ဓာတ်ပုံ – ဇွန်သဉ္ဇာ (Facebook)
သမ္မတက ချီးမြင့်တဲ့ ပညာတော်သင်ဆုရေးဖြေစာမေးပွဲကို သရုပ်ဆောင်နဲ့ မော်ဒယ်
ဇွန်သဉ္ဇာက အောင်မြင်သွားပါတယ်။ ဒီအတွက် နှုတ်ဖြေဖြေဆိုပြီးရင်တော့
သတ်မှတ်ထားတဲ့ နိုင်ငံမှာ ပါရဂူဘွဲ့ကို တက်ရောက်ရမှာ ဖြစ်ပါတယ်။ ဇွန်သဉ္ဇာဟာ
အင်ဂျင်နီယာ မဟာဘွဲ့(ME)ကို သတင်းနဲ့ နည်းပညာအထူးပြုနဲ့ ရရှိထားသူ
ဖြစ်ပါတယ်။ ဇွန်သဉ္ဇာကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
သမ္မတကြီးရဲ့ ပညာတော်သင်ဆု အောင်စာရင်းမှာ ပါတယ်ကြားလို့ပါ။
“ဟုတ်ကဲ့၊ ဒီပညာတော်သင်ဆုက သတင်းစာထဲကနေခေါ်တယ်၊ ရိုးရိုးဘွဲ့အောင်တဲ့သူတွေ
ဆိုရင် မဟာဘွဲ့တက်ဖို့၊ မဟာဘွဲ့အောင်ပြီးသား ဆိုရင် ပါရဂူဘွဲ့ကို
တက်ရောက်ဖို့ပေါ့နော်၊ ပညာသင်ဆုအတွက် လျှောက်လို့ရတယ်ဆိုတော့
အမေကနေပြီးတော့ သူ့သမီးကို ဖြစ်စေချင်တော့ သူဘာသာသူ ဖောင်တွေသွားယူ
သူဘာသာသူ ဆာတီဖိဂိတ် (အောင်လက်မှတ်)တွေ တင်ပေးပြီးတော့
ခုံနံပါတ်ထွက်လာတာပေါ့နော်၊ ၀င်ဖြေခွင့်ပေါ့၊၊ သွားဖြေတယ်၊
ဖြေမယ့်နေအထိတောင် ကိုယ့်ဟာကိုယ် ဖြေရင်ကောင်းမလား မဖြေရင် ကောင်းမလားပေါ့၊
ဒါပေမယ့်လည်း အမေကိုလည်း အားနာတော့ အမေက လုပ်ပေးထားတော့၊ ဖြေမယ့်နေ့အထိကို
နောက်ကျပြီး ရောက်သွားသေးတယ်။ ဟိုဖြေရမလား မဖြေရဘူးလား လုပ်နေတာနဲ့၊
ဟိုမှာကျတော့ ဖြေတာက ကွန်ပြူတာနဲ့ အင်္ဂလိပ် အရည်အသွေး ၄ ခုကို စစ်တာ၊
ကွန်ပြူတာနဲ့ပေါ့နော်၊ ဗြိတိသျှကောင်စီမှာ စစ်တဲ့ပုံစံမျိုးနဲ့ပဲ၊
ကွန်ပြူတာနဲ့ဘဲ တဆင့်ပြီးတဆင့် မော်ကျူးးအလိုက် စစ်သွားတယ်။ ပြီးသွားတော့
အချိန်စေ့သွားရင် ကွန်ပြူတာကပဲ ဆေ့လုပ် ရလဒ်ကို
အွန်လိုင်းချိတ်ပြီးပို့တာပေါ့။ အင်္ဂလိပ်အရည်အသွေး ၄ ခုကို အဓိကပေါ့၊ အခု
ပထမအသုတ်ကို အောင်စာရင်းထွက်တယ်၊ အယောက် ၁၀၀ ကျော်လား ၂၀၀ ကျော်လား
မသိဘူးပါတယ်၊ ၀င်ဖြေတာ ၅ ထောင် ၆ ထောင်ရှိမယ်ထင်တယ်၊ ပြီးတော့
ဒုတိယအသုတ်ထွက်တယ်။ အခု တတိယအသုတ်မှာ ပါတာပေါ့၊ ဇွန့်ခုံနံပါတ်နဲ့ နာမည်
တွေ့တယ်ဆိုပြီးတော့ အွန်လိုင်းသူငယ်ချင်းတွေ အရင်လာပြောတော့မှ သိတာ၊
စာတွေ့အောင် သွားပြီပေါ့နော်၊ စာတွေ့အောင်သွားပြီဆိုတော့
လူတွေ့အဆင့်အတွက်ကို ကျန်သေးတယ်။”
တကယ်လို့ အောင်သွားပြီးရင်တော့ ဘာများဆက်တက်သွားဖို့ရှိလဲ။
“လူတွေ့ကျန်တယ်။ လူတွေ့အောင်သွားပြီးလို့ရှိရင်တော့ အဲဒီဝက်ဆိုဒ်မှာ
ရေးထားတယ်။ ကြည့်မရတော့ သေချာမသိဘူး။ အဲဒီမှာ ပြောသလောက်ကတော့
အမှတ်အလိုက်ခွဲပြီးတော့ သူတို့ ချိတ်ထားတဲ့ နိုင်ငံတွေကို
ခွဲပြီးလွှတ်မှာပေါ့နော်၊ ဟိုနိုင်ငံမှာ မာစတာဆိုလည်း မာစတာဘွဲ့ ဆက်သင်
ဒေါက်တာဆိုလည်း ဒေါက်တာဘွဲ့ဆက်သင်ပေါ့၊ ဟိုနိုင်ငံမှာ ပါရဂူဘွဲ့ကို အစိုးရ
ပညာသင်စရိတ်နဲ့ယူပေါ့။ ပြန်လာပြီးတော့နိုင်ငံအတွက် အလုပ်လုပ်ပေးရမယ်။
ဒါပေမယ့် အခုလူတွေ့သွားတွေ့လို့ အောင်သွားခဲ့ရင်တောင်မှ
နိုင်ငံခြားသွားပြီး ဆက်လုပ်ဖြစ် မလုပ်ဖြစ်ဖို့က မသေချာသေးဘူး။ အမေက
ဝင်ဖြေခိုင်းလို့ ကိုယ်လည်း ကိုယ့်အရည်အချင်းကို ကိုယ်သိချင်လို့
ဝင်ဖြေကြည့်တဲ့ သဘောမျိုးလေးပါဘဲ။ တကယ်တမ်းသွားပြီးတက်ဖို့က
ဒေါက်တာဘွဲ့ရဖို့က အနည်းဆုံး ၅ နှစ်၊ ၃ နှစ် အချိန်ပေးပြီး တက်ရမယ်၊
ဒီမှာပြန်လာပြီး အလုပ်လုပ်ပေးရမှာနဲ့ဆိုတော့ ၄၊ ၅၊ ၆နှစ်တော့
ကြာသွားမှာပေါ့၊ အဲဒါဆိုရင်တော့ ဇွန်ရဲ့ အနုပညာ အလုပ်က ရပ်သွားမှာပေါ့၊
ပြန်လာပြီးမှ လုပ်ဖို့ကြတော့လည်း အသက်အရွယ်က ကြီးသွားပြီဆိုတော့
ဖြစ်နိုင်မှာတော့ မဟုတ်ဘူးပေါ့၊ အခု လက်ရှိအနေအထားနဲ့ ကြတော့ ပညာရေးကို
ပြန်ပြီးလုပ်ဖို့ကြတော့ နည်းနည်း သိပ်ပြီးတော့ စိတ်မပါတော့ဘူး၊
အောင်တယ်ဆိုတော့ ၀မ်းသာလို့ ဒီအတိုင်းတင်လိုက်ကြည့်တာပါ၊
သွားဖြစ်မသွားဖြစ်ကတော့ မသေချာသေးဘူး၊ တထစ်ချတော့ ပြောလို့မရသေးဘူးပေါ့၊”
ပညာသင်ဆု အောင်စာရင်းမှာပါတာနဲ့ တခြားဘာများဖြည့်စွက်ပြောလိုပါလဲ။
“အဓိကကတော့ အမေကို ကျေးဇူးတင်ပါတယ်၊ အမေရဲ့ မေတ္တာတရား သူရဲ့ စေတနာကြောင့်ပဲ
ဒီစာမေးပွဲရှိတယ်ဆိုတာ အမေပဲသိတာ၊ သတင်းစာ အမြဲယူတော့ သတင်းစာထဲကနေ
တွေ့တယ်။ သွားလျှောက်ပေးတယ်။ သွားယူပေးတယ်၊ သူကိုယ်တိုင်ပဲ
အတင်းသွားဖြေခိုင်းလို့ အမေ့ကျေးဇူးပေါ့။ အမေကိုပဲ ကျေးဇူးတင်တယ်လို့
ပြောချင်ပါတယ်။”
By ဒီဗွီဘီ
Pages
▼
Saturday, March 14, 2015
မြန်မာ့လေတပ်၏ ဗုံးကြဲမှုကြောင့် တရုတ်နိုင်ငံသား ၄ ဦးသေဆုံး
မြန်မာ့လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကိုးကန့်တိုက်ပွဲတွေနဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်၊ Lincang နယ်စပ်မြို့က ကြံစိုက်ခင်းကို မတ် ၁၃ ရက် နေ့လယ်ပိုင်းက ဗုံးထိမှန်ခဲ့ပြီး တရုတ်နိုင်ငံသား ၄ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရသွားတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်အပေါ် တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး Liu Zhenmin က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအအမတ်ကြီးကို ဆင့်ခေါ်ပြီး ပြစ်တင်ရှုတ်ချသလို အသေးစိတ် စုံစမ်းစစ်ဆေးဖို့နဲ့ စုံစမ်းမှုတွေကို အသိပေးဖို့ တိုက်တွန်းပါတယ်။
တာဝန်ရှိသူကို အပြစ်ပေးဖို့၊ အဲဒီလိုဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်မလာအောင် တားဆီးပေးဖို့ နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတွေအတွက် ထိထိရောက်ရောက် ဖြစ်အောင် ချက်ခြင်းဆောက်ရွက်လုပ်ဆောင်ဖို့ တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီးက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
အစောပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ် တိုက်ခိုက်မှုတွေကြောင့် နေအိမ်တလုံး ပျက်စီးသွားခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် တရုတ်နယ်စပ်အနီးကို ရောက်ရှိလာတဲ့ မြန်မာ စစ်တပ်လေယာဉ်တွေကို သတိပေး စောင့်ကြည့်ဖို့ တရုတ်လွတ်မြောက်ရေး တပ်မတော်က တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ တရုတ် လေတပ်ပြောခွင့်ရ ရှန်ဂျင်ကီက ပြောပါတယ်။
By ဒီဗွီဘီ
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို အား တရားစွဲမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းမည်

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် လက်ပံတောင်း ကြေးနီ စီမံကိန်း၏ ပဋိပက္ခအတွင်းတွင် အာဏာပိုင်များ၏ မီးလောင်ဗုံးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သံဃာတော်မျာ့း် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များကို တရားမ၀င် ဖော့စ်ဖရပ် လက်နက်များ အသုံးပြုရန် စေခိုင်းမှု ပြုလုပ်သည်ဟုဆိုကာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုအား တရားစွဲဆိုမည့် အကြောင်း သတင်းစာရှင်းလင်းပွဲကို မတ်လ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid ဟိုတယ်တွင်ပြုလုပ်မည်ဖြစ်ကြောင်း Justice Trust က သိရသည်။
"ကျွန်တော်တို့က တရားမျှတမှုကို ရှာဖွေနေတာပါ၊ဒါမှလည်းနောက်ထပ် ဒီလိုအဖြစ်မျိုးထပ်မဖြစ်တော့မှာ"ဟု ဘန်ကောက်ဆေးရုံတွင် မီးလောင်ဒဏ်ရာများကို ခန္ဓာကိုယ်၏ ၆၀ ရာခိုင်နှုန်းတွင် ရရှိခဲ့၍အကြိမ်ခွဲစိတ် ကုသခံခဲ့ရသူ ဆရာတော် ဦးသီဟနန္ဒက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင်တရားဥပဒေစိုးမိုးရေးတိုးတက်စေရန် လုပ်ဆောင်နေသော လူအခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Justice Trust သည် ဤကိစ္စတွင် သံဃာတော်များအားထောက်ခံပေးလျက်ရှိကြောင်း၊သံဃာတော်များပထမသတင်းမှတ်တမ်း စာရင်းသွင်းရန် ဆားလင်းကြီးရဲစခန်းအားမတ်လ ၁၁ ရက်နေ့က သွားရောက်ခဲ့ကြောင်း၊ဤအမှုအားရှေ့ဆက်ဆောင်ရွက်ရန်ခွင့်ပြုမှုနှင့်စပ်လျင်း၍ မေတ္တာရပ်ခံသော စာတစ်စောင်အား သမ္မတကြီးဦးသိန်းစိန်ထံပေးပို့ခဲ့ကြောင်း Justice Trust ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ သို့သော်လည်းရဲတပ်ဖွဲ့မှ ဤအမှုအားမှတ်တမ်းမတင်သေးကြောင်း၊ဥပဒေအရသိသာထင်ရှားသော အထောက်အထားရှိသည့်မှုခင်းအတွက် ပထမ သတင်းမှတ်တမ်း (FIR) မှတ်တမ်းတင်ရန် လိုအပ်ကြောင်း Justice Trust က သတင်းထုတ်ပြန်သည်။ "ဒါပေမယ့်သူတို့ကသာ အမှုကျူးလွန်သူတွေဖြစ်မယ်ဆိုရင်တော့ မှတ်တမ်းတင်မှာမဟုတ်ဘူး"ဟု Justice Trustနှင့်လုပ်ကိုင်လျက်ရှိသော အကြီးတန်းရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။
သံဃာတော်များအားဓါတုလက်နက်များ အသုံးပြုခြင်းသည် တစ်နိုင်ငံလုံးဂုဏ်သိက္ခာ ထိခိုက်စေနိုင်သောကြောင့် အလွန်အမင်း တုန်လှုပ်ဖွယ်ကောင်းသောအကြမ်းဖက်မှုဖြစ်သောကြောင့် တရားရုံးချုပ်ထိရောက်စေရန် အဆိုပါအမှုကိုရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ပြီး တရားဥပဒေအရတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
"ဤကိစ္စက မြန်မာ့ဥပဒေစနစ်အတွက် ကြီးမားသောစမ်းသပ်ချက်ဖြစ်တယ်၊အာဏာရှင်အုပ်ချုပ်ရေးစနစ်အောက်မှာ တရားဥပဒေချိုးဖောက်မှုမှ အပြစ်လွတ်ကင်းခြင်းဟာ ထုံးစံလိုဖြစ်နေခဲ့ပါတယ်။အကယ်၍ ဒီနိုင်ငံရဲ့အပြောင်းအလဲအတွင်းမှာ တရားဥပဒေစိုးမိုးရေးမတိုးတက်ဘူးဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုကို ဖြစ်ပွါးစေတဲ့ ညွှန်ကြားချက်တွေအတွက် အစိုးရထိပ်တန်းအရာရှိကြီးတွေများက တာဝန်ယူဖို့အရေးကြီးလှပါတယ်။"လို့Justice Trust၏တည်ထောင်သူ အမှုဆောင်ဒါရိုက်တာ Roger Normand က ပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲကို ရွှေဝါရောင်တော်လှန်ရေးမှ သံဃာတော်များသည်လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ NW
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
လောက်ကိုင်တိုက်ပွဲဝင် တပ်မတော်သားများအတွက် သီးသန့်ရန်ပုံငွေ ထည့်သွင်းသင့်ကြောင်း လွှတ်တော်တင်
နေပြည်တော်၊ မတ် ၁၃
လက်ရှိအချိန်အထိ ငြိမ်းချမ်းမှု မရှိသေးသော ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ လောက်ကိုင်တွင် တိုက်ပွဲဝင်နေရသော တပ်မတော်သားများအတွက် ပြည်ထောင်စုအစိုးရ၏ သီးသန့်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြောဆိုလိုက်သည်။
၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ သဘောထားဆွေးနွေးမှုတွင် ၎င်းက အထက်ပါအတိုင်း တင်ပြလိုက်ခြင်း ဖြစ်သည်။ တိုက်ပွဲဝင် တပ်မတော်သားများအတွက် ထောက်ပံ့ငွေအဖြစ် ယင်းသီးသန့် ရန်ပုံငွေကို ဥပဒေကြမ်းတွင် ထည့်သွင်းတောင်းခံမှု မရှိသောကြောင့် ပြင်ဆင်တောင်းခံရန် လျာထားသင့်ကြောင်း ၎င်းကဆိုသည်။
ယခုနှစ်သည် သမ္မတဦးသိန်းစိန် အစိုးရ၏ နောက်ဆုံးသက်တမ်းနှစ် ဖြစ်သောကြောင့် ပြည်ထောင်စု ဝန်ကြီးဌာနများ၏ တောင်းခံငွေနှင့် စီမံကိန်း အရအသုံးဆိုင်ရာ ဘတ်ဂျက်များကို ထိထိရောက်ရောက် ကြပ်မတ်စိစစ်၍ လွှတ်တော်မှ ခွင့်ပြုသင့်ကြောင်း၊ ယခုနှစ်အတွင်း အစိုးရ၏ တောင်းခံငွေများ ဖြစ်သော အသုံးစရိတ်၊ ဧည့်ခံကျွေးမွေးစရိတ်နှင့် စီမံကိန်းသုံးငွေများကို စိစစ်ကြီးကြပ်မှု အားနည်းပါက နောင်တက်လာမည့် အစိုးရအတွက် ခက်ခဲကျပ်တည်းမှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း ဦးတင်မောင်ဦးက ဆိုသည်။
လက်ရှိအစိုးရသည် လုပ်ငန်းဆောင်ရွက်ချက်နှင့် အုပ်ချုပ်ရေးစနစ်ပုံစံ စသော ကိစ္စများကို နောင်တက်လာမည့် အစိုးရအတွက် သိက္ခာရှိရှိ လွှဲပြောင်းနိုင်ရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို လာမည့် ရက်သတ္တတစ်ပတ်တွင် စိစစ်ဆုံးဖြတ်ရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာခဲ့သည်။
The Voice
ဗကသ ကျောင်းသားခေါင်းဆောင် လေးဦးနှင့် သတင်းထောက်တစ်ဦး ထပ်အဖမ်းခံရ၊ လက်ပံတန်း ရဲတပ်ဖွဲ့ထံ လွှဲပြောင်း
ရန်ကုန်၊ မတ် ၁၃
လက်ပံတန်း ပင်မကျောင်းသားသပိတ် ဖြိုခွင်းရာတွင် လွတ်မြောက်လာသည့် ဗကသခေါင်းဆောင် လေးဦးနှင့် AFP သတင်းဌာနမှ သတင်းထောက်တစ်ဦးကို မတ်လ ၁၂ ရက် ညပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူအချို့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ကျောင်းသားများကို လက်ပံတန်း ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း အလုံမြို့မ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက The Voice သို့ ပြောကြားသည်။
၎င်းတို့အားလုံးကို ဧည့်စာရင်းစစ်မည်ဟု ဆိုကာ အလုံမြို့မ ရဲစခန်းနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ကျောင်းသားများနှင့်အတူ ဖမ်းဆီးခံခဲ့ရသော AFP သတင်းထောက် ကိုဖြိုးဟိန်းကျော်ကိုမူ မတ်လ ၁၃ ရက် နံနက် ၁၀ နာရီကျော်တွင် အလုံမြို့မ ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်ပြီး ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရှိရသည်။
“အလုံရဲစခန်းက ဖမ်းဆီးတာ မဟုတ်ပါဘူး။ စစ်ဆေးဖို့ နေရာပေးရုံပါပဲ။ အခုတော့ ကျောင်းသားလေးဦးလုံးကို လက်ပံတန်းကို လွှဲပြောင်းပေးလိုက်ပါပြီ” ဟု အလုံမြို့မ ရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးက ပြောဆိုသည်။
ဗကသ ကျောင်းသားခေါင်းဆောင်များနှင့် AFP သတင်းထောက် ကိုဖြိုးဟိန်းကျော် နေအိမ်တွင် ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး မည်သည့်ပြစ်ချက်ဖြင့် ဖမ်းဆီးခံရမှန်း မသိကြောင်း ဖမ်းဆီးထိန်းသိမ်းခံရသော ကိုသီဟဝင်းတင်၏ မိခင်က ပြောကြားသည်။
လက်ပံတန်း ရဲတပ်ဖွဲ့က အလိုရှိနေသော ကျောင်းသားများဖြစ်၍ ဖမ်းဆီးရပြီးပြီးချင်း အလုံမြို့နယ်မှ လက်ပံတန်းသို့ လွှဲပြောင်းပို့ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က ရှင်းပြသည်။
ကျောင်းသားများကို ဖမ်းဝရမ်းဖြင့် ဖမ်းဆီးခဲ့ခြင်းဟု ပြောဆိုမှုနှင့် ပတ်သက်၍ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာ မည်သည့်ကျောင်းသားကိုမျှ ဖမ်းဝရမ်းထုတ်ထားခြင်း မရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးက ဖြေကြားခဲ့သည်။
လက်ရှိတွင် ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုမိုးထက်နေ၊ ဘဏ္ဍာရေးမှူး မဟန်နီဦး၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသီဟဝင်းတင်နှင့် အဖွဲ့ဝင် ကိုထက်ညီညီအောင်တို့ကို မိသားစုဝင်များက မတ်လ ၁၃ ရက် နေ့လယ်ပိုင်းအထိ ဆက်သွယ်နိုင်ခြင်း မရှိသေးချေ။
မတ်လ ၁၀ ရက်နေ့လယ်က အကြမ်းဖက်ဖြိုခွင်းခံရပြီး သာယာဝတီထောင်တွင် ထိန်းသိမ်းထားသူများတွင် ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်များမှ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်နှင့် ကိုအောင်မှိုင်းဆန်းတို့ ပါဝင်ခဲ့ပြီး ကိုမင်းသွေးသစ်မှာမူ ရဲတပ်ဖွဲများ ဖမ်းဆီးစဉ်က ရိုက်နှိက်ခံရမှုများ ရှိကြောင်း ကျောင်းသားသမဂ္ဂများထံမှ စုံစမ်းသိရှိရသည်။
သို့သော် ပင်မကျောင်းသားသပိတ် ဖမ်းဆီးစဉ်က ဖမ်းဆီးခံခဲ့ရသော မြန်မာပို့စ်ဂျာနယ်မှ သတင်းထောက် ကိုဉာဏ်လင်းထွန်းနှင့် The Reporter ဂျာနယ်မှ ကိုဖြိုးအောင်မြင့်တို့ကို မတ်လ ၁၃ ရက် မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် သာယာဝတီထောင်မှ လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း လက်ပံတန်းမြို့နယ် ရဲစခန်းက အတည်ပြု ပြောကြားသည်။
တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင်က သာယာဝတီထောင်တွင် ကျန်ရှိနေသေးသော ဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများကို ရှေ့နေလိုက်ရန် ကမ်းလှမ်းချက်ကို ပဲခူးတိုင်းဒေသကြီး နယ်/လုံဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းစိန်တို့က မတ်လ ၁၂ ရက်တွင် ပယ်ချခဲ့ကြောင်း ပြောဆိုသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးမှာရော ခုခံချေပပိုင်ခွင့် ပြုထားပြီးသား။ ရဲတပ်ဖွဲ့က ဖမ်းဆီးခံရတဲ့ အချိန်မှာရော ချုပ်ယမန်ယူတဲ့ အချိန်မှာဖြစ်ဖြစ် ရှေ့နေပါဝါပေးဖို့ အမှုသည်နဲ့ တွေ့ခွင့်ပြုရမှာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သာယာဝတီထောင်တွင် ကျန်ရှိနေသေးသော သပိတ်မှောက်ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံများကို ပုဒ်မခြောက်ခုဖြင့် မတ်လ ၂၅ ရက်တွင် တရားရုံးထုတ်ရန် ကြေညာထားကြောင်း ပဲခူးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းစိန်က ပြောကြားကြောင်း ၎င်းကဆိုသည်။
ပြည်ထဲရေး ဝန်ကြီးဌာနက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဖြစ်လျှင် မိဘထံ ပြန်လည်အပ်နှံပေးမည် ဖြစ်ကြောင်း၊ အခြားဆူပူအောင် လှုံ့ဆော်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားသူများကို တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့သည်။
ယင်းနောက် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၂၇ ဦးကို မတ်လ ၁၂ ရက်တွင် သာယာဝတီထောင်မှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း လွတ်မြောက်လာသူများထံမှ သိရှိရသည်။

လစာလျှော့ပြကာ လူမှုဖူလုံရေးကြေး လိမ်လည်ပေးသွင်းသည့် အလုပ်ရှင်များကို စတင်အရေးယူမည်
Saturday, 14 March 2015 05:23
ရန်ကုန်၊ မတ် ၁၃
လူမှုဖူလုံရေး အာမခံကြေး ပေးသွင်းရာတွင် အလုပ်သမား ရရှိသည့် လစာနှုန်းထားကို လျှော့ပြကာ လိမ်လည်ပေးသွင်းနေသည့် အလုပ်ရှင်များကို လာမည့် ဧပြီလမှ စတင်ကာ အရေးယူတော့မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။
လူမှုဖူလုံရေးကြေးကို ပေးသွင်းရာတွင် လစာအမှန်အတွက် သတ်မှတ်နှုန်းထားကို ပေးသွင်းခြင်း မဟုတ်ဘဲ လစာကို ကျပ်တစ်သောင်းဟုပြကာ သွင်းသည့် စက်ရုံများ ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ၎င်းကဆိုသည်။
“မှန်တာပြောရင် ဒီခေတ်မှာ ကျပ်တစ်သောင်း လစာနဲ့လုပ်တဲ့ အလုပ်သမား မရှိတော့ပါဘူး” ဟု ဒေါ်ဝင်းမော်ထွန်းက ပြောဆိုသည်။
မြန်မာနိုင်ငံ၏ လူမှုစီးပွား အခြေအနေနှင့် အလုပ်ရှင်တို့၏ ထည့်ဝင်နိုင်မှု အခြေအနေများအရ ယခုအချိန်အထိ အလုပ်ရှင်များက တင်ပြသည့် လစာနှုန်းထားအပေါ် အာမခံကြေး ကောက်ယူနေသော်လည်း လာမည့်ဧပြီလမှ စတင်ကာ လစာအမှန်ဖြင့် အာမခံနှုန်းထားများကို စတင်ကောက်ယူမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းကော်မတီတွင် တင်ပြစဉ်က အလုပ်သမားများကို ပေးမည့် လစာနှုန်းထား၊ အလုပ်သမားများကို ပေးနေသည့် နှုန်းထား၊ အလုပ်ရှင် အလုပ်သမားစာချုပ်ပါ လစာနှုန်းထား၊ မကြာမီသတ်မှတ်မည့် အနည်းဆုံး လုပ်အားခနှုန်းထား စသည်တို့ကို ချိန်ဆကာ လစာနှုန်းထားမှန် မမှန် စိစစ်နိုင်ကြောင်း ဒေါ်ဝင်းမော်ထွန်းက ပြောဆိုသည်။
လူမှုဖူလုံရေးကြေးကို အလုပ်ရှင်များက ထည့်ဝင်မှသာ အစိုးရက ပြန်လည်လုပ်ဆောင်ပေးနိုင်မည် ဖြစ်သဖြင့် အာမခံကြေးများကို ထည့်ဝင်သင့်ကြောင်း Asia General Electric ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးခင်မောင်မြတ်က ပြောကြားသည်။
“လူမှုဖူလုံရေးကြေးဆိုတာ သွင်းမှ ဖြစ်မှာ။ အားလုံးညီမှလည်း အဆင်ပြေမှာပေါ့ဗျာ။ သွင်းလည်းရတယ် မသွင်းလည်း ရတယ်ဆိုရင် သွင်းရတဲ့သူကတော့ ငြူစူတာပေါ့။ သွင်းသင့်တာကို အရင်သွင်းပေါ့ဗျာ။ ပိုက်ဆံရမှ အစိုးရက လုပ်ပေးနိုင်မှာပေါ့ဗျာ” ဟု ၎င်းကဆိုသည်။
လူမှုဖှုလုံရေးကြေး ထည့်သွင်းပါက အလုပ်ရှင်များအနေနှင့် အလုပ်သမားများ ထိခိုက်မှု၊ အလုပ်သမား သေဆုံးမှု၊ ကျန်းမာရေး စသည့် ကိစ္စများတွင် လူမှုဖူလုံရေးအဖွဲ့က ပေးလျော်မည် ဖြစ်သဖြင့် အလုပ်ရှင်လျော်ရန် မလိုအပ်ဘဲ လုပ်ငန်းဆက်လက်လည်ပတ်နိုင်မည့် အခွင့်အရေးများကို ရရှိမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ထံမှ သိရှိရသည်။
လူမှုဖှုလုံရေး အာမခံကြေး ထည့်ဝင်ရန် ပျက်ကွက်ပါက ထည့်ဝင်ကြေးအပြင် ပျက်ကွက်ကြေးပါ ပေးသွင်းရမည် ဖြစ်ပြီး ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက်ကြေးများကို ပေးသွင်းရန် ထပ်မံပျက်ကွက်ပါက အလုပ်ရှင်ကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ခုလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေတွင် ဖော်ပြထားသည်။

စစ်တွေတွင်ပြုလုပ်မည့် သိုင်းပြောင်းပြန် ရွှေရတုအခမ်းအနား သိုင်းစွမ်းရည်ပြမည်
စစ်တွေ၊ မတ်လ ၁၂
သိုင်းဆရာကြီး ဦးရွှေသိန်းဦးဆောင်သော သိုင်းပြောင်းပြန်အဖွဲ့မှ မတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်ကျင်းပရန် စီစဉ်ထားသည့် ရွှေရတုအခမ်းအနားတွင် သိုင်းစွမ်းရည်ပြပွဲကိုပါ ထည့်သွင်းပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
သိုင်းပြောင်းပြန် ဆရာကြီး ဦးရွှေသိန်းက “ သိုင်းပြောင်းပြန်အဖွဲ့၍ ရွှေရတု အခမ်းအနားကို မတ်လ ၂၂ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်တယ်။ အဖွဲ့ဝင်တွေ မြို့နယ်ပေါင်းစုံက တက်ရောက်ကြမှာ ဖြစ်တယ်။ သိုင်းစွမ်းရည် ပြပွဲကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
သိုင်းဆရာကြီးဦး ရွှေသိန်းသည် သိုင်းပြောင်းပြန်ပညာကို ၁၉၆၅ ခုနှစ် ရန်ကုန်မြို့ စော်ဘွားကြီးကုန်းတွင် ဆရာ ဦးစိန်လင်းထံမှ သင်ယူခဲ့ကြောင်း သိရသည်။ ၁၉၆၇ ခုနှစ်တွင် ပြင်ဦးလွင် စစ်သင်တန်းကျောင်း၌ စစ်သားဘ၀ဖြင့် သင်တန်းနည်းပြဆရာအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၇၁ ခုနှစ်တွင် တပ်မှထွက်ကာ သိုင်းပြောင်းပြန်ပညာကို ယင်းအချိန်မှစ၍ ရခိုင်ပြည်နယ်၌ မျိုးစေ့ချခဲ့ကြောင်းသိရသည်။
ဆရာကြီး ရခိုင်ပြည်နယ်သို့ပြန်ရောက်လာ
“သျှမ်းကြီးသိုင်းဆရာ ဦးမောင်သာထွန်းဟာ တစ်နေ့မှာ တပည့် ၆ ယောက်နဲ့အတူ ကျွန်တော့်ဆီကိုရောက်လာတယ်။ ဆရာကြီးကို စမ်းချင်တယ်၊ သဘောကျမှ ဆရာကြီးဆီမှာ သိုင်းပြောင်းပြန်ပညာကို သင်ယူမယ်လို့ လာပြောတယ်။ ကျွန်တော့်လည်း နည်းနည်းပညာပြလိုက်မှ သူသင်ဖြစ်တယ်” ဟု ဆရာကြီးရွှေသိန်းကပြောသည်။
ဦးမောင်သာထွန်းသည် ဆရာကြီးထံမှ သိုင်းပြောင်းပြန်ပညာကို သင်ယူဆည်းပူးခဲ့ပြီး လက်ထောက်သင်တန်းဆရာအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ သူကွယ်လွန်သွားသည်မှာ ၆ နှစ်ခန့်ရှိပြီဟု ဆရာကြီးရွှေသိန်းကပြောသည်။
ဆရာကြီးရွှေသိန်း၏ သိုင်းပြောင်းပြန် ကိုယ်ခံပညာကို စစ်တွေမြို့အပြင် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်များ၌ သင်ကြားပို့ချလျှက်ရှိသည်ဟု လက်ရှိသိုင်းပြောင်းပြန်နည်ြး
ဆရာကြီး၏ လက်ရင်းတပည့်များမှာ ဆရာဦးအောင်စောဦး၊ ဆရာဦးသာအေး၊ ဆရာဦးဘသန်း၊ ဆရာဦးမဲအောင်၊ ဆရာဦးယက်သဲအောင်၊ ဆရာဦးသိန်းအောင်တို့ဖြစ်ကြောင်
ဆရာကြီး၏ တပည့်များထဲတွင် ထူးချွန်ထက်မြက်သော တပည့်ကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့သည်ဟု ဆရာကြီးက ဆိုသည်။
“ဆရာဦးသိန်းအောင်နဲ့ လက်ရှိသင်တန်းမှူး ဆရာဦးကျော်စိန်တို့ပါ။ ဆရာသိန်းအောင်ဆိုရင် မြန်မာတစ်နိုင်ငံလုံး သိုင်းအဖွဲ့ပေါင်းစုံရဲ့ ၁၉၉၀ ခု နှစ်က ရှမ်းပြည်နယ်မှာပြုလုပ်တဲ့ ဖိတ်ခေါ်ပြိုင်ပွဲမှာ တစ်နိုင်ငံလုံး အကောင်းဆုံးဆုရခဲ့ပါတယ်။ ဆရာဦးကျော်စိန်ဆိုရင်လည်း တိုင်းနဲ့ပြည်နယ် သိုင်းပေါင်းစုံပြိုင်ပွဲမှာ ရခိုင်ပြည်နယ်ကို ကိုယ်စားပြုပြီးတော့ ၁၉၉၄-၉၇-၉၈ ခုနှစ်တွေမှာ ပြိုင်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်” ဟု ဆရာကြီးက ပြောသည်။
ရခိုင်ပြည်နယ် သိုင်းပြောင်းပြန်အဖွဲ့မှ မြန်မာတစ်နိုင်ငံလုံးသိုင်းပေါ
ကိုယ်ခံပညာတစ်ခုခုကို သင်ကြားတတ်မြောက်ထားသူတစ်ဦးအတွ
“လူတစ်ဦးမှာ အရေးကြုံလာရင် သက်လုံကောင်းဖို့အတွက် ကိုယ်ခံပညာဟာ တစ်ဘက်တစ်လမ်းက အရေးပါပါတယ်။ ကိုယ်ခံပညာတစ်ခုခုကို သင်ကြားတတ်မြောက်ထားသူ တစ်ယောက်တွက်ဆိုရင် တစ်ယောက်တည်း ခရီးသွားရာမှာ လက်နှစ်ဘက်ဟာ အဖေါ်နှစ်ယောက်၊ ခြေထောက်နှစ်ဘက်ဟာ အဖေါ်နှစ်ယောက် စုစုပေါင်း အဖေါ် ၄ ယောက်နဲ့ သွားနေရတာနဲ့ တူနေပါတယ်” ဟု ကိုယ်ခံပညာ၏ အရေးပါပုံကို ဆရာကြီး ဦးရွှေသိန်းကပြောသည်။
လက်ရှိသင်တန်းမှူး ဆရာဦးကျော်စိန်သည် ၁၉၉၄-၉၅ ခုနှစ်စတင်၍ သင်တန်းဆရာအဖြစ် ယနေ့ထက်ထိ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်
၂၀၁၅ ခုနှစ် သိုင်းပြောင်းပြန်ရွှေရတု အထိမ်းအမှတ်စွမ်းရည်ပြပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဝေသာလီကွင်း အားကစားခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စံမောင်သန်း - နိရဉ္စရာ
ပညာရေးဥပဒေပြင်ဆင်ရေး ညှိနှိုင်းဖြေရှင်းဖို့ ကြားနာပွဲမှာ ပါတီတွေဆွေးနွေး
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးအတွက် မတ်လ ၁၃ ရက်နေ့က နိုင်ငံရေးပါတီ ၁၁ ပါတီ ဆွေးနွေးကြစဉ်
Photo: Win Naung Toe/ RFA
|
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အကြမ်းမဖက်ပဲနဲ့ အားလုံးညှိနှိုင်းပြီးဖြေရှင်းဖို့ လိုအပ်ကြောင်း ကြားနာပွဲကိုတက်ရောက်ခဲ့ တဲ့ နိုင်ငံရေးပါတီ ၁၁ ခုက ဆွေးနွေးကြပါတယ်။
အမျိုးသားလွှတ်တော်မှာ ၅ ကြိမ်မြောက်အဖြစ် ဒီနေ့ကျင်းပတဲ့ ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးစောအောင်ကျော်နိုင်က နှစ်ဘက်စလုံးက ညှိနှိုင်းဖြေရှင်းဖို့ လိုအပ်ကြောင်း အခုလိုဆွေးနွေး ခဲ့ပါတယ်။
"သဘောထားတွေ ကွဲလွဲတင်းမာပြီးတော့ စိန်ခေါ်မှုတွေများနေတယ်၊ အမျိုးသားပညာရေး ဥပဒေကို ခြုံငုံသုံးသပ် အချုပ်အားဖြင့် အကြံပြု ရမယ်ဆိုရင် ဗဟိုချုပ်ကိုင်မှုတွေများနေသလား များရင်ဖြည်ပါ၊ တင်းကြပ်မှုတွေရောများနေသလား များရင်လျော့ပါ၊ တားဆီးမှုတွေကလည်း များနေသလား များနေရင်လိုက်လျှောပါလို့ အကြံပြုပါတယ်၊ တစ်ဖက်မှာလည်း တောင်းဆိုမှုတွေက လွန်ကဲနေသလား လွန်ကဲနေရင် မျှတအောင်လုပ်ပါ၊ လွတ်လပ်မှုတွေ စည်းကျော်နေသလား ကျော်နေ ရင်ပြန်နှုတ်ပါ၊ ဖြစ်ချင်တာတွေ ဖြစ်နိုင်ခြေရှိရဲ့လား မရှိရင်ဖြစ်သင့်တာကိုပဲလုပ်ပါ၊ အဲ့ဒါတွေ ကိုတော့ နှစ်ဦးနှစ်ထက်စလုံးက လက်ခံနိုင်ကြပါစေ"
ကြားနာပွဲကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ အမျိုးသား တိုးတက်မြင့်မားရေးပါတီ၊ အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား လူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ဗမာပြည်သူ့ပါတီ၊ ကမန်အမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေ တက်ရောက်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်မှာ ကျင်းပနေတဲ့ကြားနာပွဲက တက်ရောက်ဖို့ နိုင်ငံရေးပါတီ ၆ဝ က ခေါင်းဆောင်တွေကို ဖိတ်ကြားထားတာဖြစ်ပြီး ဒီနေ့အထိ ၃၆ ပါတီက တက်ရောက်ပြီးဖြစ်ပါတယ်။
ကြားနာပွဲအကြောင်း RFA သတင်းထောက် မပြုံးမို့မို့ဇင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ကေအိုင်အိုတွေ အစိုးရနဲ့ ဆွေးနွေး ဖို့ လိုင်ဇာကနေ ခရီးစတင်
ဲမြစ်ကြီးနားမြို့မှာ အောက်တိုဘာလ ၈ ရက်နေ့က စတင်ကျင်းပတဲ့
ကေအိုင်အိုနဲ့ အစိုးရဆွေးနွေးပွဲ ဒုတိယနေ့မှာ ကေအိုင်အိုကိုယ်စားလှယ်
ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့ အစိုးရကိုယ်စားလှယ် ဒုတိယ
ဗိုလ်ချုပ်ကြီး မြင့်စိုး တို့ကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Min
|
အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် လိုင်ဇာမှာရှိ တဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေ မြစ်ကြီးနားကို မနေ့ကထွက်ခွာသွားပြီလို့ သိရပါတယ်။ ကေအိုင် အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က RFA ကို အခုလို အတည်ပြုပြောဆိုခဲ့ပါတယ်။
" ဒီနေ့ လိုင်ဇာကနေ ထွက်သွားကြပီ၊ အခါတိုင်း အမြဲတမ်းပါနေကြပေါ့ ကေအိုင်အို ကိုယ်စားလှယ်ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဆရာကြီး ဆွမ်လွတ်ဂမ် ပါတယ်။ ဒီတစ်ခေါက် သွားတဲ့ အဖွဲ့ခေါင်းဆောင် အနေနဲ့တော့ ကေအိုင်အို အထွေထွေအတွင်းရေး မှုး ဒေါက်တာလာဂျာပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှုးကြီးဇော်တောင်၊ ဗိုလ်မှုးကြီး လဖိုင်လ ပါမယ် "
အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ကေအိုင်အို ကိုယ်စား လှယ်တချို့က လိုင်ဇာ လမ်းကြောင်းကသွားကြသလို တချို့က ထိုင်းနိုင်ငံကနေ သွားကြတယ်လို့ သိရပါတယ်။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အစိုးရနဲ့ ဆွေးနွေးပွဲတွေကို မတ်လ ၁၆ ရက်နေ့ ဒါမှမဟုတ် ၁၇ ရက်နေ့မှာ စတင်မယ် လို့လဲ ဦးလနန် ကပြောပါတယ်။ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အဲဒီဆွေးနွေးပွဲမတိုင်ခင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ လက လိုင်ဇာဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ကိစ္စကို သီးသန့်ဆွေးနွေးမှာဖြစ်တယ် လို့လည်း သူက ပြောပါတယ်။
" ဒီဗိုလ်သင်တန်းမှာ ဖြစ်တဲ့ ပစ်ခတ်မှုအပေါ်မှာ ခေါင်းစဉ်တစ်ခုအနေနဲ့ ဆွေးနွေးဖို့ အဆိုပြုထားတာ ရှိတယ်။ မနှစ်နှစ်ကုန်ပိုင်းက စပြီးတော့ ပြောခဲ့တာပါ ဒါပေမဲ့ ဒီတစ်ခေါက်ကြမှ သူတို့အနေနဲ့ အဲဒီခေါင်းစဉ် ကို ထည့်ဆွေးနွေးဖို့လက်ခံတဲ့ အတွက်ကြောင့် ကျနော်တို့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ ကနေ ပြီးတော့ ခေါင်းဆောင်အပါအ၀င် နှစ်ဦးသုံးဦးကို ထပ်ပြီးတော့ လွှတ်ခြင်းပါ ပထမရက်မှာ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြ မယ်။ နောက်ဒုတိယနေ့က စပြီးတော့ NCCT နဲ့ UPWC ရဲ့ ပုံမှန် ၇ ကြိမ်မြောက်ဆွေးနွေးပွဲ လုပ်တဲ့အခါမှာ ကျနော်တို့ ကိုယ်စားလှယ်တွေက အဲဒီမှာ အော့ဗ်ဆာဗာ အနေနဲ့ တချို့ပုဂ္ဂိုလ်တွေက ပါဝင်လေ့လာသွားဖို့ ရှိတယ် "
အဲ့ဒီ လိုင်ဇာ ကေအိုင်အို ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရမှုပြသနာ ဆွေးနွေးပွဲမှာ ကေအိုင်အို အဖွဲ့နဲ့အတူ တအာင်း လွတ်မြောက်ရေးတပ်မတော် (ပလောင်)အဖွဲ့နဲ့ ရခိုင်တပ်မတော် အဖွဲ့က ကိုယ်စားလှယ်တွေလည်း ပါဝင်ဆွေးနွေးမယ် လို့ သိရပါတယ်ခင်ဗျာ။
RFA
ရန်ကုန်မှာ ဖမ်းဆီးခံရတဲ့ ကျောင်း သားတွေ သာယာဝတီထောင်ပို့
![]() |
ကျောင်းသားသပိတ်က ဖမ်းဆီးထားသူတွေကို လက်ပံတန်းမြို့မှာ မတ်လ ၁ဝ ရက်နေ့က ရုံးထုတ်လာစဉ်။ Photo: Aung Ko Ko/RFA |
သူတို့ဟာ လက်ပံတန်း ကပင်မကျောင်းသားသပိတ် နဲ့ဆက်နွယ်နေတဲ့အတွက် ပဲခူးတိုင်းရဲတပ်ဖွဲ့ကိုလွှဲပေး လိုက်တာဖြစ်တယ်လို့ အလုံမြို့နယ်ရဲစခန်းမှူး ဦးထွန်းရွှေ ကပြောပါတယ်။
"လိုအပ်ချက်အရ ပဲခူးတိုင်းရဲတပ်ဖွဲ့ကိုလွှဲပေးလိုက်ပါ တယ်၊ လွှတ်ပေးတဲ့ ၂ ယောက် ကျတော့ မလိုအပ် လို့ပါ၊ ဒီ ၃ ဦးကျတော့ လက်ပံတန်းကိစ္စနဲ့ စစ်ဆေး စရာ ရှိလို့ဆိုပြီး လွှဲပေးလိုက်ပါတယ်၊ ခံဝန်ချက်ဆို တာက ကျနော်တို့ဧည့်စာရင်းဝင်စစ်တယ်၊ စစ်ပြီးတဲ့ အချိန်မှာ သူတို့အိမ်ပေါ်က အဖိုးတန်ပစ္စည်း မပျောက်ဘူးဆိုတဲ့ အကြောင်းတွေ အဲ့ကိစ္စပါပဲ၊ ခံဝန်ချက်ဆို တာ ဘာမှတော့မဟုတ်ပါဘူး "
အဲ့ဒီကျောင်းသားတွေနဲ့ အတူဖမ်းဆီးခံခဲ့ရတဲ့ မန္တလေးခရိုင်က ကိုဇန်ဇန်၊ AFP သတင်းထောက် ကိုဖြိုးဟိန်းကျော်နဲ့ အခြားသူတချို့ကိုတော့ မနေ့က ပြန်လွှတ်ပေး လိုက်တယ်လို့သိရပါတယ်။
လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှုကနေထွက်ပြေးလွတ်မြောက်သွားတဲ့ကျောင်းသားတွေကို သက်ဆိုင်ရာက လိုက်လံစုံစမ်း ဖမ်းဆီးနေဆဲဖြစ်ပါတယ်။
RFA Burmese
လူ ၃၀၀ခန့် တင်ဆောင်လာသည့် အောင်တံခွန်သင်္ဘော နစ်မြုပ်၊ လူ ၇၀ခန့် သေဆုံးကြောင်း ကနဦး သတင်းရရှိ
Rakhine News Agency (ကျောက်ဖြူ၊ မတ် ၁၄)
မတ်လ ၁၃ရက် ညနေပိုင်းက ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာသည့် အောင်တံခွန်- ၃ သင်္ဘောသည် ညပိုင်းတွင် နစ်မြုပ်သွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ နှစ်ထပ်သင်္ဘောသည် ကျောက်ဖြူမြို့မှ လူဦးရေ ၃၀၀ခန့် နှင့် ကုန်စည်များကို တင်ဆောင်လာပြီး၊ ကျောက်ဖြူမြို့ နှင့် မြေပုံမြို့ အကြား မျောက်ကျွိန်ကျွန်းအနီးတွင် နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း ရခိုင်လူမှုကွန်ရက် (ကျောက်ဖြူ) မှ ဦးထွန်းနိုင် က Rakhine News Agency သို့ပြောသည်။
“သင်္ဘောက ညကတည်းက ထွက်သွားတာ။ ညဦးပိုင်းလောက်မှာ မြုပ်တယ်လို့သတင်းရတယ်။ ဖြစ်တာက နောင်တော်ဧရိယာထဲက မျောက်ကျွိန်ဆိုတဲ့ ကျွန်းနားမှာ။ ကျွန်တော်တို့ဆီက ရောက်သွားတဲ့ အဖွဲ့တွေ ပြောတာက အလောင်း ၄၀လောက်တော့ တွေ့တယ်လို့ပြောတယ်။ အလောင်းတွေကိုတော့ အဲ့ဒီကျွန်းမှာ တင်ထားတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး” ဟု ၄င်းကပြောသည်။
အောင်တံခွန်-၃ သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူ ၆၈ဦး၊ အသက်ရှင်လျက် ကယ်ဆယ်ရရှိသူ ၁၇၂ ဦး နှင့် အခြားသူများကို ရှာဖွေလျက်ရှိကြောင်း ကနဦး သတင်းရရှိသော်လည်း Rakhine News Agency မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
“သင်္ဘောနစ်တာကတော့ ဟုတ်ပါတယ်။ ဘာကြောင့် နစ်မြုပ်တယ်ဆိုတာကို စစ်ဆေးနေပါတယ်။ ဘယ်နှယောက်ပါသွားတယ်။ ဘယ်နှယောက် သေဆုံးတယ်ဆိုတာတော့ ကျွန်တော်တို့လဲ လောလောဆယ် မသိရသေးပါဘူး။ ခရိုင်မှူး ဦးဆောင်တဲ့ အဖွဲ့က အကူအညီပေးနိုင်ဖို့ လိုက်သွားပါပြီ” ဟု ကျောက်ဖြူမြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
သင်္ဘောနစ်မြုပ်မှု ကြောင့် ဒုက္ခရောက်နေသူများအား ကူညီကယ်ဆယ်ပေးရန်အတွက် ကျောက်ဖြူမြို့နှင့် မြေပုံမြို့မှ လူမှုရေး အဖွဲ့အစည်းအချို့ အခင်းဖြစ်ပွားရာနေရာသို့ ထွက်ခွာသွားပြီး၊ အချို့အဖွဲ့အစည်းများမှာလည်း ဆက်လက်ထွက်ခွာရန် ပြင်ဆင်နေကြောင်း သိရသည်။
Rakhine News Agency
https://www.facebook.com/RakhineNewsAgency
တရုတ်ဘက် ကျတဲ့ဗုံးကိစ္စ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြောကြား
တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းကို ဆင့်ခေါ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ အလေးအနက် ပြောကြားတယ်လို့ တရုတ်အစိုးရ အာဘော် ဆင်ဟွာ သတင်းဌာနရဲ့ မတ်လ ၁၄ ရက်၊ စနေနေ့ ရက်စွဲနဲ့သတင်း မှာ ဖော်ပြထားပါတယ်။
ယူနန်ပြည်နယ်၊ Lincang နယ်စပ်မြို့က ကြံစိုက်ခင်း ကို သောကြာနေ့ နေ့လည်ပိုင်းက ဗုံးထိမှန်တာကြောင့် အလုပ်လုပ်နေ သူ လေးဦး သေဆုံးပြီး တခြားကိုးဦး ဒဏ်ရာရသွားတယ်လို့ ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်အပေါ် ဒုဝန်ကြီး Liu က ပြစ်တင်ရှုတ်ချပြီး ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းစစ်ဆေးဖို့နဲ့ သိလာရတာတွေကို တရုတ်နိုင်ငံကို အသိပေး ဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။
တာဝန်ရှိသူကို အပြစ်ပေးဖို့၊ နောက်ပိုင်းဖြစ်လာတာတွေကို လိုအပ်ချက် နဲ့အညီ ကိုင်တွယ်ဖို့၊ အဲဒီလိုဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်မလာအောင် တားဆီးရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတွေအတွက် ထိထိရောက်ရောက်နဲ့ ချက်ခြင်းလုပ်ဖို့လည်း တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရကို တိုက်တွန်း ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာလေကြောင်း ဗုံးကြဲ တရုတ် နယ်မြေထဲ ကျရောက်
![]() |
တရုတ်-မြန်မာနယ်စပ် ကိုးကန့်တပ်သားများ လုံခြုံရေးယူထား။ |
" ဒီကနေ့ သူတို့လေယာဉ်နဲ့ လာပြီးတော့ ဗုံးကြဲပါတယ်။ ညနေအထိပါပဲခင်ဗျ။ အဲ့တာ လူကတော့ ဒဏ်ရာရတဲ့သူ မရှိပါဘူးခင်ဗျ။ ကုန်းကြမ်းဘက်မှာ ခင်ဗျ။ နေ့တိုင်းလိုလိုပါပဲ။ ပြီးတော့ ပြင်းထန်ပါတယ်။ တော်တော်ပြင်းထန်ပါတယ်။ သူတို့ ဗုံးကြဲလေယာဉ်လည်း အသုံးပြုလာတာတွေ့ရတယ်။ ပြီးတော့ ပေါင် ငါးရာ လေးတဲ့ဗုံးကိုလည်း ချတယ်။
လေယာဉ်နဲ့ လှမ်းပြီး ဗုံးကြဲလိုက်တာ ဟိုး တရုတ်ပြည်ထဲကို ဝင်သွားတယ်။ အရပ်သားတောင် သေတယ်ပြောတယ်။ လေးယောက်သေပြီး ကိုးယောက် ဒဏ်ရာရတယ်ပြောတယ်။ တရုတ်ပြည် ကျနော်ပြောတဲ့ ကုန်းကြမ်းရယ်၊ ဟိုးဘက်က စစ်ကောလီရယ် စစ်ကောလီဆိုတာ လောက်ကိုင်ရဲ့ အရှေ့ မြောက်ဘက်ပေါ့။"
လေကြောင်းတိုက်ခိုက်မှုမှာ တရုတ်နိုင်ငံ နယ်မြေထဲက တရုတ်အရပ်သားအချို့ ထိခိုက်သေဆုံးတယ်ဆိုတဲ့ ကိုးကန့်ဖက်က အခုလို ပြောဆိုချက်အပေါ်မှာ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ တရုတ်နိုင်ငံဖက်ကလည်း တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဒါပေမယ့်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းကတော့ မြန်မာစစ်တပ်ဖက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တလုံး တရုတ်နိုင်ငံကို ထိမှန်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန် သတိပေးခဲ့ဖူးပါတယ်။
မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်တွေထဲမှာတော့ စစ်တပ်အနေနဲ့ ကိုးကန့် နယ်မြေရှင်းလင်းမှု ထိုးစစ်တွေ လုပ်နေရာမှာ ကိုးကန့်သူပုန်တွေဖက်က မူးယစ်ဆေးဝါး သိမ်းဆည်းရမိမှုတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မနေ့တုန်းကတော့ လားရှိုးမြို့ကနေ လောက်ကိုင်မြို့ကို အထောက်အပံ့ပစ္စည်းတွေ တင်ဆောက်လာတဲ့ ကားတစင်းကိုလည်း ကိုးကန့်လက်နက်ကိုင်တွေဖက်က တိုက်ခိုက်ခဲ့တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ပါတယ်။
ကိုးကန့်ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းကတော့ သူတို့အနေနဲ့ သူတို့ နယ်မြေထဲ ၀င်လာတဲ့ လက်နက်ထောက်ပံ့မှုမှန်သမျှကို တိုက်ခိုက်မှာ ဖြစ်တယ်ဆိုပြီး ဗွီအိုအေကို တုန့်ပြန်ခဲ့ပါတယ်။
ကိုးကန့်တပ်နဲ့အတူပဲ အဲဒီဒေသမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ TNLA တအောင်းပလောင်တပ်ဖွဲ့က အတွင်းရေးမှုး ဗိုလ်မှုးကြီး တာဘုန်းကျော် ကလည်း မြန်မာလေကြောင်းဗုံးကြဲမှုကြောင့် တရုတ်နိုင်ငံတွင်း အရပ်သားတွေ အသေအပျောက်ရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
" လေယာဉ်ပစ်တာ ကျတာကတော့ တော်တော်ကြာနေပြီ တရုတ်ဘက်ခြမ်းကို နှစ်ရက်သုံးရက်လောက် ရှိသွားပြီ။ ကိုးကန့်တပ်တွေနဲ့ ကျနော်တို့တပ်တွေ ပေါင်းနေတဲ့နေရာတွေကို ဒီဗုံးတွေ လိုက်ကြဲနေတာ။ ဆိုတော့ ဒီနေ့ကတော့ ဗုံးဆန်က သုံးလုံးကျတယ်လို့ ကျနော်တို့သိတယ်။ အဲ့ဒီ့ကျတဲ့အချိန်မှာ အဲ့မှာ ဒေသခံတွေကို ထိတယ်ပြောတယ်။ ကျနော်တို့ စုစုပေါင်း ဒေသခံ ငါးဦးသေတယ်။ ၇ဦး ၈ဦးလောက်တော့ ဒဏ်ရာရတယ်ပြောတယ်။
ပြီးတော့ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်လောက်ကတည်းက တရုတ်ဘက်က လေယာဉ်ပျံလည်း တစီးစ နှစ်စီးစ ပျံပြီးတော့ နယ်စပ်မျဉ်းအတိုင်း ပျံတာ ကျနော်တို့ တွေ့ရတယ်ခင်ဗျ။ ဆိုတော့ တရုတ်ဘက်ကလည်း သူတို့နယ်မြေထဲကို လက်နက်တွေကျတာ တစုံတရာ အရေးယူမှု ရှိလိမ့်မယ်လို့ ကျနော်မြင်တယ်။
ဒီ သတင်းနဲ့ပတ်သက်လို့ တရုတ်အစိုးရပိုင်း CCTV သတင်းဌာနရဲ့ တွစ်တာ စာမျက်နှာမှာလည်း မြန်မာအစိုးရဖက်က လက်နက်ကြီးတွေ တရုတ်ယူနန်ပြည်နယ်ထဲ ကျရောက်ခဲ့တာကြောင့် လေးဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာ့ ဖွံ့ဖြိုးရေး ကုလ ဆက်ကူမည်
ကိုးကန့်စစ်ပြေးဒုက္ခသည်များ
14.03.2015
မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေအများအပြား ရှိနေပြီးတော့
မကြာသေးခင်နှစ်တွေ အတွင်း တိုးတက်မှုတွေရော၊ ဆုတ်ယုတ်မှုတွေပါ ရှိခဲ့တယ်လို့
ကုလသမဂ္ဂ ထိပ်တန်း တာဝန်ရှိသူ တဦးက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ
ရှုပ်ထွေးတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနဲ့
ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်း စဉ်တွေကြားမှာရောက်နေတယ်လို့
ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP အကြီး အကဲ ဟယ်လင်န် ကလာ့ခ် (Helen Clark) က
ပြောလိုက်တာပါ။မြန်မာနိုင်ငံသားအားလုံးရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ဖို့ လူသားချင်းစာနာမှု ဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက် တွေ ပြည့်မီရေးအတွက် ကူညီဖို့ ကုလသမဂ္ဂက သန္နိဋ္ဌာန်ချထားဆဲပါလို့လည်း မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စကလာ့ခ်က ပြောပါ တယ်။ အုပ်ချုပ်မှု ခိုင်မာအားကောင်းစေရေး လုပ်ငန်းတွေ၊ မြန်မာနိုင်ငံက လူတွေအားလုံးအတွက် ပိုပြီးမြင့်မားတဲ့ လူသားဖွံ့ဖြိုး တိုးတက်မှု အဆင့်ရရှိရေး အထောက်အကူဖြစ်စေဖို့ရာ အခွင့်အရေးပေါ် အခြေခံတဲ့ ချဉ်းကပ်မှုတွေနဲ့ လုပ်ဆောင်သွားရေးတွေ အပေါ် UNDP အနေနဲ့ အခိုင်အမာ သန္နိဋ္ဌာန်ချထားပါတယ်လို့လည်း မစ္စကလာ့ခ်က ပြောပါတယ်။
UNDP အကြီးအကဲ ဟယ်လင်န် ကလာ့ခ်နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး အာသာရင်န် ကူဆင်န် (Ertharin Cousin) တို့ရဲ့ ဒီသီတင်းပတ် နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆီလည်း သွားရောက် ပါတယ်။ ရခိုင်ပြည်နယ်မှာ UNDP အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီတွေကိုပေးနေသလို အသက်မွေးဝမ်းကျောင်းမှု တိုးတက်စေဖို့နဲ့ လူမှုသဟဇာတဖြစ်မှု အားကောင်းစေဖို့အတွက် ကျေးရွာပေါင်း ၆၃ ရွာက လူထုကို အကူအညီပေးနေပါတယ်။
ဒါ့အပြင် ဒေသဆိုင်ရာအစိုးရတွေရဲ့ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးစွမ်းရည် တိုးတက်လာစေဖို့၊ လူထုဗဟိုပြု ၀န်ဆောင်မှု လုပ်ငန်းတိုးတက်လာစေဖို့တို့အတွက်လည်း ရင်းနှီးမြှုပ်နှံ လုပ်ဆောင်နေပါတယ်။
VOA
နေစွမ်းအင်သုံး ကမ္ဘာပတ်လေယာဉ် နောက်အပတ် မန္တလေးရောက်မည်
14.03.2015
နေရောင်ခြည် စွမ်းအင်ကိုသုံးပြီး ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာကိုပတ်နေတဲ့
Solar Impulse 2 လေယာဉ်ဟာ မတ်လ ၁၀ ရက် အင်္ဂါနေ့က အိန္ဒိယနိုင်ငံမှာ
ရောက်နေပါပြီ။ အိုမန်နိုင်ငံ Muscat မြို့တော်ကနေ အာရေးဗျပင်လယ်ကို ၁၅
နာရီကြာ၊ ကီလိုမီတာ ၃၅၀၀၀ ခရီးကိုဖြတ်ပြီး ဒုတိယခရီးတထောက်အဖြစ်
အိန္ဒိယနိုင်ငံမှာ ရောက်နေတာပါ။
လေယာဉ်ဆိုက်ရောက်ပြီးတဲ့နောက် အများပြည်သူ ကြည့်ရှုနိုင်အောင် ပြသတဲ့ အတွက် လူအများအပြား သွားကြည့်ကြပါတယ်။ နောက်ခရီးတထောက်ကတော့ အိန္ဒိယ၀န်ကြီးချုပ် နေရိန်ဒရာ မိုဒီရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ဗာရာဏသီမြို့ပါ။ အိန္ဒိယနိုင်ငံကနေ ထွက် လာပြီးတဲ့နောက် မြန်မာနိုင်ငံ၊ မန္တလေးလေဆိပ်ကို မတ်လ ၁၇ ရက်၊ အင်္ဂါနေ့မှာ ရောက်ပါလိမ့်မယ်။ လေယာဉ်ရောက်ပြီးတဲ့ နောက် အများပြည်သူ လှည့်လည်ကြည့်ရှုနိုင်မှာဖြစ်ပြီး ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ အစိုးရပိုင် သတင်းစာတွေ မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကနေတဆင့် တရုတ်နိုင်ငံ၊ အဲဒီကနေ ပစိဖိတ်သမုဒ္ဒရာနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ဖြတ်ပျံပြီး ဥရောပတောင်ပိုင်းကတဆင့် အဘူ ဒါဘီမြို့ဆီ ဇူလိုင်လနှောင်းပိုင်း ပြန်ရောက်မှာဖြစ်ပါတယ်။
Solar Impulse 2 ဟာ အာရပ်ဘ်စော်ဘွားများပြည်ထောင်စု၊ အဘူ ဒါဘီမြို့ကနေ မတ်လ ၉ ရက်နေ့က စထွက်လာတာဖြစ်ပြီး စုစုပေါင်းပျံသန်းရက် ၂၅ ရက်လောက်မှာ တနာရီကို ကီလိုမီတာ ၅၀ ကနေ ၁၀၀ ကြား ပျံသန်းနေတာပါ။
လေယာဉ်ဟာ မိသားစုစီး ကားတစီးရဲ့အလေးချိန်ဖြစ်တဲ့ ၂၃၀၀ ကီလိုဂရမ်ပဲလေးပေမဲ့ တောင်ပံနှစ်ဘက် အကျယ်ပမာဏက တော့ အကြီးမားဆုံး ဂျက်လေယာဉ်တစင်းရဲ့ တောင်ပံအကျယ်လောက်ရှိပါတယ်။ ဒီ Solar Impulse 2 လေယာဉ်ကို ၁၂ နှစ် ကြာ အချိန်ယူပြီး ပုံစံထုတ် တည်ဆောက်ခဲ့တာပါ။

အဖမ်းခံကျောင်းသားတွေ အမြန်ဆုံး လွှတ်ဖို့ ကုလတောင်းဆို
14.03.2015
ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက်ကျောင်းသူကျောင်းသား (၁၀၀)ကျော်ကို
့ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ
မဟာမင်းကြီးရုံးက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ သပိတ်ကို
ဖြိုခွဲနှိမ်နှင်းရာမှာလည်း အင်အားကို မတန်တဆ အသုံးပြုခဲ့တဲ့ အတွက်
မြန်မာအာဏာပိုင်တွေကို ကုလသမဂ္ဂက ဝေဖန်ပြစ်တင်ပြောဆို လိုက်ပါတယ်။
အပြည့်အစုံ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။
မြန်မာနိုင်ငံမှာ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် သပိတ်မှောက် ဆန္ဒပြတဲ့ကျောင်းသူကျောင်းသားတွေကို မြန်မာအစိုးရက အင်အားသုံး ဖမ်းဆီးခဲ့တဲ့ အခြေအနေကို ကုလသမဂ္ဂအနေနဲ့ အထူးပဲစိုးရိမ်မကင်းဖြစ်မိကြောင်း လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရအမျိုးသမီး Ravina Shamdasani က ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂမှာ သောကြာနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
"မတ်လ (၁၀)ရက်နေ့က ပဲခူးတိုင်းတောင်ပိုင်း လက်ပံတန်းမြို့မှာ သပိတ်မှောက် ဆန္ဒပြတဲ့ကျောင်းသူကျောင်းသား ၁၀၀ ကျော်အပါအ၀င် အခြားဆန္ဒပြသူတွေ ဖမ်းဆီးထိန်းသိမ်းခံထားရတာကို ကုလသမဂ္ဂအနေနဲ့ စိုးရိမ်မကင်းဖြစ်မိပါတယ်။"
အဲဒီထဲက တချို့ကို ပြန်လွှတ်ပေးလိုက်ပြီး ဆိုပေမဲ့ အများစုဟာ သာယာဝတီထောင်မှာ ထိန်းသိမ်းခံထားရဆဲဖြစ်တဲ့အကြောင်းနဲ့ ဖမ်းဆီးခံထားရသူ (၆၀)လောက်ကိုလည်း ပုဒ်မ (၁၈) ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ နဲ့ တရားစွဲထားတယ်လို့ Ravina Shamdasani ကပြောပါတယ်။
"ဆန္ဒပြသူတွေကိုနှိမ်နှင်းဖို့ ရဲတပ်ဖွဲ့ဝင်အင်အား မတန်တဆအသုံးပြုခဲ့တာကို ကုလသမဂ္ဂ အနေနဲ့ စိုးရိမ်မကင်းဖြစ်ရပါတယ်။ မတ်လ (၅)ရက်နေ့က ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲ အာဏာပိုင်တွေ နှိမ်နှင်းခဲ့တာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (OHCHR) ကို မြန်မာအစိုးရဘက်က အကြောင်းကြားခဲ့ပါတယ်။ လက်ပံတန်းမြို့မှာ မတ်လ (၁၀)ရက်နေ့က သပိတ်ကို ဖြိုခွဲနှိမ်နှင်းခဲ့တာကိုလည်း အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးဖို့ OHCHR က တောင်းဆိုထားပါတယ်။"
အစိုးရအနေနဲ့အင်အားတစုံတရာကိုမဖြစ်မနေအသုံးမယ်ဆိုရင်တောင် လုံးဝ လိုအပ်နေလို့ ဒါမှမဟုတ် တဖက်ကလူတွေ ကျူးလွန်တဲ့ ပြစ်မှုအတိုင်းအတာပေါ်မှာ မူတည်ပြီး အင်အားကို ချိန်ဆရမှာဖြစ်ပါတယ်လို့ Ravina Shamdasani ကပြောပါတယ်။
"ပညာရေးဥပဒေပြင်ဆင်ဖို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေ ဖမ်းဆီးထားတာကို ခြွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂအနေနဲ့ တောင်းဆိုပါတယ်။ ဒါအပြင် လွတ်လပ်စွာ ထုတ်ဖေါ်ဆန္ဒပြခွင့်ကို ကန့်သတ်ချုပ်ချယ်တဲ့ ပုဒ်မ (၁၈)လို ဥပဒေမျိုးကိုလည်း ပြင်ဆင်ဖို့ ကုလသမဂ္ဂအနေနဲ့ တိုက်တွန်းပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဦးဆောင်တဲ့ ဒီမိုကရေစီ ပညာရေး ကျောင်းသားသပိတ် ပင်မစစ်ကြောင်းဟာ ဇန်န၀ါရီလ (၂၀)ရက်နေ့ကတည်းက မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဒါပေမဲ့ ရန်ကုန်မြို့မရောက်ခင် ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ပိတ်ဆို့တားဆီးခံခဲ့ရပြီး မတ်လ (၁၀)ရက်နေ့မှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရပါတယ်။
လူသိများတဲ့ ကျောင်းသားခေါင်းဆောင် (၆)ဦးအပါအ၀င် ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်ကို အစိုးရက ဖမ်းဆီးထားပါတယ်။ ပညာရေး ဥပဒေပြင်ဆင်ရေး ကျောင်းသားတွေတောင်းဆိုတဲ့ အချက်ထဲမှာ ကျောင်းသား သမဂ္ဂတွေ ဖွဲ့စည်းခွင့်ကို ကန့်သတ်ထားတဲ့ ဗဟိုချုပ်ကိုင်မှု ပညာရေးစနစ်ကို ပြောင်းလဲဖို့နဲ့ တိုင်းရင်းသားဘာသာစကားသင်ကြားရေးကို အထောက်အကူပေးဖို့ စတာတွေပါဝင်ပါတယ်။

အင်အားသုံးဖြိုခွဲ ဖမ်းဆီးခံရသည့် ရွှေပြည်သာစက်မှုဇုန် အလုပ်သမား ၁၄ ဦးအား အင်းစိန်တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်
ရွှေပြည်သာမြို့နယ်ရှိ Ford Glory Garment စက်ရုံနှင့် COSTEC အထည်ချုပ် စက်ရုံနှစ်ရုံမှ အလုပ်သမားများ လမ်းလျှောက် ဆန္ဒပြခဲ့ရာမှ အင်အားသုံးဖြိုခွဲ ဖမ်းဆီးခံရသည့် အလုပ်သမား ၁၄ ဦးကို မတ် ၁၃ ရက် မွန်းလွဲပိုင်းက အင်းစိန်တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးခဲ့သည်။
အဆိုပါ အလုပ်သမား ၁၄ ဦးကို ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ ဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်ရာတွင် တရားစွဲဆိုခဲ့ပြီး ယခု ဒုတိယအကြိမ် ရုံးထုတ်ရာတွင် ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆိုခဲ့ကြောင်းလည်း သိရသည်။
အလုပ်သမား ၁၄ ဦးအနက်မှ အလုပ်သမား ၁၃ ဦးကို အင်းစိန်မြို့နယ် တရားသူကြီးက အာမခံပေးခဲ့ပြီး ရုံးချိန်းပြန်လည် ချိန်းဆိုလိုက်ကြောင်း သိရသည်။
“အလုပ်သမား ၁၄ ဦးစလုံးကို ပုဒ်မ ၁၄၇ အပြင် ပုဒ်မ ၁၈ ပါ ထပ်ပြီး တပ်လိုက်ပါတယ်။ သူတို့လမ်းလျှောက်ရာမှာ ခွင့်ပြုမိန့် မတင်ဘူးဆိုပြီးတော့ပါ။ မြို့နယ်တရားသူကြီးက အလုပ်သမား ၁၄ ဦးထဲမှ ၁၃ ဦးကိုတော့ အာမခံပေးလိုက်ပါတယ်။ ကိုစိုင်းလို့ ခေါ်တဲ့ အလုပ်သမားတစ်ယောက်ကတော့ ၅ဝ၅ (ခ)ရယ်၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၁၈ သုံးခုလုံး စွဲထားခံရပြီး သူ့ကိုတော့ တရားရုံးက အာမခံမပေးလိုက်ပါဘူး။ အာမခံပေးတဲ့
အထဲမှ အသက်မပြည့်သေးတဲ့ ကလေးကိုလည်း သီးခြားစစ်ဆေးပါတယ်၊ အလုပ်သမား ၁၄ ဦးကို ရန်ကင်းတရားရုံးကို ပြောင်းစစ်ရမယ်လို့ လာပြောတယ်။ ဒါပေမဲ့အတည်တော့ မဖြစ်သေးပါဘူး”ဟု အလုပ်သမားများ၏ ရှေ့နေဖြစ်သူ ဦးနေလင်းအောင်က မတ် ၁၃ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။
မတ် ၄ ရက်၊ ညနေပိုင်းက အင်းစိန်မြို့နယ်၊ အမှတ် (၄) လမ်းမကြီး၊ တညင်းကုန်း လမ်းဆုံအနီး၌ ရွှေပြည်သာစက်မှုဇုန်ရှိ စက်ရုံနှစ်ရုံမှ အလုပ်သမားများ လမ်းလျှောက် ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့မှ ပိတ်ဆို့တားဆီး အင်အားသုံးဖြိုခွင်းခဲ့ကာ အလုပ်သမားဘက် မှ အမျိုးသား ရှစ်ဦး၊ အမျိုးသမီးခြောက်ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။
ရွှေပြည်သာစက်မှုဇုန် အပိုင်း ၁၊ ၂၊ ၃ အတွင်း အခြေခံလစာ တိုးမြှင့်ပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြရာတွင် E,Land Myanmar Garment စက်ရုံ၊ Ford Glory Garment စက်ရုံမှ အလုပ်သမားများနှင့် COSTEC INTERNATION CO;LTD (Garment) စက်ရုံမှ အလုပ်သမား တစ်ထောင်ကျော် ပူးပေါင်းပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ဖေဖော်ဝါရီ ၂ဝ ရက် ညနေပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Writer:
မင်းခန့်ဖြိုးEleven Media Group
Friday, March 13, 2015
လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအတွင်း ဖမ်းဆီခံသတင်းထောက် ၂ ဦး လွတ်မြောက် (မေးမြန်းချက်)
လက်ပံတန်း ကျောင်းသား သပိတ်ဖြိုခွဲမှုအတွင်း အဖမ်းခံခဲ့ရတဲ့ သတင်းထောက် ၂ ယောက် မတ်လ ၁၃ ရက် မွန်းလွဲပိုင်းက ပြန်လွတ်မြောက်ခဲ့ပါတယ်။
မြန်မာပို့စ်ဂျာနယ်သတင်းထောက် ကိုဥာဏ်လင်းထွန်းနဲ့ ရီပို့တာဂျာနယ်သတင်းထောက် ကိုဖြိုးအောင်မြင့်တို့ ၂ ယောက်ဟာ ကျောင်းသား တယောက်နဲ့အတူ ပြန်လွတ်လာတာဖြစ်ပြီး သူတို့ ၂ ယောက်စလုံးဟာ ကျောင်းသားတွေနဲ့အတူ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာပို့စ်ဂျာနယ်သတင်းထောက် ကိုဥာဏ်လင်းထွန်းက သူ့ကိုဖမ်းစဉ် သတင်းထောက်လို့ ပြောတာကိုပင် သတင်းထောက်လဲဖမ်း ဒီကောင်တွေ ဖွတာဆိုပြီး ဖမ်းတဲ့အကြောင်း၊ တိုင်းဒုရဲမှူးကြီးနန္ဒ၀င်းကိုယ်တိုင် သူ့ဖုန်းကိုသိမ်းပြီး ဖွတဲ့ကောင်ဖမ်းဆိုပြီး ဖမ်းဆီးခဲ့တဲ့ အကြောင်း၊ အေးအေးသက်သာ အဖမ်းခံခဲ့ပေမယ့် ဘုန်းကြီးကျောင်းထဲမှာ ပုံစံထိုင်ခိုင်းပြီး ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြရာမှာ ၀ိုင်းရိုက်တဲ့ရဲတွေဟာ သူတို့ကို အမျိုးမျိုးလှောင်ပြောင်ပြီး အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ကြကြောင်း ပြောပါတယ်။
မြန်မာပို့စ်ဂျာနယ်သတင်းထောက် ကိုဥာဏ်လင်းထွန်းကို သာယာဝတီထောင်က လွတ်လာလာချင်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းခွင့် ရခဲ့ပါတယ်။
သတင်းထောက်နှစ်ယောက်စလုံးကို ကွင်းလုံးကျွတ်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no
အကြမ်းဖက်ဖြိုခွဲမှုဖြစ်စဉ်မှာ ကျောင်းသားတွေအနိုင်ရတယ်လို့ ဆရာတော်အရှင်ဆန္ဒာဓိက မိန့်(ရုပ်-သံ )

လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲပြီး ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ဖြစ်ရပ်မှာ ကျောင်းသားကျောင်းသူတွေဘက်က အနိုင်ရရှိတယ်လို့ ရွှေပါရမီပညာရေး ဖောင်ဒေးရှင်းဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ကြားလိုက်ပါတယ်။ ဆရာတော်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက လျှောက်ထားမေးမြန်းခဲ့ပါတယ်။
အာဏာရှင်အကျင့် မပျောက်သည့် အစိုးရ မိဘပြည်သူများခင်ဗျားဟု ရင်ထဲက မပါဘဲ နှုတ်ခွန်းမဆက်သင့်တော့ဟု အရှင်ဆန္ဒာဓိက မိန့်''

မဇ္ဈိမ၊ ၁၃ မတ် ၂၀၁၅
လက်ပံတန်း ကျောင်းသားပိတ်ကို အကြမ်းဖက် ဖြိုခွင်းပြီးနောက် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရကို နိုင်ငံတကာ အပါအဝင် အဖွဲ့အစည်းအသီးသီးမှ ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် အများကြည်ညိုလေးစားပြီး ဓမ္မစာပေများ ရေးသားနေသည့် အရှင်ဆန္ဒာဓိက,ကလည်း ရင်ထဲက မပါသည့် မိဘပြည်သူများ ခင်ဗျား အသုံးအနှုန်း မသုံးနှုန်းသင့်တော့ကြောင်း မိန့်ကြားလိုက်သည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် မတ်လ ၁၂ ရက်က ကျင်းပသည့် လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းခံရမှု ရှုတ်ချပွဲသို့ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ပေးပို့သည့် သဝဏ်လွှာတွင် ရေးသားထားခြင်း ဖြစ်သည်။
လစဉ် ရေဒီယို မိန့်ခွန်းများတွင် သမ္မတ ဦးသိန်းစိန် အစချီပြောဆိုလေ့ရှိသည့် "မိဘပြည်သူများ ခင်ဗျာ" ဟူသည့် နှုတ်ခွန်းဆက်စကားသည် အပေါ် ယံဟန်ပြသာဖြစ်ပြီး ရင်ထဲက မပါသည့် လေသံဖြင့် မပြောဆိုသင့်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။ "မိဘ ပြည်သူများ ခင်ဗျာ ဆိုတဲ့ နှုတ်ခွန်းဆက် စကားကို ရင်ထဲက မပါတဲ့လေသံနဲ့ အပေါ်ယံဟန်ပြ မပြောဆိုသင့်သလို သားသမီးကျောင်းသား၊ ကျောင်းသူတို့ရေ ဆိုတဲ့ နှုတ်ခွန်းဆက်စကားကို မိဘကောင်း တစ်ယောက်ရဲ့ စစ်မှန်တဲ့ မေတ္တာ နှလုံးသားနဲ့ ကရုဏာသံပြည့်ဝစွာ နွေးနွေးထွေးထွေး ပြောဆိုနိုင်ဖို့ကိုလည်း လုံးဝန် ဝန်မလေးသင့်ပါဘူး" ဟု အရှင်ဆန္ဒာဓိက,က ဆိုသည်။
မတ်လ ၁၀ ရက် လက်ပံတန်းတွင် ပေါ်ပေါက်ခဲ့သည့် ကျောင်းသား သပိတ်ဖြိုခွင်းမှုတွင် ကျောင်းသားများနှင့် အရပ်သား ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့သည့် ဖြစ်စဉ်ကိုလည်း "အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ လူကြီးလူကောင်းဆန်စွာ ဒီမိုကရေစီနည်းကျ ဖြေရှင်းကြပါ" ဟုလည်း အရှင်ဆန္ဒာဓိက,က တိုက်တွန်းထားသည်။
အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် အစိုးရတစ်ရပ်သည် အာဏာရှင် အမူအကျင့် မပျောက်သည်ကို လက်ပံတန်း အကြမ်းဖက်မှုက သက်သေ ပြလိုက်ခြင်းဟုလည်း အရှင်ဆန္ဒာဓိက, က ရည်ညွှန်းခဲ့သည်။ "ဘုန်းကြီးလူထွက်ဟာ ဘုန်းကြီး အမူအကျင့် မပျောက်သလို အာဏာရှင် လူထွက်ဟာလည်း အာဏာရှင် အမူအကျင့် မပျောက်ဘူး ဆိုတာကို လက်ပံတန်း အကြမ်းဖက်မှုက ထင်ရှားစွာ သက်သေပြလိုက်ပါပြီ" ဟု သဝဏ်လွှာတွင်ပါရှိသည်။
မတ်လ ၅ ရက် ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့တွင် ကျောင်းသားသပိတ်ဖေါ်ဆောင်မှုကို ထောက်ခံဆန္ဒပြသူများအား လက်ပတ်နီ အရပ်သားများ၊ စွမ်းအားရှင်များက ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး မတ်လ ၁၀ ရက်တွင် ထပ်မံပေါ်ပေါက်ခဲ့သည့် အကြမ်းဖက် ဖြိုခွင်းမှုများကို ရည်ညွှန်းလျက် အဆိုပါ လုပ်ရပ်များသည် အာဏာရှင် လူထွက်တို့၏ လုပ်ဆောင်ချက်ဟုလည်း ဆရာတော်က ဆိုသည်။
"အာဏာရှင် လူထွက်တွေရဲ့ သရုပ်သကန်ကို အမှန်အတိုင်း ထုတ်ဖေါ်ဝန်ခံလိုက်တာပါပဲ" ဟု ဆိုကာ "နိုင်ငံတော် အကြီးအကဲအားလုံးနီးပါးနဲ့ ဒေသဆိုင်ရာ အကြီးအဲအားလုံးနီးပါးဟာ အာဏာရှင် လက်ထက်က အစိုးရအဖွဲ့အစည်းထဲမှာ ဦးဆောင်ပါဝင်ခဲ့ကြသူတွေဖြစ်လို့ အာဏာရှင် လူထွက်တွေပဲ" ဟုလည်း ဆရာတော်က ဆိုသည်။ မြန်မာနိုင်ငံသားအားလုံး မင်းကောင်းမင်းမြတ် ခေါင်းဆောင်ကောင်းနဲ့ အမြန်ဆုံး တွေ့ကြုံဆုံဆည်းခွင့် ရကြပါစေဟုလည်း ဆရာတော်၏ သဝဏ်လွှာ နိဂုန်းတွင် ဆုမွန်တောင်းထားသည်။
မတ်လ ၁၀ ရက် လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း ဖြိုခွင်းမှုတွင် ကျောင်းသား၊ အရပ်သား ၁၂၇ ဦးထိန်းသိမ်းခံခဲ့ရသည်။ ထိန်းသိမ်းခံခဲ့ရသူများထဲမှ ၁၇ ဦးကို မတ်လ ၁၂ ရက်က ပြန်လည်လွှတ်ပေးပြီးဖြစ်သည်ဟု အစိုးရ တာဝန်ရှိသူများက ဆိုသည်။ ကျောင်းသား သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွင်းမှုအတွက် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်တွင် "ဥပဒေအရ" လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက တုန့်ပြန်ထားသည်။
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး မဖြိုးဖြိုးအောင်လည်း ပါဝင်နေရာ ပြန်လွှတ်ပေးရန် အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူဘုရ့်က မတ်လ ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုထားသည်။
ကျုပ်!! အပြင်းအထန်ရှုံ့ချ၊ကန့်ကွက်တယ်
ကျုပ်အတွက် “လူဆိုး”လို့သတ်မှတ်လိုက်တဲ့ တပည့်တစ်ယောက်မျှမရှိ။
အများက“လူဆိုး”လို့သတ်မှတ်ထားတဲ့ ကလေးတွေ ကျုပ်ဆီရောက်တဲ့အခါ .......
ချစ်စရာလေးတွေဖြစ်နေပြန်ရော။
ကိုယ့်ကလေးကို ဘယ်မိဘမျှဆိုးတယ်လို့မထင်...ဒါဘဲ့ထင်ပါရဲ့.....
ကလေးအားလုံးကို ..ငါ့သားသမီးများဖြစ်ရင်..ဆိုတဲ့ စိတ်မွေးလိုက်တာနဲ့..
အားလုံးဟာ ချစ်စရာလေးတွေဖြစ်သွားပြန်ရော..။
-------------------------------------------------------------------------------
သမ္မတကြီးပြောပြောနေတဲ့ “မိဘပြည်သူများ ခင်ဗျား” ဆိုတဲ့အထဲ..
မိဘနေရာမှာကျုပ်တို့မပါသလို ပြည်သူများနေရာတွင်လည်း ကျုပ်တို့သားသမီး
“ကျောင်းသား၊ကျောင်းသူ”ကလေးတွေမပါဘူးတဲ့လား။
-----------------------------------------------------------------------------
တာဝန်ရှိသူတွေက ဥပဒေနှင့်အညီဆောင်ရွက်ပါတယ်လို့ ..မည်သို့ပင်ဆိုစေကာမူ
မျက်မြင်ကိုယ့်တွေ့တွေအရ ဥပဒေနှင့်မညီဆောင်ရွက်သွားတာ(ဆောင်ရွက်နေတာ)
အခုထိမြင်နေရဆဲ....
ဒါကို တာဝန်ခံမဲ့ အစိုးရပိုင်းက တစ်ယောက်မျှထွက်မလာသေး။
-----------------------------------------------------------------------------
ကျုပ်တို့ သား ၊သမီး တွေ ကိုဆိုးတယ်လို့သတ်မှတ်မယ်ဆိုရင်....
အခုလိုရက်ရက်စက်စက်(ဖမ်းလာပြီးမှ လူမဆန်စွာရိုက်နှက်)ကြတဲ့
သူတွေ ၊ဒီလိုလုပ်ခွင့်ပြုတဲ့ သူတွေကို ဘယ်လိုသတ်မှတ်ရမလဲ။
လူမဆန်ဘူးဆိုမှတော့......
----------------------------------------------------------------------------
“အမျိုးသားပညာရေးဥပဒေ” ထွက်လာပြီးနောက် ......................
တာဝန်ရှိဆုံး ..ပညာရေးဝန်ထမ်းများ(မူပြမှအစ....တက္ကသိုလ် ပါချုပ်အထိ။မြို့နယ်/ခရိုင်/တိုင်း ပညာရေးညွှန်ကြားရေးမျူးများ)
ဒီဥပဒေကို ဘာမှန်းမသိကြ။ကလေးတွေထအော်မှ တချို့ပြူးတူးပြဲတဲဟိုမှာဒီမှာ
လှန်လှောရှာ၊အများစုက အခုထိဘာမျှမသိ၊
--------------------------------------------------------------------------------
ကျုပ်တို့သားသမီးတွေက ..ဒီပညာရေးဝန်ထမ်းတွေအတွက် အသက်ပေးလို့
ဆုံးရှုံးနေတဲ့ သူတို့အခွင့်အရေးကိုတောင်းဆိုပေးနေတာကို ..
အခုထိ ဘယ်တက္ကသိုလ်၊ကောလိပ်၊အထက၊ကျောင်းတွေကမှ ကန့်ကွက်ရှုံ့ချတာတွေ
မလုပ်ကြ။အံ့သြရပါပေ့။
-------------------------------------------------------------------------------------
ကျုပ်....
(၁)ရန်ကုန်၊လက်ပံတန်းကျောင်းသားသပိတ်ကို လူမဆန်စွာဖြေရှင်းသောပတ်သက်
ပါဝင်သူအားလုံးကို ပြင်းထန်စွာရှုံ့ချ၊ကန့်ကွက်သည်။
(၂)မိမိတို့အတွက်လုပ်ဆောင်ပေးနေသည်ကိုအသိအမှတ်မပြုသော ပညာရေးဝန်ထမ်းပညာရေးဝန်ထမ်းများ
(မူပြမှအစ....တက္ကသိုလ် ပါချုပ်အထိ။မြို့နယ်/ခရိုင်/တိုင်း ပညာရေးညွှန်ကြားရေးမျူးများ)အားလုံးကို
ပြင်းထန်စွာရှုံ့ချသည်။
လွင့်မောင်မောင်(ထားဝယ်)
ဦးအေးမင်း (အောင်မြေ)
ဖုန်ကြားရှင်းအဆက်ဟုဆိုကာ ရန်ကုန်ရောက် ကိုးကန့်စီးပွားရေးသမားတဦးအသတ်ခံရ
ရန်ကုန်မြို့နေ စီးပွားရေးလုပ်ငန်းရှင် ဦးလှဝင်း ဆိုသူအား
စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ စရဖ ကခေါ်ယူ စစ်ဆေးရာမှ သေဆုံးသွားသည်ဟု
သိရသည်။
ဖေဖေါ်ဝါရီ ၂၃ ရက်နေ့က မင်္ဂလာဆောင်ပွဲမှအပြန် ၎င်းအားရုံးသို့ ခေတ္တလိုက်ရန် စရဖ တပ်ဖွဲ့က ခေါ်ဆောင်သွားပြီးနောက်ပိုင်းမိသားစု နှင့် ၁၁ ရက်ကြာ အဆက်သွယ်ပြတ်သွား ခဲ့သည်ဟုဆိုသည်။
မတ်ခ်ျလ ၅ ရက်နံနက်ပိုင်းမှ စရဖ တပ်ဖွဲ့က ၎င်းမိသားစုထံ မင်္ဂလာဒုံစစ်ဆေးရုံ၌ ဦးလှဝင်း သေဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြားသည်ဟု အမည်မဖ်ါလိုသူ ရန်ကုန်မြို့ နေ တရုတ်အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ပြောသည်။
“ ဦးလှဝင်းဟာ ဖုန်ကြားရှင်းအဖွဲ့ရဲ့ စီးပွားရေး တာဝန်ခံ။ လျှို့ဝှက်ထောက်ပံ့မှုတွေ ပေးနေ တယ် စသဖြင့် စရဖ ဖက်ကစွပ်စွဲတယ်။ ဖမ်းဆီးရိုက်နှက်စစ်ဆေးတယ်။ မျက်နှာက စုတ်ပြတ် နေတယ်။ ဝမ်းဗိုက်မှာလည်း ဒဏ်ရာ ဒဏ်ချက်တွေနဲ့။ မတ်ခ်ျလ ၄ ရက်နေ့မှာ ဆုံးတယ်လို့သူတို့ပြောတယ်” - ဟု အဆိုပါတရုတ်ကြီးက ပြောသည်။
ဦးလှဝင်းအား မတ်ခ်ျ ၆ ရက်နေ့က မီးသင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း၊ မိသားစုဝင်များအား လည်း အသုဘသို့ ဝင်ရောက်ခွင့်မပေးကြောင်း၊ ကိုးကန့်ယဉ်ကျေးမှု အသင်းမှ ၃ ဦး သာ တက်ခွင့်ပြုကြောင်း ကိုးကန့်ယဉ် ကျေးမှု အသင်းဝင် တဦးက ပြောသည်။
“ဦးလှဝင်းက ကျနော်တို့ နဲ့ မသက်ဆိုင်ဘူး။ နိုင်ငံရေးကအစ စီးပွားရေးအဆုံး ဘာတခုမှ သက်ဆိုင်တာ မရှိဘူး၊ သူ့ဟာသူဘဲစီးပွားရေးလုပ်နေတယ်။ ဒီသတ်ဖြတ်မှုက မတရားမှုပဲ။ မြို့ပေါ်မှာ သတ်ဖြတ်ခံရတဲ့ ကိစ္စ၊ လောက်ကိုင်မှာ သတ်ဖြတ်ခံရတဲ့ကိစ္စတွေ။ စုံစမ်းစစ်ဆေး ပေးဖို့ လိုအပ်ပါတယ်” - ဟု ဖုန်ကြားရှင်း တပ်ဖွဲ့ အမည်ရ MNDAA ပြောခွင့်ရ ဦးထွန်းမြတ် လင်းကပြောသည်။
ဦးလှဝင်း ခေါ် လီကော်ကွန်း (Li Guoquan) သည် ကိုးကန့်ယဉ်ကျေးမှုအသင်း ဒုတိယ ဥက္ကဌ (ဟောင်း) ဖြစ်ခဲ့ပါသည်။ ၎င်းသည် မြန်မာနိုင်ငံ၏ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အသင်းတွင်လည်း ပါဝင်သည်။
ဦးလှဝင်းတွင် ဇနီးသည်နှင့် သား တဦး၊ သမီး နှစ်ဦး၊ အသက် ၈၀ ကျော် မိခင်တို့ ကျန်ရစ်သည်ဟု သိရသည်။
သျှမ်းသံတော်ဆင့်
![]() |
စရဖ ကခေါ်ယူ စစ်ဆေးရာမှ သေဆုံးသွားသူ ရန်ကုန်မြို့နေ စီးပွားရေးလုပ်ငန်းရှင် ဦးလှဝင်း ခေါ် လီကော်ကွန်း |

ထိုင်း အငှား မော်တော်ဆိုင်ကယ် လုယက်သူ မြန်မာ ၄ ဦးကို ဖမ်းဆီး
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အငှား မော်တော်ဆိုင်ကယ်ကို ဓားနဲ့တေ့ လုယက်တဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိတယ်လို့ မဲဆောက်ရဲတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးထားတဲ့သူတွေကတော့ အောင်ဝင်းထွန်း ( ၂၁ ) နှစ်၊ မောင်ကျော် ( ၂၀ ) နှစ်၊ အောင်ထွန်း ( ၂၁ ) နှစ် နဲ့ ကိုချိုင်း ( ၂၁ ) နှစ်တို့ ဖြစ်ပြီး မတ် ၁၂ ရက် မနက်ပိုင်းက အငှားဆိုင်ကယ် မောင်းနှင်တဲ့ ထိုင်းအမျိုးသမီး ၂ ဦးဆီကနေ ဆိုင်ကယ် ၂ စီးလုယက်သွားတာလို့ ရဲဝန်ထမ်းက ပြောပါတယ်။
မဲဆောက်မြို့လယ်ရပ်ကွက်ကနေ မြို့ပြင်ဘက်ကို လိုက်ပို့ပေးဖို့ ဆိုင်ကယ် ၂ စီးကို လူ ၄ ဦးက ငှားရမ်းခဲ့ပြီး လူပြတ်တဲ့နေရာ အရောက် အပေါ့သွားမယ်လို့ ပြောကာ ဆိုင်ကယ်ရပ်ခိုင်းကြောင်း၊ ဒီနောက် ဆိုင်ကယ်မောင်းတဲ့ အမျိုးသမီး ၂ ဦးကို ဓားဖြင့်ခြိမ်းခြောက်ခဲ့ပြီး အမျိုးသမီးများ ထွက်ပြေးတာနဲ့ ဆိုင်ကယ်ကို မောင်းပြေး သွားကြောင်း ၊ အမျိုးသမီးတွေက ရဲစခန်းကို တိုင်ကြား ခဲ့ရာမှာ မြန်မာ ဘက်ခြမ်းမကူးခင် ဖမ်းဆီးရမိခဲ့တာလို့ ရဲက ပြောပါတယ်။
ဖမ်းဆီးစစ်ဆေးချက်အရ သူတို့မှာ အလုပ်သမားကဒ်မရှိဘဲ မြန်မာဘက်ခြမ်းနဲ့ မဲဆောက်ဘက်ခြမ်းကို သွားလာလုပ်ကိုင် ကျင်လည်ကျက်စားနေကြောင်း ၊ ဒီမတိုင်ခင်ကလည်း ခုလိုဆိုင်ကယ်လုယက်မှု ၂ ကြိမ် ကျူးလွန်ခဲ့ပြီး မြန်မာဘက်ခြမ်းမှာ ပြန်ရောင်းတယ်လို့ ၀န်ခံသွားတယ်လို့ ဆိုပါတယ်။
သူတို့ ၄ ဦးကို လက်နက်မှု လုယက်မှုတွေနဲ့ ဆက်လက်အရေးယူဖို့ မဲဆောက်ရဲစခန်းမှာ ထိန်းသိမ်းထား ပါတယ်။
By ဒီဗွီဘီ
ကိုးကန့် လောက်ကိုင်ဒေသ မတည်ငြိမ်သေး
မြန်မာ့တပ်မတော်က ထိုးစစ်တွေ တိုးမြှင့်လာနေတာကြောင့် ကိုးကန့်ဒေသတ၀ိုက်ရဲ့အခြေအနေ တည်ငြိမ်မှုမရှိတဲ့အကြောင်း ကိုးကန့် တပ်ဖွဲ့က ပြောပါတယ်။ လောက်ကိုင်မြို့ရဲ့ အခြေနေလည်း အရင်အတိုင်း ပုံမှန်ပြန်ဖြစ်ဖို့ မလွယ်သေးသလို လူအများစုဟာ တရုတ်ပြည်ဘက်ခြမ်း ဒုက္ခသည် စခန်းတွေမှာ ဆက်လက် ခိုလှုံနေရဆဲပဲလို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်း ထားပါတယ်။
ရှမ်းပြည်နယ် လောက်ကိုင်မြို့ရဲ့ အရှေ့တောင်ဖက်ခြမ်း ဖုန်းရှမ်းဒေသက ကိုးကန့်တပ်ဖွဲ့တွေကို မြန်မာ့တပ်မတော်က ဒီကနေ့မှာ လေကြောင်းစစ်ဆင်ရေးတွေ လုပ်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။
“ဒီနေ့လည်း သူတို့ ဗုံးပါ ကြဲပါတယ်။ ကုန်းကြမ်းဒေသမှာ။ လောက်ကိုင်ရဲ့ အရှေ့တောင်ဘက်ဖြစ်မှာပေါ့ဗျာ။ ကုန်းကြမ်းတောင်ဘက် မှာ လေယာဉ်သုံးမျိုးလုံးသုံးတယ်ဗျ။ ဗုံးကြဲလေယာဉ်လည်းသုံးတယ်။ ပြီးတော့ fighter လည်းသုံးတယ်။ ပြီးတော့ ဟယ်ရီကော့ပတာလည်း သုံးတယ်။ လောလောဆယ် အဲဒီမှာ ဗုံးကြဲနေတုန်းပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကျနော်တို့ဘက်ကတော့ ဒဏ်ရာရတာတော့ ရှိပါတယ်။ ကျတာ မရှိဘူးဗျ၊ ကျနော်သိသလောက်ကတော့။ တဘက်ကတော့ ကျနော်ကြားတာကတော့ ကျတာလည်းရှိတယ်။ ဒဏ်ရာရတာလည်းရှိတယ်လို့ ပြောပါတယ်ခင်ဗျ။”
ဒီကနေ့ထုတ် မြန်မာအစိုးရသတင်းစာတွေမှာတော့ လောက်ကိုင်မြို့က နေအိမ်နှစ်လုံးကို ဝင်ရောက်ရှာဖွေရာမှာ လက်နက်နဲ့ မူးယစ်ဆေးဝါး တွေ ဖမ်းမိခဲ့ပြီး လောက်ကိုင်မြို့အနီးတ၀ိုက်မှာ ကိုးကန့်တပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်တာကြောင့် အစိုးရတပ်ဖက်က ပြန်လည်တိုက်ခိုက် ခဲ့ရကြောင်းဖေါ်ပြထားပါတယ်။ လောက်ကိုင်မြို့ကအခြေအနေတွေဟာ အရင်လိုပုံမှန် ပြန်မဖြစ်သေးပဲ မြို့ခံတွေ စိုးရိမ်နေရဆဲပဲလို့ ကိုးကန့် တပ်ဖွဲ့ရဲ့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။
“ကျနော်ကြားသိသလောက်တော့ နည်းပါတယ်၊ ပြန်တာ၊ ညကျတော့ သူတို့ အဲဒီမှာ လောက်ကိုင်မှာ မအိပ်ရဲပါဘူး။ ဘာလို့လဲဆိုတော့ ပြန်တဲ့လူတွေ၊ လူငယ်တွေပေါ့။ အထူးသဖြင့်၊ လူငယ်တွေကလည်း အသတ်ဖြတ်ခံရတာတွေလည်းရှိတယ်။ အရင်တုန်းကလောက် မများပေမယ့် ရှိတယ်။ ဒီလို နေ့ခင်းကြောင်တောင်ကြီးမှာလည်း သတ်ဖြတ်ခံရတာ ရှိသေးတယ်ဗျ။ အဲဒါကြောင့်မို့လို့ပါ၊ ညဆို ပိုစိုးရိမ်ရပါတယ်။ နေ့ပိုင်းလာပြီးတော့ ခနပြန်ပြီးတော့ အိမ်ကြည့်ပြီးတော့ ဒုက္ခသည်စခန်းကိုပဲ ပြန်သွားကြတယ်လို့ ပြောကြပါတယ်။ အဲဒီတော့ သွားလာတာတွေ တော်တော်လေးကို အဆင်မပြေဘူးဖြစ်ပါတယ်။”
ဒီလို အခြေအနေတွေကြောင့် ကိုးကန့်ဒေသခံ ဒုက္ခသည်တွေဟာ တရုတ်ပြည်ဖက်ခြမ်း နမ်ဆမ်းဒုက္ခသည်စခန်းမှာပဲ ခိုလှုံနေရဆဲဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
“ကျနော်သိသလောက်ကတော့ တရုတ်ပြည်၊ နန်ဆမ်မြို့နယ်မှာ၊ မြို့နယ်မှာပေါ့နော- အဲဒီမှာပဲ ဒုက္ခသည်စခန်းတွေ ရှိတယ်ပြောတယ်။ အရင်တုန်းကတော့ တရုတ်ပြည်ဘက်က လုပ်ထားပေးတယ် ပြောတယ်။ အခုကျတော့ တရုတ်ရဲ့ကြက်ခြေနီအသင်းက လာပြီးတော့ အဓိကတာဝန်ယူပြီးတော့ လုပ်နေတယ်ပြောတယ်ဗျ။ အဲဒီမှာ နေနေကြတယ်။ ကျနော်ကြားတာတော့ နေရာထိုင်ခင်းလည်းပေးပါတယ်။ အစားအသောက်တွေလည်း ပေးပါတယ်။”
လက်ရှိအနေအထားတွေအပေါ် လေ့လာချက်အရ ရှေ့ဆက်တိုက်ပွဲအခြေနေတွေ တိုးမြင့်လာမယ်လို့ ခန့်မှန်းကြောင်း ဦးထွန်းမြတ်လင်းက သုံးသပ်ပါတယ်။
“အခု တပ်မ (၁၆) ကလည်းရောက်နေပြီ။ အဲဒီတော့ တော်တော်လေးကို များနေပါပြီ။ ကျနော်တို့ ကိုးကန့်ဒေသထဲမှာ တပ်မတွေကိုက အများကြီဖြစ်နေပြီ။ တကခ တွေကော။ တပ်မတော်ဘက် ကနေပြောတာတော့ အပြတ်ချေမှုန်းမယ်လို့တော့ ကြိမ်းမောင်းထားပါတယ်ခင်ဗျ။ ကျနော်တို့ကတော့ ဆက်လက်ပြီးတော့ ခုခံရုံပဲရှိပါတယ်။”
အစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာတော့ ကိုးကန့်တပ်ဖွဲ့ရဲ့ခြုံခို တိုက်ခိုက်မှုကြောင့် အစိုးရတပ် စစ်သည် ၃ဦး ကျဆုံးပြီး အရာရှိ ၅ဦး ဒဏ်ရာရခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ မြန်မာအစိုးရနဲ့ စေ့စပ်ဆွေးနွေးဖို့ ကိုးကန့်တပ်ဖွဲ့က ကမ်းလှမ်းထားပေမယ့် ခုချိန်ထိ ဘာမှထူးခြားမှု မရှိသေးဘူးလို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။
ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
al-Shaba အကြီးအကဲတဦး drone ထိမှန်သေဆုံး
မောင်းသူမဲ့ Drone လေယာဉ်
13.03.2015
အမေရိကန်လက်ချက်ဖြစ်ဖွယ်ရှိတဲ့ မောင်းသူမဲ့ Drone လေယာဉ်
နဲ့တိုက်ခိုက်ခံရမှုကြောင့် al-Shaba စစ်သွေးကြွ ထိပ်တန်းခေါင်းဆောင် တဦး
သေဆုံးသွားတယ်လို့ Somalia နိုင်ငံ VOA သတင်းရင်းမြစ်တွေက ဆိုပါတယ်။
Somalia တောင်ပိုင်း Bardhere မြို့  အပြင်ဘက် ကြာသပတေးနေ့နှောင်းပိုင်း
မှာ မော်တော်ယာဉ်တစင်းကို Drone ထိမှန်ခဲ့တာ ဖြစ်တယ်လို့ Somali အရာရှိတွေ
al-Shaba နဲ့နီးစပ်သူတွေက VOA Somali ဌာနကို ပြောကြားခဲ့တာပါ။
ထိမှန်ခံရတဲ့မော်တော်ယာဉ်ဟာ al-Shaba လုံခြုံရေးဌာန Amniyat ရဲ့ အကြီးအကဲ Adan Garaar ပိုင်တဲ့ ကားဖြစ်တယ်လို့ ဆိုပါတယ်။ drone ကြောင့် အဲဒီမော်တော်ယာဉ် လုံးဝပျက်စီးပြီး Garaar လဲသေဆုံးသွားတယ်လို့ဆိုပါတယ်။ drone နဲ့တိုက်ခိုက်မှုကိုရော Garaar သေဆုံးမှုကိုပါ အမေရိကန် ဘက်ကအတ်ာမပြုသေးပါဘူး။
သေဆုံးသွားတယ်ဆိုတဲ့ Garaar ဟာ ၂၀၁၃ တုံးက လူပေါင်း ၆၀ ကျော် သေဆုံခဲ့ရတဲ့ Kenya နိုင်ငံ Westgate ဈေးဆိုင်တန်း ကို သေနပ်သမားတွေ စီးနင်းတိုက်ခိုက်မှုနဲ့ဆက်နွယ်နေသူဖြစ် ပါတယ်။

ဖမ်းဆီးခံရသော ကျောင်းသားများအား တာဝန်ကျ ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ဝင်များက အချုပ်ကားပေါ်၌ လူမဆန်အောင် ဥပဒေမဲ့ ရိုက်နှက်ခြင်း၊ စစ်ဆေးခြင်းများ ရှိနေ
ဖမ်းဆီးခံရသော ကျောင်းသားများအား ရဲတပ်ရင်း ၁၊ ၁ဝ နှင့် ၁၁ က အချုပ်ကားပေါ်၌ လူမဆန်အောင် ဥပဒေမဲ့ ရိုက်နှက်ခြင်း၊ စစ်ဆေးခြင်းများ ရှိခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသော ကျောင်းသားများထံမှ သိရသည်။
ထို့ပြင် ကျောင်းသားသပိတ်တွင် ဖမ်းဆီးခံရသည့် ကျောင်းသားများအား ရုံးထုတ်ရာတွင် လူထုရှေ့မှောက်တွင် မဟုတ်ဘဲ ညပိုင်းအထိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ ရှိနေသည်။
မတ် ၁၁ ရက်က လက်ပံတန်းမြို့နယ် တရားရုံးတွင် မွန်းလွဲပိုင်းမှစ၍ ည ၉ နာရီအထိ အကြမ်းဖက် ဖမ်းဆီးခံရသော သပိတ်မှောက် ကျောင်းသားများအား ရုံးထုတ်စစ်ဆေးခဲ့သည်။ ရုံးထုတ်စစ်ဆေးရာတွင်လည်း အများပြည်သူများ ဝင်ရောက်ကြည့်ရှု၍ မရဘဲ ရဲအင်အားများစွာဖြင့် လုံခြုံရေးကန့်သတ်ခဲ့သည်။ သတင်းမီဒီယာ များမှာလည်း တရားရုံးအတွင်းသို့ ဝင်ရောက်၍ သတင်းယူခွင့်မရှိပေ။ ထိုသို့ ပွင့်လင်းမြင်သာမှု မရှိဘဲ စစ်ဆေးမေးမြန်းသည့်အပေါ် ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က “ကျွန်တော့်အနေနဲ့ကတော့ ဒီလက်ပံတန်းဖြစ်ရပ် တစ်ခုလုံးကို တရားဥပဒေ စိုးမိုးမှုဆိုတာ ပျောက်ကွယ်နေတယ်လို့ ခံစားရပါတယ်။ အဲဒီတော့ ဒီဖြစ်စဉ် တစ်ခုလုံးမှာ တရားဥပဒေ စိုးမိုးမှုဆိုတာ မရှိဘူး။ ဒါဟာပြောရမယ်ဆိုရင် အရင်စစ်အာဏာရှင်တွေ လက်ထက်က လုပ်ထုံးလုပ်နည်းတွေ ပုံစံအတိုင်းပဲ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် ဒါတွေအကုန်လုံးက တရားဥပဒေပြင်ပက လုပ်နေသလို ခံစားရပါတယ်” ဟု ပြောကြားသည်။
ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသားများက ၎င်းတို့အကြမ်းဖက် ရိုက်နှက်ခံရခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ ကိုယ်တွေ့အဖြစ်အပျက်များကို ပြောကြားခဲ့ကြသည်။
“အဖမ်းခံရတာတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့ အဖမ်းခံခဲ့တယ်။ ဒါပေမဲ့ ဖြစ်စဉ်အတွင်းမှာ ရိုက်နှက်မှုတွေကို တော်တော်ကြီး ပြုလုပ်ခဲ့တယ်။ ဒီမိုကရေစီပညာရေး မရမချင်း ဆက်လက်တိုက်ပွဲ ဝင်သွားပါမယ်” ဟု ကျောင်းသားသပိတ် ဖြိုခွဲရာတွင် ဖမ်းဆီးခံရပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လွတ်လာသူ စစ်နိုင်အောင် (ရတနာပုံ တက္ကသိုလ် ဒုတိယနှစ်) ဆိုသည်။
မတ် ၁၁ ရက် ညပိုင်းရုံးထုတ်ချိန်၌ လက်ပံတန်းတရားရုံးရှေ့တွင် ပိတ်ဆို့ကာ လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များ
“ကျွန်တော်တို့ဖြစ်စဉ်က အငြိုးနဲ့ ဖြစ်သွားတာပေါ့။ ကျွန်တော်ကတော့ ရှောင်နိုင်လို့ ဂုတ်တစ်ချက်ထိသွားတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ သူတို့လွန်တယ်ဆိုတာ အသိသာကြီးပါ အသက်လုပြီး ထွက်ပြေးရတဲ့အချိန်မှာ ပစ္စည်းကို အာရုံမထားနိုင်ဘူး။ ဥပမာ မှတ်ပုံတင်၊ ကျောင်းသားကတ်၊ ဟန်းချိန်း၊ လက်စွပ်၊ ဆွဲကြိုးမရှိတော့ဘူး။ ရဲစခန်းကို သွားတော့စုံစမ်းမှာပါ။ လက်ပံတန်း ရဲစခန်းကို ပစ္စည်းပျောက်မှုနဲ့ သွားတိုင်ပါမယ်” ဟု ဆန်းလင်းထိုက် (ဟင်္သာတ နည်းပညာတက္ကသိုလ်) က ဆိုသည်။
ကျော်ဇင်သန့် (သန်လျင်နည်းပညာ တက္ကသိုလ်) က “ကျွန်တော်တို့ကိုဖမ်းပြီး အချုပ်ကားထဲ မထည့်ခင် ရဲတပ်ရင်း ၁၊ ၁ဝ၊ ၁၁ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းသားတွေ သပိတ်မှောက်စဉ်က ဟစ်ကြွေးပြီး ကြွေးကြော်သံ ပုံစံအတိုင်း ခွပ်ဒေါင်းသွေးတွေ နီသေးလား။ နီသေးရင် ရိုက်တယ်ကွာ။ တပ်မ ၁၁ က ရဲ ဘော်တွေ ညီရဲ့လားဟေ့။ ညီတယ်ဟေ့။ ညီတယ်ဟေ့။ သပိတ်မှောက်ချင်တဲ့ကောင်တွေ မှောက်ဦးမလား။ မှောက်ရဲရင် မှောက်လေကွာ။ မင်းတို့ကို ရိုက်ချင်လို့ ရဲထဲဝင်တာကွ။ ဆဲဆိုကြိမ်းဆဲကာ ကျောင်းသားတစ်ယောက်ကို ရဲအယောက် ၂ဝ လောက်က ဝိုင်းရိုက်တယ်။ ဘုန်းကြီးကျောင်းထဲမှာတင် ကျွန်တော်တို့တစ်တွေ လူ့အခွင့်ရေး ချိုးဖောက်ခံရတာပါ” ဟုဆိုသည်။
အိမ (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် - Law) က “ရဲတပ်ဖွဲ့ဝင်တွေကို လမ်းဖွင့်ပေးဖို့ ကောင်းကောင်းမွန်မွန် တောင်းဆိုတယ်။ မရဘူး။ ပြီးတော့ ကျွန်မတို့ကျောင်းသားတွေ လေးယောက်တစ်တွဲစီ စနစ်တကျ တိုးတယ်။ အရှေ့မှာရှိတဲ့ ရဲတွေက ဘာမှမလုပ်ပေမယ့်။ အနောက်မှာရှိတဲ့ ရဲတွေက နံပါတ်တုတ်တွေနဲ့ထိုးတယ်။ နောက်ထပ်ရဲတွေက နံပါတ်တွေနဲ့ ဝင်ရိုက်တာပဲ။ ကျွန်မတို့လည်းမခံနိုင်လို့ ဘုန်းကြီးကျောင်းထဲကို ဝင်ပြေးတယ်။ ဘုန်းကြီးကျောင်းထဲကို ဝင်ဖမ်းတော့ ပထမက ဘာမှမလုပ်ဘူး ကတိပေးလို့ ကျွန်မတို့ အပြင်ထွက်တယ်။ ကျွန်မတို့ကို တစ်ယောက်ကို ရဲအယောက် ၂ဝ လောက်က နံပါတ်တုတ်တွေနဲ့ ကောင်မတွေ ထွက်လာမလား။ မလာဘူးလား။ ရိုင်းရိုင်းစိုင်းစိုင်း လူတစ်ယောက်ပါးစပ်နဲ့ မတန်အောင်ကို ပြောဆိုတယ်။ မိန်းကလေးတွေကို တန်းစီပြီးရိုက်တယ်။ ခေါင်းမော့ကြည့်ရင်လည်း ကောင်မတွေ ညည်းတို့က ဘာကောင်မတွေလဲ ပြောပြီး ရဲမေတွေက ရိုက်တယ်။ ရဲသားတွေက ယောက်ျားလေးတွေကိုလည်း အဆက်မပြတ် ရိုက်တယ်။ အကောင်တွေ၊ ကောင်မတွေ နင်တို့ကို ရိုက်သတ်ချင်နေတာ။ ပုံစံထိုင်ခိုင်း အချိန်နည်းနည်းလေး ဒူးထောက်မိတာနဲ့ ကောင်မတွေ ငြိမ်ငြိမ်မနေဘူးလားဆိုပြီး နံပါတ်တုတ်နဲ့ ရိုက်တယ်။ ဘုန်းကြီးကျောင်းထဲမှာတောင် လူနဲ့မတန်တဲ့ စကားတွေ ပိုဆို ပက်စက်ပြောတယ်။ နင်တို့က ပညာတတ်တွေ မဟုတ်ဘူး။ အောက်တန်းစားမတွေလို့ ပြောတယ်။ အဲဒီရဲတပ်ရင်း ၁၊ ၁ဝ၊ ၁၁ ကို ဘယ်တော့မှ မကျေဘူး” ဟု ဆိုသည်။
မတ် ၁၂ ရက်က ကျင်းပသည့် ကျောင်း သား၊ ကျောင်းသူများနှင့် ပြည်သူလူထုကို ရက်စက်စွာ အကြမ်းဖက်နှိမ်နင်းမှုအား ကန့်ကွက်ရှုတ်ချခြင်း အခမ်းအနား၌လည်း အကြမ်းဖက်နှိမ်နင်းမှုကို ဝေဖန်သည့် ပြောကြားချက်များ အခမ်းအနား တက်ရောက်လာသူ အချို့က ပြောကြားခဲ့ရာ ယင်းအခမ်းအနား သို့တက်ရောက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “သာယာဝတီထောင်မှာ ရောက်ရှိနေတဲ့ ကျွန်တော်တို့ရဲ့ ညီနောင်ရဲဖော်တွေဟာ ရုံဝင်ခပေးနေရတယ်လို့ ကြားသိနေရပါတယ်။ ရုံဝင်ခဆိုတာ အဝင်မှာ ရိုက်တာကို ပြောတာပါ။ အရေးကြီးတာက ICRCကို အကြောင်းကြားပြီး ICRC အမြန်ဝင်ဖို့ လိုနေတဲ့အတွက် အမြန်ဆုံး အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံပါတယ်။ သူတို့ပြောနေတာက ဥပဒေနဲ့အညီ လုပ်ပါတယ်လို့ပြောတယ်။ အဲဒါ လုံးဝမဟုတ်ပါဘူး။ တိုင်းပြည်ကို လိမ်နေတာ၊ ကမ္ဘာကို လိမ်နေတာပါ။ နောက်တရားရေးနဲ့ ပတ်သက်လို့ ကျွန်တော်တင်ပြချင်တာက တရားရေးက အုပ်ချုပ်ရေးရဲ့အောက်ကို လုံးလုံးရောက် သွားရုံမကဘဲ ညနက်လို့ အမှောင်ထုထဲကို ဝင်သွားပြီဖြစ်ပါတယ်။ အဲဒီတော့ တရားရေးကို အားကိုးဖို့ကတော့ ရနိုင်တော့မယ် အနေအထား မရှိတော့ပါဘူး။ EU က သင်ပေးတဲ့ ရဲပညာဟာ ကျောင်းသားပြည်သူတွေနဲ့ သံဃာတော်တွေကို ရိုက်နှက်ဖို့ မဟုတ်ပါဘူး။ ဒီလိုမျိုး ပြည်သူလူထုကို အကြမ်းဖက်မှုကို လုပ်တဲ့လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချပါတယ်။ ဖမ်းဆီးခံထားရသူ အားလုံးကို ဘာပုဒ်ထီး ပုဒ်မမှ မတပ်ဘဲ ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ် ” ဟု ပြောကြားသည်။
“အစိုးရ တစ်ရပ်အနေနဲ့ ဥပဒေနဲ့အညီ ဖြေရှင်းခဲ့တယ်လို့ ပြောပေမယ့် အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုပါပဲ။ ဘယ်ခေတ် ဘယ်ကာလကမှန်း မသိတဲ့ ဥပဒေစာအုပ်ကြီးကို ဖုန်ခါပြီးပြောလိုက်ရုံနဲ့ အကြမ်းဖက်မှုက ပျက်ပြယ်ခြင်း မရှိပါဘူး။ အခုဒီပွဲမှာ လာရောက်တဲ့ပါတီ၊ အဖွဲ့အစည်းတွေလဲရှိတယ်။ မလာရောက်တဲ့ ပါတီ၊ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ မရောက်လာတဲ့ တချို့ပါတီ၊ အဖွဲ့အစည်းတွေကို ကျွန်တော်နည်းနည်း ပြောချင်တယ် ပါတီရဲ့ မှုဝါဒတွေ၊ အသင်းရဲ့ မူဝါဒတွေ ကြည့်မနေပါနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တယ်ဆိုတာ လူသားဝါဒပါ။ ပါတီရဲ့ မူဝါဒနဲ့ မကိုက်ညီဘူး ဆိုရင်တောင် လူသားဝါဒ၊ လူသားမူကို အခြေခံပြီး ဒီနေရာကို လာလို့ရသလို နောက်နောင် အကြမ်းဖက်မှုတွေကိုလည်း ဆန့်ကျင်သွားဖို့ လိုပါတယ်” ဟု ဘလော့ကာ ကိုနေဘုန်းလတ်က ပညာရေးပြုပြင် ပြောင်းလဲမှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုနေသော ကျောင်းသား/သူများနှင့် ပြည်သူလူထုကို ရက်စက်စွာအကြမ်းဖက် နှိမ်နှင်းမှုအား ကန့်ကွက်ရှုတ်ချခြင်း အခမ်းအနား၌ ပြောကြားသည်။
ရှေ့နေများကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က “ထောင်ထဲကိုအဝင်မှာ ရိုက်မောင်း ပုတ်မောင်းတာတွေ ရှိတယ်လို့လည်း ကြားရတယ်။ အဲဒါလည်းပဲ ဒါဟာမဖြစ်သင့်ဘူး။ ဒါဟာစစ်အာဏာရှင်စနစ် လက်အောက်က လုပ်ရပ်မျိုးတွေပဲ။ ဘာမှ ပြောင်းလဲမှုမရှိဘူး။ သရုပ်ပေါ် သွားပြီပေါ့ဗျာ။ အင်အားအလွန်အကျွံသုံးပြီးတော့ ဖမ်းဆီးတာတွေ မလုပ်ရဘူး။ ဒါတွေဟာ ဥပဒေနဲ့ မညီတာတွေပေါ့ဗျာ” ဟု ဝေဖန်ပြောကြားသည်။
မတ် ၁၁ ရက် ညပိုင်း ရုံးထုတ်ပြီးချိန်၌ လက်ပံတန်းတရားရုံးမှ သာယာဝတီထောင်သို့ ပြန်လည်ထွက်ခွာစဉ်
ထိုနည်းတူစွာ တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရည်ကလည်း “တရားရုံးလက်စွဲမှာတော့ တရားသူကြီးဟာ တရားရုံးမှာ ရှိနေရင် စစ်ဆေးမေးမြန်းလို့ ရတယ်လို့ ပြဋ္ဌာန်းထားတယ်။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရ လက်ထက်မှာ ဒါမျိုး ညဘက်ရုံးထုတ် စစ်ဆေးတာတွေ မတွေ့ရဘူး။ တကယ် တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက် ဖြစ်စေတဲ့ လူဆိုး၊ လူမိုက်တွေကိုတောင်မှ ဒီလိုမျိုး ညအချိန်မတော် ရုံးထုတ်တာတွေ မရှိဘူးဆိုတော့ ဒါဟာ လုံးဝဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူးပေါ့ဗျာ” ဟု ဝေဖန်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက “ဥပဒေအရကတော့ လုပ်လို့ရတယ်။ ရုံးချိန်ကတော့ ၅ နာရီ ပေါ့နော်။ ဒါပေမဲ့ ရုံးချိန်းကျော်သွားရင်လည်း လုံခြုံရေးကိစ္စဆိုရင် ခြွင်းချက်အနေနဲ့ တရားသူကြီးရှေ့မှောက်မှာ ဒီလို စစ်ဆေးမေးမြန်းလို့ ရပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာဟာ ဘယ်လိုလုံခြုံရေးကိစ္စ၊ ဘယ်လိုခြွင်းချက်မျိုးနဲ့ ငြိစွန်းသွားလို့လဲ။ ဒီကိစ္စကို သက်ဆိုင်ရာ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်မှာပဲဖြစ်ဖြစ်၊ ပြည်ထောင်စု လွှတ်တော်မှာပဲဖြစ်ဖြစ် ဘယ်လိုတရားဥပဒေမျိုး၊ ဘယ်လိုခြွင်းချက်မျိုးနဲ့ ငြိစွန်းသွားသလဲ ဆိုတာကို မေးခွန်းထုတ်သင့်တဲ့ ကိစ္စပါပဲ” ဟု ပြောကြားသည်။
ဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံသူများအား တရားရုံးချိန် ကျော်လွန်သည်အထိ ရုံးထုတ်အမှုဆင် တရားစွဲနေခြင်းမှာ မမျှတသေ လုပ်ရပ်တစ်ခု ဖြစ်သည့်အပြင် ဥပဒေဘောင်အား ကျော်လွန်လုပ်သည့် လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်သုံးသပ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း သဘောထား ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံထားရသော ကျောင်းသူ/ ကျောင်းသားများအနေဖြင့် အချုပ်သား အဖြစ်သာရှိနေသေးပြီး ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်မှုများပြုလုပ်ခြင်းအပေါ် ဥပဒေပညာရှင်များ ထောက်ပြခဲ့ကြပြီး ပြည်သူလူထုအကြား ဝေဖန်မှုများ မြင့်တက်လျက် ရှိသည်။
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အချုပ်သား၊ အကျဉ်းသားများအား ရိုက်နှက်ခြင်း၊ အခြား သူများအား ရိုက်နှက်ရန်ခိုင်းစေခြင်းနှင့် ဟန့်တားရန်ပျက်ကွက်ခြင်းတို့ကို တွေ့ရှိခဲ့ပါက ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူထိန်းသိမ်း၍ ထောင်ဒဏ်သုံးနှစ် အထိပြစ်ဒဏ်ချမှတ်နိုင်သော ဥပဒေဖြင့်အ ရေးယူနိုင်ကြောင်း၂ဝ၁၃ ခုနှစ်အတွင်းကျင်း ပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဖြေကြားထားသည်။
မြန်မာနိုင်ငံရဲ စည်းကမ်းထိန်းရေး ဥပဒေတွင်ပြဋ္ဌာန်းထားသည့် ပုဒ်မ၁၇ (ဂ) အကျဉ်းသား၊ အချုပ်သားတစ်ဦးက အခြားတစ်ဦး အားရိုက်ပုတ်ရန် (သို့) အခြားနည်းအားဖြင့် ညှဉ်းပန်းနှိပ်စက်ရန် ခိုင်းစေလျှင်၊ ခွင့်ပြုလျှင် ထိုသို့ပြုလုပ်နေသည်ကိုသိလျက် ဟန့်တားရန် (သို့) အရေးယူရန် ပျက်ကွက်လျှင် သော်လည်းကောင်း၊ ပုဒ်မ ၁၇ (ဆ) အကျဉ်း သား၊ အချုပ်သား (သို့) ဖမ်းဆီးထားသူတစ် ဦးအား ရိုက်ပုတ်လျှင် (သို့) အခြားနည်းဖြင့် ည§ဉ်းပန်းနှိပ်စက်လျှင်သော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်သူအား ရဲတရားရုံးဖြင့် စစ်ဆေးပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ ဤဥပဒေတွင်ဖော် ပြထားသည့်လျော့သော ပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်ဟု ပြ|ာန်းထားကြောင်းလည်း သိရသည်။
ထို့အပြင် ၂ဝ၁၁- ၂ဝ၁၅ ဇန်နဝါရီ ၃၁ ရက်အထိ ငါးနှစ်အတွင်း ရဲတပ်ဖွဲ့ဝင်များစည်း ကမ်းဖောက်ဖျက်မှု၊ တာဝန်ပျက်ကွက်မှု၊ ဥပဒေချိုးဖောက်မှုများကြောင့် ရဲအရာရှိ ၂ဝဝဝ ကျော်နှင့် အခြားအဆင့် ၅ဝဝ ကျော်အား ထောင်ဒဏ်နှင့် အခြားပြစ်ဒဏ်များ ချမှတ် အရေးယူထားကြောင်း ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ် မှူးချုပ်ကျော်ဇံမြင့်က ပြောကြားထားသည်။
ယင်းကဲ့သို့ အရေးယူထားသည့် ရဲတပ် ဖွဲ့ဝင်များကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ ဖြင့် ၅၇ဝ၇ မှု၊ နယ်ဘက်တရားရုံးများတွင် စစ်ဆေးမှု ၅၉မှု၊ စုစုပေါင်း ၅၇၆၆ မှုဖြင့် အရေးယူထားပြီးဖြစ်ကာ၊ အဆိုပါ အမှုများ တွင် အရာရှိ ၈၄ ဦး၊ အခြားအဆင့် ၂ဝ၂၇ ဦးတို့ကို ထောင်ကျပြစ်ဒဏ်၊ အရာရှိ ၁ဝ၇ ဦး၊ အခြားအဆင့် ၂၄၇ ဦးတို့ကိုရဲတပ်ဖွဲ့မှ ထုတ် ပယ်သည့်ပြစ်ဒဏ်၊ အရာရှိ ၃၂၄ ဦး၊ အခြား အဆင့် ၆၉၇ ဦးတို့ကို ရာထူးအဆင့်လျှော့ ချသည့် ပြစ်ဒဏ်၊ အရာရှိ ၁၅၆၇ဦးနှင့်အခြား အဆင့်၂၄၉၂ဦးတို့ကို အခြားပြစ်ဒဏ်၊ စုစု ပေါင်းအရာရှိ ၂ဝ၈၂ ဦးနှင့် အခြားအဆင့် ၅၄၆၃ ဦးတို့ကို အရေးယူခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံထားရစဉ် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောဆန္ဒပြ ကျောင်းသား/ကျောင်းသူ များစာရင်း၊ ဒဏ်ရာအခြေအနေများနှင့် ၎င်းတို့အား မည်ကဲ့သို့ဆေးဝါး ကုသပေးနေမှုများ ရှိနေသည်ကို အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးရန် လိုအပ်ပြီး တရားစွဲခံထားရသူများအား မိသားစုဝင်များတွေ့ ဆုံခွင့်ပြုပြီး ရှေ့နေငှားရမ်းခွင့်များကို ခွင့်ပြု ပေးသင့်ကြောင်း ဥပဒေပညာရှင် အသိုင်းအ၀န်းက ထောက်ပြပြောဆိုမှုများ ရှိနေသည်။
ရိုက်နှက်ဖမ်းဆီး ခံခဲ့ရသော ကျောင်းသားကျောင်းသူများ၏ ကိုယ်တွေ့ ပြောကြားချက်များနှင့် ယင်းလုပ်ရပ်အပေါ်အမြင်များ
“ညီမက အမေအရမ်းစိတ်ပူနေလို့ ထွက်လာတာ ခံဝန်ကတိက ထိုးခဲ့ချင်တာမဟုတ်ဘူး။ ညီမတို့ကို မိုက်မိုက်ရိုင်းရိုင်း သားသမီးချင်း ကိုယ်ချင်းမစာမနာဘဲ ပြောတာတွေရှိခဲ့တယ်။ ပြည်သူရဲတပ်ဖွဲ့လိုသာပြောတာ ပြည်သူကို အကာအကွယ်ပေးတာ မဟုတ်ဘူး။ မကျေနပ်ဘူး။ ညီမတို့က အာဏာကိုတောင်းနေတာ မဟုတ်ဘူး။ ပညာရေးဥပဒေကို ပြင်ပေးဖိုပဲ တောင်းဆိုနေတာ ဖြစ်တဲ့အတွက် ပညာရေးဥပဒေကို ပြင်ပေးပါ။ နောက်တစ်ချက်က ရဲတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်မှုကို ဒီထက်ပိုမလုပ်ပါနဲ့တော့လို့ ပြောချင်တယ်။ အခုညီမတို့ကို တစ်စုတကွဲစီ ဖြစ်နေတယ်။ အဲဒါကြောင့် ရှေ့ဘာဆက်လုပ်မယ် ဆိုတာကိုတော့ အတိအကျ ပြောလို့မရသေးဘူး”
မရည်မွန်မွန်အောင် (ရန်ကုန်အရှေပိုင်းတက္ကသိုလ်)
ကျောင်းသားသပိတ်ဖြိုခွဲရာတွင် ဖမ်းဆီးခံရပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လွတ်လာသူ
_______________________
“ဖြစ်ပျက်ခဲ့တာတွေက မျှတမှုမရှိဘူးလို့ ပြောရမှာပဲ။ ကျောင်းရဲ့အခြေအနေကို မူတည်ပြီးတော့ ဆက်လက်လုပ်ဆောင်ဖို့ ရှိပါတယ်”
စိုးလွင်ကျော် (သထုံစိုက်ပျိုးရေးသိပ္ပံ ဒုတိယနှစ်)
ကျောင်းသားသပိတ်ဖြိုခွဲရာတွင် ဖမ်းဆီးခံရပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လွတ်လာသူ
_______________________
“ကျွန်တော်တို့ကို သတင်းရဲတပ်ဖွဲ့ စစ်ဆေးမှုတွေတော့ ပြုလုပ်ခဲ့တယ်။ သူတို့လိုချင်တဲ့ဘက်ကပဲ မေးတာပေါ့။ နိုင်ငံတော်ကို ကန့်ကွက်တာလား အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်တာလား။ ကျွန်တော်တို့ကလည်း နိုင်ငံတော် အာဏာကိုသိမ်းဖို့ မဟုတ်ဘူး။ အမျိုးသားပညာရေး ဥပဒေကိုပြင်ဖို့ ကောင်းဖို့အတွက် လုပ်တာပါ။ နောက်ပြီး ဘာကြောင့် ဒီထဲမှာ ဝင်ပါခဲ့တာလဲဆိုပြီး မေးမြန်းမှုတွေတော့ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပညာရေးကို မကြိုက်လို့ပါ။ ပြီးတော့ မိဘ၊ နေရပ်လိပ်စာ စသဖြင့် အကုန်တောင်းခံခဲ့ရပါတယ်။ နောက်တစ်ကြိမ် မလုပ်ဖို့အတွက် အခုခံဝန်ကိုလည်း ထိုးခဲ့ရတယ်”
ထက်လင်း (မှော်ဘီတက္ကသိုလ်)
ကျောင်းသားသပိတ်ဖြိုခွဲရာတွင် ဖမ်းဆီးခံရပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လွတ်လာသူ
_______________________
“တရားရေး မဏ္ဍိုင်မှာအခုထိ ပွင့်လင်းမြင့်သာမှု မရှိသေးဘူး။ လူထုရှေ့မှာဘာကြောင့် တရားစီရင်ပိုင်ခွင့်ကို မပေးနိုင်တာလဲ ဆိုတာကို ပြန်မေးရမယ်။ သူတို့ဟာ တရားမျှတစွာ လုပ်ဆောင်တယ်ဆိုရင် ပွင့်လင်းမြင်သာမှုကို စိုးရိမ်ကြောင့်ကြစရာ မရှိပါဘူး။ အခုဟာက ညကြီးအချိန်မတော်မှ ရုံးထုတ်တယ်ဆိုတာ တစ်ခါမှမကြားဖူးဘူး။ မိသားစုတွေနဲ့လည်း တွေ့ခွင့်မရဘူး။ ထောက်ခံအားပေးတဲ့ သူတွေကိုလည်း ဝင်ခွင့်မပေးဘူးဆိုတာ အင်မတန်မှ ရုပ်ဆိုးအကျည်းတန်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ တရားရေးမဏ္ဍိုင်ဟာ ဘယ်လောက်အထိ ပျက်စီးနေသလဲဆိုတာ ကမ္ဘာသိအောင် ပုံရိပ်ပြလိုက်သလိုပါပဲ။ အစိုးရကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားနေပါတယ်ဆိုပြီး စကားလုံး သက်သက်သာရှိပါတယ်။ တကယ့်လက်တွေ့မှာတော့ ပုံဖော်မှုအားနည်းနေပြီး ကမ္ဘာကရော၊ မြန်မာပြည်သူလူထုကရော ယုံကြည်မှု လျော့နည်းနေပါပြီ”
ဒေါ်နီလာသိန်း (၈၈ မျိုးဆက် ငြိမ်း/ပွင့်)
_______________________
“ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄ဝ အရ ရှေ့နေရှေ့ရပ် ငှားရမ်းခွင့်ရှိတယ်။ တရားရုံး ရုံးထုတ်တဲ့ အချိန်မှာလည်း မိသားစုနဲ့ တွေ့ခွင့်ရှိတယ်။ အခုဖြစ်နေတာက နိုင်ငံတော်ပုန်ကန်မှုလည်း မဟုတ်ဘူး။ တကယ်လို့ နိုင်ငံတော်ပုန်ကန်မှု ဆိုရင်တောင်မှ သူ့မှာရပိုင်ခွင့် အခွင့်အရေးရှိတယ်။ တကယ်လို့ မိသားစုအနေနဲ့ သူတို့ကို ထောင်မှာ ချုပ်ထားတယ်ဆိုရင် တွေ့ခွင့်ရဖို့ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း တောင်းဆိုလို့ရတယ်။ တကယ်လို့ မပေးဘူးဆိုရင် သက်ဆိုင်ရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် အဆင့်ထိ စာတင်ပြီး ပြောရမယ်။ ထောင်မှာဖြစ်ဖြစ်၊ ရဲစခန်းမှာဖြစ်ဖြစ် ချုပ်ထားရင် တွေ့ခွင့်ရှိတယ်။ တကယ်လို့ ရှေ့နေငှားရမ်းခွင့်၊ မိသားစုတွေ့ခွင့် မရဘူးဆိုရင်တော့ ဒါလူ့အခွင့်အရေး ချိုးဖောက်တာပဲ။ လက်ရှိ ပြင်ပမှာရှိနေတဲ့ မိသားစုဝင်တွေအနေနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ကို သွားရောက် အကြောင်းကြား သင့်တယ်”
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်
_______________________
“ထောင်တွင်းက အဆင်ပြေပေမယ့် ရဲကားပေါ်မှာတော့ ပိုးစိုးပက်စက် နှမချင်း မစာမနာ ပြောဆိုတာတွေရှိပါတယ်။ ခံဝန်တော့ ထိုးခဲ့ရတယ်။ မိဘ ဖိအားနဲ့ထိုးခဲ့ရတယ်။ တရားရုံးကတော့ မခေါ်ထားဘူး။ ဒါပေမဲ့ လက်မှတ်ထိုးခဲ့ရတယ်။ အသက်လုပြီး ထွက်ပြေးရတဲ့အချိန်မှာ ပစ္စည်းကို အာရုံမထားနိုင်ဘူး။ ဥပမာ မှတ်ပုံတင်၊ ကျောင်းသားကတ် ဟန်းချိန်း လက်စွပ်၊ ဆွဲကြိုးမရှိတော့ဘူး။ ရဲစခန်းကို သွားတော့စုံစမ်းမှာပါ။ ဟိုပို့လိုက် ဒီပို့လိုက်နဲ့ဆိုတော့ လက်ပံတန်းရဲစခန်းကို ပစ္စည်းပျောက်မှုနဲ့ သွားတိုင်ပါမယ်။ ကျွန်မတို့ကို သိက္ခာချတဲ့ ရဲမေတွေကို လူအခွင့်အရေးချိုးဖောက်မှုနဲ့ တိုင်ပါမယ်။ ကျွန်မတို့ ရဲဘော်တွေကို ပိုးစိုးပက်စက် ရိုက်ခဲ့ပါတယ်။ ယောက်ျားလေးတွေကို အကုန်ရိုက်တယ်။ ထောင်ကားထဲမှာ လူသေတွေကို ဖြန့်ထားသလို ရေနဲ့ဖြန်းပါတယ်။ ကိုမင်းသွေးသစ်ကတော့ အခြေအနေ မကောင်းပါဘူး”
မအိဖြူဖြူမွန်က (ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်)

လက်ပံတန်းသပိတ် အကြမ်းဖက်ဖြိုခွင်းရာ၌ ကြက်ခြေနီယာဉ်ပါ တိုက်ခိုက်ခံခဲ့ရ
ရန်ကုန်၊ မတ် ၁၁
လက်ပံတန်းမြို့တွင် တားဆီးပိတ်ဆို့ခြင်း ခံထားရသည့် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံရစဉ် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် ကန်ကျောက်ခဲ့မှုကြောင့် ဒဏ်ရာရရှိသူများအား ကုသပေးနေသည့် ကြက်ခြေနီယာဉ်အား ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များဖြင့် ရိုက်၍ အတွင်းရှိ လူနာများကိုပါ ရိုက်နှက်ကာ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း အဆိုပါ ယာဉ်ပေါ်ရှိ အရေးပေါ်တာဝန်ခံ ကိုဉာဏ်ထွန်းက မတ်(၁၁) ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
မတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် လက်ပံတန်း အကြမ်းဖက် ဖြိုခွင်းခံရမှုတွင် ဒဏ်ရာရ လူနာများအား ကျောင်းသားသပိတ် စစ်ကြောင်းကို အကူအညီ ပေးနေသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကြက်ခြေနီယာဉ်ပေါ်တွင် ကုသမှုပေးနေစဉ် ရဲတပ်ဖွဲ့ဝင်များက လူနာတင် ကြက်ခြေနီယာဉ်အား ထုရိုက်ပြီး ယာဉ်ထဲမှ လူနာအချို့အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
““သူတို့ ကျောင်းသားတွေကို လိုက်ရိုက်တော့ ကျောင်းသားတွေ နောက်ကို ဓာတ်တိုင် ၂ တိုင်စာလောက် ဆုတ်သွားတယ်။ မိတဲ့သူကို ဒယဥ့်တိုက်ပြီး ဆွဲခေါ်သွားတာ။ ကားတစ်စီးကလည်း လူနာတွေ သွားပို့နေတော့ ကျွန်တော်တို့ ကားပေါ်မှာ လူ(၇)ယောက် (၈) ယောက်လောက်ရှိ တယ်။ ဆေးကုသမှု ခံယူနေတာ။ အဲဒီ ကျောင်းသားတွေနောက် လိုက်သွားတဲ့ရဲတွေ ကျွန်တော်တို့ လူနာတင်ကားနားကို ပြန်ရောက်တော့ ရဲတစ်ယောက်က မင်းတို့လည်းပါတယ် မဟုတ်လား ဆိုပြီးတော့ လူနာတွေကို ရိုက်တယ် ခဲနဲ့ပစ်တယ်။ ဒဏ်ရာ ရတဲ့သူတွေကို ထပ်ပြီးတော့ နာကျင်အောင် ပြုလုပ်တယ်။ လူနာတွေကို ချခိုင်းတာ ကျွန်တော်တို့က လူနာတွေမို့ ချပေးလို့မရဘူး ပြောတော့ ရဲတပ်သားတစ်ယောက်ကနေ ကားဘော်ဒီကို ရိုက်လိုက်တယ်။ နောက်ထပ်ရိုက်ပြီး ကားရှေ့မှန်ကို ရိုက်တာမကွဲဘူး။ နောက် ကြည့်မှန်တော့ ကွဲသွားတယ်။ တချို့ လူနာတွေ ကိုလည်း ဆွဲခေါ်သွားတယ်””ဟု နာရေးကူညီမှုအသင်း ကြက်ခြေနီယာဉ် အရေးပေါ်တာဝန်ခံ ကိုဉာဏ်ထွန်းက မြန်မာ သံတော်ဆင့် သို့ ပြောသည်။
ယခုကဲ့သို့ လက်ပံတန်းသပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရသူဖြစ်စဉ် တွင် ကျောင်းသား ၅၂ဦး၊ ကျောင်းသူ ၁၃ ဦး၊ အရပ်သူအရပ်သား ၆၂ ဦးဖမ်းဆီးခံခဲ့ရပြီး အချို့မှာ ဒဏ်ရာများရရှိပြီး လက်ပံတန်း ဆေးရုံကြီး ၌ ဆေးကုသမှု ခံယူနေရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ““လူနာကို ဆွဲတယ်။ လူနာကိုဆွဲတော့ ၀န်ထမ်းတွေက အဆွဲမခံဘူး။ ကားကို ရိုက်တယ်။ ကားထဲကို ခဲနဲ့ပစ်တယ်။ လူစိတ်ပျောက်နေတယ်။ ဗြဟ္မစိုရ်တရားတွေ ပျောက်နေတယ်။ ဒီလို အကြမ်းဖက်တာကတော့ မလုပ်သင့်တဲ့ ကိစ္စပါ”” ဟု နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ယခုကဲ့သို့ ကြက်ခြေနီယာဉ်အား ရဲတပ်ဖွဲ့ဝင်များက တိုက်ခိုက်ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များက တစ်စုံတစ်ရာ သတင်း ထုတ်ပြန်ခြင်း မရှိပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်က ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ လောက်ကိုင် ဒေသတွင် မြန်မာ့ တပ်မတော်နှင့် ဖုန်ကြားရှင်၏ တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားစဉ် ကယ်ဆယ်ရေး ကြက်ခြေနီယာဉ် တန်း တိုက်ခိုက်ခံခဲ့ရပြီး အဆိုပါဖြစ်စဉ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခဲ့သည်။
နိုင်ငံတကာ ကျင့်ထုံးများအရ စစ်ဖြစ်နေသည့် အရပ်ဒေသများ၌ ကြက်ခြေနီယာဉ်အား တိုက်ခိုက်ခြင်း မပြုရန် တားမြစ်ထားသည်။
နေမျိုးဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
ဗကသ ကျောင်းသားခေါင်းဆောင် ၄ ဦးကို အလုံရဲစခန်းတွင် ဖမ်ဆီးစစ်ဆေး
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သပိတ် မှောက်ခဲ့ကြတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီထဲက ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က (ဗကသ) ခေါင်းဆောင်တွေ အပါအ၀င် ၅ ဦးကို ရန်ကုန်မြို့ အလုံရဲစခန်းမှာ ဖမ်းဆီး စစ်ဆေး နေပါတယ်။
ပြီးခဲ့တဲ့ ညသန်းခေါင်ကျော်က အလုံမြို့နယ်က နေအိမ်တစ်ခုမှာ ရဲတပ်ဖွဲ့က ဧည့်စာရင်း စစ်မယ်ဆိုပြီး ၀င်ရောက်ဖမ်းဆီး ထိန်းသိမ်းသွားခဲ့တာဖြစ်ပါတယ်။
အလုံမြို့နယ် ရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင် တဦးက ယောက်ျားလေး ၄ ယောက်၊ မိန်းခလေး ၁ ယောက်၊ အားလုံးပေါင်း ၅ ယောက်ကို ဖမ်းဆီး စစ်ဆေး မေးမြန်းနေ တယ်လို့ ဒီဗွီဘီကိုပြော ပါတယ်။ ဒါပေမယ့် စစ်ဆေးနေ ဆဲဖြစ်လို့ အသေးစိတ်ပြောပြလို့ မရသေးဘူးလို့ လည်းပြောပါတယ်။
အခု အဖမ်းခံထားရတဲ့ ၅ ဦးထဲမှာ ဗကသ ဒုဥက္ကဋ္ဌ ကိုမိုးထက်နေ၊ ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုသီဟ၀င်းတင်၊ မဟန်နီဦးနဲ့ သတင်းထောက်တဦးတို့ပါသွားတယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ကိုနန်းလင်း ကပြောပါတယ်။
ပဲခူးတိုင်း လက်ပံတန်းမှာ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းက ငြိမ်းချမ်းစွာ ဆန္ဒပြ နေတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နှက်ဖြိုခွင်း ဖမ်းဆီးခဲ့ပြီး မနေ့ကတော့ ကျောင်းသား ကျောင်းသူ ၁၇ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
By DVB
မြန်မာရဲတပ်ဖွဲ့ အစွမ်းပြချက် ရက်စက်သယ်…ဒေါက်တာတင့်ဆွေ
“လက်ရှိအစိုးရမှာ နည်းနည်းလေးသာကျန်တော့တဲ့ ဂုဏ်သိက္ခာကို တပြားမှမကျန်တော့အောင် မြန်မာရဲတပ်ဖွဲ့က အစွမ်းပြလိုက်တာ ဖြစ်တယ်”
နိုင်ငံတကာမှာ Riot police ဆိုတာ Crowds လူအုပ်၊ Protests ဆန္ဒ္ဒပြသူတွေနဲ့ Riots အဓိကရုဏ်းတွေကို နှိမ်နင်းဖို့ ရည်ရွယ်ချက်နဲ့ ရဲအဖွဲ့ဝင်တွေကို ခွဲထုတ်ပြီး ဖွဲ့ထားတာဖြစ်တယ်။ Riot gear ဆိုတာ အဲဒီရဲတွေဝတ်ဆင်ရတဲ့ ဝတ်စုံနဲ့ တန်းဆာပလာတွေကိုခေါ်တယ်။ Riot helmet ဦးထုပ်၊ Shield ဒိုင်းက သတ္တုနဲ့၊ ကြိမ်နဲ့ အမျိုးမျိုးရှိတယ်။ Baton နံပါတ်တုတ် (သစ်သားတုတ်၊ ကြိမ်တုတ်၊ ဝါးရင်းတုတ်၊ ရာဘာတုတ်)တွေ ပေးထားတယ်။ လူကိုသေစေနိုင်တဲ့ သေနတ်ကို မသုံးရပဲ Rubber bullets ရာဘာကျည်ဆံ၊ Stun grenades စတန်းလက်ပစ်ဗုံး၊ Pepper spray ငရုပ်သီးစပရေး၊ Tear gas မျက်ရည်ယိုဗုံး စတာတွေသာ ကိုင်ခွင့်ရှိတယ်။
မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၃ နှစ်တိတိက လုံထိန်းရဲတပ်ဖွဲ့ကို ဖျက်သိမ်းဖို့ လွှတ်တော်မှာ အဆိုတင်ခဲ့တယ်။ ဗိုလ်ချုပ်နေဝင်း လက်ထက်ကတည်းက လုံထိန်းဆိုတာ ထင်ပေါ်လာခဲ့တယ်။ လုံထိန်းတပ်ဦးစီးချုပ် ဗိုလ်မှူးကြီးစိန်လွင်က ၁၉၈၈ ခုနှစ် အရေးအခင်းကြီးကာလမှာ သမ္မတဖြစ်တာတော့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းလို့ သူ့ကို Butcher of Rangoon ရန်ကုန်က သားသတ်သမားလို့ နိုင်ငံတကာမီဒီယာမှာ နာမည်ရခဲ့တယ်။ လုံထိန်းသမိုင်းဟာ သွေးညှီနဲ့စခဲ့တာပါ။
နောက်တက်လာတဲ့ စစ်အစိုးရလက်ထက်တွေမှာ လူစုလူဝေးထိန်ဖို့ ပိုပြီးဆန်းသစ်တဲ့နည်းနာတွေပါ သုံးလာတယ်။ ထောက်လှမ်းရေးနည်းနာတွေဖြစ်တယ်။ ကမ္ဘာမှာ ဘယ်တိုင်းပြည်မှ မသုံးတဲ့နည်းတွေပါ။ အရံအင်အားဆိုတဲ့အောက်မှာ မှတ်ပုံလည်းမတင်၊ လူသိလည်းမခံလို့ တရားမဝင်ဖွဲ့ထားတယ်။ အဲဒီတုံးက NLD ပါတီကို ပစ်မှတ်ထားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် သွားရာမှာပါတဲ့ လူအုပ်ကိုဖြိုခွဲဖို့မှာ သုံးတယ်။ အစောပိုင်းမှာ ဟန့်တားတယ်၊ ခြောက်လှန့်တယ်။ နောက်တော့ ကိုယ်ထိလက်ရောက်ပါလာတယ်။ ၉-၁၁-၁၉၉၆ နေ့ကလူ စစ်ထောက်လှန်းရေးက ဦးတင်ဦးနဲ့ ဒေါ်စု စီးနင်းလာကားကို ထုနှက်ရိုက်ခွဲဖို့ ၂ဝဝ လောက်ကို ခိုင်းခဲ့တယ်။
၂ဝဝ၃ မေလ (၃ဝ) ရက်ညဦး၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ကြည်ရွာမှာသုံးတဲ့နည်းကတော့ သြချရလောက်အောင် ရက်စက်ယုတ်မာလွန်းခဲ့တယ်။ အကျဉ်းထောင်ထဲက ဆိုးသွမ်းသူတွေကိုထုတ် သင်တန်းပေး၊ အရက်နဲ့ဆေးဝါးတွေ တိုက်ကျွေးပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတူပါလာသမျှကို ရိုက်နှက်ပြီး၊ အသတ်ခိုင်းခဲ့တယ်။ မနက်မလင်းခင်မှာ ကားလမ်းကို မီးသတ်ကားတွေနဲ့ သွေးကွက်တွေကို ရှင်းလင်းဆေးကြောလိုက်လို့ နောက်နေ့မနက် အမေရိကန်သံရုံးက လာကြည့်တော့ ဘာမခုမှမဖြစ်ခဲ့သလို ဖြစ်စေခဲ့တယ်။
အဲဒီလူအုပ်ထဲက စစ်သား၊ ရဲသား၊ လုံထိန်းတွေကို စစ်ဗိုလ်တွေက အမိန့်ပေးတယ်။ အဓိကရုဏ်း ဖန်တီးရေး (ဖြိုခွင်းရေး မဟုတ်ပါ) ကွန်မင်ဒါချုပ်ကြီးကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်ဖြစ်ကြောင်းနဲ့ အကောင်အထည်ဖော်သူတွေဟာ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် (၉) ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူးတို့ ဖြစ်ကြတယ်လို့ အဲဒီအချိန်က နာမည်ဆိုးထွက်တဲ့ စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့စာအုပ်ထဲမှာ ဖော်ကောင်လုပ်ပြီး ရေးလိုက်တယ်။ အမှန်က ဗခက ခင်ညွန့်လည်း ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုင်းနဲ့ ခွဲတာမှာ တာဝန်ရှိသူအဖြစ် ဗိုလ်ချုပ်နေဝင်းနဲ့ ဦးအောင်ကြီးနဲ့တို့ တယောက်ကိုတယောက် လွှဲချနေသလိုပါပဲ။ စွမ်းအားရှင်အဖွဲ့ရဲ့ ဂေါ့ဖါသား ဦးအောင်သောင်း နာမည်ကို ထိန်ချန်ထားပေးတယ်။
ဦးသိန်းစိန်အစိုးရတက်လာတော့ အပြောင်းအလဲဆိုပြီး၊ အနောက်နိုင်ငံတွေက အားတက်သရောနဲ့ ဝိုင်းကူလာကြတဲ့ ဗုံပေါလအောထဲမှာ ရဲတပ်ဖွဲ့ကို ခေတ်မီအောင် အီးယူအဖွဲ့ကနေ သင်တန်းတွေ ပေးတာလည်းပါတယ်။ အဲလိုဖြစ်လာအောင် အကြောင်းဖန်လာတာကတော့ လက်ပံတောင်း အရေးအခင်းကြီး ဖြစ်တယ်။ ၂ဝ၁၂ ခု နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် မလင်းခင်မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်း ကြေးနီမိုင်းမှာ စခန်းချဆန္ဒပြနေကြတဲ့ ဘုန်းကြီးတွေနဲ့ လူတွေကို မီးလောင်ဗုံးတွေနဲ့ နှိမ်နင်းလိုက်လို့ တကမ္ဘာလုံးမှာ ဟိုးလေးတကြော်ဖြစ်သွားပါတယ်။ အဲဒီအထဲမှာ တရုပ်ကုမ္ပဏီတွေကနေ အခပေးခိုင်းထားတဲ့ ရဲတွေလည်း ပါတယ်။ လူအုပ်ဖြိုခွဲနည်းနာသစ် ဖြစ်တယ်။
အဲတာနဲ့ အီးယူအဖွဲ့က Modern crowd management techniques ဆိုတဲ့ ခေတ်မီလူအုပ်ထိန်း နည်းနာသင်တန်းတွေ ပေးနေတာ ၂ဝ၁၄ ခုနှစ် ဖေဖေါ်ဝါရီလအထိ မြန်မာရဲတပ်ဖွဲ့ဝင်ပေါင်း ၁၄ဝဝ ကို ပေးပြီးပါပြီ။ ကံမကောင်းချင်တော့ မြန်မာရဲတပ်ဖွဲ့အပြင် အီးယူပါ နာမည်ပျက်စေတာတွေ စဉ်တိုက်ဆက်တိုက် ဖြစ်လာပါတော့တယ်။ ၂ဝ၁၄ ခု ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ လက်ပတောင်းမှာ ဆန္ဒပြနေတဲ့ ဒေါ်ခင်ဝင်းဆိုတဲ့ ဒေသခံအမျိုးသမီးကို ဦးခေါင်းတည့်တည့် ရဲကသေနတ်နဲ့ ပစ်သတ်လိုက်ပါတော့တယ်။
နောက်တပ်လည်း သမိုင်းတွင်ရစ်မယ့် အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်လာပါတယ်။ အခုထိ အဆိုးဝါးဆုံးနှစ်ခုကတော့ ၂ဝ၁၅ ခုနှစ် မတ်လထဲမှာ ပိုပြီးကောင်းမွန်တဲ့ပညာရေးဥပဒေ ဖြစ်လာစေဖို့ တောင်းဆိုကြတဲ့ ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ ထိပ်တိုက်တွေ့ပါတယ်။ လက်ပံတန်းမှာ ပိတ်မိနေကြတဲ့ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းမှု မလုပ်စေဖို့ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ရန်ကုန်မြို့လယ်ခေါင်မှာ မတ်လ ၅ ရက်နေ့မှာ အကြမ်းဖက်ဖြိုခွင်းလိုက်ပါတယ်။ အဲဒီမှာ လက်မောင်းမှာ လက်ပတ်အနီတွေ ကိုယ်စီစည်းထားကြတဲ့ လူတစုကနေ ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲကြတယ်။ ဆံပင်ကြောင်ကြား၊ တက်တူထိုးထားတဲ့ စပ်ဖြဲဖြဲမျက်နှာပေး ရှိသူကနေ ကျောင်းသူလေးတယောက် လည်ပင်းကိုညှစ်ဖမ်းနေတဲ့ပုံဟာ အော့နှလုံးနာစရာ ကောင်းလှပါတယ်။ အဲလိုအရပ်ဝတ် လက်ရဲဇက်ရဲလုပ်သူတွေကနေ ဖမ်းပေးပြီး ယူနီဖောင်းဝတ်ရဲတွေ လက်အပ်ကြရတယ်။ သမတပြောရေးဆိုခွင့်ရှိသူက ရန်ကုန်အစိုးရကို မေးရမယ်ပြောတယ်။ ရန်ကုန်အစိုးရ ရဲကပေးတဲ့စာရွက်ကို ဖတ်ပြတယ်။ ဥပဒေအရလုပ်တာပါလို့ နောက်ပိုင်းမှာ ပြောလာကြပြန်တယ်။ ဥပဒေပညာရှင်တွေက သဘောမတူကြပါ။
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတွေကို သူလျှိုဒလံတွေ၊ လက်ကိုင်တုတ်တွေသုံးပြီး နှိမ်နင်းဖြိုခွင်းတဲ့အတွက် ပြည်ထဲကလူတွေသာမက ပြည်ပမှာနေရသူတွေပါ ဒေါသအမျက် ချောင်းချောင်းထွက်ကြရတယ်။ မျက်မြင်တဦးကနေ ရေဒီယိုအင်တာဗျူးမှာပြောတာက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တရပ်ကွက်ကို လူ ၂ဝ လောက်စီ ခေါ်ထားတာဗျ။ အဲ့လူတွေက ဘယ်လိုလူမျိုးတွေဆိုတော့ ရပ်ကွက်ထဲက လူမိုက်တွေ၊ သတင်းပေးတွေ၊ အရင်တုန်းက ချဲရောင်းတဲ့သူတွေ၊ အရက်ပုန်းရောင်းတဲ့သူတွေ ခေါ်လာတာပေါ့။ ဒီနေ့ဆို ထူးထူးခြားခြား အရမ်းငယ်တဲ့ကလေးတွေ တွေ့ရတယ်။ ၁၆ နှစ်၊ ၁၇ နှစ်တွေတွေ့ရတယ်။ တွေ့ဖူးသမျှ ဒီတခါအငယ်ဆုံးပဲ။ အရင်တွေ့ဖူးတဲ့ စွမ်းအားရှင်တွေထက် ငယ်တယ်။ စွမ်းအားရှင် မျိုးဆက်သစ်တွေပေါ့တဲ့။
လုံထိန်းကို လွှတ်တော်ကဖျက်လည်း အစိုးရအတွက် ပူစရာမလိုတော့တဲ့သဘောဖြစ်မယ်။
ပြည်ခိုင်ဖြိုးပါတီမှာ အခစားလုပ်နေသူတွေကိုယ်တိုင်က အစိုးရလုပ်တာမှားတယ်လို့ လူမှုရေးကွန်ရက်မှာ ရေးလာတယ်။ မနေသာတဲ့အဆုံးမှာ အစိုးရကနေ ကော်မရှင်တခု ဖွဲ့လိုက်တယ်။ ဒါပေမဲ့ လူတွေက နည်းနည်းလေးမှ အားမထားကြသလို အမှန်ပေါ်ထွက်လာမယ်လို့ တစက်ကလေးမှ မယုံကြပါ။ ကော်မရှင်ဖွဲ့တဲ့အလေ့အထ လက်ပတောင်းကော်မရှင်ကစတယ်။ အဲဒီတုံးက ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်စေခဲ့တယ်။ အခုကော်မရှင်ကိုတော့ ရဲချုပ်ဟောင်း၊ ပြည်ထဲရေး ဒုဝန်ကြီးကို ဥက္ကဋ္ဌလုပ်စေတယ်။ သူဟာ စစ်အစိုးရလက်ထက်မှာ ရဲတပ်ဖွဲ့လုပ်တာတိုင်းမှာ တာဝန်ရှိခဲ့သူဖြစ်နေတယ်။
ဒီကော်မရှင်ဖွဲ့တဲ့ စာရိုက်နေတုံးမှာ နောက်ထပ်အရုပ်ဆိုးတာ ထပ်ဖြစ်ပြန်တယ်။ လက်ပံတန်းမှာပါ။ ကော်မရှင်ကျေးဇူးလို့ ပြောရမှာပါ။ ဒီတခါ လက်ပတ်နီတွေ မပါနိုင်ကြတော့ပါ။ ယူနီဖောင်း သစ်သစ်လွင်လွင်နဲ့ ရဲတွေက ကျောင်းသား၊ ကျောင်းသူတွေနဲ့ မီဒီယာသမားတားတွေကို ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီးကြတယ်။ ကြက်ခြေနီတံဆိပ်ပါ မော်တော်ကားလည်း ရိုက်နှက်ဖျက်ဆီးကြတယ်။ နိုင်ငံတကာမီဒီယာအားလုံးက ပြသကြတယ်။ လက်ရှိအစိုးရမှာ နည်းနည်းလေးသာကျန်တော့တဲ့ ဂုဏ်သိက္ခာကို တပြားမှမကျန်တော့အောင် မြန်မာရဲတပ်ဖွဲ့က အစွမ်းပြလိုက်တာ ဖြစ်တယ်။ သူများဆိုရင် အစိုးရကို အကြည်ညိုပျက်အောင်လုပ်တဲ့အမှုထက် ကြီးလေးတာ မရှိပါ။
စစ်အစိုးရကတည်းက လူစုလူဝေးဖြိုခွင်းရာမှာ စစ်ရေးနည်းနာသုံးပါတယ်။ ၁၉၈၈ အရေးအခင်းကြီးမှာ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကလာတဲ့ စစ်သားတွေကိုသုံးခဲ့တယ်။ ကွန်မြူနစ်တွေဆိုးကြောင်းနဲ့ တိုင်းပြည်အန္တရာယ်လို့ ရိုက်သွင်းထားပြီး မြင်မြင်သမျှ လမ်းပေါ်ကလူတွေဟာ ကွန်မြူနစ်လို့ သင်ပေးထားတယ်။ လက်ပတန်းဖြိုခွင်းမှုမှာတော့ ကျောင်းသားတွေနဲ့ ရက်တွေကြာလို့ ရင်းနှီးခင်မှုမှုရနေတဲ့ရဲတွေကို နောက်ဆုတ်ခိုင်းပြီး တခြားရဲတွေကို ရှေ့တက်ရိုက်နှက်စေတယ်။
စွမ်းအားရှင်မရှိတော့ဖူး၊ မရှိခဲ့သလိုလို အစိုးရတာဝန်ရှိသူတွေကနေငြင်းဆိုပေမဲ့ လူမှုကွန်ရက်တွေမှာ စွမ်းအားရှင် စာရင်းတွေကို ဖော်ပြလာကြတယ်။ စွမ်းအားရှင်ကို အရင်က တောင်သာတပ်လို့ ခေါ်ခဲ့ကြတယ်ဆိုပဲ။ (ကောင်းမွန်တဲ့ တောင်သားသားတွေကိုတော့ တောင်းပန်ပါတယ်။) အခုတော့ ပြောင်းလို့ရပြီ။ လက်ပတ်နီတပ်။ တာဝန်တပ်။ စည်းကမ်းတပ်။ ဆံပင်ရောင်စုံတပ်။ တက်တူးတပ်။ ရန်ကုန်အစိုးရတပ်။ နေပြည်တော်ကမသိတဲ့တပ်။
မြန်မာပြည်မှာ အမည်မဖေါ်နိုင်တဲ့ရာဇဝတ်သားတွေ တနေ့တခြား များသထက်များလာနေတယ်။ ရိုက်နှက်တာ၊ မီးရှို့တာ၊ လူသတ်တာတွေအထိ ကျူးလွန်ကြတယ်။ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေလဲ ပလူပျံနေတာပဲ။ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပေမဲ့ တရားစွဲတာ၊ အပြစ်ပေးတာဝေးရော Scapegoat ခေါ်တဲ့ နာမည်ခံတယောက်ယောက်ကို ထိုးကြွေးတာတောင် မလုပ်ပါ။
၂ဝဝ၇ သံဃာတော်တွေအရေးမှာ ဓာတ်ပုံထဲက ဝေါ်ကီတော်ကီနဲ့ အမိန့်ပေးနေတဲ့ ဒုဗိုလ်မှူးကြီးဟာ တပ်ချုပ်ကခန့်လို့ လွှတ်တော်ထဲရောက်သွားတယ်။ အခုလက်ပတ်နီတွေကိုလည်း မကြာမီမှာ ရန်ကုန်လွှတ်တော်တက်နေတာ မြင်ရမလား မပြောတတ်ပါ။ မြန်မာပြည်မှာ အခုအစိုးရလက်ထက်မှပေါ်တဲ့ Red armband လက်ပတ်နီနမူနာ ကမ္ဘာမှာရှိထားပါတယ်။ Swastikas အမှတ်အသားပါ နာဇီပါတီလက်ပတ်နီဟာ တတိယဂျာမန်နိုင်ငံကို အုပ်စိုးဖို့ဖြစ်တယ်။ တာဝန်စာသားပါ လက်ပတ်နီဟာ မြန်မာပြည်ကို ရာသက်ပန်အုပ်စိုးဖို့လား သံသယဖြစ်မိပါတော့ တယ်။
အခုနောက်ဆုံး အစိုးရကနေကိုင်တွယ်ဖြေရှင်းနည်းတွေဟာ ရန်ကုန်နဲ့ လက်ပံတန်းက ကျောင်းသားတွေကိုသာမက ပြည်သူလူထုကိုပါ ခြိမ်းခြောက်ဖို့ရာ ဖန်တီးသလားလို့ မေးစရာရှိလာတယ်။ နိုင်ငံသားတွေက စစ်အစိုးရအောက်ကတည်းက အဲလိုဒေါင့်ကနေ စဉ်းစားတဲ့အလေ့အထ ရနေကြလို့ပါ။ အထင်တွေကလည်း အများအားဖြင့်လည်းမှန်တယ်။ မယားနေစ ကြောင်သေမှဆိုတဲ့ စကားပုံကလည်း ရှိထားတာကိုး။ တကယ်တော့ ယူထားတာ လေးနှစ်ကျော်နေပါပြီ။ မယားကိုသာမက သားသမီးတွေကပါ ကြောက်နေစေချင်ပုံရတယ်။ ကြောက်တဲ့သူကတော့ နည်းနည်းလာနေပါတယ်။
ဒေါက်တာတင့်ဆွေ
By DVB
http://burmese.dvb.no
ကိုးကား –
http://en.wikipedia.org/wiki/Sein_Lwin
http://en.wikipedia.org/wiki/Depayin_massacre
http://en.wikipedia.org/wiki/Aung_San_Suu_Kyi#1996_attack
< http://eeas.europa.eu/delegations/myanmar/press_corner/all_news/news/2014/20140220_en.htm
လွတ်မြောက်သံဃာတော် ၁၀ ပါး သတင်းစာရှင်းလင်းပွဲ ပြုလုပ်
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း ကနေ ကျောင်းသား ကျောင်းသူတွေနဲ့အတူ ဖမ်းဆီး ခံရပြီး လွတ်မြောက်လာတဲ့ သံဃာတော် ၁၀ ပါးက မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
သပိတ်စခန်းဖြိုခွင်းခံရချိန်မှာ ကျောင်းသား ကျောင်း သူတွေက အကြမ်းမဖက်ဘဲ ဖမ်းဖို့ပြောပေမဲ့ ရဲတပ် ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးခဲ့တာဖြစ်တယ် လို့ ပြန်လည်လွတ်မြောက်လာတဲ့ ဥူးအာလောက က မိန့်ပါတယ်။
"အကြမ်းမဖက်တဲ့နည်းနဲ့ ဖမ်းပါလို့ပြောရဲ့သား နဲ့ ကျောင်းထဲတခါတည်း ဖိနပ်တွေစီးပြီး ဝင်ရိုက် သွားတယ်၊ ရိုးရိုးသားသားဆိုရင် ကလေးတွေကလည်း ဖမ်းခွင့်ပြုတာပဲ၊ သူတို့က အဲ့လိုလုပ်လိုက်တဲ့အခါ ကျတော့ ပုံရိပ်ကြီးဟာ တော်တော့်ကိုပေါ်လွန်း တယ်လို့ ဦးဇင်းထင်ပါတယ်"
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀ရက်နေ့က မန္တလေးမြို့ကနေ စတင်ချီတက်လာတဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်း မှာ ချောက်၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ပခုက္ကူ နဲ့ ရန်ကုန်မြို့သံဃာ ၁၀ ပါးက လိုက်ပါခဲ့တာဖြစ်ပါတယ်။
အဲဒီသံဃာ ၁၀ ပါးကို လူဝတ်လဲပြီး အကျဉ်းထောင်ပို့ဖို့ ကြိုးစားခဲ့ပေမဲ့ လက်ပံတန်းမြို့နယ် သံဃမဟာနာယကအဖွဲ့က ခံဝန်ကတိထိုးခိုင်းပြီး ပြန်လည်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရှင်းလင်းပွဲအပြီးမှာ ရွှေဝါရောင်သံဃာ့ကွန်ရက်(အထက်မြန်မာပြည်) က အလားတူအကြမ်းဖက်မှုတွေ ကို နောင်မှာထပ်မံမကျူးလွန်ဖို့နဲ့ အကြမ်းဖက်မှုမှာပါဝင်ခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ အစိုးရကို တောင်းဆိုကြောင်း ကြေညာချက်ထုတ်လိုက်ပါတယ်။
RFA