DVB
Pages
▼
Saturday, June 13, 2015
မြန်မာနဲ့ထိုင်း ဗိုလ်လုယှဉ်ပြိုင်မည်
အရှေ့တောင်အာရှ အားကစားပွဲတော်မှာ ဇွန်လ ၁၃ ရက်နေ့က ဗီယက်နမ်အသင်းနဲ့ယှဉ်ပြိုင်မည့် မြန်မာအသင်းကို တွေ့ရစဉ်
Photo:Myanmar Football Federation
|
မြန်မာဘောလုံးအသင်းဟာ ဗိုလ်လုပွဲအတွက် အသင့်ဖြစ်နေပြီး၊ ဗီယက်နမ်အသင်းနဲ့ ကစားခဲ့သူတွေနဲ့ပဲ ယှဉ်ပြိုင်ကစားသွားမယ်လို့ မြန်မာဘောလုံးအသင်းရဲ့ မန်နေဂျာ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးသန်းတိုးအောင်က RFA ကို ပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံအသင်းတို့ ဒီနေ့ ယှဉ်ပြိုင်တဲ့ အကြိုဗိုလ်လုပွဲမှာ ထိုင်းအသင်းက အနိုင်ရရှိသွားတဲ့အတွက် နောက်ဆုံးဗိုလ်လုပွဲကို မြန်မာနဲ့ ထိုင်းအသင်းတို့ လာမယ့် ဇွန်လ ၁၅ ရက်၊ တနင်္လာနေ့မှာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
RFA
ကျောက်ဖြူတွင် ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲကျင်းပ
ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့နယ် ရခိုင်အမျိုးသားပါတီတွင် ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲကို ဇွန်လ၁၂ရက်နေ့က
မူလာရာမဘုန်းတော်ကြီးကျောင်းတွ
ပြည်နယ်လွှတ်တော်အမှတ်(၁)မဲဆန
ပြည်သူ့လွှတ်တော်တွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ်ဦး
အမျိုးသားလွှတ်တော်တွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်၊ ဦးကျော်သန်း၊ ဦးအောင်သန်း၊ ဦးအေးစံတို့ ယှဉ်ပြိုင်ခဲ့ရာ ဦးအုန်းတင် ၇မဲ၊ ဦးကျော်သန်း ၅၄မဲ၊ ဦးအောင်သန်း ၃၅မဲ၊ ဦးအေးစံ ၁၁မဲဖြင့် ဦးကျော်သန်း အနိုင်ရသွားသည်။ အမျိုးသားလွှတ်တော်မဲသည် ကျောက်ဖြူမြို့နယ်နှင့် မာန်အောင် နှစ်ခုပေါင်း ရေတွက်ထားသောမဲဖြစ်သည်။
ပြည်နယ်လွှတ်တော်အမှတ်(၂)မဲဆန
ကျေးရွာအများအပြား မဲကိုယ်စားလှယ်စာရင်းလာတင်ကြရာ ဗဟိုကချမှတ်တဲ့မူနဲမကိုက်ညီဟုဆိ
“ ကျနော်တို့ရဲ့ ရခိုင်အမျိုးသားပါတီမှာ ပါတီတွင်းလွတ်လပ်စွာယှဉ်ပြိုင်
နိရဉ္စရာ
ထားဝယ်မြို့ အိုးလုပ်ရပ်တွင် ရှေးဟောင်း အုတ်ချပ်များတွေ့
Dawei
Watch ၊ ထားဝယ်၊ ဇွန် ၁၃
ထားဝယ်မြို့၊
အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းအတွင်း ယခင်မြေအောက်ရေပြွန်ပိုက်နေရာအား မြေမြှုပ်တံတားတည်ဆောက်ရန်
ဇွန်လ ၁၁ ရက်နေ့က တူးဖော်ရာမှ ရှေးဟောင်း အုတ်ချပ်ပြားကြီးများကို တူးဖော် ရရှိခဲ့ကြောင်း
ယင်းလမ်းအတွင်း နေထိုင် သူများထံမှ သိရသည်။
ယင်းလမ်းမှ
တူးဖော်ရရှိသော အုတ်ချပ်များမှာ အလျား ၁၆လက်မ၊ အနံ ၈လက်မ၊ ထု ၃လက်မ အရွယ်အစားရှိပြီး
အုတ် ချပ်ပြား အကောင်းနှင့် ကျိုးပဲ့နေသော အုတ်ချပ်ပြား စုစုပေါင်း ၁၀၀ခန့်ကို တူးဖော်ရရှိကြောင်း
၎င်းတို့က ပြောသည်။
“ဒီနေရာက
