခန်းနဲ့ ဂဠုန် ဦးစောရဲ့ လုပ်ကြံခြင်းကို မခံရခင် အချိန်ကာလ စတဲ့ ဇာတ်ဝင်ခန်းလေးခန်း တို့ကို ရိုက်ကူးထားတဲ့ ဒီ ဗီဒီယိုဖိုင်ကို ဧရာဝတီ ဘလော့ဂ်ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။


ဒီ Teaser အပိုင်းကို ကြည့်ပြီး ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနိုင်ဖို့အတွက် စေတနာထက်သန်သူ မည်သူမဆို မိမိတတ်နိုင်သလောက် ငွေကျပ် တထောင်က စလို့ လှူဒါန်းနိုင်ပါသေးတယ်။ ဒီလို ပါဝင်လှူဒါန်း လိုပါက မြန်မာနိုင်ငံ အရပ်ဒေသ အသီးသီးရှိတဲ့ ဘယ် ပြည်တွင်း ပုဂ္ဂလိကဘဏ်မှာမဆို ဧရာဝတီဘဏ် စာရင်းရှင် နံပါတ် ၀၀၈၀ ၁၀၂၀ ၁၀၀၀ ၃၂၃၀ နဲ့ စုငွေစာရင်းနံပါတ် ၀၀၈၀ ၂၀၂၀ ၁၀၀၂ ၂၆၈၉ ကို လည်းကောင်း၊ပြည်ပမှ လှူဒါန်းလိုသူတွေအနေနဲ့ Western Union ဘဏ်စာရင်းအမည် “Bogyoke Aung San Film Funding” ကိုလည်းကောင်း လှူဒါန်းနိုင်တယ်တဲ့။
ဧရာဝတီblog 
http://lwintmgmgmovie.blogspot.com/2015/02/aung-san-teaser.html   မှာလည်းကြည့်နိုင်ပါပြီ။

ကျောင်းသားတိုက်ပွဲ ဘယ်ကို ဆက်သွားမလဲ

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ကျောင်းသားတွေတောင်းဆိုချက်အရ ကျင်းပတဲ့ အစိုးရ၊ လွှတ်တော်၊ ကျောင်းသား နဲ့ NNER ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်တို့ ပါဝင်တဲ့ နေပြည်တော်က လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပျက်ပြားသွားခဲ့ပြီဖြစ်ပါတယ်။ အပြီးတိုင် ပျက်သွားတာမျိုး မဟုတ်ပဲ လာမယ့် ပြည်ထောင်စုနေ့ ဖေဖေါ်ဝါရီ ၁၂ ရက်နောက်ပိုင်းကျမှ ဆွေးနွေးပွဲတွေ ပြန်စနိုင်မယ်လို့ အစိုးရဘက်က ကြေငြာထားပါတယ်။ ကျောင်းသားတွေကတော့ နဂို စီစဉ်ထားတဲ့အတိုင်း ဆန္ဒပြချီတက်ပွဲတွေ ဆက်လုပ်နေကြပြီး သပိတ်မှောက် စစ်ကြောင်းတွေ ရန်ကုန်မှာ စုနိုင်ဖို့ လုပ်နေကြပါပြီ။ ပြသနာတွေ ဘယ်လို ဖြစ်တာပါလဲ၊ ကျောင်းသားသပိတ် ပြသနာ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ ကျောင်းသား သပိတ်တိုက်ပွဲကိုကြည့်ရင် အဆင့် နှစ်ဆင့်ခွဲပြီး ရှုမြင်နိုင်ပါတယ်။ ကျောင်းသားတွေ တောင်းဆိုတဲ့အတိုင်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာတဲ့ အဆင့်က တစ်ဆင့်ဖြစ်ပြီး အဲဒီကမှတဆင့် နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ကျောင်းသားတွေလိုလားတဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်နိုင်ရေး ဖြစ်ပါတယ်။ ပထမ အဆင့်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေး အဆင့်ထိ ရောက်လာတာဟာ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲ အကောင်အထည် ဖော်မှု ပုံစံ မှန်ကန်ခဲ့လို့ ပါ။ ပထမ အရေးအကြီးဆုံး အချက်က ကျောင်းသားတွေ ဆန္ဒပြဖို့ အထိ ဖြစ်လာတဲ့ အကြောင်းပြချက် ခိုင်မာတာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနဟာ အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြုစုစဉ်တုန်းက ကျောင်းသားတွေ အားထားရတဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ NNER ကိုယ်စားလှယ်တွေကို ဟုတ်တိပတ္တိ လက်ခံတွေ့ဆုံဆွေးနွေးခွင့် မပေးခဲ့ပါဘူး။ NNER က ကန့်ကွက်ခဲ့တဲ့ အချက်တွေ ပညာရေးဥပဒေ မူကြမ်းထဲ ထည့်သွင်းခဲ့သလို၊ တကယ် ဥပဒေအဖြစ် အတည်ပြု ပြဌာန်းလိုက်တော့လည်း အဲဒီ အချက်တွေ ပါဝင်လာပါတယ်။ အခု အဲဒါတွေကိုထောက်ပြပြီး ပြင်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုတဲ့အတွက် ဆန္ဒပြရတဲ့ အကြောင်းအရင်း မှန်ကန်တယ်လို့ ပြောရခြင်းပါ။
ဒုတိယ အနေနဲ့ ဆန္ဒပြရာမှာ ကျောင်းသားတွေဟာ အချက် (၁၁) ချက် ထုတ်ပြန်ပြီး တောင်းဆို ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချက်တွေ အားလုံးဟာ ပညာရေးနဲ့ သက်ဆိုင်တဲ့ အချက်တွေချည်းပဲ ဖြစ်ပါတယ်။ ပြောရရင် ကျောင်းသားဆန္ဒပြ တောင်းဆိုချက်ထဲမှာ နိုင်ငံရေးဆိုင်ရာနဲ့ အခြား မဆိုင်တဲ့ အကြောင်းအချက်တွေ မပါဝင်ခြင်းဟာလည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်သည်အထိ အောင်မြင်စေတဲ့ အချက်ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ ဆန္ဒပြတာကို အကန့်အသတ်နဲ့ ပြတာပါ။ ပထမ ရက်တစ်ချို့ ဆန္ဒပြပြီးနောက် အစိုးရနဲ့ လွှတ်တော်ဘက်ကို ရက်ပေါင်း ၆၀ အချိန်ပေးပါတယ်။ ရက်ပေါင်း ၆၀ အတွင်း အစိုးရနဲ့ လွှတ်တော်ဘက်က ပြင်ဆင်စရာရှိတာ ပြင်ဆင်နိုင်အောင်ပါ။ ဒါပေမယ့် အစိုးရနဲ့ လွှတ်တော်ဘက်က ကျောင်းသားတွေနဲ့ တွေ့ဆုံဖို့ အရိပ်အယောင် မပြတာ၊ ဆွေးနွေးလိုပုံ မပေါ်တော့မှ မန္တလေးကစ ရန်ကုန်ကို လမ်းလျောက် ချီတက်မယ် ဆိုတဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီလို အကန့်အသတ်၊ အထိန်း အချုပ်နဲ့ ဆန္ဒပြတဲ့အတွက် ကျောင်းသားတွေ တောင်းဆိုတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်ပေါ်သည်အထိ အောင်မြင်မှု ရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ နေပြည်တော်မှာ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ပျက်သွားခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပစ်တင်ပြောဆိုတာတော့ ရှိခဲ့ပါတယ်။ ကျောင်းသားတွေနဲ့ NNER ဘက်က အစိုးရဟာ ဆွေးနွေးပွဲမှာ သူတို့ဖာသာ သူတို့ လူတွေ လိုချင်သလောက် ထည့်တယ်၊ သူတို့ဘက်ကိုတော့ အရည်အတွက် ကန့်သတ်တာမျိုး လုပ်တယ်၊ တရားမျှတမှု မရှိဘူး၊ ဆွေးနွေးပွဲကို တဖက်သတ် ဖျက်သိမ်းပစ်တယ် ဆိုပြီး ဝေဖန်ပါတယ်။ အစိုးရဘက်ကတော့ ဆွေးနွေးပွဲဆိုတာ လူတွေ ၀င်ချင်တိုင်း ၀င်လို့ မရဘူး၊ စနစ်တကျ အကန့်အသတ် ရှိရတယ်၊ နောက် အခု လာဆွေးနွေးတဲ့သူတွေဟာလည်း ဆန္ဒပြ ကျောင်းသားထု အားလုံးကို ကိုယ်စားပြုရဲ့လား၊ ဒီအတွက် ဆွေးနွေးပွဲတွေကို လာမယ့် ဖေဖေါ်ဝါရီ ၁၂ နောက်ပိုင်းကို ရွှေ့တယ်၊ ကျောင်းသားတွေအနေနဲ့ တကယ်ကိုယ်စားပြုသူတွေကို ရွေးချယ်ပြီး၊ ဘာတွေ ဆွေးနွေးမလဲ ဆိုတာ တိတိကျကျ ယူလာပါ၊ အဲဒီအခါကျရင် ကျောင်းသားတွေ ရွေးချယ်တဲ့ နေရာမှာ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လုပ်ပေးမယ် ဆိုပြီး အကြောင်းပြန်ခဲ့ပါတယ်။
ဒီပြသနာနဲ့ ပါတ်သက်ရင် အစိုးရဘက်က လိုအပ်ချက်ဟာ တွေ့ဆုံဆွေးနွေးရေး နဲ့ ပါတ်သက်ပြီး နွေးထွေးမှု မရှိတာပါ။ ကျောင်းသားတွေနဲ့ NNER အဖွဲ့ နေပြည်တော်ကို ရောက်ခိုက် စည်ပင်တည်းခိုရိပ်သာမှာ တည်းခိုဖို့ အခက်အခဲ ဖြစ်ပေါ်ခဲ့ပါတယ်။ တကယ်တော့ ဒီလို ကြီးမားလှတဲ့ နိုင်ငံရေးဆိုင်ရာ အကြပ်အတည်းကြီးကို ဆွေးနွေးဖို့ လာတဲ့သူတွေကို ခုလို အခက်အခဲ အကြပ်တည်းဖြစ်အောင် လုံးဝ မလုပ်သင့်ပါဘူး။ အစိုးရတာဝန်ရှိသူတွေဟာ ဒီ ပြသနာ သူ့ဘက်က ဘာမှ မသိပါဘူးဆိုတဲ့ ဆင်ခြေပေးလို့လည်း မရပါဘူး။ ကျောင်းသားတွေ ဘက်ကလည်း တကယ်ပဲ တွေ့ဆုံဆွေးနွေးရေးကနေ အဖြေတစ်ခု ရှာလိုတယ် ဆိုရင် ပထမ ၁၅ ယောက်၊ နောက်ထပ် ခွင့်ပြုချက် အယောက် ၂၀ ခွင့်ပြုချိန် ဆွေးနွေးပွဲ တက်သင့်ပါတယ်။ တကယ့် နည်းပညာအရ အထောက်အကူဖြစ်စေမယ့် NNER ထဲမှာ ပညာရှင်တွေ ပါလာပြီးသားမို့ အမှားအယွင်းဖြစ်မှာကိုလည်း သိပ်မပူရပါဘူး။ အခြား မကျေနပ်တာ ရှိရင် ကိုယ်စားလှယ် အယောက် ၂၀ နဲ့ အရင်ဆွေးနွေးရင်း ဆက်ပြီး ဖြေရှင်းသွားလို့ ရနိုင်ပါတယ်။ အခုတော့ နှစ်ဖက် အလျော့မပေးကြတာကြောင့် လမ်းလျောက် ဆန္ဒပြတဲ့ အခြေအနေ ပြန်ရောက်သွားပါပြီ။
တကယ်တော့ ခုလို တွေ့ဆုံဆွေးနွေးပွဲတွေ အောင်မြင်ဖို့ ဆိုရင် နှစ်ဖက်စလုံးဟာ ကိုယ်လိုချင်တာကိုပဲ ကိုယ် မရမက ဆုတ်ကိုင်ထားမယ် ဆိုတာမျိုးထက် တွေ့ဆုံဆွေးနွေး၊ အပေးအယူ အလျော့အတင်း လုပ်ဖို့ ဆန္ဒရှိကြဖို့ လိုပါတယ်။ အထူးသဖြင့် ကျောင်းသားတွေဘက်မှာ တိုက်ပွဲဝင် စွမ်းရည်တင်မက၊ စည်းရုံးရေးစွမ်းရည်၊ ညှိနှိုင်းမှုစွမ်းရည်နဲ့ ပညာအရည်အသွေး ပြည့်ဝကြောင်း ပြသဖို့ လိုပါတယ်။ ဆန္ဒပြ ကျောင်းသားတွေအားလုံးကို ကိုယ်စားပြုနိုင်တဲ့ အရည်အတွက် တစ်ခုရှိတဲ့ ကိုယ်စားလှယ် ရွေးချယ်ထားနိုင်ရပါမယ်။ ကျောင်းသားတွေဟာ အဲဒီ ကိုယ်စားလှယ်တွေက ညွှန်ကြားရင် ဆန္ဒပြဆိုပြ၊ ချီတက်ဆို ချီတက်၊ သပိတ်လှန် ဆိုလှန် နာခံမယ့် အနေအထား ဖြစ်ဖို့လိုပါတယ်။ နောက် ဘာကို တောင်းဆိုမလဲ ညှိနှိုင်းထားပြီးဖြစ်ရပါမယ်။ ပြီးရင် ပညာရည် ပြည့်ဝစွာနဲ့ ညှိနှိုင်း အပေးအယူ လုပ်တတ်ရပါမယ်။ ဒီလို အရည်အချင်းတွေ ပြည့်ဝ မှသာလျင် အရင်တုန်းကလို တိုက်ပွဲ ဆင်ရုံမဟုတ်ပဲ၊ တောင်းဆို ဆန္ဒပြရုံသက်သက် မဟုတ်ပဲ အဖြေရလာဒ် တစ်ခု ရတဲ့၊ အောင်ပွဲ တစ်ခုဆီ ရောက်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
ဦးစည်သူအောင်မြင့် ( VOA)

မုံရွာတက္ကသိုလ် ကျောင်းသားများ သပိတ်စစ်ကြောင်း စတင်

 
လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းထား ခဲ့သော အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ ကျောင်းသားများ တောင်းဆို ထားသော အချက် (၁၁) ချက်အား လိုက်လျော ပေးခြင်း မရှိဘဲ အချိန်ဆွဲ နေသည့် အတွက် မုံရွာမြို့မှ တက္ကသိုလ် ကျောင်းသား (၂၀၀) ကျော် တို့သည် ယခုလ (၅) ရက် နေ့မှ စတင်ကာ သပိတ် စစ်ကြောင်းကို စတင် ဆင်နွှဲခဲ့ကြောင်း သိရသည်။ အဆိုပါ သပိတ် စစ်ကြောင်းတွင် မုံရွာ တက္ကသိုလ်၊ မုံရွာ စီပွားရေး တက္ကသိုလ် နှင့် နည်းပညာ တက္ကသိုလ်မှ ကျောင်းသားများ အပြင် အထက်တန်း၊ အလယ်တန်း ကျောင်း များပါ လိုက်ပါခဲ့ ကြကြောင်း သိရပြီး၊ မုံရွာ တက္ကသိုလ်သို့ ချီတက် ရာတွင် ကျောင်းဝင်း တံခါးများ ပိတ်ဆို့ ထားသည်ကို ကြုံခဲ့ ရကြောင်း သိရသည်။ မုံရွာမြို့မှာရှိတဲ့ တက္ကသိုလ် ကျောင်းသားထု တွေက ပညာရေး ဥပဒေ မူကြမ်းကို လုံးဝကို ကန့်ကွက် ပါတယ်။ ပြီးတော့ ကျောင်းသားတွေကို မလိမ့်တစ်ပတ် လုပ်ပြီး လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

