Pages

Monday, October 5, 2015

သီရိဒုံ မြိတ်ခရီးစဉ်တွင် ပုဂလိက မီဒီယာသမားများ သတင်းယူခွင့် ဟန့်တားခံရ


|Dawei Watch| မြိတ်၊ အောက်တိုဘာ ၎
ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရီဒုံသည် အောက်တိုဘာလ ၄ ရက်နေ့က မြိတ်မြို့ပေါ်ရှိ နှစ်ရာချီသက်တမ်းရှိ ရှေးဟောင်းသိမ်များနှင့် ရှေးဟောင်း ဘုရားဆင်ထုတော်များအား လာရောက်ဖူးမျှော်စဉ် လုံခြုံရေးကြောင့်ဟုဆိုကာ ပုဂ္ဂလိက မီဒီယာများ သတင်းယူခွင့် ဟန့်တား/ ပိတ်ပင်ခံခဲ့ရသည်။
သီရိဒုံ၏ မြိတ်ခရီးစဉ်တွင် ဌာနဆိုင်ရာ သတင်းမှတ်တမ်းအဖွဲ့များနှင့် ပြန်ကြားရေး အဖွဲ့များမှအပ အကြား ပုဂ္ဂလိက သတင်း ဌာနများ သတင်းယူသည်ကို တာဝန်ကျ အမျိုးသမီးရဲအရာရှိတစ်ဦးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးတို့က တင်းတင်းကြပ်ကြပ် လိုက်လံ ဟန့်တားခြင်း၊ ဌာနဆိုင်ရာ များရှေ့တွင် နှင်ထုတ်ခြင်း ခံခဲ့ရသည်။
“ထိုင်းမှာဖြစ်သွားသည့် ဖောက်ခွဲရေး ပြဿနာကြောင့် နောက်ဆက်တွဲတွေ ဖြစ်လာမှာစိုးလို့ လုံခြုံရေး တင်းကြပ်ပေးထား ရတာပါ။ ဒါကြောင့် လုံခြုံရေး ကတ်မရှိသူကို ၀င်ခွင့် မပေးတာပါ”ဟု တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဆိုသည်။
လုံခြုံရေးအရဟုဆိုလျှင် ခရီးစဉ်မတိုင်ခင်ကတည်းက လုံခြုံရေး ကတ်များ ထုတ်ပေးသင့်သည်ဟု မြိတ်အခြေစိုက် သတင်းများက ပြောသည်။
ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရီဒုံသည် မြိတ်မြို့သို့ ရောက်ရှိစဉ် လေးကျွန်းဆီမီး သိမ်တော်ကြီးဘုရားအား တက်ရောက်ဖူးမျှော်ခဲ့ပြီး၊ အလယ်ကျွန်းနယ်မြေ၊ တောကျောင်း၊ မြိတ်တောင်ကျေးရွာအုပ်စု အရှေ့သိမ်ကျောင်းနှင့် မြိတ်ကမ်းနားလမ်းသို့ သွားရောက်ခဲ့သည်။
အလယ်ကျွန်းနယ်မြေ၊ တောကျောင်းရောက်စဉ် ရှေးယခင်က ထိုင်းဘုရင်များလက်ထက်က တည်ထား ကိုးကွယ်ခဲ့သည့် နှစ် ၃၀၀ သက်တမ်းရှိ ဘုရားသိမ်များ၊ ကြေးသွန်းဘုရားနှင့် ဆင်ထုတော်များကို ကြည့်ရှု့ဖူးမျှော်ခဲ့ပြီးမြိတ်တောင် ကျေးရွာအုပ်စု၊ အရှေ့သိမ်ကျောင်းရှိ ရှေးဟောင်း ဘုရားများကို လှည့်လည်ဖူးမျှော်ခဲ့သည်။

Dawei Watch

ဘော်ဒါဆောင် အိမ်သာကျင်းဟောင်း အတွင်းသို့ ကျောင်းသားနှစ်ဦး ပြုတ်ကျသေဆုံး



 ပခုက္ကူ  အောက်တိုဘာ ၅

 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မကျေးရွာရှိ 'လင်းမြတ်'ဘော်ဒါဆောင် တွင် ကျောင်းသား (၂)ဦး အိမ်သာ ကျင်းဟောင်း အတွင်း ကျွံကျ၍ သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက်နေ့ နံနက် (၉)နာရီအချိန် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ နယ်၊ ကမ္မကျေးရွာ၊ အမှတ်(၆) ရပ်ကွက်ရှိ “လင်းမြတ်” ဘော်ဒါဆောင် အနောက် မြောက်ဘက် (၁၀)ပေခန့်အကွာ အိမ်သာကျင်းဟောင်း (အိမ်သာ ကျင်းအ၀ ၃ ပေခန့်၊ အနက် ၁၅ ပေခန့်၊ အကျယ် ၇ ပေခန့်) ပေါ်သို့ ၄င်းဘော်ဒါဆောင် တွင် လာရောက် နေထိုင်သော ပေါက်မြို့နယ်၊ နတ်ဥယျာဉ် ကျေးရွာနေသူ (၁၀)တန်း ကျောင်းသား မောင်----- (၁၈)နှစ်မှ ဖြတ်လျှောက်စဉ် မိုးရွာထားသဖြင့် မြေပျော့နေ၍ အိမ်သာ ကျင်းအတွင်း ကျွံကျသွားရာ အနီးရှိ သူငယ်ချင်းဖြစ်သူ ပခုက္ကူမြို့နယ်၊ သံဘိုကျေးရွာနေသူ (၁၀)တန်း ကျောင်းသား မောင်----- (၁၉)နှစ်မှ ဆင်းဆယ် ရန်ပြုစဉ် အိမ်သာကျင်း အတွင်း ထပ်မံပြုတ်ကျသွားခဲ့ကြောင်း ၄င်းဘော်ဒါနေ (၁၀)တန်း ကျောင်းသား မောင်အောင်ကိုဌေးမှ တွေ့မြင် ရသဖြင့် (၉း၀၅)နာရီ အချိန် ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ကမ္မနယ်မြေရဲစခန်းသို့ ဖုန်းဖြင့် အကြောင်းကြား ချက်အရ ကမ္မနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ပြီး အိမ်သာ ကျင်းဟောင်းထဲသို့ ကျရောက်သော ကျောင်းသား နှစ်ဦးတို့အား ဆယ်ယူရာ အဆိုပါ နှစ်ဦးစလုံးသေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သန်းနိုင်ဦး (ငဖဲ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar