Pages

Saturday, January 2, 2016

ပါကစ္စတန် နယ်စပ်အနီးရှိ အိန္ဒိယ လေတပ် အခြေစိုက်စခန်း အကြမ်းဖက် တိုက်ခိုက်ခံရ၍ ခြောက်ဦးသေဆုံး



နိရဉ္စရာ၊ ဇန်န၀ါရီ ၂

ပါကစ္စတန် နယ်စပ် အနီးရှိ အိန္ဒိယ လေတပ် အခြေစိုက် စခန်း တစ်ခု ယနေ့ အကြမ်းဖက် တိုက်ခိုက်ခံရသဖြင့် လူ ခြောက်ဦးသေဆုံးသွားကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

သေဆုံးသွားသူ ခြောက်ဦးမှာ အကြမ်းဖက်သမား လေးဦးနှင့် လေတပ် အစောင့်တပ်သား နှစ်ဦတို့ ဖြစ်ကြသည်။

အကြမ်းဖက်သမားများသည် တပ်တွင်းလျော်ဖွတ်ရသူများ အ၀တ်ကို ၀င်ဆင်ပြီး အိန္ဒိယ နိုင်ငံ အနောက်မြောက်ဘက်ရှိ ပန်ဂျပ်ပြည်နယ် Pathankot လေတပ်အခြေစိုက် စခန်းသို့ တနင်္ဂနွေ အာရုံပိုင်း မတိုင်မီတွင် ၀င်ရောက်လာပြီး စခန်းထဲသို့ ရောက်စဉ် သေနတ်ဖြင့် တရစပ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Arakan State