ကျောင်းသားတွေက သမ္မတ နေရာကို လုနေတာ မဟုတ်ပါဘူး။ နောင်လာ နောက်သားတွေ အတွက် ပညာရေးကို အဆင့်မြင့်စေ ချင်လို့ တောင်းဆိုနေကြ တာပါ။ ဒါကို အစိုးရက လက်မခံဘူး။ ဒါကြောင့် မုံရွာမြို့က ကျောင်းသားတွေက သပိတ် စစ်ကြောင်းကို စတင်ခဲ့ကြတာပါ ဟု မုံရွာ တက္ကသိုလ်မှ ကျောင်းသားခေါင်း ဆောင် ကိုဝေမိုးနိုင်က The Messenger Media သို့ ပြောသည်။ ယင်းသို့ ပညာရေး ဥပဒေအား ကန့်ကွက်ကြောင်း သပိတ်မှောက် ဆန္ဒ ထုတ်ဖော်နေစဉ် သက်ဆိုင်ရာ အာဏာပိုင် များနှင့် တက္ကသိုလ် ကျောင်းဆရာ၊ ဆရာမ များက လာရောက် တားဆီး ခဲ့ကြောင်း သိရ သည်။
သမီးအစ်ကိုတွေ ဆိုရင် ဘွဲ့ရပြီး သွားပြီ။ ဘာမှ လုပ်စားလို့ မရပါဘူး။ သမီး ကိုယ်တိုင်လည်း ကျက်ဖြေ စနစ်ကို မနှစ်သက်ဘူး။ ဒီမိုကရေစီ ပညာရေးကို လိုလားတယ်။ လွတ်လပ်စွာ တွေးခေါ် နိုင်တဲ့ အဆင့်မီတဲ့ ပညာရေးကို လိုလား ပါတယ်။ အခုလို သပိတ် စစ်ကြောင်းကို လိုက်ခဲ့ တာဟာ သမီးကိုယ်ပိုင် ဆုံးဖြတ်ချက်ကြောင့်ပါ။ ဘယ်သူမှ ဖိအားပေးခဲ့ တာမျိုး မရှိခဲ့ပါဘူး။ အခုလို သပိတ်မှောက်တဲ့ အထဲမှာပါလို့ ကျောင်းထုတ်မယ် ဆိုလည်း အထုတ်ခံနိုင် ပါတယ် ဟု မုံရွာမြို့ ၊ အထက(၄) မှ သတ္တမတန်း ကျောင်းသူ မသူဇာအောင်က The Messenger Media သို့ ပြောသည်။

ယင်းသို့ ပညာရေး ဥပဒေအား ကန့်ကွက် ဆန္ဒ ထုတ်ဖော် ခဲ့သည့် သပိတ် စစ်ကြောင်းအား မုံရွာ စီပွားရေး တက္ကသိုလ်မှ စတင်၍ပြီး၊ မုံရွာ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်မှ တစ်ဆင့် မုံရွာမြို့ ၊ ဗိုလ်ချူပ် လမ်းမကြီး အတိုင်း ချီတက်ကာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချူပ် ကြေးရုပ်ရှေ့တွင် ဟောပြောပွဲများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လင်းလင်းမောင်
The Messenger Media

Dawei Watch| ထားဝယ်၊ ဖေဖော်ဝါရီ ၅

 
ထားဝယ်ခရိုင်၊ ကံပေါက်ဒေသရှိ ရတနာသဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း
လုပ်ဆောင်နေသည့် ပြစ်သစ် အခြေစိုက် Total E@P Myanmar ကုမ္ပဏီ၏ ကန်ထရိုက်ကုမ္ပဏီနှစ်ခုမှ အလုပ်ရပ်စဲခံခဲ့သော အလုပ်သမား ၁၁၅ ဦးက အလုပ်ပြန်လည်ရရှိရေးနှင့် အလုပ်သမား အခွင့်အရေး အပြည့်အ၀ရရှိရေးဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

တိုတယ်မြန်မာ ကုမ္ပဏီ၏ ကန်ထရိုက်ကုမ္ပဏီများဖြစ်သော UE ကုမ္ပဏီမှ အမြဲတမ်း အလုပ်သမား ၁၀၄ ဦးနှင့် TNEကုမ္ပဏီမှ အမြဲတမ်းအလုပ်သမား ၁၁ဦးတို့  ယခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က အလုပ်ရပ်နားခံရပြီးနောက် ယင်းအလုပ်သမားများက တောင်းဆိုချက် ၆ ချက်ကို တောင်းဆိုခဲ့သော်လည်း အရာမထင်လာသေးသဖြင့် ထိုသို့ ဆန္ဒပြရန် စီစဉ်ခြင်းဖြစ်ကြောင်း ယင်း ဆန္ဒပြန်ရန် လျှောက်ထားသူ ဦးညွှန့်နှင်းက ပြောကြားသည်။

အလုပ်သမားများတောင်းဆိုချက် ၆ ချက်ကို ရေဖြူမြို့နယ် အလုပ်သမား ဖြန်ဖြေရေးညှိနှိုင်းရေးကော်မတီ၌ ဖြေရှင်းရာ အချက် ၃ ချက်ကို နှစ်ဦးနှစ်ဖက်သဘောတူကြပြီး မပြေလည်သေးသည့် အချက် ၃ချက်ကို
တိုင်းခုံပမာဓိအဖွဲ့ထံ ဖြေရှင်း ပေးရန် အလုပ်သမားများကလျှောက်ထား၍ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထပ်မံဖြေရှင်းရမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“အလုပ်ထုတ်ခံရသော အလုပ်သမားများက အလုပ်သမားရပိုင်ခွင့်ကိုရရှိရေးအတွက် ဆန္ဒထုတ်ဖော်ရန် ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ရေဖြူမြို့နယ် ရဲတပ်ဖွဲ့ရုံးမှာ စာတင်ထားတယ်”ဟု ဦးညွန်နှင်းကဆိုသည်။

အဆိုပါ အလုပ်သမားများတောင်းဆိုထားသည့် အချက် ၆ ချက်မှ ခွင့်ခံစားခွင့်၊ နစ်ပတ်လည်ဆုကြေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆုကြေးငွေ တို့ကို နှစ်ဦးနှစ်ဖက်သဘောတူပြီး လုပ်သက်ခံစားခွင့်၊
အလုပ်ထုတ်နစ်နာကြေးနှင့် ကြားကာလ နစ်နာကြေးများ ရရှိရန် အလုပ်သမားများက ဆက်လက် တောင်းဆိုလျှက် ရှိသည်ဟု သိရသည်။

“အလုပ်နားခံရစဉ်က ဘယ်လိုခံစားခွင့်ပေးမယ်ဆိုတာကို  ကြိုတင်  အသိမပေးတဲ့အတွက် ကုမ္ပဏီအပေါ်မှာ စိတ်ပျက် မိတယ်”ဟု အလုပ်သမား ဦးဇာနီလတ်က ဆိုသည်။

ဆန္ဒထုတ်ဖော်သူများသည် လုပ်ပြန်လည်ရရှိရေး-ဒို့အရေး၊ လုပ်သက်ခံစားခွင့်အမြန်ရရှိရေး-ဒို့အရေး၊ အလုပ်သမား ဂုဏ်သိက္ခာ မထိပါးရေး-ဒို့အရေး၊ ဒေသခံများအကျိုးစီးပွားတိုးတက်ရေး-ဒို့အရေး၊ အလုပ်သမား အခွင့်အရေး တန်းတူရရှိ ရေး- ဒို့အရေး၊ အရေးတော်ပုံ-အောင်ရမည်ဟုကြွေးကြော်သံများကို ကြွေကြော်ကာ ကံပေါက်ဘော်လုံးကွင်းမှ တိုတယ်ပိုက်လိုင်း ဗဟိုစခန်းအရှေ့မှ
အုန်းပင်ကွင်း ဘောလုံးကွင်းသို့ ချီတက်ကာဆန္ဒထုတ်ဖော်မည်ဖြစ်သည်။

UE ကုမ္ပဏီမှ အလုပ်ထုတ်ခံရသောအလုပ်သမား ၁၀၄ ဦးမှာ စက်ကြီးယာဉ်မောင်း၊ ယာဉ်မောင်း၊လမ်း/တံတားကျွမ်း ကျင်လုပ်သားနှင့် သာမန်လုပ်သားများဖြစ်ပြီး TNEကုမ္ပဏီမှ အလုပ်ထုတ်ခံရသူ ၁၁ ဦးမှာ လျှပ်စစ်ပိုင်းဆိုင်ရာနှင့် ရေပိုင်းဆိုင်ရာကျွမ်းကျင်လုပ်သားများဖြစ်သည်ဟု သိရသည်။

တိုတယ်ကုမ္ပဏီသည် မုတ္တမကမ်းလွန်ပင်လယ်မှ ကံပေါက်ဒေသကိုဖြတ်၍ ထိုင်းနိုင်ငံသို့ သဘာဝဓါတ်ငွေ့တင်ပို့ ရောင်းချ လျှက်ရှိပြီး ပိုက်လိုင်းဖြတ်သန်းရာ ဗဟိုစခန်းကို ကံပေါက်ဒေသတည်ဆောက်  လုပ်ကိုင်လျှက်ရှိသည်။
Dawei Watch

Dawei Watch| ထားဝယ်၊ ဖေဖော်ဝါရီ ၅

 
ထားဝယ်ခရိုင်၊ ကံပေါက်ဒေသရှိ ရတနာသဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း
လုပ်ဆောင်နေသည့် ပြစ်သစ် အခြေစိုက် Total E@P Myanmar ကုမ္ပဏီ၏ ကန်ထရိုက်ကုမ္ပဏီနှစ်ခုမှ အလုပ်ရပ်စဲခံခဲ့သော အလုပ်သမား ၁၁၅ ဦးက အလုပ်ပြန်လည်ရရှိရေးနှင့် အလုပ်သမား အခွင့်အရေး အပြည့်အ၀ရရှိရေးဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

တိုတယ်မြန်မာ ကုမ္ပဏီ၏ ကန်ထရိုက်ကုမ္ပဏီများဖြစ်သော UE ကုမ္ပဏီမှ အမြဲတမ်း အလုပ်သမား ၁၀၄ ဦးနှင့် TNEကုမ္ပဏီမှ အမြဲတမ်းအလုပ်သမား ၁၁ဦးတို့  ယခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က အလုပ်ရပ်နားခံရပြီးနောက် ယင်းအလုပ်သမားများက တောင်းဆိုချက် ၆ ချက်ကို တောင်းဆိုခဲ့သော်လည်း အရာမထင်လာသေးသဖြင့် ထိုသို့ ဆန္ဒပြရန် စီစဉ်ခြင်းဖြစ်ကြောင်း ယင်း ဆန္ဒပြန်ရန် လျှောက်ထားသူ ဦးညွှန့်နှင်းက ပြောကြားသည်။

အလုပ်သမားများတောင်းဆိုချက် ၆ ချက်ကို ရေဖြူမြို့နယ် အလုပ်သမား ဖြန်ဖြေရေးညှိနှိုင်းရေးကော်မတီ၌ ဖြေရှင်းရာ အချက် ၃ ချက်ကို နှစ်ဦးနှစ်ဖက်သဘောတူကြပြီး မပြေလည်သေးသည့် အချက် ၃ချက်ကို
တိုင်းခုံပမာဓိအဖွဲ့ထံ ဖြေရှင်း ပေးရန် အလုပ်သမားများကလျှောက်ထား၍ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထပ်မံဖြေရှင်းရမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“အလုပ်ထုတ်ခံရသော အလုပ်သမားများက အလုပ်သမားရပိုင်ခွင့်ကိုရရှိရေးအတွက် ဆန္ဒထုတ်ဖော်ရန် ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ရေဖြူမြို့နယ် ရဲတပ်ဖွဲ့ရုံးမှာ စာတင်ထားတယ်”ဟု ဦးညွန်နှင်းကဆိုသည်။

အဆိုပါ အလုပ်သမားများတောင်းဆိုထားသည့် အချက် ၆ ချက်မှ ခွင့်ခံစားခွင့်၊ နစ်ပတ်လည်ဆုကြေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆုကြေးငွေ တို့ကို နှစ်ဦးနှစ်ဖက်သဘောတူပြီး လုပ်သက်ခံစားခွင့်၊
အလုပ်ထုတ်နစ်နာကြေးနှင့် ကြားကာလ နစ်နာကြေးများ ရရှိရန် အလုပ်သမားများက ဆက်လက် တောင်းဆိုလျှက် ရှိသည်ဟု သိရသည်။

“အလုပ်နားခံရစဉ်က ဘယ်လိုခံစားခွင့်ပေးမယ်ဆိုတာကို  ကြိုတင်  အသိမပေးတဲ့အတွက် ကုမ္ပဏီအပေါ်မှာ စိတ်ပျက် မိတယ်”ဟု အလုပ်သမား ဦးဇာနီလတ်က ဆိုသည်။

ဆန္ဒထုတ်ဖော်သူများသည် လုပ်ပြန်လည်ရရှိရေး-ဒို့အရေး၊ လုပ်သက်ခံစားခွင့်အမြန်ရရှိရေး-ဒို့အရေး၊ အလုပ်သမား ဂုဏ်သိက္ခာ မထိပါးရေး-ဒို့အရေး၊ ဒေသခံများအကျိုးစီးပွားတိုးတက်ရေး-ဒို့အရေး၊ အလုပ်သမား အခွင့်အရေး တန်းတူရရှိ ရေး- ဒို့အရေး၊ အရေးတော်ပုံ-အောင်ရမည်ဟုကြွေးကြော်သံများကို ကြွေကြော်ကာ ကံပေါက်ဘော်လုံးကွင်းမှ တိုတယ်ပိုက်လိုင်း ဗဟိုစခန်းအရှေ့မှ
အုန်းပင်ကွင်း ဘောလုံးကွင်းသို့ ချီတက်ကာဆန္ဒထုတ်ဖော်မည်ဖြစ်သည်။

UE ကုမ္ပဏီမှ အလုပ်ထုတ်ခံရသောအလုပ်သမား ၁၀၄ ဦးမှာ စက်ကြီးယာဉ်မောင်း၊ ယာဉ်မောင်း၊လမ်း/တံတားကျွမ်း ကျင်လုပ်သားနှင့် သာမန်လုပ်သားများဖြစ်ပြီး TNEကုမ္ပဏီမှ အလုပ်ထုတ်ခံရသူ ၁၁ ဦးမှာ လျှပ်စစ်ပိုင်းဆိုင်ရာနှင့် ရေပိုင်းဆိုင်ရာကျွမ်းကျင်လုပ်သားများဖြစ်သည်ဟု သိရသည်။

တိုတယ်ကုမ္ပဏီသည် မုတ္တမကမ်းလွန်ပင်လယ်မှ ကံပေါက်ဒေသကိုဖြတ်၍ ထိုင်းနိုင်ငံသို့ သဘာဝဓါတ်ငွေ့တင်ပို့ ရောင်းချ လျှက်ရှိပြီး ပိုက်လိုင်းဖြတ်သန်းရာ ဗဟိုစခန်းကို ကံပေါက်ဒေသတည်ဆောက်  လုပ်ကိုင်လျှက်ရှိသည်။
Dawei Watch

မိတ်တွင် ငရုတ်သီးစိမ်းရည်ဖြင့်ပက် ရွှေဆိုင်လု

https://mail-attachment.googleusercontent.com/attachment/u/1/?view=att&th=14b5941fdffa822f&attid=0.5&disp=inline&realattid=file5&safe=1&zw&saduie=AG9B_P-cmKtDmzssMwhud-btgRy1&sadet=1423214048621&sads=mAemVz8fGhPC9dywM7Ptat3356M
Dawei Watch| မြိတ်၊ ဖေဖော်ဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြို့နယ်စည်ပင်သာယာရေးပိုင် အောင်မင်္ဂလာဈေးအတွင်းရှိ တော်ဝင်သူရတနာရွှေဆိုင်တွင် အသက် လေးဆယ်ကျော်ခန့် အမျိုးသမီးတစ်ဦးက ဆိုင်ပိုင် မျက်နှာအား ငရုပ်သီးစိမ်းရည်များဖြင့် ပက်လောင်း၍ ရွှေထည်ပစ္စည်းများအား ၀င်ရောက်လုယက်ခဲ့ကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်အချိန်တွင် အသက် လေးဆယ်ကျော်ခန့်အမျိုးသမီးတစ်ဦးသည် မော်တော်ဆိုင်ကယ်ဖြင့် အောင်မင်္ဂလာဈေးသို့ ရောက်ရှိလာပြီး တော်ဝင်သူ ရတနာရွှေဆိုင်တွင် ရွှေဝယ်မည်ဟုပြောဆိုကာ ဆိုင်အတွင်း ကြည့်ရှုရွေးချယ်ပြီးနောက် ကျသင့်ငွေများ၊ ဘောင်ချာနှင့် ရွှေထည်ပစ္စည်းများကို ရွှေကြုပ်အတွင်း ထည့်ခိုင်းစဉ် ရွှေဗူးကြုပ်အား ၄င်း၏ ဘေးလွယ်အိတ်အတွင်းသို့ထည့်ပြီးနောက် ကျသင့်ငွေများရှင်းပေးမည့်ဟန်ဖြင့် ရေသန့်ဘူးအတွင်း အသင့်ယူဆောင်လာသော အရည်ဖြင့် ဆိုင်ရှင်အမျိုးသမီး၏ မျက်နှာအား ပက်ပြီးနောက်
ဆိုင်ပိုင်ရှင် အမျိုးသားကိုလည်း ထပ်မံပက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ် ရဲစခန်းမှတ်တမ်းအရသိရသည်။

 “ငရုပ်သီးစိမ်းတွေကို ထောင်းပြီး ဗူးတစ်လုံးတွင် အရည်ဖျော်ပြီး ထည့်လာတာဖြစ်မယ်။ ဒီကိုရောက်လာတော့ ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ မောင်နှမနှစ်ဦးကို ငရုပ်သီးစိမ်းပုလင်းအရည်နဲ့ မျက်နှာကို ပက်လောင်းပြီး မှန်ဗုံးထဲက ရွှေထည်များကို ၀င်လုတာ”ဟု တော်ဝင်သူရွှေဆိုင်၏ မိသားစုဝင်တစ်ဦးက ပြောပြသည်။

ဆိုင်ပိုင်ရှင်မောင်နှမနှစ်ဦး ငရုပ်သီးစိမ်းအရည်ကြောင့်  မျက်စီမျက်နှာပူလောင်နေခိုက် ယင်း အမျိုးသမီးက ထွက်ပြေးရန်ပြင်နေစဉ် အနီးနားရှိ လူများက၀ိုင်းဝန်ဖမ်းဆီးခဲ့ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

လုယက်သူ၏ လက်ဝယ်အတွင်း အလေးချိန် ၅ မူးသားခန့်ရှိ ငါးရိုးပုံ ၉၆၅  ရှမ်းရွှေကြိုး နှစ်ကုံး (တန်ဖိုး ၆၃၀၀၀၀ ကျပ်)၊ အလေးချိန် ၁ ကျပ်သားရှိ ငါးရိုးကြိုး ၉၆၅ ရှမ်းရွှေဆွဲကြိုး တစ်ကုံး (၆၃၀၀၀၀ ကျပ်)၊ အလေးချိန် တစ်မူးသားခန်ရှိ ၉၆၅ ရှမ်းရွှေကာလာလက်စွပ် တစ်ကွင်း (တန်ဖိုး ၉၀၀၀၀ ကျပ်)၊
အလေးချိန် တစ်မူးသားခန့်ရှိ ၉၆၅ ရှမ်းရွှေနားဆွဲကြိုးပုံတစ်ရံ (တန်ဖိုး ၉၀၀၀၀ ကျပ်) တို့သိမ်းဆည်းရမိခဲ့ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

အောင်မင်္ဂလာဈေးသည် အခြေခံလူတန်းစားအများစုနေထိုင်သည့် မြိတ်တောင်ကျေးရွာတွင် တည်ရှိပြီး  ရပ်ကွက်အများစုမှ ဒေသခံများအဓိက အမှီပြုနေသော ဈေးတစ်ခုဖြစ်သည်။

ထိုသို့ ပြစ်မှုကျူးလွန်ခဲ့သူ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသမီးအား
(ပ)၆၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၂ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြိတ်မြို့နယ် ရဲစခန်းမှ သိရသည်။

Dawei Watch 

NLD ကိုယ်စားလှယ်များအပါအ၀င် ကိုယ်စားလှယ် ၂၇ ဦး၏ လက်မှတ်ရရှိပြီးဖြစ်၍ ၀ှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုခြင်းသည် အခြေခံဥပဒေနှင့် ညီ မညီ ခုံရုံးက ဆုံးဖြတ်ရန် ယနေ့ တင်မည်

NLD လွှတ်တော်ကိုယ်စားလှယ်လေး ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၇ ဦး၏ သဘောတူကြောင်း လက်မှတ်များ ရထားပြီးဖြစ်၍ ဝှိုက်ကတ်ဖြင့် မဲပေးခွင့်ပြု ခြင်းသည် အခြေခံဥပဒေနှင့်ညီမညီဆုံးဖြတ် ပေးဖို့ ခုံရုံးသို့တင်ရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ ဖေဖော်ဝါရီ ၆ ရက်တွင် ပေးပို့မည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “အခု ၂၇ ယောက်ရဲ့ သဘောတူကြောင်း လက်မှတ်ရပြီ။ မနက်ဖြန်မှာ ဥက္ကဋ္ဌကြီးဆီကို တင်ပြမယ်။ ပြီးရင် ရှေ့နေနဲ့ တိုင်ပင်မယ်။ လက်မှတ်ရေးထိုး ရာမှာတော့ ရခိုင်အမျိုးသားပါတီ၊ အင်န်ဒီ အက်ဖ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ ချင်းတိုင်းရင်းသားကိုယ်စားလှယ်၊ ဦးဖုန်းမြင့်အောင်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီ၊ ဖလုံစဝေါ်၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်ရေးထိုး ထားပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ “အရေးကြီးဆုံးကတော့ ခုံရုံးပဲ။ ခုံရုံးရဲ့ဆုံးဖြတ်ချက်က သမာသမတ် ကျဖို့လိုတယ်။ မှန်မှန်ကန်ကန်ဆုံးဖြတ်ဖို့ လိုတယ်။ ခုံရုံးကို ဖွဲ့ထားရာမှာ သမ္မတ ရွေးချယ်ထားတဲ့သူသုံးဦးရှိတယ်။ လွှတ်တော်က ရွေးချယ်ထားတာ ခြောက်ဦးရှိတယ်။ ခုံရုံးဆိုတာက ဖြောင့်မတ်နေဖို့လိုတယ်။ ဖွဲ့စည်းပုံကို ဘာသာပြန်ရာမှာ လွှတ်တော်ကိုယ် စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ ပြန်တာ နဲ့ ခုံရုံးက ဘာသာပြန်တာ မကိုက်ရင်တော့ မတတ်နိုင်ဘူး။ ခုံရုံးဘက်က တိကျဖို့လိုတယ်။ ဘက်လိုက်မှု ကင်းဖို့လိုတယ်။ ပြည်သူတွေကလည်း ဒါနဲ့ပတ်သက်ပြီး အခုလ ၈ ရက် နေ့မှာ ကြေးသွန်းဘုရားကြီးကနေ စပြီး တောင်းဆိုမယ်လို့ သိရတယ်။ လူထုကလည်း ခုံရုံးမဏ္ဍိုင်မတ်ဖို့ တောင်းဆိုပါလိမ့်မယ်” ဟုပြောကြားခဲ့သည်။

“ခုံရုံးဆိုတာ ဖွဲ့စည်းပုံကြောင့် ပေါ်လာတာ။ ဖွဲ့စည်းပုံကြီးကိုလည်း နဝတ၊ နယ က ကအတည်ပြုခဲ့တာ။ ဖွဲ့စည်းပုံကြီး အ တည်မပြုခင်တုန်းက သူတို့ရေးဆွဲခဲ့တဲ့ ဥပ ဒေ။ အဲဒီဥပဒေတွေဟာ ဒီဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မတစ်ခုချင်းနဲ့ ထပ်တူကျခြင်းမရှိဘဲ ဆန့် ကျင်နေလို့ရှိရင် တည်ဆဲဥပဒေတစ်ရပ်ရပ်ဟာ ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက် ခြင်း ဖြည့်စွက်ခြင်းမပြုလုပ်မီ ဖွဲ့စည်းပုံအ ခြေခံဥပဒေနဲ့ကွဲလွဲနေရင် ဆန့်ကျင်နေလို့ရှိ ရင် ပျက်ပြယ်တယ်။ အဲဒီတော့ ကျွန်တော် တို့ပြောတာမမှားနိုင်ဘူး။ ဒီပုဒ်မတွေကို ဘယ်သူပဲဘာသာပြန်ပြန်ကွဲလွဲလို့ မရဘူး” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် ဝှိုက်ကတ်များအား ဆန္ဒမဲပေးခွင့်ပြုရန် နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် ပြုခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော် ဥပ ဒေကြမ်းကော်မတီကလည်း ဖေဖော်ဝါရီ ၂ ရက်က အဆုံးအဖြတ်ခံယူရာတွင် သမ္မတ၏ မှတ်ချက်အတိုင်းဖြစ်သင့်ကြောင်း အကြံပြုခဲ့ကြောင်း၊ မဲခွဲဆုံးဖြတ်ရာတွင်လည်း ထောက်ခံသူများသည့်အတွက် သမ္မတ၏မှတ်ချက်အတိုင်း အတည်ပြုခဲ့သည်။

 Eleven Media Group စိုးမင်းထိုက်

ဖယ်ဒရယ် တည်ဆောက်ရေး လက်မှတ်ထိုးဖို့ တိုင်းရင်းသားတွေ အဆိုပြု

UPWC-NCCT လုပ်ငန်းညှိနှိုင်းအကြိုဆွေးနွေးပွဲ။ သတင်းဓာတ်ပုံ Credit to ကိုညိုအုန်းမြင့် (MPC)
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေဟာ ဒီကနေ့ အကြိုလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို  ထိုင်းနိုင်ငံမှာ ကျင်းပရာမှာ နောက်တကြိမ် အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေးပွဲကို ဒီလ ၁၃ရက်နေ့ နောက်ပိုင်းမှာ ရန်ကုန်မြို့မှာ ကျင်းပဖို့ သဘောတူခဲ့ပါတယ်။ တဆက်တည်းမှာပဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုနေ့မှာ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲတွေဟာ ၄လကျော်ကြာ ရပ်တန့်နေခဲ့ပြီးတဲ့ နောက် ဒီကနေ့ အစိုးရ ရဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တို့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နေ့ခင်း ၂နာရီကနေ ညနေ ၅နာရီအထိ အကြို ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။
နှစ်ဖက်ကိုယ်စားလှယ်တွေအကြား ဒီကနေ့ ရရှိတဲ့ အဓိက သဘောတူညီချက် ကိုတော့ UPWCရဲ့ အလုပ်အဖွဲ့ဖြစ်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက အခုလိုပြောပါတယ်။
" ဖေဖော်ဝါရီလ ၁၃ရက် နောက်ပိုင်းမှာ ရက်ညှိနှိုင်းပြီးတော့ ရန်ကုန်မြို့မှာ ကျင်းပမယ်လို့ သဘောတူညီချက်ရပါတယ်။"
ဒီကနေ့ ဆွေးနွေးတဲ့အချက်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ ပါဝင် ဖွဲ့စည်းထားတဲ့ UNFC ခေါ် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ကမ်းလှမ်းထားတဲ့ ပြည်ထောင်စုနေ့မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
"တိုင်းရင်းသားတွေ ဘက်က အဆိုပြုနေတဲ့ ဖေဖော်ဝါရီ လ ၁၂ရက်နေ့မှာ လက်မှတ်ရေးထိုး နိုင်ဖို့ ကိစ္စပါပဲ။ အဲ့တာကိုတော့ ဒီနေ့ဦးနိုင်ဟံသာတို့ဘက် ကလည်း ဝန်ကြီးကို စာရွက်နဲ့ အဆိုတခုပြုပါတယ်။ ဒါကို ဆက်လက်ပြီးတော့ ညှိနှိုင်းဖို့ လိုပါသေးတယ်။"
UPWC-NCCT လုပ်ငန်းညှိနှိုင်းအကြိုဆွေးနွေးပွဲ။ ချင်းမိုင် (ဖေဖော်ဝါရီ ၅၊ ၂၀၁၅) သတင်းဓာတ်ပုံ Credit to- ကိုညိုအုန်းမြင့် (MPC)UPWC-NCCT လုပ်ငန်းညှိနှိုင်းအကြိုဆွေးနွေးပွဲ။
ချင်းမိုင် (ဖေဖော်ဝါရီ၅၊ ၂၀၁၅) 
သတင်းဓာတ်ပုံ Credit to- ကိုညိုအုန်းမြင့် (MPC)
အခြားဆွေးနွေးတဲ့ အချက်တွေမှာတော့ အရင် ဆွေးနွေးပွဲမှာ တစ်ဆို့နေတဲ့ အချက်တွေကို လာမယ့်ဆွေးနွေးပွဲမှာ ထပ်မံဆွေးနွေးဖို့ဆိုတာပါဝင်သလို လာမယ့် ပြည်ထောင်စုနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ တက်ရောက်ဖို့အတွက် ဖိတ်ကြားတာပဲဖြစ်ပါတယ်။
ဦးအောင်မင်းခေါင်းဆောင်တဲ့ UPWC ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက် ၉နာရီခွဲကနေ ၁၀နာရီခွဲ အထိမှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းက ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်မရပ်ခင်မှာ နားလည်မှုစာချွန်လွှာတခု ပူးတွဲ လက်မှတ်ရေးထိုးရေးကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်အဖွဲ့က အဓိက တင်ပြတဲ့အချက်ကိုတော့ RCSS/SSAရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းလှက အခုလို ပြောပါတယ်။
"ဦးအောင်မင်း ဆွေးနွေးချက်အရတော့ ဒီကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆိုတဲ့ နိုင်ငံရေးအာမခံချက်တစုံတရာ ရရှိဖို့ ဆိုတဲ့ ကိစ္စပါ။ အဲ့တာကတော့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်သွားဖို့ အတွက် ဆက်လက်ဆွေးနွေးပါမည် ဆိုတဲ့အချက်၊ ဒုတိယ အချက် ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့အတွက် ညှိနှိုင်းဆွေးနွေးသွားမည်ဆိုတဲ့ အကြောင်းပေါ့နော်။ သုံးအချက် ကတော့ နိုင်ငံရေးဆွေးနွေး မူဘောင်တွေ ကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးတော့ ရေးဆွဲသွားမည် ဆိုတဲ့ အကြောင်းပေါ့။  နောက်ပြီးတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကိုလည်း နှစ်ဦးနှစ်ဖက် သဘောတူညီချက်ရအောင် မြန်မြန်ဆန်ဆန် ညှိနှိုင်းဆွေးနွေးသွားကြပါမယ်ဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးနိုင်ရင် ကောင်းမယ် ဆိုပြီးတော့ ဆွေးနွေးကြတာပါ။"
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ပတ်သက်ပြီး UNFCက ဇန်န၀ါရီလ ၂၉ရက်နေ့က ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ သဘော တူညီချက် တရပ်ကို ကတိက၀တ်ပြု လက်မှတ်ရေးထိုးဖို့ အစိုးရကို ကမ်းလှမ်း တာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက RCSS ကို ကမ်းလှမ်းရာမှာတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဆက်လက်ဆွေးနွေး မှာ ဖြစ်ကြောင်းကိုလက်မှတ်ရေးထိုးဖို့ ပါရှိတာကြောင့် အဓိပ္ပါယ် ကွဲလွဲချက်တချို့ ရှိနေပါတယ်။
ဒီအချက်နဲ့ပတ်သက်ပြီးမေးမြန်းဖို့ UNFC ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ် NCCT အဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးနိုင်ဟံသာကို ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးတခုမှာ ရောက်နေတာကြောင့် ဖြေဆိုနိုင်ခြင်း မရှိပါဘူး။
UPWC နဲ့ NCCT တို့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ၆ကြိမ်မြောက်အဖြစ် ရန်ကုန်မြို့မှာ နောက်ဆုံး ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ နှစ်ဖက်အကြား ညှိနှိုင်းမရတာနဲ့ တင်းမာတာတွေဖြစ်ခဲ့ကြောင်း သတင်းတွေ ထွက်လာခဲ့ တဲ့နောက် ဆွေးနွေးပွဲတွေဟာ သဘောတူခဲ့သလို အောက်တိုဘာလမှာ ထပ်မံ မတွေ့ဆုံနိုင်ပါဘူး။ နိုဝင်ဘာလကုန်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဗိုလ်သင်တန်းကျောင်း ပစ်ခတ်မှုနဲ့ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဆွေးနွေးပွဲတွေဟာ ၄လကျော် ကြန့်ကြာခဲ့ တာလည်း ဖြစ်ပါတယ်။