ထားဝယ်မြို့ရဲ့ မြောက်ဖက်မြို့ရိုး နေရာပါ၊ ဒီအုတ်ချပ်တွေက မြို့ရိုးက ရှေးဟောင်းအုတ်ချပ်တွေ”ဟု
ထားဝယ် သုတေသနအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဇော်သူရက ဆိုသည်။
လွန်ခဲ့သောနှစ်
၂၅၀ကျော်( ကေဇာသက္ကရာဇ် ၁၁၁၆ခုနှစ်)က သာယာဝတီမြို့အဖြစ် ထားဝယ်မြို့ကို မင်းနဲလှက တည်ခဲ့ပြီး
မြို့ပတ်လည် လေးဖက်တွင် မြို့ရိုးများကို တည်ဆောက်ခဲ့သည်ဟု သမိုင်း အထောက်အထားများအရ
သိရသည်။
ယင်းနေရာမှာ
မြို့၏ မြောက်ဖက်မြို့ရိုး တည်ရှိရာ နေရာဖြစ်ပြီး ထားဝယ်မြို့အား ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက်
ယင်း မြောက်ဖက်ရှိ မြို့ရိုးကို တူးကာ လမ်းဖောက်လုပ်ခဲ့ခြင်းဖြစ်ကြော င်း ဦးဇော်သူရထံမှ
သိရသည်။
လွန်ခဲ့သည့်
၂ နှစ်ခန့်က ထားဝယ်မြို့၏ တောင်ဖက်မြို့ရိုးတည်ရှိသော တောင်ခွလမ်းဆုံအနီးရှိ တံတားကိုပြန်လည်
ပြုပြင် တည် ဆောက်စဉ်ကလည်း ယင်းသို့သော အုတ်ချပ်ပြားကြီးများကို တူးဖော်ရရှိခဲ့ကြောင်း
ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
ထားဝယ်မြို့၊
နိဗ္ဗာန်လမ်းမှ တူးဖော်ရရှိသော ရှေးဟောင်းအုတ်ချပ်များအနက်မှ ၅ချပ်ကို ထားဝယ်ယဉ်ကျေးမှုပြတိုက်တွင် ပြသ နိုင်ရန်
ဇွန်လ ၁၂ ရက်နေ့က ပေးပို့ထားသည်ဟု ထားဝယ်သုတေသနအဖွဲ့ထံမှ သိရသည်။
ထားဝယ်ဒေသသမိုင်း
မှတ်တမ်းအရ ထားဝယ်ဒေသတွင် ရှေးမြို့ ၁၆ မြို့တည်ရှိပြီး ကလိန်အောင်မြို့တွင်
အောင်သာဝတီမြို့၊ ကနက်သီရိရွာတွင် ကနက်သီရိမြို့၊ ထားဝယ်မြို့နယ်တွင် အောင်သာဝရမြို့၊
မောင်မယ်ရှောင်ရွာတွင် ဘုမ္မိဒေ၀နာဂရ မြို့၊ မြို့ဟောင်းရွာကို သာဂရမြို့၊ ပကာရီရွာကို
မှိုင်းကာရီမြို့ ၊ ၀ဲကျွန်းရပ်ကို တကူမြို့၊ ဆင်ဆိပ်ရပ်ကို ညောင်ခရားမြို့၊ လေယာဉ်ကွင်းကို
သုခနာဂရံမြို့တို့ကို တည်ဆောက်ခဲ့သည်ဟု ထားဝယ်ရှေးယဉ်ကျေးမှု အထောက်အထားများ စာအုပ်အရ
သိရသည်။
ထို့အပြင်
ဆင်ထောက်(၀ဲမကိုက်ရွာ)ကို ထောင့်ကွယ်မြို့၊ ဝေဒီရွာကို ဝေဒီမြို့/၀တီမြို့၊ ကမြောကြီးရွာကို
မုတ္တသုခနာ ဂရ မြို့၊ ကမြောကြီးရွာကို ကမြောမြို့(ကနိုင်းငယ်မြို့)၊ ကြက်စားပြင်ရပ်ကို
တလိုင်းရှောင်မြို့၊ ကြက်စား ပြင်ရပ်ကို ကြက်စား မြို့၊ ထားဝယ်မြို့ကို သာယာဝတီမြို့
တို့အဖြစ် တည်ခဲ့သည်။
Dawei
Watch
အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် ကလေးလုပ်သားများ ရှိနေသေးဟုဆို
အန္တရာယ်ရှိသည့် လုပ်ငန်းခွင် များ၊ ဓာတုဗေဒနှင့် ပတ်သက်သည့် လုပ်ငန်းခွင်များတွင် ကလေးလုပ်သားများ ရှိနေသေးကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Myanmar Trade Unions Fed-eration-MTUF) ဥက္ကဋ္ဌ ဦးအောင် လင်းက The ladies သို့ ဇွန် ၁၁ ရက်က ပြောသည်။
မြန်မာနိုင်ငံ သာမက ကမ္ဘာတစ်ဝန်းလုံးရှိ သက်ဆိုင်ရာ အဖွဲ့အစည်း များက ကလေးလုပ်သားများအပေါ် ကာကွယ်စောင့်ရှောက်ရမည့် အချိန်တွင် ကလေးလုပ်သားများအား လုပ် အားခေါင်းပုံဖြတ်ခြင်း၊ ပညာသင်ကြား ခွင့် ဆုံးရှုံးခြင်း စသည်တို့ ဆုံးရှုံးနေရ ပြီး မိသားစုချို့တဲ့သဖြင့် လုပ်ငန်းခွင် ဝင်ရောက်သည့် ကလေးအများစုမှာ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများအပါအဝင် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်အ တွင်း ရောက်ရှိကာ အခွင့်အရေးများ ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။
ယင်းအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာ နနှင့် နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO) တို့ ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း ကလေးလုပ်သား များ ပပျောက်ရေး စီမံကိန်းအား ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြင်ဆင် ထားလျက်ရှိပြီး ယင်းအတွက် ကလေး အလုပ်သမားများအပေါ် လက်ရှိခံစားနေရသည့် ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရမှုများကို ဝိုင်းဝန်း တိုက်ဖျက်ရန် လိုအပ်ကြောင်း ယင်းက ဆိုသည်။
ဦးအောင်လင်းက “အခုက ကလေးလုပ်သား ပပျောက်ရေးအစီအ စဉ်ထဲမှာ ကျွန်တော်တို့ တွေ့ထားတာ ရှိတယ်။ အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေထဲမှာ ကလေးတွေကို ခိုင်းတာလိုမျိုးပေါ့။ အခုက ဓာတုဗေဒ နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ကလေးတွေကို စေခိုင်းနေတာရှိတယ်။ အစိုးရက အကောင်အထည်ဖော်ဖို့ လိုသေးတယ်။ လုပ်ငန်းခွင်ထဲမှာ ကလေးလုပ်သား ခိုင်းစေမှုနဲ့ပတ်သက်တဲ့ ဥပဒေတွေ အများကြီးရှိတယ်။ နောက် ကလေး သူငယ်ဥပဒေပြင်ရမှာ အများကြီးရှိ တယ်။ ပြင်ဖို့ကိုလည်း အလုပ်သမား ဝန်ကြီးဌာနက လုပ်ဆောင်နေတယ် လို့ သိရတယ်” ဟု ပြောသည်။
အပြည်ပြည်ဆိုင်ရာ လူအခွင့်ရေး ကြေညာစာတမ်း အပိုဒ် ၁ တွင် လူတိုင်းသည် တူညီပြီး လွတ်လပ်သည့် လူ့ဂုဏ်သိက္ခာ အခွင့်အရေးများနှင့်အညီ မွေးဖွားလာကြသည်ဟု ပါရှိသည်။ အပိုဒ် ၂၅၊ အပိုဒ်ခွဲ ၂ တွင်လည်း ကလေးမိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်း ရထိုက်သည် ဟုဖော်ပြပါရှိပြီး ကလေးများ အားလုံးသည် ညီမျှသော အကာအကွယ်ခံ စားရမည်ဟု ဖော်ပြထားချက်အရ ကလေးလုပ်သားများအား လူ့အခွင့်အရေး ကြေညာစာတမ်းအရ အကာအ ကွယ်ပေးထားသည်။
ယင်းအပြင် အများပြည်သူနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်(ICCPR) အပိုဒ် ၂၄ တွင်လည်း ကောင်း၊ စီးပွားရေးလူမှုရေးနှင့် ယဉ် ကျေးမှုဆိုင်ရာ သဘောတူစာချူပ် (ICESPR) အရ လည်းကောင်း က လေးသူငယ် အခွင့်အရေးများဆိုင် ရာ သဘောတူစာချူပ် (CRC) တို့အ ရ ကလေးသူငယ်များ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရမည့် တာဝန် များပါဝင်ထားကြောင်း သိရသည်။
ကလေးသူငယ်များ ရှင်သန်နိုင် ရန် ယင်းတို့အား အလုပ်စေခိုင်းခြင်း သည် ကလေးသူငယ်များ အခြေခံရပိုင်ခွင့်များဖြစ်သည့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများကို ချိုးဖောက်ခြင်းဖြစ် သည်။ လက်ရှိတွင် ကလေးလုပ်သား များ အသုံးပြုနေကြသည့် စားသောက် ဆိုင်များ၊ ထုတ်ကုန်များအား ဝယ်ယူ ခြင်း၊ စားသုံးခြင်း၊ အားပေးခြင်း မပြု ကြရန်နှင့် ရှုတ်ချရမည်ဖြစ်ကြောင်း မြန် မာနိုင်ငံ အလုပ်သမားများ သမဂ္ဂများ အဖွဲ့ချုပ် (MTUF) က ဇွန် ၁၂ ရက် တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ ကလေးလုပ်သား ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်နေ့ သဝဏ် လွှာတွင် ဖော်ပြပါရှိသည်။
The Ladies News Journals
အောင်ပွဲခံ မြန်မာပရိသတ်အချို့၏ ရင်ဖွင့်စကား (ရုပ်သံ)
ဓာတ်ပုံ - Myanmar Football Federation
မြန်မာယူ ၂၃ အသင်း ဗီယက်နမ်ကို အနိုင်ရရှိပြီးနောက် မန္တလေး ဘောလုံးပရိသတ်အချို့၏ ရင်ဖွင့်စကား။
မြန်မာ-ဗီယက်နမ်ပွဲ ဂိုးသမား ကျော်ဇင်ဖြိုး အကောင်းဆုံးဆု ရရှိ
ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မြန်မာအသင်းက ဂိုးသမား ကျော်ဇင်ဖြိုးက အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။
မြန်မာဘောလုံးအသင်းဟာ ဒီနေ့ကျင်းပတဲ့ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲမှာ ပြိုင်ဘက် ဗီယက်နမ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး နောက်ဆုံးအဆင့်ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ဒီနေ့ပွဲစဉ်တလျှောက်လုံးမှာ မြန်မာ ယူ၂၃ အသင်း ဂိုးသမား ကျော်ဇင်ဖြိုးဟာ အသင်းအတွက် အကောင်းဆုံးလက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ ဆုရရှိခဲ့တာပါ။
မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ စည်သူအောင်နဲ့ အသင်းခေါင်းဆာင် နေလင်းထွန်းက သွင်းယူခဲ့တာဖြစ်ပါတယ်။
မြန်မာ ယူ ၂၃ အသင်းနည်းပြချုပ် ဦးကြည်လွင်က ဒီနေ့နိုင်ပွဲအတွက် ကစားသမားအားလုံးကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
“ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့တွေ့ပါစေ။ ပြင်ဆင်စရာ ရှိတာပဲ ပြင်ဆင်သွားမယ်။ ဒီနေ့နိုင်ပွဲအတွက် ကစားသမား အားလုံးကို ချီးကျူးပါတယ်။ အသင်းလိုက် စိတ်ဓာတ်က နိုင်ပွဲတွေအားလုံးရဲ့ သော့ချက်ပါပဲ။ တိုင်းပြည်က ပရိသတ်တွေ ကွင်းထဲက ပရိသတ်တွေ အားလုံးကို ပျော်ရွှင်မှု ပေးနိုင်လို့ ကျနော် ပျော်ပါတယ်။ ဗီယက်နမ် အသင်းဟာ တကယ်ကောင်းတဲ့ အသင်းပါ။ သူတို့ကို နိုင်လိုက်တာ ကျနော်တို့ ကစားသမားတွေအတွက် ပိုပြီး အားအင်ဖြစ်စေပါတယ်။ နားရက်၁ ရက်မှာ ဗိုလ်စွဲဖို့ သေသေချာချာ ပြင်ဆင်ရပါမယ်။ နည်းပြဘ၀ မှာရော၊ ကစားသမား ဘ၀မှာပါ စင်ကာပူ မြေမှာ ဗိုလ်လုပွဲ ကစားရတာ တိုက်ဆိုင်မှု ဆိုပေမယ့် ကံတရား ဆိုပေမယ့် ဒီနေ့ ကစားသမားတွေ အားလုံး ကြိုးစားခဲ့ကြလို့သာ ဗိုလ်လုပွဲ ရောက်ခဲ့တာပါ” လို့ မြန်မာဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပြောကြားပါတယ်။
