Pages

Friday, January 29, 2016

ဗြိတိသျှစစ်တပ်တွင်း ဗိုလ်မှူးတာဝန် ထမ်းဆောင်တော့မည့် ဆိတ်ကလေး







ဗြိတိန်နိုင်ငံမှ ဖျူဆီလီယာလီဝဲလန် အမည်ရတဲ့ ဆိတ်ကလေးတကောင်ဟာ အခြေခံ လေ့ကျင့်သင်ကြားရေးသင်တန်း အောင်မြင်ခဲ့ပြီးနောက်မှာ ဗြိတိသျှတော်ဝင် ၀ဲလ်ခ်ျ စစ်တပ်တွင်းမှာ ဗိုလ်မှူးတာဝန် ထမ်းဆောင်တော့မှာဖြစ်တယ်လို့ မာရှာဘဲလ် (mashable.com) သတင်းမှာ ဖော်ပြပါတယ်။
လီဝဲလန်ရဲ့ ‘တခြားသူတွေထက်ပိုတဲ့ တာဝန်သိမှုကြောင့်’ ပြိုင်ဘက် ပါဝင်ယှဉ်ပြိုင်သူတွေထဲက ခုလိုရွေးချယ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ ခုချိန်မှာတော့ ၀က်တ်ရှိုင်းယားအရပ်က စစ်တပ်တန်းလျားမှာ ပြောင်းရွှေ့နေထိုင်ပြီး ဘ၀သစ်စတင်ရတော့မှာ ဖြစ်ပါတယ်။
စစ်တပ်တွင်း တာဝန်ယူမှုအနေနဲ့ လီဝဲလန်ဟာ တော်ဝင်ဝဲလ်ခ်ျစစ်တပ်ရဲ့ ၁၈ ရာစုတည်းက ကျင်းပခဲ့တဲ့ စစ်ရေးပြ အခမ်းအနားတွေမှာ ပါဝင်ရမှာပါ။
“သူ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဒီနေ့မှာတော့ လီဝဲလန်ကို ကျနော်တို့ ထုတ်ပြနိုင်ခဲ့ပါပြီ” လို့ သတင်းထုတ်ပြန်ချက်တခုမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ – CPL DANIEL WIEPEN RLC