ကိုမိုးဇော် VOA

ထူးခြားသည့် ဘဲဥထုပွဲတော် ရိုးရာမပျက် စည်ကားစွာ ဆင်နွှဲပျော်

 
၊ ဖေဖော်ဝါရီ ၎

ထူးထူးခြားခြား နှစ်စဉ်ကျင်းပသည့် စစ်ကိုင်းမြို့ ဧမြဝတီ ရပ်ကွက် ဇိနမာရ်အောင် ကြေးဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဘဲဥထုပွဲကို တပို့တွဲလပြည့်နှင့် လပြည့်ကျော် တစ်ရက်တို့တွင် ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ပြုလုပ်သည့် ဇိနမာရ်အောင် ကြေးဘုရားကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ဗိုလ်သုံးဗိုလ်ဇာတ်သဘင်ပွဲနှင့်အတူ ရိုးရာပိုက်ကျော်ခြင်း ပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပကြောင်း၊ ညပိုင်းတွင် ဘုရားပွဲတော်သို့ လာရောက် ဆင်နွှဲကြသည့် ဧည့်ပရိသတ်များအား ဧမြဝတီ လူမှုရေး အသင်းမှ ရေနွေးကြမ်း၊ ကောက်ညှင်းပေါင်း၊ လက်ဖက်သုပ်၊ ဆီးချိုသီး စသည့်တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးကြကြောင်း သိရသည်။

ဘဲဥထုပွဲတော်ကို ပဲ့နင်းကြီး ဘုရားဝင်းအတွင်းတွင် ရိုးရာ အစဉ်အလာမပျက် ကျင်းပကြရာ လာရောက်ဆင်နွှဲသူများနှင့် ကြိတ်ကြိတ်တိုး စည်ကားလှသည်။ ယခုနှစ်တွင် ဘဲဥပြုတ် တစ်လုံးလျှင် ကျပ်နှစ်ရာ၊ သုံးလုံးလျှင် ကျပ်ငါးရာနှုန်းဖြင့် ရောင်းချကြသည်။ ယခုနှစ်တွင် ဘဲဥပြုတ်ရောင်းချသူ ၆ဝ ကျော်၊ ၇ဝ နီးပါး
လာရောက် ရောင်းချကြပြီး တစ်ဦးလျှင် ဘဲဥအလုံး ၅ဝဝ နီးပါး ရောင်းချကြရကြောင်း ပြောပြသည်။

ဘဲဥထုပွဲကျင်းပပုံသည် တစ်မျိုးစိတ်ဝင်စားဖွယ်ဖြစ်သည်။ ဘဲဥပြုတ် ရောင်းပေးသည့်သူက အောက်ခံတောင်း ခွဲတောင်း (သို့)ထန်းလျော်တောင်းထဲတွင် ပြုတ်ပြီးဘဲဥများ ထည့်ထားကာ အပေါ်တွင် ဆန်ကောခင်း ပေးထားသည်။ ဘဲဥထုကြမည့် သူနှစ်ဦးရှိလာပါက တောင်းအတွင်းမှ ဘဲဥပြုတ်နှစ်လုံးကို ထုတ်ပေးသည်။ မြင်သာထင်သာရှိအောင် ရေနံဆီမီးခွက် (သို့) ဖရောင်းတိုင်ထွန်း ပေးထားရသည်။

တစ်ယောက်တစ်လုံးစီ ကြိုက်ရာရွေးယူကာ တစ်ယောက်ကအောက်မှ လက်နှင့်ဆုပ်ကိုင်ကာ ဘဲဥကို တည်ပေးထားရသည်။ ကျန်သူက ဘဲဥကိုကိုင်ကာ အပေါ်မှ ဆတ်ကနဲထုရိုက်ရသည်။ ဘဲဥချင်းထိပ်ချင်းဆိုင်ကာ ထုရိုက်ခြင်းဖြစ်၍ တစ်ခါတစ်ရံ အောက်က အခံဘဲဥ ပိန်သွားတတ်သည်။ တစ်ခါတစ်ရံ အထက်ကရိုက်သည့် ဘဲဥက ပိန်သွားလေ့ရှိသည်။ ပိန်သွားသည့်ဘဲဥဘက်က အရှုံးဖြစ်သည်။ မည်သူရှုံးမည် နိုင်မည်ကို ပုံသေတွက်ထား၍မရချေ။

ဘဲဥရိုက်တမ်းကစားသူနှစ်ဦးသည် အတည်ဘက်နှင့် အရိုက်ဘက်ကို တစ်လှည့်စီနေကြရသည်။ ပိန်သွားသည့်ဘဲဥကို နိုင်သူကယူရသည်။အနိုင်ဘက်ကဘဲဥကိုဒိုင်(ဘဲဥသည်)က ပြန်သိမ်းကာ အောက်ခံတောင်းထဲသို့ ပြန်သိမ်းသည်။ ရှုံးသူ၏ဘက်မှ နို့ဆီဘူးထဲသို့ (ပွဲသိမ်းလျှင် အရှုံးဘဲဥအရေအတွက်ကို သိရှိနိုင်ရန်) ပဲစေ့ (သို့) မန်ကျည်းစေ့တစ်စေ့ကို ထည့်မှတ်လိုက်သည်။

ဤသို့ဖြင့် ဘဲဥထုကစားသူနှစ်ဦးတို့သည် အထုဘက်နှင့် အခံဘက်ကို တစ်လှည့်စီနေကာ မိမိတို့သဘောကျ အချိန်အကန့်အသတ်မရှိ ကစားနိုင်သည်။ ဘဲဥထုကစားကြရာတွင် အပိုလောင်းကြေးအနေဖြင့်ထုပြီးဘဲဥအပိန် ၅ လုံးကြေး၊ ၇ လုံး ကြေးစသည်ဖြင့် ထပ်မံလောင်းကြေးထပ်ကြသေးသည်။ ပြိုင်ပွဲအချိန်ကို ကန့်သတ်ချက်မထားဘဲ မိမိတို့သဘောဆန္ဒအတိုင်းကြိုက်သည့် အချိန်ရပ်နား နိုင်သည်။

ပွဲရပ်နားပြီဆိုလျှင် ဒိုင်က သူ့ဘက်ကိုယ့်ဘက်တွင်ရှိသည့် နို့ဆီဘူးထဲမှ ပဲစေ့ (သို့) မန်ကျည်းစေ့များကို ရေတွက်သည်။ ပဲစေ့အရေအတွက်အတိုင်း ကျသင့်ငွေကို ရှင်းပေးရသည်။ နှစ်ဖက်စလုံးမှ အနိုင်အရှုံးရှိသော်လည်း ဒိုင်လုပ်သူကတော့ နှစ်ဖက်စလုံးကို ဘဲဥရောင်းလိုက်ရသည်။

နိုင်သူဘက်က ဘဲဥပြုတ်တွေတစ်ထုပ်တစ်ပိုးကြီး အမြတ်ရ သော်လည်း သူလည်းသူ့ဖက်ကဘဲဥပိန်သမျှ၊ ရှုံးသမျှအရေ အတွက်အတိုင်းကို ငွေပေးချေရသည်။ ယင်းဘဲဥထုပွဲ ကျင်းပ လာခဲ့သည်မှာ နှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်သည်။

မြန်မာဘုရင် မင်းတုန်းမင်းလက်ထက်က စစ်ကိုင်းအစေခံ တပ်ခံကြီးတွင် ဘုရင့်လှေတော်သား လှေတပ်သားများစခန်းချခဲ့ ကြသည်။ ဘုရားပွဲတော်တွင် မုန့်တီ၊ မုန့်ဟင်းခါးများ ရောင်းချလေ့ ရှိပြီး ထည့်၍စားသုံးရန် ဘဲဥပြုတ်များကိုလည်း ရောင်းချခဲ့ကြသည်။

ဧရာဝတီမြစ်ကြောင်းရန်ကို ကင်းစောင့် ကာကွယ်ကြရင်း လှေတပ်သားတို့သည် ပဲ့နင်းကြီး၏ဘုရားဝင်းအတွင်း တစ်ဦးနှင့်တစ်ဦး အလောင်းအစားပြုကာ ဘဲဥထုတမ်း ကစားလေ့ ရှိခဲ့ကြသည်။ မြစ်တစ်ဖက်ကမ်းအင်းဝဖက်တွင် ဆင်ကျုံးခံတပ်ရှိသည်။ အင်းဝဆင်ကျုံးခံတပ်မှ လှေတော်သားများသည်လည်း စစ်ကိုင်းဘက်သို့ ကူးသန်းလာရောက်ကာ ဘုရားပွဲတော် နွှဲပျော်ကြသည်။

ဘဲဥထုတမ်းကစားသည့်ဓလေ့သည် အစေခံ ခံတပ်အနီးဝန်းကျင်တွင် အလေ့အထဖြစ်လာကာ ကြေးဘုရားကြီးပွဲတော်တွင် တပျော်တပါး ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။ ကြေးဘုရားကြီး၏ပွဲတော်သည်ပင်လျှင် ယခုအခါ (၁၁၁) ကြိမ်ရှိခဲ့ပြီဖြစ်၍ ရိုးရာဓလေ့ ဘဲဥထုပွဲတော်မှာ နှစ်ပေါင်း တစ်ရာကျော်ခဲ့သည်အထိ မပျောက်မပျက် ရှင်သန်နေဆဲဖြစ်သည်။

ဇိနမာန်အောင် လောကချမ်းသာကြေးဘုရားကြီးကို မင်းကျောင်း ဆရာတော်ဦးသီရိမှ ဦးဆောင်တော်မူကာ သက္ကရာဇ် ၁၂၆၆ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၉ ရက်တွင် စတင်ပုံစံပြုလုပ်ပြီး တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်တွင် ကြေးချိန်ပိဿာ ၇ဝဝ၊ ငွေချိန် ၃ဝဝကျပ်၊ ရွှေချိန် ၃ဝကျပ် တို့ဖြင့် သွန်းလောင်းသည်။ ၁၂၆၇ ခုနှစ် ကဆုန်လပြည့်နေ့တွင် အနေကဇာတင်လှူတော်မူခဲ့သည်။

ဧမြဝတီရပ်ကွက် ကြေးဘုရားကြီးပွဲတော်တွင် ရိုးရာအစဉ်အလာမပျက် ဘဲဥထုပွဲတော်ကျင်းပလာကြသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သည်။ ယခုအခါ ထူးခြားသည့် ရိုးရာပွဲတော်ဖြစ်လာကာ ကြေးဘုရားကြီးပွဲတော်၊ တပို့တွဲလပြည့်နှင့် လပြည့်ကျော်တစ်ရက် ညပိုင်းတို့တွင် ညလုံးပေါက်နီးပါး စစ်ကိုင်းမြို့တစ်မြို့လုံးသာမက ရပ်ဝေးရပ်နီးတို့မှလည်း လာရောက်ဆင်နွှဲကြ
ကြောင်း သိရသည်။

နန္ဒာမင်းလွင်
The Mirror Daily

E စီးကရက် သောက်သုံးမှု အန္တရာယ်ရှိဟု ဆို


အီး စီးကရက်မှာ အဆိပ် ဖြစ်စေတဲ့ ဓာတု ပစ္စည်းတွေ ပါဝင်နေပြီး စီးကရက် အစစ်နဲ့ အစားထိုး သောက်သုံးဖို့ ဘေးအန္တရာယ် မကင်းကြောင်း အမေရိကန် သုတေသီတွေက ပြောပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်မှုတွေ အရ အီး စီးကရက်ရဲ့ အငွေ့တွေက အဆုတ်ကို အန္တရာယ် ဖြစ်စေပြီး အသက်ရှူလမ်းကြောင်း ရောဂါတွေကိုလည်း ဖြစ်စေ နိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။

အီး စီးကရက်တွေ ထွက်ပေါ် လာပြီးကတည်းက အန္တရာယ် ကင်း မကင်း ငြင်းခုံမှုတွေ ရှိနေ ခဲ့ပါတယ်။

အီး စီးကရက်မှာ ဆေးရွက်ကြီး မပါဝင်တာကြောင့် တကယ့် စီးကရက်လောက် အန္တရာယ် မရှိဘူးလို့ ယေဘုယျ ထင်ရ ပေမယ့် သူ့မှာ စွဲလန်း စေတတ်တဲ့ နစ်ကိုတင်း ပါနေဆဲ ဖြစ်ပါတယ်။

BBC Burmese

ပညာရေး ဥပဒေ ပြင်ရေး အစိုးရ မေတ္တာရပ်ခံ


ဥပဒေနဲ့ မညီတဲ့ ဆန္ဒပြမှု တွေလို့ အစိုးရ စွပ်စွဲ
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနဲ့ စပ်လျဉ်း ပြီး မိဘ ပြည်သူ တွေ ကို မေတ္တာ ရပ်ခံချက် ဆိုပြီး အစိုးရ က ထုတ်ပြန် ကြေညာချက် ထုတ် လိုက်ပါတယ်။

ဒီကြေညာချက် မှာ ဥပဒေနဲ့ မညီတဲ့ ဆန္ဒပြမှု တွေ အပါ အဝင် ဆူပူမှုတွေ ဖြစ်အောင် ကျောင်းသား လူငယ် တွေ ကို အသုံးချ နေသူ တွေ ရှိတယ် ဆိုပြီး စွပ်စွဲ ထား ပါတယ်။

ဒီ ကြေညာချက် ဟာ လက်ရှိ သပိတ်မှောက် ကျောင်းသား တွေ ရဲ့ လှုပ်ရှားမှု တွေ အပေါ် အထင်အမြင် လွဲမှားအောင် ပုံဖျက် နေတာ လို့ သပိတ် ဦးဆောင် ကော်မတီ ဝင် ကို မင်းသွေးသစ် က ပြောပါတယ် ။

၂ဝဝ၇ သံဃာ့ အရေးအခင်းမှာ ပါတဲ့ ရဟန်းတော် တွေကို သံဃာတု တွေ ဆိုပြီး မဟုတ်မမှန် သတင်း လွှင့်ပြီးမှ အကြမ်းဖက် ဖြိုခွဲခဲ့ သလို မျိုး ကျောင်းသား တွေကို ချေမှုန်း နိုင်တယ်လို့ သူက ယူဆ ပါတယ်။

လူမှု ရေး အသင်းအဖွဲ့ တွေနဲ့ ကျောင်းသားတွေနဲ့ ဆက်စပ် လှုပ်ရှား မှုသာ ရှိပြီး ကျောင်းသားတွေ ကလည်း တက္ကသိုလ် ကျောင်းတွေကို ဝင်ရာမှာ ဆိုင်ရာ ဆရာ ဆရာမ တွေကို ခွင့်တောင်း ပြီးမှ စည်းကမ်းတကျ ဝင်တယ်လို့ မင်းသွေးသစ်က ပြော ပါတယ်။

မြင်းခြံမှာ အလံ ဖြုတ်ခဲ့တဲ့ ကိစ္စ ဟာ လည်း ဆိုင်ရာ ကျောင်းအာဏာပိုင် တွေက မချေမငံ ပြောပြီး ကျောင်းထဲ အဝင်မခံ လို့ တင်းမာမှုတွေ ဖြစ်ခဲ့ ရာက မထိန်း နိုင်တဲ့ထိ ဖြစ်သွားတယ် လို့ ရှင်းပြပါတယ်။

ကျောင်းသား သပိတ် စစ်ကြောင်း ဟာ တောင်တွင်းကြီး မှာ ညအိပ် ရပ်နား နေပါတယ်။

သောကြာနေ့ ညအိပ်မယ့် မြို့ ရောက်မှ သပိတ် ဘယ်လို ဆက်သွားမလဲ တိုင်ပင် ဆွေးနွေးကြမယ်လို့ သိရပါတယ်။

BBC Burmese

ကလေးလုပ်သား ရာနဲ့ချီ အိန္ဒိယ ကယ်တင်



အိန္ဒိယနိုင်ငံမှာ လူမဆန်တဲ့ အခြေအနေတွေနဲ့ မတရား အလုပ် ခိုင်းစေခံနေရတဲ့ ရာနဲ့ချီတဲ့ ကလေးလုပ်သားတွေကို နိုင်ငံ တောင်ပိုင်း စက်ရုံတွေကနေ ကယ်တင်နိုင်ခဲ့တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။