မြန်မာအသင်းဟာ တဖက် ထိုင်း-အင်ဒိုနီးရှား နိုင်တဲ့အသင်းနဲ့ ဗိုလ်လုပွဲကို လာမယ့် ဇွန် ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တွေမှာတုန်းက အင်ဒိုနီးရှားကို ၄-၂ ဂိုး၊ စင်ကာပူကို ၂-၁ ဂိုး၊ ကမ္ဘောဒီးယားကို ၃-၃ ဂိုးနဲ့ သရေကျပြီး ရှုံးပွဲမရှိ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။
DVB
ခရီးသည်တင်မှန်လုံယာဉ် နှစ်စီးတိုက်မိ
![]() |
အရှိန်မထိန်းနိုင်သော ခရီးသည်တင်မှန်လုံယာဉ်က ရှေ့မှမောင်းနှင်နေသည့် ခရီးသည်တင်ယာဉ်အားဝင်ရောက်တိုက်မိ |
နေပြည်တော်၊ ဇွန် ၁၃
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ ည ၉ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ သနပ်ခါးတောရပ်နေ အောင်ကျော်မျိုး(၄၅)နှစ် မောင်းနှင်လာသော 8G/×××× "အေးချစ်မြိုင်"ခရီးသည်တင်မှန်လုံယာဉ်မှာ ရှေ့မှ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၊ မြို့ကုန်းရပ်ကွက်နေ ငြိမ်းမောင်(၄၁)နှစ်မောင်းနှင်နေသည့် 5D/×××× "E.S.E"ခရီးသည်တင် မှန်လုံယာဉ်၏နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်(၂)စီးလုံး လမ်းယာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ "အေးချစ်မြိုင်"ခရီးသည်တင်ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်း ပိန်ချိုင့်၍ တန်ဖိုးငွေကျပ်(၁၅)သိန်းခန့်နှင့် "E.S.E"ခရီးသည်တင်ယာဉ်၏ နောက်ပိုင်းပိန်ချိုင့်၊ ပန်ကာအုံကျိုး၍ တန်ဖိုးငွေကျပ်(၁၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ကျော်မျိုးအား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

အရွယ်မရောက်သေးသည့် သမီးငယ် ၂ဦးကို ပထွေးက မတရားပြုကျင့်
သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် တွင် နောက်အိမ်ထောင် အမျိုးသားက အရွယ်မရောက်သေးသော သမီးဖြစ် သူကို အဓမ္မပြုကျင့်မှုတစ်ရပ် ဇွန် ၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ဆင်ပေါင်ဝဲမြို့မ ရဲစခန်းထံမှ သိရှိရသည်။
ဖြစ်စဉ်မှာ ဆင်ပေါင်ဝဲမြို့၊ အမှတ် ၃ ရပ်ကွက်နေ တရားလိုအသက် ၄၅ နှစ်ရှိ အမျိုးသမီးသည် ၎င်းနေအိမ်တွင် သမီးအကြီးဖြစ်သူ မ ---- အသက် ၁၁ နှစ်နှင့် သမီးငယ် မ --- အသက် ၉ နှစ်တို့နှင့်အတူ ဇွန် ၈ ရက် နေ့ ည ၁၁ နာရီချိန်က အတူအိပ်ရာ ဝင်ခဲ့ပြီးနောက် ဇွန် ၉ ရက်နေ့ နံနက် ၄ အချိန်ခန့်တွင် တရားလို အမျိုးသမီး၏ နောက်အိမ်ထောင် သန်းအောင် (ခေါ်) သက်လွင်ဦးက တရားလိုအမျိုး သမီး၏ သမီး မ---- အသက် (၁၁) နှစ်အပေါ် သားမယားပြုကျင့်နေသည်ကို တွေ့ခဲ့သောကြောင့် သမီးအပေါ်မှ တွန်းချခဲ့ပြီး ပတ်ဝန်းကျင် နေအိမ်များအား အသိပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် အဆိုပါအမျိုးသမီးက သမီးနှစ်ဦးအား မေးမြန်းခဲ့ရာတွင် သမီး မ----၊ အသက် ၁၁ နှစ်က လွန်ခဲ့ သော ၇ ရက်ခန့်ကလည်း သားမယား အဖြစ် ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ သမီး အငယ်က ၎င်းကို မဖွယ်မရာ ကိုင်ဆောင်ခဲ့ကြောင်း ပြော၍ သိရှိရသောကြောင့် အရွယ်မရောက်သေးသော သမီးဖြစ် သူတစ်ဦးအား သားမယားပြုကျင့်မှု အပါအ၀င် သမီးများအား စော်ကားသည့် သန်းအောင် (ခ) သက်လွင်ဦးကို အရေးယူပေးရန် တရားလို အမျိုးသမီးက ဇွန် ၁၀ ရက်နေ့ ညနေ ၄ နာရီချိန် တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်ပေါင်ဝဲ မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့တိုင်တန်းမှုကြောင့် ဆင်ပေါင်ဝဲမြို့မရဲစခန်းမှ သန်းအောင်အား ဖမ်းဆီးကာ (ပ) ၅၁/၂၀၁၅၊ ပုဒ်မ ၃၇၆၊ ၃၅၄ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင် ရွက်လျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့မ ရဲစခန်းမှ ဒုတပ်ကြပ်ခင်မောင်စန်းက ဆိုသည်။
သတင်း - MMK
The Ladies News Journals
ဒါက်တာအေးမောင်ကို ဆန္ဒပြဖို့ ခွင့်ပြုချက် လျှောက်ထား
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ကနေ
ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့်
ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာ အေးမောင်ကို ဒေသခံ ပါတီဝင်တွေက
မကျေနပ်တာကြောင့် လာမယ့် ဇွန်လ ၁၇ ရက်နေ့မှာ ဆန္ဒပြဖို့ ဒီနေ့ ခွင့်ပြုချက်
တင်လိုက်ပါတယ်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းကို မြို့ခံတွေထဲက လူတွေကိုသာ ဝင်ရောက်ယှဉ်ပြိုင်စေလိုတာကြောင့် ဆန္ဒပြမှာဖြစ်တယ်လို့ ဒေါက်တာအေးမောင်ကို ရှုံးနိမ့်သွားခဲ့တဲ့ မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP ဗဟိုကော်မတီဝင် ဦးတင်ရွှေက ပြောပါတယ်။
"ကျနော်တို့ ၁၇ ရက်နေ့ပြဖို့အတွက် တင်လိုက်တယ်၊ စီစဉ်လိုက်တော့ လွှတ်တော်က ဒေါက်တာ အေးမောင်က ဝင်ပြီးရင် သူကလုပ်တယ်လေ၊ အဲ့ဒီဟာကို ပြည်သူတွေကလည်း ပါတီဝင်တွေကလည်း မကျေနပ်ဘူးပေါ့နော် ၊ ဒေသခံရှိရဲ့သားနဲ့ ဒေသခံမဟုတ်ပဲနဲ့ တစ်ဘက်မြို့နယ်က လာပြီးရင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လုပ်တဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ပြည်သူကမကျေနပ်လို့ တင်တာပါ"
မာန်အောင်မြို့နယ်မှာ ANP ပါတီတွင်း ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး အမှတ် ၂ မဲဆန္ဒနယ်အတွက် ဒေါက်တာအေးမောင်နဲ့ ဗဟိုကော်မတီဝင် ဦးတင်ရွှေတို့ ဝင်ရောက်ရွေးချယ်ခံရာ မှာ ဒေါက်တာအေးမောင်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပါတီတွင်း ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဦးတင်ရွှေ ဦးဆောင်ပြီး မြို့ပေါ်မှာရှိတဲ့ ရခိုင်အမျိုးသား ပါတီဝင်တွေအပြင် ကျီးညို၊ မင်းပြင်၊ ပုံးဆိုးကြီးစတဲ့ ကျေးရွာတွေက ဒေသခံ၂ဝဝ လောက် ပါဝင်မယ်လို့လည်း သိရပါတယ်။
အဲ့ဒီလို ကန့်ကွက်မှုနဲ့ပတ်သက်ပြီး ဒေါက်တာအေးမောင်ရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာတော့ သူ့အပေါ်ကန့်ကွက်သူနဲ့ ထောက်ခံသူတွေ ဒွန်တွဲရှိနေနိုင်တာကြောင့် ဒီကိစ္စအပေါ် အထူးတလည်ဖြေရှင်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒေါက်တာအေးမောင်ဟာ ရသေ့တောင်မြို့ဇာတိဖြစ်ပြီး လက်ရှိစစ်တွေမြို့မှာ နေထိုင်နေသူဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံထားရသူဖြစ်ပါတယ်။
RFA Burmese

စပိန်ဘုရင် ဖီးလစ်က ညီမဖြစ်သူ၏ မြို့စားဘွဲ့ကို ရုပ်သိမ်း
မက်ဒရစ် ဇွန် ၁၂
စပိန်ဘုရင် ဖီးလစ်က ၎င်း၏ညီမဖြစ်သူ ခရစ်စတီနာ ဒီဘော်ဘန်ထံမှ မြို့စားကတော်ဘွဲ့ကို ရုပ်သိမ်းခဲ့ကြောင်း၊ ခရစ်စတီနာသည် သူမ၏ထီးနန်းဆက်ခံခွင့် ရပိုင်ခွင့်များ ဆုံးရှုံးမည်ဖြစ်ကြောင်း မက်ဒရစ်တော်ဝင်နန်းတော်က သတင်းထုတ်ပြန်သည်။
(၄၇) နှစ်အရွယ် ဘုရင်ဖီးလစ်က နာမည်ဆိုးထွက်နေသည့် ဘုရင်စနစ်၏ပုံရိပ်ကို ပြန်လည်ရှင်သန် လာစေရန် ကြိုးပမ်းချက်တစ်ရပ်အနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။
ခရစ်စတီနာသည် အခွန်လိမ်လည်မှုများကြောင့် ယခုနှစ်တွင် တရားရင်ဆိုင်ရဖွယ်ရှိပြီး ၎င်းသည် တရား စွဲဆိုခြင်းခံရသည့် ပထမဦးဆုံး မက်ဒရစ်တော်ဝင် အမျိုးသမီးတစ်ဦး ဖြစ်လာသည်။
ခရစ်စတီနာ၏ ဖခင်က ၁၉၉၇ ခုနှစ်တွင် ကျင်းပခဲ့သော သူမ၏လက်ထပ်ပွဲနေ့တွင် ပါလ်မာဒီမာလိုကာ မြို့စားဘွဲ့ကို သူမအား အပ်နှင်းခဲ့ခြင်းဖြစ်သည်။
ခရစ်စတီနာ၏ခင်ပွန်း အိုလံပစ် လက်ပစ်ဘော ကစားသမားဟောင်း အိုင်နာကီအာ ဒန်ဂါရင်သည်လည်း ၎င်း၏နိုးစ်ဖောင်ဒေးရှင်းအဖွဲ့မှ အများပြည်သူပိုင် ရန်ပုံငွေ များကို အလွဲသုံးစားလုပ်သည်ဟု စစ်ဆေးတွေ့ရှိချက်ဖြင့် တရားစွဲဆိုခြင်း ခံထားရကြောင်း သိရသည်။
ရိုက်တာ။။
ဖမ်းဆီခံ ရေပူဆရာတော် ပြန်လွတ်ရေး (ရုပ်/သံ)

မန္တလေးတိုင်း မိုးကုတ်မြို့က ရေပူကျောင်းတိုက်ဆရာတော်ကို ကျောက်မျက် တရားမဝင်တူးဖော် နေတယ်လို့ စွပ်စွဲပြီး ရဲက လူဝတ်လဲ ဖမ်းဆီးသွားတဲ့အတွက် ဒေသခံတွေက ဆရာတော်ကို အာမ,ခံနဲ့ ပြန်လွှတ်ပေးဖို့ မြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဇွန်လ ၁၂ ရက်နေ့က တောင်းဆိုခဲ့ကြပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။ RFA MyanmarVideoChannel
ဇေကမ္ဘာကုမ္ပဏီနှင့် ဆင်ဖုန်ရွာဖျက်သိမ်းမှု (ရုပ်/သံ)

RFA MyanmarVideoChannela
တရုတ်က ဖုန်ကြားရှင်ကို တိုက်ပွဲရပ်ရန် ဖိအားပေးပြောခဲ့ဟုဆို
တရုတ်အစိုးရက ကိုးကန်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ကိုဆက်သွယ်ပြီး တိုက်ပွဲရပ်ဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
တာဝန်ပြီးဆုံးလို့ မြန်မာနိုင်ငံက ပြန်တော့မယ့် တရုတ်သံအမတ် မစ္စတာ ရန်ဟို့လန်ဟာ ဇွန်လ ၁၂ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခိုက် အခုလို ပြောဆိုခဲ့တာလို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်သံအမတ်က တရုတ်ဟာ ဖုန်ကြားရှင်ကို ဆက်သွယ်ပြီး တိုက်ပွဲရပ်ပြီး ပြဿ နာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
တရုတ်သံအမတ်ဖြစ်သူ အခုလို ထုတ်ဖော်မပြောခင် ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်မှာ ကိုးကန့်တပ်ဖွဲ့က တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ဒီလိုကြေညာတာဟာ တရုတ်ရဲ့ ဖိအားပေးပြောဆိုမှုကြောင့် မဟုတ်ဘူးလို့ ကိုးကန့်ပြောခွင့်ရသူက မီဒီယာကို ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကိုးကန့်တိုက်ပွဲမှာ တရုတ်ပါဝင်ပတ်သက်နေသလားလို့ ဂျပန်သတင်းဌာနတခုက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုမေးမြန်းရာမှာ ပါဝင်ပတ်သက်တဲ့ အထောက်အထား မတွေ့ရဘူးလို့ ဖြေဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီ အမ်အန်ဒီအေအေ အဖွဲ့တွေရဲ့ စားနပ်ရိက္ခာတွေ၊ နောက်လက်နက် ခဲယမ်းမီးကျောက်တွေ ရရှိမှုပေါ့။ နောက် အုပ်ချုပ်ထောက်ပံ့မှု ဆိုင်ရာတွေ၊ နောက်တခါ တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတဲ့ လူတွေကိုကုသပေးတဲ့ အခြေအနေကို ကြည့်လိုက်ရင် ထင်စရာရှိပေမယ့် လက်ဆုပ်လက်ကိုင် ကျနော်တို့ ဘာမှပြလို့ရတဲ့ အနေအထားမျိုး မရှိပါဘူး။ ဒါကတော့ မြင်ရတဲ့အခြေအနေ၊ နောက်တရုတ် အစိုးရအနေနဲ့လည်း တိုက်ရိုက်တော့ ကူညီပေးတဲ့ အနေအထားမျိုး မရှိဘူး။ ဒါပေမယ့် အောက်ခြေမှာတော့ တူညီတဲ့လူမျိုးစုတွေဆီက ထိုက်သင့်တဲ့ အထောက်အပံ့ အကူအညီတွေတော့ သူတို့ရကောင်း ရနိုင်တာပေါ့။ Goverment နဲ့လည်း မဆိုင်လောက်ဘူးလို့ ကျနော်တို့ထင်တယ်။ သူတို့ ပုန်းလျှိုးကွယ်လျှိုးတော့ လုပ်ရင်လုပ်မှာပေါ့။ ဒါပြောလို့တော့မရဘူး။ ခိုင်ခိုင်မာမာ ပြောနိုင်လောက်တဲ့ အထောက်အထားတော့ မရှိပါဘူး။ ဒါ့ကြောင့် နည်းနည်းပြောဖို့ ခက်ပါတယ်။ ဒါကတော့ တရုတ်အစိုးရနဲ့ ဘယ်လိုမှမပတ်သက်ဘူး ဆိုတာ ကျနော်တို့ ပြောလို့ရပါတယ်”လို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်ကစပြီး ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်အနီးတ၀ိုက်မှာ ကိုးကန့်နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၄ လလောက်အကြာမှာ ကိုးကန့်တပ်ဘက်က တဖက်သတ်အပစ်ရပ်ခဲ့ပါတယ်။