သရေ စက်ရုံတွေနဲ့ ပလတ်စတစ် စက်ရုံတွေကို ရဲတပ်ဖွဲ့က စီးနင်း ရှာဖွေမှုတွေ ပြုလုပ်ခဲ့ရာမှာ ၁၀ ရက်အတွင်း ကလေးလုပ်သား ၃၅၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့တာပါ။

အဲဒီ ကလေးတွေဟာ ၀မ်းနည်းဖွယ်ရာ ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ကြရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပညာရည် နိမ့်ကျမှုနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် ကလေးငယ် အများအပြားဟာ အတင်း အဓမ္မ အလုပ်ခိုင်းစေမှုတွေ ခံနေကြရပါတယ်။

BBC Burmese

ရခိုင်ပြည်နယ် နိုင်ငံသား စိစစ်ရေး စမ်းသပ် အစီအစဉ် ရပ်နား


ရခိုင်ပြည်နယ် စစ်တွေမြို့ မူစလင်ကျေးရွာတွင်း လူဦးရေ စာရင်းကောက်ယူနေစဉ်။ (မတ် ၃၁၊ ၂၀၁၄) 

 ရခိုင်ပြည်နယ် အတွင်းမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးတဲ့ လုပ်ငန်းတွေ ကို နိုင်ငံတော် အဆင့် စီမံကိန်းတွေ ထားပြီး ဆောင်ရွက်တော့မှာ မဟုတ်ဘူးလို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် က ပြောပါတယ်။ ဒါကြောင့် ယာယီ နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ အနေနဲ့ လူဝင်မှု ကြီးကြပ်ရေးမှာပဲ ပုံမှန် လုပ်ငန်းစဉ်တွေ နဲ့သာ လျှောက်ထား ရတော့မှာ ဖြစ်တယ် လို့ ပြောပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့ နှစ်ဖက် အသိုင်းအ၀ိုင်း အကြားမှာလည်း သုံးသပ်မှု အမျိုးမျိုး ရှိနေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

ရခိုင်ပြည်နယ်အတွင်းက မူဆလင် လူနည်းစုတွေ အတော်များများရှိတဲ့ မြေပုံမြို့နယ် ထဲမှာ နိုင်ငံတော် အဆင့်နဲ့  စမ်းသပ်စီမံဆောင်ရွက်နေတဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးမှု အစီအစဉ်တွေ မအောင်မြင်တာကြောင့်  ရပ်ဆိုင်း လိုက်ပြီးတဲ့နောက် ဒီလို စီမံကိန်းတွေကို အခြားမြို့နယ်တွေ မှာလည်း  ဆောင်ရွက်ပေးမှာ မဟုတ်တော့ဘူးလို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းက ဗွီအိုအေ ကိုပြောပါတယ်။

"ဒါကတော့ ကျနော်တို့ မနှစ်က မြေပုံ ပိုင်းလော့်ခ်ပရိုဂျက်အနေနဲ့ လုပ်တယ်။ ဒီနှစ်ကျတော့ ပိုင်းလော့ခ်ပရိုဂျက်အနေနဲ့ မသွားတော့ပဲနဲ့ တနိုင်ငံလုံးမှာ လုပ်တဲ့ Verification အနေနဲ့ပဲ သွားမယ်ဆိုပြီးတော့မှ အခုကျနော်တို့ ရခိုင်ပြည်နယ်နဲ့ တနိုင်ငံလုံး အပါအဝင်ပေါ့ လျှောက်လွှာတွေ တောင်းပြီးတော့မှ ရတဲ့ လျှောက်လွှာတွေကို စစ်ပြီးရင်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ တနိုင်ငံလုံးကို ကောက်တဲ့ အတိုင်းကိုပဲ ပြည်နယ်တပြည်နယ် လုံးမှာလည်း လျှောက်လွှာကို အခု လက်ခံပြီးရင်တော့ စိစစ်တာကိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ပဲ အရင်လို ပုံမှန်အတိုင်း ပိုင်းလော့ခ်ပရိုဂျက်အနေနဲ့ မသွားတော့ဘူးပေါ့။"

ကိုအောင်ရဲမောင်မောင်- ဘာဖြစ်လို့များ ဒီ ရခိုင်ပြည်နယ်ထဲက မူဆလင်တွေ အတွက် နိုင်ငံသား စိစစ်ရေးကဒ်တွေကို မဆောင်ရွက်ပေးတော့တာလဲ ခင်ဗျ။

" ဒါကတော့ ဒီမှာလည်း ကျနော်တို့က ရခိုင်ပြည်နယ် ကိစ္စ က နည်းနည်း ရှုပ်ထွေးပါတယ်လေ။ `ရှုပ်ထွေးတယ်ဆိုတာက Verification လုပ်မယ် ဆိုပြန်တော့လည်း ဒီမှာ တော်တော်မရှိတဲ့ အသုံးအနှုန်း နာမည်တွေ ပြောဆိုတော့ Verification ကလည်း လုပ်လို့ မရဘူးဖြစ်နေတာပေါ့။ ဆိုတော့ ဒီမှာကလည်း သမာရိုးကျကိစ္စတွေမဟုတ်ပဲနဲ့ ဖြစ်နေတဲ့အခါကျတော့ လုပ်ရကိုင်ရ ကိစ္စတွေကလည်း တော်တော်လေးကို အခက်အခဲရှိပါတယ်ခင်ဗျ။"

White Card လို့ ခေါ်တဲ့ယာယီ နိုင်ငံသား ကတ် ရှိတဲ့ သူတွေ ထဲကနေ အမျိုးသား မှတ်ပုံတင်လျှောက် လိုတဲ့သူတွေ အတွက် မြေပုံမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စီမံကိန်း ထားပြီး ဆောင်ရွက်ပေးခဲ့တာပါ။ မြေပုံမှာ ဒီအစီအစဉ် အောင်မြင်ရင် အခြား မြို့တွေ ဖြစ်တဲ့ စစ်တွေ၊ ဘူးသီးတောင်၊ မောင်းတော မြို့တွေ မှာလည်း စီမံကိန်းတွေ ချပြီးဆောင်ရွက်ဖို့ စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ မူဆလင်လူနည်းစုတွေ အတွက် ဒီလို နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးတာတွေ သီးသန့် စီမံကိန်းထားပြီး မလုပ်ဆောင်တော့တဲ့ အပေါ်မှာ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ရှုမြင်ပါတယ်။

"ဝါဒဖြန့်နေတဲ့ ဆိုတဲ့ ပုံစံမျိုးရှိလို့ ဒီနေ့ထက်ထိ အဲ့ဒီ့ဒေသမှာ စစ်တွေတို့မှာဆို သိန်းကျော်ရှိတယ်။ မောင်တောမှာလည်းရှိတယ်။ ဘူးသီးတောင်မှာလည်း ရှိတယ်။ အဲ့သလို အစုလိုက်ရှိတဲ့နေရာတွေမှာတောင်မှ ကျနော်တို့ ၉၆ ယောက်ပဲ  လျှောက် ထားတယ်ဆိုတော့ ဒါဟာ သူတို့ တနိုင်ငံလုံး အတိုင်းအတာ နဲ့ ဘယ်လောက်ပဲ လုပ်ပေးပါစေ ဒီလူတွေကတော့ ဝှိုက်ကဒ်ကို ကိုင်ထားတဲ့ သူတွေကတော့ လာလျှောက်တော့မှာ မဟုတ်ဘူး။  အခုဆိုရင် ဝှိုက်ကဒ်နဲ့လည်း နိုင်ငံသား အခွင့်အရေး ရထားပြီးဆိုတော့ ဒါတွေ ပိုပြီတော့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ဟာ ကဗျက်ကယက်နဲ့ နောက်ဆုံးမှာ ဒီလိုပဲ အဆုံးသတ်ဖို့ ကျနော်တို့ မြင်ပါတယ်ခင်ဗျ။"

ဒါပေမဲ့ တစ်ဖက်မှာတော့ မူဆလင် ဘာသာဝင် ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်းရဲ့ အမြင်ကလည်း အခုလို ရှိပါတယ်။

" ကျနော်ကတော့ ပရိုဂျက်ပဲ လုပ်လုပ် ဖျက်လိုက်တယ်ပြောပြော။ ဒါပေမဲ့ ကျနော် အဓိက ပြောချင်တာကတော့ ကျနော်တို့ဆီမှာ ရှိနေတဲ့ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေရဲ့ Generation  ကို ကြည့်ရမယ်ဗျ။ အရင်တုန်းက အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့သူတွေရဲ့ သူတို့ရဲ့မိဘတွေ ဘိုးဘွားတွေ ရှိမယ်ဆိုရင် အဲ့တာတွေကို နိုင်ငံ သား လျှာက်ဆိုပြီးတော့မှ ပုံမှန် နိုင်ငံသား စိစစ်ရေး ကဒ်ပြားတွေ ကျနော်တို့က ထုတ်ပေးမယ်ဆိုရင်တော့ အချိန်တို အတွင်းမှာလည်း ပြီးသွားနိုင်တယ်။ ကျနော်တို့ ဒီပြသနာ လည်း ပြေလည် သွားနိုင်တယ်။"

၂၀၁၄ ခုနှစ် အတွင်းက မြေပုံမြို့နယ်ထဲမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးရေး စမ်းသပ် စီမံကိန်းအရ ယာယီ သက်သေခံလက်မှတ်ရှိတဲ့ လူ ၂၀ ကို နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးခဲ့ပါတယ်။ နိုင်ငံသားစိစစ်ရေး ကတ် ရရှိဖို့ အခွင့်အရေးရှိတဲ့ ထဲက လူ ၂၀၀ လောက်ကိုလည်း ယာယီ သက်သေခံ လက်မှတ် White Card တွေလည်း ထုတ်ပေးခဲ့ပါတယ်။

ဒီစီမံကိန်းကို ဒေသခံ ရခိုင် လူမျိုးတွေက အပြင်းအထန် ကန့်ကွက်ခဲ့ပြီးတော့ ရခိုင်ပြည်နယ် မြေပုံမြို့ကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း ဒီအစီအစဉ် အတွက် ရောက်ရှိချိန်မှာ အိမ်တံခါးတွေ ပိတ်ပြီး ဆန္ဒပြခဲ့တဲ့ ထိ ပြင်းထန်မှုတွေ ရှိခဲ့ပါတယ်။

လတ်တလောမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒခံယူပွဲ လုပ်တဲ့ နေရာမှာ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေ အထူးသဖြင့် White Card ကိုင်ဆောင်သူ အများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ် အတွင်းက မူဆလင်လူနည်းစုတွေ အနေနဲ့ အခုလို အခွင့်အရေး ရရှိတဲ့ အပေါ်မှာ ကန့်ကွက်မှု တွေ ရှိနေပြီး အငြင်းပွားမှုတွေ လည်း ရှိနေတာပါ။

အောင်ရဲ မောင်မောင် / ဗွီအိုအေ (မြန်မာပိုင်း)

White Card များ မဲပေးခွင့် ဖျက်သိမ်းရေး ရန်ကုန်မြို့တော်တွင် ခုနစ်ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်မည်


 
ရန်ကုန်၊ ဖေဖော်ဝါရီ ၎

ယာယီသက်သေခံကတ်ပြား (White Card) ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုထားမှုကို ပယ်ဖျက်ရေးအတွက် ပြည်တွင်းရှိ အမျိုးသားရေး လှုပ်ရှားသည့် အဖွဲ့အစည်းများ ပူးပေါင်းကာ ရန်ကုန်မြို့တော်တွင် ခုနစ်ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်ရေး ဦးဆောင်ကော်မတီထံမှ စုံစမ်းသိရှိရသည်။

White Card များ မဲပေးခွင့် ပယ်ဖျက်ရေး လှုပ်ရှားမှုအဖြစ် မျိုးချစ်မြန်မာရဟန်းတော်များနှင့် ပြည်သူများ ပူးပေါင်းကာ လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကြေးသွန်းဘုရားမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်မည် ဖြစ်ပြီး အဆိုပါ ကော်မတီဝင်ဖြစ်သူ မြန်မာမျိုးချစ် ရဟန်းတော်များအဖွဲ့မှ ဦးဝိလာသဂ္ဂက မိန့်ကြားသည်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် ပဏ္ဍိတာရာမ ကျောင်းတိုက်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၃ နာရီမှ ၅ နာရီအထိ ပြုလုပ်သည့် အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီကိစ္စကြီးက ဖွဲ့စည်းပုံအခြေခံ ပြင်ဖို့ ကိစ္စကြီးလေ။ အဲဒါဆိုတော့ အရမ်းအရေးကြီးနေတယ်။ အဲဒါမှတစ်ဆင့် နောက်ရွေးကောက်ပွဲတွေ ကျရင်လည်းပဲ ဒီ White Card ကိစ္စတွေက ပြဿနာဆို ဖြစ်ပေါ်လာနိုင်တယ်” ဟု ဦးဝိလာသဂ္ဂက မိန့်ကြားသည်။

ဆန္ဒထုတ်ဖော်မှုတွင် လူဦးရေ တစ်ထောင်ခန့် ပါဝင်မည်ဟု ခန့်မှန်းထားပြီး ခုနစ်ရက် ပြည့်သည်အထိ လွှတ်တော် တာဝန်ရှိသူများ အနေနှင့် တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိပါက နေပြည်တော်၊ ပြည်ထောင်စုလွှတ်တော် အထိ ဆက်လက်ချီတက် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဦးဆောင်ကော်မတီဝင် ဦးနောင်တော်လေးက The Voice သို့ ပြောကြားသည်။

“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မန္တလေးဘက်က လူတွေကိုလည်း လှုံ့ဆော်မယ်၊ မန္တလေးကလည်း ချီတက်ဖို့၊ ကျွန်တော်တို့ ရခိုင်က လူတွေလည်း ချီတက်မယ်။ ရခိုင်က လူတွေကိုလည်း နေပြည်တော်အထိ ဦးတည်ချီတက်တဲ့ ပုံစံမျိုး လှုပ်ရှားမှုတွေ ကျွန်တော်တို့ ဆောင်ရွက်သွားမယ်” ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲများတွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုခြင်းသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အဟန့်အတား ဖြစ်စေကြောင်း ၈၈ ရခိုင်မျိုးဆက်များ ဖွံ့ဖြိုးရေးအဖွဲ့က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကြေညာလိုက်သည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်နေကြချိန် ဖြစ်ပြီး ယင်းအခြေအနေမျိုးတွင် White Card ပြဿနာ ပေါ်ပေါက်လာသဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်သူများကို အခြားတစ်ဖက်သို့ အာရုံပြောင်းစေကြောင်း အဆိုပါအဖွဲ့မှ ဥက္ကဋ္ဌ ဦးဦးသန်းနိုင်က ပြောကြားသည်။

White Card ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုလိုက်ခြင်းသည် ပြည်သူတစ်ရပ်လုံးကို မျက်ကွယ်ပြုရာ ရောက်သဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၈၈ ရခိုင်မျိုးဆက်များ ဖွံ့ဖြိုးရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

White Card ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုလိုက်သဖြင့် ရခိုင်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေး အပြင် တည်ငြိမ်အေးချမ်းမှုကိုပါ အဟန့်အတား ဖြစ်စေသည့် အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုမှု ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်သည့် အနေနှင့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရခိုင်လူမှုအဖွဲ့အစည်း ၆၀ ကျော်ဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း ၈၈ ရခိုင်မျိုးဆက်များ ဖွံ့ဖြိုးရေးအဖွဲ့ထံမှ သိရှိရသည်။

အစည်းအဝေးသို့ မြန်မာ့အမျိုးသားရေးကွန်ရက်၊ မျိုးချစ်လူငယ်များကွန်ရက် (မြောက်ဥက္ကလာ)၊ အနာဂတ် လင်း လူမှုကူညီရေးအသင်း၊ ရခိုင်လူငယ်ကွန်ရက်၊ ရခိုင်အမျိုးသားကွန်ရက် စသည့် အဖွဲ့အစည်းများမှ သံဃာတော်နှင့် လူပုဂ္ဂိုလ် တစ်ရာဝန်းကျင် တက်ရောက်ခဲ့သည်။
The Voice

အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းသုံးခု ချင်းမိုင်တွင် သီးခြားတွေ့ဆုံမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၎

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေး ကိစ္စဆွေးနွေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့တို့နှင့် သီးခြားတွေ့ဆုံသွားမည် ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC ထံမှ သိရှိရသည်။

ယင်းတွေ့ဆုံမှုများကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူများက ဆိုသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)၊ ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ကို သီးခြားတွေ့ဆုံမည် ဖြစ်ကြောင်း MPC ထံမှ သိရှိရသည်။

“ဆွေးနွေးမှုကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် အတွက်ပါပဲ၊ NCCT ကလည်း ပြီးခဲ့တဲ့ ၂၁ ရက်နေ့ ဆွေးနွေးပွဲမှာ ကျန်ရှိနေသေးတဲ့ အချက်တွေကို ဆက်ဆွေးနွေးမယ့် သဘောပါ။ သီးခြားဆွေးနွေးမယ် ဆိုပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ကိုပဲ ဦးတည်ဆွေးနွေးကြမှာပါ” ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်က ပြောကြားသည်။

ယင်းဆွေးနွေးပွဲများ ပြုလုပ်ရန် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းတို့ ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အကြိုကော်မတီတို့ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း အစိုးရနှင့် နီးစပ်သူများထံမှ သိရှိသည်။

အဆိုပါ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ဆွေးနွေးညှိနှိုင်းမှု ရလဒ်ကို ချင်းမိုင်တွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်လည်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ဆိုသည်။

အဆိုပါ ချင်းမိုင်း တွေ့ဆုံဆွေးနွေးပွဲတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင် လိုင်ဇာသင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးပစ်ခတ်မှုနှင့် ပတ်သက်၍လည်း ထပ်မံ ထည့်သွင်းဆွေးနွေးသွားရန် ရှိကြောင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ထံမှ သိရသည်။
The Voice

သပိတ်မှောက်ကျောင်းသားစစ်ကြောင်း မကွေးမြို့နယ် ယင်းချောင်းနံဘေးရှိ ဆရာစံနှင့် သခင်ဖိုးလှကြီးရုပ်တုအား အလေးပြုခဲ့ကြပြီး သစ်ရာကောက်ကျေးရွာတွင် ညအိပ်ရပ်နား


မကွေးကွန်ပျူတာတက္ကသိုလ်အတွင်း သပိတ်မှောက်ကျောင်းသားစစ်ကြောင်းဝင်ရောက်၍ ဟောပြောနေသည်ကိုတွေ့ရစဉ်

သပိတ်မှောက်စစ်ကြောင်းသည် မကွေးမြို့နယ် ယင်းဆိပ်ကျေးရွာ ယင်းချောင်းနံဘေးတွင်ရှိသော အမှတ်တရကျောက်ရုပ်ဖြစ်သည့် ဆရာစံနှင့် သခင်ဖိုးလှကြီးကျောက်ရုပ်တုသို့ မွန်းလွဲ ၃ နာရီတွင်ဝင်ရောက်ခဲ့ပြီး အလေးပြုဂုဏ်ပြုခဲ့ကြကာ ဆက်လက်ချီတက်၍ သစ်ရာကောက်ကျေးရွာတွင် ညအိပ်ရပ်နားခဲ့ကြောင်းသိရသည်။
   
မကွေးတိုင်းဒေသကြီး မကွေးမြို့ ကွန်ပျူတာတက္ကသိုလ်ကျောင်းဝင်းတွင်းသို့ အမျိုးသားပညာရေးဥပဒေမူကြမ်း သပိတ်မှောက်စစ်ကြောင်းဝင်ရောက်ကာ အသိမှတ်ပြုဟောပြောခွင့်ရခဲ့ကြောင်း သတင်းရရှိသည်။
   
သပိတ်မှောက်စစ်ကြောင်းသည် တစ်ညတာနားခိုရပ်နားခဲ့သည့် မကွေးမြို့ လေးထပ်ပြင်ဘုန်းတော်ကြီးကျောင်းမှ နံနက် ၉ နာ ရီခွဲတွင် မကွေး-တောင်တွင်းကြီးလမ်းတိုင်းထွက်ခွာလာခဲ့ပြီး မြို့အစွန်ရှိ ကွန်ပျူတာတက္ကသိုလ်အတွင်းဝင်ရောက်ရန် ကျောင်းအုပ်ချုပ်ရေးအဖွဲ့များထံ ၀င်ခွင့်တောင်းခဲ့ရာ ကျောင်းအုပ်ဆရာကြီးက၀င်ခွင့်ပေးခဲ့ပြီး ပင်မစာသင်ကျောင်းဆောင်ကြီး အောက်ထပ်တွင် နာရီဝက်ခန့်ဟောပြောခွင့်ရခဲ့ကြောင်း သပိတ်မှောက်စစ်ကြောင်း ကျောင်းသားခေါင်းဆောင်များထံမှ သိရသည်။
   
ကျောင်းအတွင်းဟောပြောရာတွင် "ဒီတက္ကသိုလ်ကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမများနဲ့ ကျောင်းသားကျောင်းသူတွေကို ကျွန်တော်ပြောချင်တာက သပိတ်မှောက်ပြီး လမ်းပေါ်ထွက်လာရတာက ကျွန်တော်တို့က အစိုးရနဲ့ အကြိမ်ကြိမ်လက်ကမ်းတောင်းဆိုဆွေးနွေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်က ရန်ကုန်စိန်ရတုခန်းမမှာဆွေးနွေးခဲ့တဲ့ သဘောတူချက်တွေကို မနေ့က နေပြည်တော်ဆွေးနွေးပွဲမှာဖောက်ဖျက်ခံရပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်တက်ရောက်ခဲ့တဲ့အစည်းဝေးဖြစ်ပါတယ်။ ဒီပွဲမှာ သပိတ်မှောက်နေတဲ့ကျောင်းသားတွေဟာ သမ္မတရဲ့မိန့်မှာချက်နဲ့ ဒီလမ်းကြောင်းကိုလျှောက်ဖို့ တွန်းပို့ပေးနေလို့ လျှောက်နေရတာဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့ အစိုးရနဲ့သဘောတူညီထားတဲ့သုံးချက်မှာ တန်းတူညီမျှမှုရှိရှိနဲ့ ဆွေးနွေးပွဲကျင်းပဖို့၊ ဆွေးနွေးပွဲတစ်ခုပြီးတိုင်း သဘောတူညီချက်တွေကို အများပြည်သူရဲ့ရှေ့၊ ကျောင်းသားရှေ့မှာ မီဒီယာရဲ့ရှေ့မှာချပြဖို့ ဒီသဘောတူညီချက်ကို မနေ့ကစပြီးဖောက်ဖျက်ခံရတယ်။ ရန်ကုန်စိန်ရတုပွဲမှာ ၀န်ကြီးဦးအောင်မင်းကိုယ်တိုင်သဘောတူခဲ့ပြီး မနေ့ကနေပြည်တော်မှာ ကျောင်းသားကိုယ်စားလှယ် ၁၅ ဦးသာ ၀င်ခွင့်ပေးပါတယ်။ ဒီလိုပွင့်လင်းမြင်သာမှုမရှိတဲ့ ခွဲခြားဆက်ဆံတာမျိုးကိုအလိုမရှိပါဘူး။ ဒီလိုဆွေးနွေးပွဲတွေမှာ အခြားကျောင်းသားတွေကိုပါ ၀င်ခွင့်ပေးဖို့ တောင်းဆိုတာမရရှိခဲ့ပါဘူး။ ပြီးတော့ ဆွေးနွေးပွဲတွေကို အစိုးရဘက်က တစ်ဖက်သတ်ဖျက်သိမ်းခဲ့ပါတယ်။ ဒါဟာ အစိုးရဘက်က ကျောင်းသားတွေကိုထားတဲ့ သဘောထားရပ်တည်ချက်အမှန်တွေပါပဲ" ဟု ဗ.က.သ များအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကပြောကြားသည်။
   
မြို့တွင်းခေတ္တနားရာနေရာများ၌ ဟောပြောခဲ့ရာတွင် မကွေးမြို့ရှိ နည်းပညာတက္ကသိုလ်နှင့် ဆေးတက္ကသိုလ်ကျောင်းသားတို့မှ ၀င်ရောက်ဟောပြောခဲ့ပြီး မကွေးတက္ကသိုလ်တွင်းသို့ ပထမရက်တွင် မကွေးတက္ကသိုလ်အတွင်းသို့ ၀င်ခွင့်မရခဲ့ဘဲ ကွန်ပျူတာတက္ကသိုလ်အတွင်းသို့သာ ၀င်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။
   
"ဒီကိစ္စမှာ ကျွန်တော်တို့က ဒီခေတ်မှာ ဘယ်ကိစ္စပဲလုပ်လုပ် ထိပ်တိုက်ရင်ဆိုင်မှုမဖြစ်ဖို့လိုပါတယ်။ ဖြစ်ခဲ့မယ်ဆိုရင် လက်ရှိသွားနေတဲ့လမ်းကြောင်းမှာ နှေးသွားတာတွေဖြစ်သွားနိုင်တယ်။ အဲဒီလိုဖြစ်သွားလို့မရဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၁ ရက်နေ့ကကော ၂ ရက်နေ့ကပါ လူကြီးတွေဆွေးနွေးပွဲတွေလုပ်ခဲ့ပါတယ်။ အဲဒီတော့ခင်ဗျားတို့ဘက်ကလည်း လုပ်စရာရှိတာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့လုပ်မယ်၊ ကျွန်တော်တို့ဘက်ကလည်း ကျောင်းရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်မှုမရှိဘူးဆိုတော့ ခွင့်ပြုပေးလိုက်တာပါ။ ဒီလိုခွင့်ပြုပေးဖို့ ခွင့်ပြုချက်တောင်းစရာမလိုပါဘူး။ ကျွန်တော်တို့ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေက ကိုယ်ဟာကိုယ်ဆုံးဖြတ်ခွင့်ပေးထားပါတယ်" ဟု ခေတ္တကျောင်းအုပ်ကြီး ဒေါက်တာစိုးလင်းအောင်က The Daily Eleven သတင်းစာသို့ဖြေကြားသည်။

Eleven Media Group ဝေလင်း(ပြည်)

Thursday, February 5, 2015

နိုင်ငံတကာမစ္စတာပြိုင်ပွဲကြီးရဲ့ ပထမဆုံးမြန်မာပြည်ကိုယ်စားပြု အောင်ချမ်းမြ


ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့အခမ်းနားဆုံး Mister ပြိုင်ပွဲကြီးမှာ ပထမဆုံးအကြိမ် အဖြစ် မြန်မာပြည်ကိုယ်စားပြုအနေနဲ့ အောင်ချမ်းမြ က ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၅၀ ကျော်က ပြိုင်ပွဲဝင်တွေ ၀င်ရောက်ယှဉ်ပြိုင်နေတာပါ။ ဒီပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲစဉ်ကိုတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြုလုပ်မှာပါ။

“အခု Mister International ပြိုင်ပွဲက ကမ္ဘာမှာ အကြီးကျယ်အခမ်းနားဆုံးပြိုင်ပွဲဖြစ်တဲ့အတွက် ဆုရခြင်း မရခြင်း ဆိုတာထက် မြန်မာနိုင်ငံအနေနဲ့ ပထမဆုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရတာကိုက အရမ်းပဲ ဂုဏ်ယူဖို့ ကောင်းပါတယ်။” လို့ အောင်ချမ်းမြရဲ့ organizer ဖြစ်တဲ့ Miss Golden Land Myanmar Organization မှ ကိုဝေယံအောင်က ပြောပါတယ်။

ဒါ့အပြင် Mister ပြိုင်ပွဲဝင်တွေအနေနဲ့ ပြိုင်ပွဲကာလတလျှောက်မှာတော့ သူတို့နိုင်ငံရဲ့ ခရီးသွားတွေ စိတ်ဝင်စားမယ့်နေရာတွေကို သွားရောက်လေ့လာရခြင်း၊ တဦးနဲ့တဦး ပေါင်းသင်းဆက်ဆံရေး၊  ဒါ့အပြင် ပြိုင်ပွဲကာလတလျှောက် ပြိုင်ပွဲဝင်တွေရဲ့ လှုပ်ရှားမှု၊ ဆောင်ရွက်မှုတွေကို စောင့်ကြည့်ပြီးတော့ အကဲဖြတ်တွေအနေနဲ့ စောင့်ကြည့်အမှတ်ပေးသွားမှာပါ။ ပြိုင်ပွဲဝင်တွေရဲ့ ခန္တာကိုယ် fitness ပိုင်းတွေ၊ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်တာတွေကို စမ်းသပ်မယ့် အင်တာဗျူးတွေ၊ ရေကူးဝတ်စုံပြိုင်ပွဲ၊ ညနေခင်း ၀တ်စုံပြိုင်ပွဲ စတဲ့ ပြိုင်ပွဲတွေကို ယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“Miss ပြိုင်ပွဲတွေလိုပါပဲ။ Mister ပြိုင်ပွဲတွေ ကျင်းပတာက နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်တဲ့ အခါမှာ နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေ နောက် ဓလေ့ထုံးစံတွေပေါ့ ဒါတွေကို တယောက်နဲ့တယောက် ချစ်ကြည်ရင်းနှီးမှု ရှိရှိနဲ့ ဖလှယ်ကြမယ်။ နောက်ပြီးတော့ လူငယ်တွေရဲ့ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်မှု ကိုယ်ကာယ ကျန်းမာ ကြံ့ခိုင်မှုပေါ့။ ဒါတွေကို ယှဉ်ပြိုင်ကြရပါတယ်။ ပြန်လာတဲ့အခါမှာတော့ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ပရဟိတ လုပ်ငန်းတွေကို တနှစ်ပတ်လုံး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။” လို့ ကိုဝေယံအောင်က ရှင်းပြပါတယ်။

မြန်မာကိုယ်စားပြု အောင်ချမ်းမြရဲ့ အမျိုးသားဝတ်စုံကိုတော့ ကုန်းဘောင်မင်းဆက် ရှင်ဘုရင်ဝတ်စုံ ဒီဇိုင်းမျိုးနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ထက် Mister International ပြိုင်ပွဲကြီးရဲ့ People's Choice Award အတွက်ကို ဒီပြိုင်ပွဲကြီးရဲ့ Official Voting မှာ မဲပေးနိုင်ပြီဖြစ်ကြောင်းလည်း သိရပါတယ်။ အဲ့ဒီ Voting Link ကတော့..

www.missosology.info/forum/viewtopic.php?f=7&t=582292

Mister International 2014 ပြိုင်ပွဲကြီးဟာ ၉ ကြိမ်မြောက် ပြုလုပ်ကျင်းပတာလည်းဖြစ်ပါတယ်။


ဧရာဝတီBlog

ဝှိုက်ကတ် မဲပေးခွင့် မပယ်မချင်း တစ်နိုင်ငံလုံး အတိုင်းဖြင့် ဆက်တိုက်ဆန္ဒ ထုတ်ဖော်သွားမည်



ဝှိုက်ကတ်ကိုင်ဆောင်သူများအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် ဖေဖော်ဝါရီ (၂) ရက်နေ့ ပြည်ထောင်စု လွှတ်တော် ကဆုံးဖြတ်ခဲ့ သည့်နဲ့ ပတ်သက်၍ ၀ှိုက်ကတ် (နိုင်ငံခြားသားများ) ကိုင်ဆောင်သူများအား မဲပေးခွင့် မပယ်မချင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြင်းပြင်းထန်ထန် ဆက်တိုက်ဆန္ဒ ထုတ်ဖော် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းဆန္ဒပြ ဆုံးဖြတ်ချက်ကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် ပဏ္ဍိတရာမ ကျောင်းတိုက်တွင် ၀ှိုက်ကတ် Whit Card မဲပေးခွင့် ပယ်ချရေး ကော်မတီများမှ တညီတစ်ညွတ်တည်း ဆုံးဖြစ်ခဲ့ကြသည်။

ဆန္ဒပြပွဲကို ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှ စတင်ပြုလုပ်မည်ဟု သိရသည်။ ယခုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်သည့်အပေါ် သြ၀ါဒစရိယ ဆရာတော် ဦးပါမောက္ခမှ နိရဉ္စရာ သို့ ယခုကဲ့ သို့ မိန်ကြား သည်။

“ အစိုးရကတင်တာကို လွှတ်တော်ကနေ ဆုံးဖြတ်ထားတယ်။ ဒါကို ဦးဇင်းတို့က ကန့်ကွက်ရင် အစိုးရ ကတော့ လုံးဝကြိုက်မှာ မဟုက်ဘူးဆိုတာကို ဘုန်ကြီးတို့ လည်းထည့်တွက်ထားပြီးသားပါ။ လက်ခံသည် ဖြစ်စေ လက်မခံသည်ဖြစ်စေဘုန်းကြီးတို့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို မြန်မာနိုင်ငံသားတွေက သာလျှင် ဖန်တီးခွင့်ရှိပါတယ်။ နိုင်ငံသားမဟုတ်သေးတဲ့ ၀ှိုက်ကတ်သမားတွေက ဖန်းတီခွင့်မရှိပါဘူး။ မြန်မာနိုင်ငံကို ဖျက်မယ့်ပုဂ္ဂိုလ် တွေက လုံးဝဖန်တီ ခွင့်မရှိပါဘူး။ ဒါကြောင့်မို့  ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်ရှိအောင် လုပ်ရမယ်။ လွှတ်တော်ကို အားကိုးနေလို့ မရဘူး’’ ဟု ဆရာတော် ဦးပါမောက္ခမှ မိန့် သည်။

ဝှိုက်ကတ်ကို မပယ်ဖျက်သရွှေ့ အချိန်ကန့် သက်ချက် မရှိ၊ ရက်ကန့် သက်မရှိ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပြင်းပြင်ထန်ထန် ဆန္ဒပြကန့် ကွက်သွား မည်ဖြစ်ပြီး နေပြည်တော် အထိ လမ်းလျှောက် ဆန္ဒပြ သွားမည်ဖြစ်ကြောင်းလဲ ဆရာတော်ပါမောက္ခမှ ဆက်လက်မိန့် ကြားသည်။

အစိုးရ၏ လက်ကိုင်တုက်အစိုးရ၏ ဘက်တော်သားများဟု ဝေဖန်မူများထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ဆရာတော်မှ ယခုကဲ့သို့  ဆက်လက် မိန့် ကြားသည်။
“ ဘုန်ကြီးတို့ ကိုအစိုးရရဲ့ ဘက်တော်သားအစိုးရရဲ့လက်ကိုင်တုက်ဆိုပြီး၊ စစ်ဖိနပ်အောက်ဆိုပြီး ပုံစံ အမျိုးမျိုးနဲ့ ပြောနေကြတယ်။ ဘုန်းကြီးတို့  ကဘယ်အဖွဲ့ အစည်း မှ လက်အောက်ခံ မဟုက်ဘူး။ စစ်တပ်ရဲ့ လက်အောက်ခံလည်း မဟုတ်သလို ကြံ့ခိုင်ရေးရဲ့လက်အောက်ခံလဲ မဟုတ်ဘူး။ NLD အဖွဲ့ အစည်းကိုလဲ တိုက်နေတာ မဟုက်ဘူး။ သို့ သော် မိမိတို့ ရဲ့ တိုင်းပြည်၊ လူမျိုးနဲ့ မိမိတို့  ဘာသာသာသနာကို ထိခိုက်လာမည် ဆိုရင်တော့ မည့်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မှ ထားမည်မဟုက်ဘူး။ ဆန့်ကျင် တိုက်ခိုက် သွားရမှာ ဖြစ်တယ်” ဟု ဆရာတော် ပါမောက္ခမှ နိရဉ္စရာ သတင်းဌာနသို့ သီးသန့် ပြောကြားခဲ့သည်။

ဝှိုက်ကတ် မဲပေးခြင်း ပယ်ဖျက်ရေး ကော်မတီအဖွဲ့ ဝင်တစ်ဦးဖြစ်သူရခိုင်လူငယ်များအဖွဲ့ (ရန်ကုန်) ကိုညီညီမောင်မှလည်း နိရဉ္စရာသတင်းဌာနသို့ ယခုလိုပြောသည်။

“ နိုင်ငံတ်ာရဲ့ အချုပ်အာဏာဆိုတာ၂၀၀၈ အခြေခံဥပဒေအခန်း(၁)အပိုဒ်ခွဲ(၄)ပါပါတယ်။ နိုင်ငံသားတို့ ၏ အချုပ်အချာအာဏာဆိုသည် နိုင်ငံသားတို့  ထံမှ စီးဆင်ပြီး နိုင်ငံတစ်ဝန်းလုံး အာဏာတည်သည်ဟု ပါရှိတယ်။ ဆိုလိုတာကနိုင်ငံသားတို့ သာ နိုင်ငံအရေးကို စီရင်ပိုင်ခွင့်ရှိပါတယ်။ နိုင်ငံသားတို့ သာစီရင်ပိုင် ခွင့်ရှိတဲ့ ကိစ္စတစ်ခုကို နိုင်ငံသားမဟုတ်တဲ့ ၀ှိုက်ကတ်သမားတွေကို မဲပေးခွင့်ပြုတယ်ဆိုတာ အခြေခံ ဥပဒေနဲ့ လဲ လုံးဝ မကိုက်ညီဘူး။ လုံးဝလွဲချော်နေ ပါတယ်။ ဒါတွေကို ကျနော်တို့ အနေနဲ့ လုံးဝ မကျေနပ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ ၀ှိုက်ကတ်ကိုင်ဆောင်သူများကို မဲထည့်ခွင့်ပြုသည့် အပေါ် မကျေနပ်သော အဖွဲ့အစည်းများ အားလုံး စုပေါင်း ဆန္ဒပြရန် သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း ကိုညီညီမောင်က ပြောသည်။

အစည်းအဝေးမှ နေပြီး ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲကို ဖေဖေါ်ဝါရီလ ၈ ရက် နေ့လယ် ၁ နာရီတွင်  ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်း ဘုရားကြီးမှ စတင်မည်ဟု သိရသည်။

၎င်းဆန္ဒပြကန့် ကွက်မှုကို ( ၇)ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် ပြုလုပ်သွားမည်ဖြစ်ပြီး (၇)ရက် မြောက်သည့် အချိန်အထိ အကြောင်းအရာ တစ်စုံတစ်ရာ ထူးခြားမူမရှိပါက ရန်ကုန်မြို့မှ နေပြည်တော် အထိ ချီတက်ဆန္ဒပြ ကန့် ကွက်သွားမည်ဖြစ်ကြောင်း ယင်းဆုံးဖြတ်ချက်အရ သိရသည်။

ဝဏ္ဍခွာညို (ရန်ကုန်)
နိရဉ္စရာ သတင်းဌာန

ကမ္ဘာ့လူကြိုက်အများဆုံး ပုဂ္ဂိုလ်များစာရင်း ဒေါ်စုပါဝင်


၂၀၁၅ ခုနှစ်အတွက် မြတ်နိုးစရာအကောင်းဆုံး (World’s Most Admired 2015) ပုဂ္ဂိုလ်တွေအဖြစ် ရုပ်ရှင်သရုပ်ဆောင် Angelina Jolie နဲ့ မိုက်ခရိုဆော့ဖ် ဘီလျံနာ သူဌေးကြီး Bill Gates တို့ကို မဲပေး ရွေးချယ်လိုက်ကြတယ်လို့ ဗြိတိန်က ဈေးကွက်သုတေသန YouGov က ကြေငြာလိုက်ပါတယ်။
နိုင်ငံပေါင်း ၂၃ နိုင်ငံက လူပေါင်း ၂သောင်းခွဲဆီက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ကမ္ဘာ့ပြည်သူတွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးသံ Jolie တို့၊ ကမ္ဘာတဝှမ်း ပညာရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်နေတဲ့ Gates တို့လို လူသားချင်း စာနာမှုဆိုင်ရာ လုပ်ဆောင်တဲ့ သူတွေကို ပိုမြတ်နိုးကြကြောင်းလည်း ပြောပါတယ်။
အမျိုးသမီးတွေထဲမှာ ဒုတိယအဖြစ် အရွေးခံခဲ့ရသူက ပါကစ္စတန်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ကျောင်းသူလေး Malala Yusafzai ဖြစ်ပြီး တတိယက Hillary Clinton နဲ့ ဗြိတိန်ဘုရင်မကြီး အယ်လီဇဘတ်က စတုတ္ထနဲ့ အမေရိကန် သမ္မတကတော် Michelle Obama က ပဉ္စမ နေရာမှာ ရှိပါတယ်။
အမျိုးသားတွေထဲမှာတော့ အမေရိကန် သမ္မတ Barack Obama က ဒုတိယနဲ့ တတိယက တရုတ်သမ္မတ Xi Jinping ဖြစ်ပါတယ်။ ဟောင်ကောင်မင်းသား Jackie Chan ကတော့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ ပုပ်ရဟန်းမင်းကြီး Francis အပြင် တိဘက်ဘုန်းတော်ကြီး Dalai Lama တို့ကိုကျော်ပြီး စတုတ္ထနေရာမှာ အရွေးခံခဲ့ရသူပါ။
အဆိုတော် Celine Dion နဲ့ ရုပ်ရှင်မင်းသမီး Julia Roberts တို့ကိုလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel တို့ထက် လူကြိုက်ပိုများကြတာ တွေ့ရပါတယ်။
VOA

အစွန်းရောက် ၂ ဦး ဂျော်ဒန်ကွပ်မျက်

 ဂျော်ဒန်လေယာဉ်မှူးကို ထောက်ခံသူတွေနဲ့ မိသားစုဝင်တွေက Amman မြို့မှာ စုဝေးပြီး ဂျော်ဒန်လေယာဉ်မှူး အသတ်ခံရမှုအပေါ် မကျေနပ်ကြောင်း ထုတ်ဖော်
ဖမ်းဆီးခံထားရတဲ့ ဂျော်ဒန်တိုက်လေယာဉ်မှူးကို အစ္စလာမ် စစ်သွေးကြွ IS အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ စစ်သွေးကြွ ၂ ယောက်ကို ဒီကနေ့မနက် အာရုဏ်တက်ချိန်မှာပဲ ဂျော်ဒန်နိုင်ငံက ကွပ်မျက်လိုက်ပါတယ်။
ဂျော်ဒန်နိုင်ငံ Amman မြို့တော်မှာ ၂၀၀၅ ခုနှစ်က အသေခံဗုံးခွဲဖို့ ကြံစည်မှုနဲ့ သေဒဏ်အပြစ်ပေးခံထားရတဲ့ အီရတ်နိုင်ငံသူ Sajida al-Rishawi နဲ့ အယ်လ်ခိုင်းဒါးအဖွဲ့နဲ့ ဆက်နွယ်သူ အီရတ်နိုင်ငံသား Ziad al-Karbouly တို့ကို ဂျော်ဒန်နိုင်ငံက ကြိုးပေး ကွပ်မျက်ခဲ့တာပါ။
စစ်သွေးကြွတွေကတော့ အခုကွပ်မျက်ခံလိုက်ရတဲ့ အီရတ်နိုင်ငံသူ al-Rishawi နဲ့ အကျဉ်းသားချင်း လဲလှယ်ဖို့ တောင်းဆိုခဲ့ပေမဲ့ ဂျော်ဒန်နိုင်ငံကတော့ လေယာဉ်မှူး Muath al-Kaseasbeh အသက်ရှင်လျက် ရှိတယ်ဆိုတာ သက်သေပြဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံတွင်းက စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ဆင်ရေး တခုအတွင်း လေယာဉ်ပျက်ကျရာက ဖမ်းဆီးခံခဲ့ရတဲ့ ဂျော်ဒန်လေယာဉ်မှူးကို လှောင်အိမ်တခုထဲမှာ ချုပ်နှောင်ထားပြီး ဓာတ်ဆီလောင်း မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဗွီဒီယိုကိုတော့ စစ်သွေးကြွတွေက မနေ့တုန်းကပဲ ထုတ်ပြန်ခဲ့တာပါ။ ဂျော်ဒန်နိုင်ငံကတော့ ဗွီဒီယိုဟာ လွန်ခဲ့တဲ့ တလကတည်းက ရိုက်ကူးထားတာလို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ ဂျော်ဒန်ဘုရင် Abdullah ကတော့ အစ္စလာမ်ဘာသာနဲ့ ဘာမှမဆိုင်တဲ့ ဒုစရိုက်အဖွဲ့တဖွဲ့ရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်အဖြစ် မနေ့တုန်းကပဲ ပြစ်တင်ရှုတ်ချခဲ့တာပါ။ ဂျော်ဒန်ဘုရင်နဲ့ ခေတ္တ တွေ့ဆုံခဲ့တဲ့ သမ္မတ Barack Obama ကလည်း IS စစ်သွေးကြွတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နောက်ထပ် လုပ်ရပ်တခုအဖြစ် ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon ကလည်း လူ့အသက်ကို တန်ဘိုးမထားတတ်တဲ့ စစ်သွေးကြွတွေရဲ့ လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

VOA

ဆန္ဒပြကျောင်းသားတချို့ အာဏာပိုင်စောင့်ကြည့်ခံရ



နေပြည်တော်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲအပြီး ခရီးရှည်ချီတက် သပိတ်မှောက်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ နေအိမ်တချို့ကို အာဏာပိုင်တွေက စောင့်ကြည့်တာ ကျောင်းသားတွေအပြင်ထွက်ရင် နောက်ကလိုက်တာတွေ၊ မိသားစုကို စုံစမ်းမေးမြန်း ဖိအားပေးမှုတွေ ရှိတဲ့အတွက် ကျောင်းသားတွေက သူတို့အိမ်တွေမှာ ညမအိပ်ဘဲ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ခရီးရှည်ချီတက်နေတဲ့ ကျောင်းသားတွေကို  မြန်မာအစိုးရက တွေ့ဆုံဆွေးနွေးခဲ့ပြီး ရက်ရွှေ့ဆိုင်းလိုက်ပြီးတဲ့နောက် နေအိမ်ပြန်ကြတဲ့ ကျောင်သားတွေအနေနဲ့ မလုံခြုံမှုတွေ ကြုံရတယ်လို့ ဆိုပါတယ်။ နေပြည်တော်မှာ ဆွေးနွေးပွဲအပြီး ပြန်လာတဲ့ ဗကသခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ နောက်ကနေ ရဲကားများ ဆက်လိုက်လာသလို ရဲထောက်လှမ်းရေးတွေကလည်း ညအတော်နက်တဲ့အထိ ရန်ကုန်မှာရှိတဲ့ သူရဲ့အိမ်ကို ၀ိုင်းထားကြတာကြောင့် တခြားအိမ်ကို ပြောင်းရွှေ့အိပ်ခဲ့ရကြောင်း ပြောပါတယ်။
“လောလောဆယ်တော့ ကျမတို့အိမ်နားမှာ လုံခြုံရေးအပြည့် အဓိကတော့ ထောက်လှမ်းရေးပေါ့နော် ဆက်ပြီးတော့ စောင့်ကြည့်နေတုန်းပဲဆိုတဲ့ အနေအထားမျိုး ကျမတို့ သိရပါတယ်။ ကျမတို့ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသားတချို့ရဲ့ အိမ်တွေကို လာပြီးတော့ မေးတာတွေ ဘာတွေရှိတယ်လို့လည်း ကျမတို့ သိရတယ်ရှင့်။ အဲ့ဒါကြောင့် ကျောင်းသား တော်တော်များများကတော့ အိမ်မပြန်ဘဲနဲ့ တချို့က သပိတ်စစ်ကြောင်းကို သွားတဲ့သူရှိတယ်။ တချို့ကတော့ သူတို့ဆင်းရမယ့် ဒေသတွေ တန်းသွားတာရှိတယ်။ တချို့ကတော့ တခြားအိမ်တွေမှာပေါ့နော် လောလောဆယ် နေနေတာမျိုး။ မကွေးဘက်ကို သွားတဲ့နောက်ကိုလည်း လိုက်တယ်။ နောက်ပြီးတော့ မုံရွာဘက်ကို ကျောင်းသားအချို့ ပြန်တာရှိတယ်။ သူတို့ကားပေါ်တက်တဲ့အခါမှာလည်း လိုက်တယ်။ ကျမတို့ကားနောက် --- အထွက်နားအထိ ဆက်လိုက်တယ်။”
ဖေဖော်ဝါရီလ ၃ ရက်နေ့ညကတော့ ဆွေးနွေးပွဲတက်ပြီး ပြန်တဲ့ ကားတွေနောက်ကနေ ရဲကားများ အဆက်မပြတ်လိုက်လာပြီး ရန်ကုန်ကိုပြန်တဲ့ သူတွေနောက်ကလည်း ထပ်ချပ်မကွာ လိုက်ပါနေတယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲတွေအတွင်း သပိတ်လှန်ဖို့ မြန်မာအစိုးရဘက်က တောင်းဆိုနေပေမဲ့ ကျောင်းသားတွေကတော့ ချီတက်သပိတ်မှောက်နေတဲ့ လှုပ်ရှားမှုတွေကို ဆက်လုပ်နေဆဲဖြစ်ပြီး အခုဆိုရင် မကွေးတိုင်းအတွင်းက သစ်ရာကောက်ရွာအနီးကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သပိတ်မှောက်ချီတက်နေတဲ့ နေရာမှာ ကျောင်းသားတွေနဲ့ အတူရှိနေတဲ့ ကျမတို့ရဲ့ ဗွီအိုအေတီဗွီသတင်းထောက် ကိုစည်သူကတော့ ဒီနေ့မှာ ကျောင်းသားတွေအနေနဲ့ အတားအဆီးတွေမရှိဘဲ စည်းရုံးလှုပ်ရှားမှုတွေ လုပ်နိုင်ခဲ့တယ်ဆိုပြီး ပြောဆိုခဲ့သလို ဆက်သွားဆိုတဲ့ နေရာတခုမှာတော့ အာဏာပိုင်တွေ အလုံးအရင်းနဲ့ ပိတ်ဆို့ထားတဲ့ သတင်းတွေတော့ ကြားနေရကြောင်း ပြောပြပါတယ်။
“ဆက်သွားဆိုတဲ့ ရွာမှာ ရဲတွေရှိနေတယ်လို့ သတင်းကြားထားကြတာလေ။ သူတို့သပိတ်က ဆက်သွားဆိုတဲ့နေရာကို သွားမယ်ဆိုရင် နောက်ထပ် ၂ ရက်လောက် လမ်းလျှောက်ရလိမ့်ဦးမယ်။ မကွေးကွန်ပြူတာ တက္ကသိုလ်ကို ၀င်တယ်။ အဲ့ဒီ မကွေးကွန်ပြူတာ တက္ကသိုလ်ကို ၀င်တဲ့အချိန်မှာ စကားနည်းနည်းပါးပါး ပြောပြီးတော့ သူတို့ ၀င်ခွင့်ရတယ်။ မကွေးတက္ကသိုလ်မှာ ဆွေးနွေးဖြစ်ကြတယ်။ ဟောပြောတယ်၊ စည်းရုံးဟောပြောကြတယ်။ အဆင်ပြေတယ် သူတို့။ ပြီးတော့ လမ်းတလျှောက်လုံး ဘာအတားအဆီးမှ မရှိဘူး။ ကျနော်တို့ တွေ့သလောက်လည်း ဘာအတားအဆီးမှ မတွေ့ဘူး။ မကွေးနဲ့ ၁၄ မိုင်လောက်ဝေးတဲ့ သရက်လေးပင်ရွာကို ရောက်နေတယ်၊ ခုနကလေ။”
အလာတူးပဲ ဧရာဝတီတိုင်း ပုသိမ်မြို့ကနေ ချီတက်လာကြတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းကတော့ ကျောင်းကုန်းမြို့အ၀င် ပုသိမ်-မုံရွာ ကားလမ်းတလျှောက်မှာ လူထုတွေက ကြိုဆိုနေကြပါတယ်။ ဧရာဝတီကနေ ချီတက်လာတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းမှာတော့ အထက်တန်းအရွယ် ကျောင်းသူတွေ ပါဝင်လာကြပြီး မိဘတွေကိုယ်တိုင် လာရောက် အပ်နှံပေးခဲ့သလို သားသမီးတွေအတွက် မိဘတွေကိုယ်တိုင် ၀န်းရံအင်အားအဖြစ် လိုက်ပါခဲ့ကြပါတယ်။ ဒီထဲမှာ ကျောင်းထုတ်ပစ်မယ်လို့ သတိပေးခံထားရတဲ့ ၁၀ တန်းကျောင်းသူ မချောစုစံ လည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း စတဲ့ တိုင်းနဲ့ ပြည်နယ် တချို့မှာတော့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ကျောင်း သားတွေ ပြန်လည်စုဝေးနေကြပြီး ပင်မသပိတ်စစ်ကြောင်းကို လာရောက်ပူးပေါင်းဖို့ လုပ်ဆောင်နေကြသလို တချို့ကတော့ ရန်ကုန်ကို သူတို့အစီစဉ်နဲ့ သူတို့ ချီတက်ဖို့ ပြင်ဆင်နေကြပါတယ်။
VOA

Wednesday, February 4, 2015

ကမ္ဘာ့ ဒုတိယထိပ်တန်းမြို့အဖြစ် ပုဂံကို ရွေးချယ်



မြန်မာနိုင်ငံ အလယ်ပိုင်းက ရှေးဟောင်းမြို့တော် ပုဂံကို ကမ္ဘာမှာ ဒုတိယ ထိပ်တန်းမြို့  အဖြစ် ဗြိတိန်အခြေစိုက် Wanderlust ခရီးသွား မဂ္ဂဇင်း စာဖတ်သူတွေက ရွေးချယ်လိုက်ပါတယ်။

၁၀ ရာစုနဲ့ ၁၄ ရာစုကြား ဆောက်လုပ်ထားတဲ့ စေတီပုထိုးနဲ့ ဘုရားကျောင်းကန် ၂၀၀၀ ကျော်ရှိတဲ့ ပုဂံကို ထိပ်တန်းမြို့စာရင်းအောက်မှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်သလို ပထမက လာအိုနိုင်ငံ လုံဘရားဘန်မြို့ကို ရွေးချယ်ခဲ့ပြီး ဆွီဒင်မြို့တော် စတော့ဟုမ်းကို တတိယနေရာမှာ ရွေးချယ်ထားပါတယ်။

လုံဘရားဘန်မြို့
လုံဘရားဘန်မြို့က ၉၇.၄ ရာခိုင်နှုန်း ဆန္ဒမဲနဲ့ ပထမ ရွေးချယ်ခံရသလို ပုဂံက ၉၅ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ စတော့ဟုမ်းက ၉၄.၇၄ ရာခိုင်နှုန်းနဲ့ တတိယရွေးချယ်ခံရတာ ဖြစ်ပါတယ်။

စတော့ဟုမ်း
ဒီနောက်မှာတော့ ဂျပန်တိုကျိုနဲ့ ဗီယက်နမ် ဟွိုင်အမ်းမြို့တွေက စတုတ္ထနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တန်းနိုင်ငံ စာရင်းမှာတော့ မြန်မာက နံပါတ် ၉ နေရာမှာ ရပ်တည်နေပြီး ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်နဲ့ နယူးဇီလန် အထက်မှာ ရပ်တည်နေပါတယ်။

အကောင်းဆုံးလေကြောင်းလိုင်းအဖြစ် စင်ကာပူလေကြောင်းလိုင်းကို ရွေးချယ်ထားသလို အကောင်းဆုံးလေဆိပ် အဖြစ် စင်ကာပူ ရှန်ဂီလေဆိပ်ကို ရွေးချယ်ထားပါတယ်။

၁၉၉၃ ခုနှစ်က စတင်ထုတ်ဝေခဲ့တဲ့ တနှစ်ကို ၁၀ ကြိမ်ထုတ်တဲ့ Wanderlust ခရီးသွား မဂ္ဂဇင်းကို နိုင်ငံ ၁၂၀က လူ ၁ သိန်းကျော် စာရင်းပေးဖတ်ရှုကြတယ်လို့ မဂ္ဂဇင်း အင်တာနက် စာမျက်နှာမှာ ရေးပါတယ်။

၂၀၁၅ ခုနှစ်အတွက် ချစ်သူကို အဖြေပေးဖို့ ကမ္ဘာမှာ အကောင်းဆုံး နေရာ စာရင်း နံပါတ် ၁ မှာ မြန်မာနိုင်ငံမှာ ရှိတဲ့ ပုဂံကို ကမ္ဘာ့အကြီးဆုံး ခရီးသွား လမ်းညွန်ကို ထုတ်ဝေတဲ့ Lonely Planet က  ရွေးချယ်လိုက်ပါတယ်။

ဒါပေမယ့်လည်း ၁၉၉၀ ခုနှစ်နောက်ပိုင်း စစ်အစိုးရက လုပ်ဆောင်ခဲ့တဲ့ ညံ့ဖျင်းတဲ့ ပြန်လည် တည်ဆောက်မှုတွေကြောင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)ရဲ့ ကမ္ဘာအမွေအနှစ် စာရင်းမှာတော့ ပုဂံကို ထည့်သွင်းထားခြင်းမရှိပါဘူး။

By ကို​ထွေး​ (ဒီဗွီဘီ)

ကမ္ဘာ့ ဒုတိယထိပ်တန်းမြို့အဖြစ် ပုဂံကို ရွေးချယ်



မြန်မာနိုင်ငံ အလယ်ပိုင်းက ရှေးဟောင်းမြို့တော် ပုဂံကို ကမ္ဘာမှာ ဒုတိယ ထိပ်တန်းမြို့  အဖြစ် ဗြိတိန်အခြေစိုက် Wanderlust ခရီးသွား မဂ္ဂဇင်း စာဖတ်သူတွေက ရွေးချယ်လိုက်ပါတယ်။

၁၀ ရာစုနဲ့ ၁၄ ရာစုကြား ဆောက်လုပ်ထားတဲ့ စေတီပုထိုးနဲ့ ဘုရားကျောင်းကန် ၂၀၀၀ ကျော်ရှိတဲ့ ပုဂံကို ထိပ်တန်းမြို့စာရင်းအောက်မှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်သလို ပထမက လာအိုနိုင်ငံ လုံဘရားဘန်မြို့ကို ရွေးချယ်ခဲ့ပြီး ဆွီဒင်မြို့တော် စတော့ဟုမ်းကို တတိယနေရာမှာ ရွေးချယ်ထားပါတယ်။

လုံဘရားဘန်မြို့
လုံဘရားဘန်မြို့က ၉၇.၄ ရာခိုင်နှုန်း ဆန္ဒမဲနဲ့ ပထမ ရွေးချယ်ခံရသလို ပုဂံက ၉၅ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ စတော့ဟုမ်းက ၉၄.၇၄ ရာခိုင်နှုန်းနဲ့ တတိယရွေးချယ်ခံရတာ ဖြစ်ပါတယ်။

စတော့ဟုမ်း
ဒီနောက်မှာတော့ ဂျပန်တိုကျိုနဲ့ ဗီယက်နမ် ဟွိုင်အမ်းမြို့တွေက စတုတ္ထနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တန်းနိုင်ငံ စာရင်းမှာတော့ မြန်မာက နံပါတ် ၉ နေရာမှာ ရပ်တည်နေပြီး ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်နဲ့ နယူးဇီလန် အထက်မှာ ရပ်တည်နေပါတယ်။

အကောင်းဆုံးလေကြောင်းလိုင်းအဖြစ် စင်ကာပူလေကြောင်းလိုင်းကို ရွေးချယ်ထားသလို အကောင်းဆုံးလေဆိပ် အဖြစ် စင်ကာပူ ရှန်ဂီလေဆိပ်ကို ရွေးချယ်ထားပါတယ်။

၁၉၉၃ ခုနှစ်က စတင်ထုတ်ဝေခဲ့တဲ့ တနှစ်ကို ၁၀ ကြိမ်ထုတ်တဲ့ Wanderlust ခရီးသွား မဂ္ဂဇင်းကို နိုင်ငံ ၁၂၀က လူ ၁ သိန်းကျော် စာရင်းပေးဖတ်ရှုကြတယ်လို့ မဂ္ဂဇင်း အင်တာနက် စာမျက်နှာမှာ ရေးပါတယ်။

၂၀၁၅ ခုနှစ်အတွက် ချစ်သူကို အဖြေပေးဖို့ ကမ္ဘာမှာ အကောင်းဆုံး နေရာ စာရင်း နံပါတ် ၁ မှာ မြန်မာနိုင်ငံမှာ ရှိတဲ့ ပုဂံကို ကမ္ဘာ့အကြီးဆုံး ခရီးသွား လမ်းညွန်ကို ထုတ်ဝေတဲ့ Lonely Planet က  ရွေးချယ်လိုက်ပါတယ်။

ဒါပေမယ့်လည်း ၁၉၉၀ ခုနှစ်နောက်ပိုင်း စစ်အစိုးရက လုပ်ဆောင်ခဲ့တဲ့ ညံ့ဖျင်းတဲ့ ပြန်လည် တည်ဆောက်မှုတွေကြောင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)ရဲ့ ကမ္ဘာအမွေအနှစ် စာရင်းမှာတော့ ပုဂံကို ထည့်သွင်းထားခြင်းမရှိပါဘူး။

By ကို​ထွေး​ (ဒီဗွီဘီ)

Yanghee Lee သုံးသပ်ချက် မြန်မာအစိုးရကန့်ကွက်



မြန်မာနိုင်ငံကို ဒီနှစ်ဆန်းပိုင်း နောက်ဆုံးအကြိမ် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အဆုံး ကောက်ချက်ချ ပြောကြားချက်တွေဟာ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီး မြန်မာအစိုးရက တရားဝင် ကန့်ကွက်လိုက်ပါတယ်။

လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ Yanghee Lee ရဲ့ မှတ်ချက်တချို့ဟာ လက်ခံနိုင်စရာ မရှိတဲ့အတွက် အခုလို တုံ့ပြန်လိုက်ရတာ ဖြစ်တယ်လို့လည်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“အဓိကအားဖြင့်ကတော့ ကျနော်တို့ ၄ ချက်ပေါ့။ တစ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်မခံတဲ့အကြောင်း၊ နောက်တခါ လွှတ်တော်မှာ တင်ထားတဲ့ ဥပဒေ ၄ ရပ်နဲ့ ပတ်သက်လို့ ပြည်သူ့ကိုယ်စားလှယ်တွေက အပြန်အလှန် ဆွေးနွေးပြီးတော့မှ ပြည်သူတွေရဲ့ ပါဝင်ဆွေးနွေးမှုနဲ့ ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကြိုတင်မှတ်ချက်ပေးတာ လက်မခံနိုင်ဘူး ဆိုတဲ့ဟာ ကျနော်တို့ ပြောပါတယ်။ နောက် မြေယာကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ ဖြေရှင်းဆောင်ရွက်နေတာတွေကို ထင်ဟပ်ပြီးတော့မှ ပြောဆိုနိုင်ခြင်း မရှိတာကို ထောက်ပြပါတယ်။ နောက်တခုကတော့ နိုင်ငံရေး အကျဉ်းသား ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ပြောတာ ရှိပါတယ်။ အဓိကကတော့ ကျနော်တို့ ဒီ ၄ ချက်ပေါ့။ နောက်ဆုံးမှာတော့ ကျနော်တို့ Hate Speech နဲ့ ပတ်သက်လို့ ကျနော်တို့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ ကိစ္စကို ထပ်လောင်းပြီးတော့ အတည်ပြုထားတာ ရှိပါတယ်။”

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ပြောဆိုချက်တွေဟာ တိုင်းပြည် အချုပ်အခြာအာဏာနဲ့ တရားစီရင်ရေးစနစ်ကို ၀င်ရောက် စွက်ဖက်ရာ ရောက်နေသလို၊ လူထုကြား မကျေနပ်မှုတွေ၊ အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေမှာ အခက်အခဲတွေ ကြုံနိုင်တယ်လို့လည်း ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ကုလသမဂ္ဂမှာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူအဖြစ် သဘောထားကွဲလွဲမှုတွေ သွေးထိုးလှုံ့ဆော်မှုတွေ မဖြစ်အောင် ဆောင်ရွက်ဖို့ လိုအပ်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ဇန်န၀ါရီလ ၆ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ခရီးစဉ်အတွင်းမှာတော့ ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေ အပါအ၀င် မြန်မာနိုင်ငံ နေရာတော်တော်များများကို သွားရောက်ခဲ့ပြီး၊ အစိုးရတာဝန်ရှိသူတွေ နိုင်ငံရေး၊ လူမှုရေး အသိုင်းအ၀ိုင်းက လူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။

ခရီးစဉ် အဆုံးသတ်ချိန်မှာတော့ မြန်မာနိုင်ငံ ဥပဒေရေးရာ ကိစ္စတွေ၊ သတင်းမီဒီယာတွေအပေါ် ထိန်းချုပ်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)